48 ပတ် - ဘာသာပြန်ပါ။

#သဘာဝမင်းသားကျောင်းဆရာdhanushရဲ့ရာရန် #၂၀၂၄ဇာတ်ကားသစ်ကြီးရုံကူးဗားရှင်း?
R&.A&.A &.Y&.A&.N (20 24) #ဇာတ်ကားသစ်ကြီး
========================
ကျောင်းဆရာမင်းသား Dhanush ရဲ့ ရာရန် ၂၀၂၄ဇာတ်ကားသစ်ကြီး ရုံကူးဗားရှင်း

ကျောင်းဆရာကားနဲ့နမည်ကြီးလူကြိုက်များခဲ့တဲ့ မင်းသား Dhanush ရဲ့ ရှယ်ကြမ်းမယ့် ဂတုံး ဇာတ်ရုပ်နဲ့တွေရမှာပါ

#crd

image
48 ပတ် - ဘာသာပြန်ပါ။

Man will be man.

image
48 ပတ် - ဘာသာပြန်ပါ။

Natural Diopside ( မိုးကုတ်မြ )💚💚💚

#gems

image
48 ပတ် - ဘာသာပြန်ပါ။

Natural Diopside ( မိုးကုတ်မြ )💚💚💚

#gems

image
48 ပတ် - ဘာသာပြန်ပါ။

Natural Diopside ( မိုးကုတ်မြ )💚💚💚

#gems

imageimage
48 ပတ် - ဘာသာပြန်ပါ။

အချစ်နှင့် တွေ့ခဲ့သည်၊ သို့သော်…

A Walk to Remember ဆိုတဲ့ ဆယ်ကျော်သက် အချစ်ဇာတ်လမ်းလေးကို ကြည့်ရတာ ကြည်နူးဖို့ကောင်းသလို ဝမ်းနည်းဖို့လည်း ကောင်းပါရဲ့။ ဆယ်ကျော်သက်ဆိုတဲ့ အရွယ်က ဖြူစင်တဲ့ နှလုံးသားတွေနဲ့ အချစ်ကို ပထမဆုံး စတင်ထိတွေ့ ခံစားကြတဲ့ အချိန်တွေလေ။

ပြီးတော့ ဆယ်ကျော်သက်တွေဆိုတာက လေတိုက်လို့ သစ်ပင်ကလေး လှုပ်ခတ်သွားရင်၊ လေအဝှေ့မှာ သစ်ရွက်ကလေးတွေ ကြွေကျသွားရင်တောင် စိတ်ကူယဉ်လို့ မဆုံးတဲ့ အရွယ်တွေ မဟုတ်လား။ ဒီအရွယ်မှာပဲ အချစ်ကို ပထမဦးဆုံး တမ်းတကြ၊ အချစ်ဦးတွေနဲ့ ဆုံတွေ့ကြ ပြီးတော့ ဘယ်တော့မှ ပြန်မဆုံမယ့် လမ်းတွေဆီ ခွဲခွာကျောခိုင်းပြီး လျှောက်လမ်းခဲ့ရတဲ့ အချိန်တွေပေါ့။ တစ်နည်းပြောရရင် ချစ်ခြင်းတရားဆိုတာ ဘာလဲရယ်၊ ခွဲခွာခြင်းက ဘာလဲဆိုတာတွေရယ် သင်ယူခဲ့ရတဲ့ အချိန်တွေပါပဲ။

၂၀၀၂ ခုနှစ်မှာ ထွက်ခဲ့တဲ့ ကျောင်းသားအချစ်ဇာတ်ကားလေး ဖြစ်တဲ့ A Walk to Remember က ကြည့်မိသူတိုင်းကို ကုန်လွန်သွားပြီဖြစ်တဲ့၊ ပြန်မရနိုင်တော့တဲ့ ဆယ်ကျော်သက်ဘဝကို အခိုက်အတန့်အားဖြင့် ခေါ်ဆောင်သွားစေမှာပါ။

ရုပ်ရှင်ရဲ့ ဇာတ်လမ်းလေးက ဒီလို။ အထက်တန်းကျောင်းတစ်ကျောင်းရဲ့ နာမည်ကြီး ခပ်ဆိုးဆိုးကျောင်းသားလေး တစ်ယောက်က ပြဿနာတွေ ပတ်ရှာရင်း ရုံးခန်းထဲ ရောက်သွားတယ်။ ဆရာက အပြစ်ပေးတဲ့ အနေနဲ့ လူမှုပြစ်ဒဏ်ပေးရင်း ကျောင်းက ကတဲ့ ပြဇာတ်မှာ ကခိုင်းပါလေရော။ ပြဇာတ်ကဖို့လုပ်တော့ ကျောင်းရဲ့ အရိုးအေးဆုံး၊ အနေအထိုင် အသိုသိပ်ဆုံး ကောင်မလေးတစ်ယောက်နဲ့ ဆုံမိသွားတယ်။ ကောင်လေးက ခပ်ဆိုးဆိုး၊ လူမိုက်လေး။ ကောင်မလေးက ဘာသာတရား ကိုင်းရှိုင်းတဲ့ ရိုးရိုးအေအေးလေး။

