50 ပတ် - ဘာသာပြန်ပါ။

ကိုယ်နှစ်သက်ရာပဲကို ရေမြှုပ်အောင်ထည့် ကြက်သွန်နီ တစ်ဥပါးပါးလှီးထည့်
ကြက်သွန်အဖြူထောင်းထည့်
နနွင်းထည့်ပါ
(ငြုပ်အရောင်လိုချင်ရင် ငြုပ်အရောင်မှုန့်နဲနဲထည့်ပါ)
ခရမ်းချဉ်သီးတလုံးလေးစိတ်ခြမ်းထည့်ပြီးချက်ပါ
ရေခန်းခါနီးမှပဲမနပ်သေးရင် ရေနွေးထပ်ထပ်ထည့်သွားပါ
မမွှေပါနဲ့နော်
ပဲနပ်ခါနီးရင်တော့
ဆား အရသာမှုန့်နဲ့ ဆီကိုယ့်စိတ်ကြိုက်ထည့်ပါ အရသာနှံ့အောင်အသာလေး မွှေပေးပါ
ပဲလဲနပ်ပြီ ရေလဲခန်းပြီ အရသာလဲကိုယ့်စိတ်ကြိုက်ဖြစ်ပြီဆိုရပါပြီ(ထည့်ထားတဲ့ကြက်သွန်နဲ့ခရမ်းချဉ်သီးတွေလဲ အနှစ်လေးဖြစ်သွားလို့ စိုစို အိအိလေးပေါ့

#crd

image
50 ပတ် - ဘာသာပြန်ပါ။

“စူပါလူသား” ဇာတ်ကားသစ်

IMDb - 8.6/10

၁၉၆၄ခုနှစ် အိန္ဒိယတစ်နိုင်ငံလုံး လွပ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြချိန်။

တော်လှန်ရေးခေါင်းဆောင်နှစ်ယောက်က လွပ်လပ်ရေးတိုက်ပွဲဝင်နေသူတွေအတွက် အကူအညီရဖို
ဂျာမန်ခေါင်းဆောင်ကြီး ဟစ်တလာဆီကို သွားခဲ့ကြတယ်။
ဟစ်တလာက လက်ခံတွေ့ဆုံပြီး အကူအညီပေးဖိုကတိပေးခဲ့တယ်။

ဟစ်တလာ လက်တွေ့စမ်းသပ်နေတာက စူပါစစ်သားတွေဖန်တီးပြီး ရန်သူတွေကိုတိုက်ခိုက်နိုင်တဲ့
စူပါလူသားဖြစ်ပေါ်စေတဲ့ သွေးရည်ကြည်။

ဒီသွေးရည်ကြည်အောင်မြင်တဲ့အတွက် အကူအညီသွားတောင်းတဲ့ရဲဘော်ကို ကူညီပေးဖိုကမ်းလှမ်းပေမဲ့
အိန္ဒိယရဲ့အနာဂတ် ပျက်ဆီးမှာကိုမြင်ပြီး သွေးရည်ကြည်ကို ငြင်းပယ်ခဲ့ပါတယ်။

ဒီမှာဘဲ အတူပါသွားတဲ့ရဲဘော်က ဟစ်တလာရဲ့လျှိဝှက်စမ်းသပ်ခန်းထဲက
စူပါလူသားဖြစ်စေမဲ့သွေးရည်ကြည်ကိုခိုးပြီး
အိန္ဒိယကို တစ်ယောက်တည်းပြန်လာခဲ့ပါတယ်။

အဲဒီအချိန် အိန္ဒိယမှာလွပ်လပ်ရေးရနေပြီဖြစ်တဲ့အတွက် သွေးရည်ကြည်ကိုဘယ်သူ့မှအသိမပေးဘဲ
လုံခြုံတဲ့နေရာမှာဝှက်ထားခဲ့တယ်။ တစ်ရက် ဟစ်တလာလွှတ်လိုက်တဲ့ လျှိဝှက်တပ်ဖွဲတိုက်ခိုက်မှုကြောင့်
သားဖြစ်သူ အသက်ဆုံးရှုးခံနီးမှာ ဝှက်ထားတဲ့သွေးရည်ကြည်ကိုယူပြီး သားဖြစ်သူကိုထိုးပေးခဲ့ပါတော့တယ်။
ဒီမှာပဲ မမျှော်လင့်တဲ့ဖြစ်ရပ်တွေနဲ့ကြုံလာရပါတော့တယ်။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

#crd
#storymode

image
50 ပတ် - ဘာသာပြန်ပါ။

DeepSeek သုံးလာတဲ့ တရုတ်ဖုန်းတွေ
တရုတ်ဖုန်းကုမ္ပဏီတွေက တရုတ် AI နည်းပညာကို ဖုန်းတွေမှာ ထည့်သုံးလာပါပြီ။
ဒီနှစ်ထဲ အကြီးအကျယ် ပေါက်သွားတဲ့ DeepSeek ရဲ့ R1 LLM မော်ဒယ်ကို စမတ်ဖုန်းတွေမှာ ထည့်သုံးဖို့ တရုတ်ဖုန်း OEM တွေက လက်ခံလာတာပါ။ DeepSeek ကို ဖုန်းမှာ ထည့်သုံးဖို့ စလုပ်ခဲ့တဲ့ OEM တစ်ခုက Nubia ပါ။
ZTE ရဲ့ ဖုန်း brand တစ်ခု ဖြစ်တဲ့ Nubia က သူ့ဖုန်းတွေမှာ DeepSeek ကို full-scale ပေါင်းစည်းထားတယ်လို့ ပြောပါတယ်။ parameter ၆၇၁ ဘီလျံ ပါတဲ့ DeepSeek (full-scale) မော်ဒယ်ကို Nubia ရဲ့ Z70 Ultra ဖုန်းသစ်မှာ စပြီး စမ်းသုံးနေပြီလို့ ဆိုပါတယ်။
ZTE လိုပဲ Huawei ကလည်း သူ့ရဲ့ Xiaoyi assistant ကို DeepSeek-R1 နဲ့ ချိတ်ဆက်ထားတာပါ။ AI experience ကောင်းကောင်း သုံးချင်တဲ့ Huawei users တွေက Xiaoyi ကတစ်ဆင့် DeepSeek chatbot နဲ့ စကားပြောနိုင်မှာပါ။
ဒါမျိုးကို Honor ကလည်း OPPO ကလည်း လုပ်နေတာ ရှိပါတယ်။ OPPO Find N5 ခေါက်ဖုန်းမှာ DeepSeek-R1 ထည့်သုံးထားတာ ဖြစ်လို့ voice commands နဲ့ DeepSeek ကို တိုက်ရိုက် ဆက်သွယ်လို့ ရပါတယ်။ DeepSeek-R1 ကနေ ထုတ်လိုက်တဲ့ results တွေကိုလည်း ဖိုင်တွေအနေနဲ့ ပြန်ထုတ်ပေးမှာပါ။
Honor ကတော့ ပြီးခဲ့တဲ့အပတ်ကပဲ သူ့ Yoyo Store မှာ DeepSeek-R1 ရှေ့ပြေးအစမ်းဗားရှင်းကို ထည့်ဖြန့်ချိထားတာ တွေ့ရပါတယ်။ MagicOS 8.0 နဲ့အထက် Honor ဖုန်းတွေမှာ YoYo assistant ကို အဆင့်မြင့် DeepSeek-R1 model သုံးနိုင်အောင် upgrade မြှင့်ပေးထားပါတယ်။
Xiaomi နဲ့ Vivo တို့ဘက်က DeepSeek ထည့်မယ့်အစီအစဉ်အကြောင်း ပြောထားတာမျိုး မရှိသေးပါဘူး။ တရုတ် OEM တွေကတော့ DeepSeek ဟာ assistant ရဲ့ ဉာဏ်ရည်မြင့်တုန့်ပြန်မှု ၊ personalized ဝန်ဆောင်မှုနဲ့ deep thinking ပိုင်းဆိုင်ရာတွေကို အဆင့်မြှင့်တင်နိုင်မယ်လို့ ပြောထားပါတယ်။
DeepSeek ထုတ် AI Models တွေကို တရုတ်ဖုန်းကုမ္ပဏီတွေအပြင် တယ်လီကွန်းလုပ်ငန်းတွေကလည်း သုံးလာတာ ရှိပါတယ်။ တရုတ်ရဲ့ ထိပ်တန်း တယ်လီကွန်းအုပ်စုသုံးခုဖြစ်တဲ့ China Telecom , China Mobile နဲ့ China Unicom တို့မှာ DeepSeek ကို သူတို့ရဲ့ cloud computing ပလက်ဖောင်းတွေမှာ ‌ပေါင်းစည်းလာတယ်လို့ ဆိုပါတယ်။
တရုတ်ဖုန်းနဲ့ တယ်လီကွန်းကုမ္ပဏီတွေမှာ DeepSeek ကို integrate လုပ်လာပေမယ့် တချို့နိုင်ငံတွေမှာတော့ ဒီ AI ကို ပိတ်တာ ၊ အစိုးရနဲ့ အေဂျင်စီဌာနသုံးဖုန်းတွေမှာ မသုံးရအောင် ကန့်သတ်တာတွေ ရှိနေပါတယ်။

image
50 ပတ် - ဘာသာပြန်ပါ။

Penguin(202

ယနေ့ထွက် တမီးလ်ကားသစ်လေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။

တမီးလ်ကားတွေထဲ ဖိုက်တိုင်အက်ရှင်တွေနဲ့ မတူ ကွဲပြားနေတတ်တဲ့ ဇာတ်ကားကောင်းမျိုးတွေ ကြည့်ဖူးကြမှာပါ။
ဒီကားလည်း ထိုနည်းအတိုင်းပါပဲ။ သားအမိ(၂)ယောက်ရှိတယ်…မိခင်ဖြစ်သူဟာ သားလေးကို
အရမ်းချစ်တယ်…သူတို့သားအမိရဲ့ ဆုံတွေ့မှုဟာ ကြာကြာမခံပါဘူး…
ကလေးသူခိုးတစ်ယောက် သူမရဲ့သားလေးကို ခိုးယူသွားတယ်…
သဲလွန်စအနည်းငယ်တော့ချန်ခဲ့တယ်….
ဒီသဲလွန်စလေးဟာ သားဖြစ်သူကို ပြန်ရှာဖို့လုံလောက်တဲ့ အချက်အလက်တော့မဟုတ်ဘူး…
ဒါပေမယ့် မိခင်ဖြစ်သူဟာ သူ့သားကိုတစ်နေ့ပြန်တွေ့ရမယ်ဆိုပြီး
နေ့စဉ်နဲ့အမျှကြိုးစားရှာဖွေတယ်…ဒီလိုနဲ့တစ်နေ့မှာတော့…
ပေးလိုက်တဲ့ သဲလွန်စအနည်းငယ်ဟာ  ကလေးကိုတွေ့ဖို့ လမ်းစဖြစ်လာတယ်…
အဲ့ဒီနောက်ပိုင်းမှာတော့….
ဒီကားက  စိတ္တဇလူသတ်သမားဇာတ်ကားကောင်းတစ်ကားပါပဲ။
စိတ်ဝင်စားစရာ အချက်တွေ အညွန်းထဲ ထည့်ရေးပြချင်ပေမဲ့ ဇာတ်လမ်းတစ်ချို့တစ်ဝက်ကို
ဖော်ပြသလိုဖြစ်မှာစိုးတာမို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါရစေဗျာ။

ဇာတ်ကားလင့်
https://t.me/c/2222390798/193

Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1

image
50 ပတ် - ဘာသာပြန်ပါ။

ပြိုင်ဘက်ကင်း Grok 3 AI ထွက်လာတော့ မယ်လို့ အီလွန်မတ်စ်ပြော
OpenAI ကို လိုက်ဖိုက်နေတဲ့ အီလွန်မတ်စ်က သူ့ရဲ့ xAI ထုတ် မော်ဒယ်သစ်က ထွက်ဖူးတဲ့ chatbots တွေထက် သာမယ်လို့ ပြောပါတယ်။
အီလွန်မတ်စ်က မကြာခင် ထွက်လာမယ့် Grok 3 chatbot ကို အမွှန်းတင်လိုက်တာပါ။ အီလွန်မတ်စ်ပြောသလိုဆို Grok 3 က လန့်လောက်အောင် smart ဖြစ်မယ်လို့ ပြောပါတယ်။ Grok 3 က ဖြန့်ချိဖို့ နောက်ဆုံးအဆင့် ရောက်နေပြီလို့လည်း ပြောပါတယ်။
အခု ဒူဘိုင်းမှာ ကျင်းပနေတဲ့ ကမ္ဘာ့အစိုးရဆန်းမစ်မှာ video conference နဲ့ ပြောသွားတာပါ။ Grok 3 ရဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းက ထွက်ခဲ့သမျှ chatbots မော်ဒယ်တွေထက် သာနေတယ်လို့ စမ်းသပ်ချက်တွေက ပြနေတယ်လို့ ဆိုပါတယ်။ ဘယ်မော်ဒယ်တွေလို့ နာမည်တပ်မသွားပေမယ့် ChatGPT-4o ဖြစ်ဖို့ များပါတယ်။
Grok 3 မှာက တကယ့် real-world အချက်အလက်တွေကို တုပထားတဲ့ synthetic ဒေတာတွေနဲ့ လေ့ကျင့်ထားပြီး အချက်အလက်တွေကို ရှေ့နောက်လွန်းထိုးသွားပြီး အမှားတွေ ပြန်ရှာနိုင်တယ်လို့လည်း ဆိုပါတယ်။ Grok 3 က နောက်တစ်ပတ်နှစ်ပတ်အတွင်း ထွက်လာဖို့လည်း ရှိပါတယ်။
လောလောဆယ်တော့ အီလွန်မတ်စ်က OpenAI ရဲ့ nonprofit အဖွဲ့အစည်းကို ဒေါ်လာ ၉၇.၄ ဘီလျံ ပေးဝယ်မယ်လို့ ပြောထားပါတယ်။ တစ်ဖက်မှာလည်း မတ်စ်က OpenAI CEO ဆမ်အော့တမန်နဲ့ တချို့ကို OpenAI ကို အကျိုးအမြတ်ရှာလုပ်ငန်းအဖြစ် ပြောင်းတဲ့ကိစ္စအတွက် တရားစွဲထားပါတယ်။

image

Ep-2

50 ပတ် - ဘာသာပြန်ပါ။

ပန်းနာမည်လေးက
ဘာတဲ့လဲ 🤔💐💜

Kiss Me 😋

#flowers

image
50 ပတ် - ဘာသာပြန်ပါ။

ပန်းနာမည်လေးက
ဘာတဲ့လဲ 🤔💐💜

Kiss Me 😋

#flowers

image
50 ပတ် - ဘာသာပြန်ပါ။

ပန်းနာမည်လေးက
ဘာတဲ့လဲ 🤔💐💜

Kiss Me 😋

#flowers

image
50 ပတ် - ဘာသာပြန်ပါ။

ပန်းနာမည်လေးက
ဘာတဲ့လဲ 🤔💐💜

Kiss Me 😋

#flowers

image
image
image