ဆန့်ကျင်ဘက်အချက်တွေ ကိုယ်စီ ကိုယ်စီပိုင်ဆိုင်ထားတဲ့ ဒီနှစ်ယောက်ကြားမှာ စိတ်ကြည်နူး ချမ်းမြေ့ဖို့လည်းကောင်း၊ လွမ်းဆွတ်တမ်းတ ဝမ်းနည်းဖို့လည်းကောင်းတဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ် ပေါ်ပေါက်လာတယ်။ ဒါက သိပ်ကို ရိုးရှင်းတဲ့ A Walk To Remember ရုပ်ရှင်ရဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းက ရိုးရှင်းသလောက် ဆွဲဆောင်မှု သိပ်ရှိတယ်။ ထိုင်ရာက မထတမ်း ကြည့်မိတဲ့အထိကို သဘောကျဖို့ကောင်းတယ် ပြောရမယ်။
ဆယ်ကျော်သက် အရွယ်တုန်းက ပိုင်ဆိုင်ခဲ့ရတဲ့ ပေါ့ပါးလွတ်လပ်မှုတွေ၊ ငယ်ရွယ်နုပျိုမှုတွေနဲ့ အချစ်ကို ပထမဦးဆုံး ခံစားမိတဲ့ အခိုက်အတန့်ဆီကို ခေါ်ဆောင်သွားမယ့် A Walk To Remember ရုပ်ရှင်ကို ပရိသတ်တွေ ကြည့်ရှုခံစားနိုင်ဖို့ လက်တို့လိုက်ပါတယ်။

image
48 ပတ် - ဘာသာပြန်ပါ။

မုန်း၍မဟူဖတ်ပြီး မွန်းကြပ်စွာ ခံစားရတယ် ။ တချို့ အချစ်တွေက အချစ်လွန်ပြီး ဘောင်တွေ ကျော်လွန်ပြီး လိုတာထပ် ပိုသွားတဲ့အခါ ကိုယ် ချစ်ရသူကို နစ်သလိုဖြစ်သွားမှန်းမသိ ဖြစ်သွားတတ်တယ် ။
သူစိမ်းနှစ်ယောက် ချစ်တဲ့အချစ်မှာ ကိုယ့်ဘက်က ပိုပြီးချစ်မယ်ဆိုပြီး ကိုယ်ကချည်း ကိုယ် ဖြစ်ချင်သလို အရာရာကို မဆုံးဖြတ်ဘဲနဲ့ ကိုယ်ကချည်းပဲ နှစ်သက်တဲ့ အကောင်းဆုံးဆိုတဲ့ အရာအလုံးစုံကို ချစ်၍ပေးတယ် ဆိုတာထက် အဲ့အရာတွေနဲ့ ကိုယ် ချစ်ရတဲ့သူက ပျော်ရွှင်နေရဲ့လား ၊ စိတ်ချမ်းသာနေရဲ့လား ၊ သူ့ရဲ့စိတ်လွတ်လပ်မှုရှိရဲ့လား ဆိုတဲ့ အတွေးကိုလည်း စဉ်းစားသင့်တယ် ။
ဒီ “ မုန်း၍မဟူ ” စာအုပ်လေးထဲ “ဝေဝေ့” လို စိတ်ထားမျိုး “;ဦးစောဟန် ” အပေါ်မှာ ‌နာကျည်းစိတ်မထားဘဲ ၊ စိတ်မနာဘဲ ၊ စိတ်မဆိုးဘဲ ဒေါသမဖြစ်ဘဲ စိတ်မကောက်ဘဲနဲ့ ဝေဝေ နေရာမှာဝင်ပြီး ကိုယ်တိုင်ခံစားမိတယ် ။ ကိုယ့်စိတ်ကို ထားနိုင်ပါ့မလားလို့....
အဲ့လိုတွေးကြည့်မိပြန်တော့ နာနာကျင်ကျင် ပြုံးမိတာပါပဲ...။ “ဝေဝေ” စိတ်လေး ဖြူစင်လိုက်ပုံများ ဦးစောဟန်ကို မမုန်းပါဘူး သူ့ကိုချစ်မိတဲ့ ကိုယ့်ကိုယ်ပဲ မုန်းမိတယ်တဲ့ကွယ် ။ တကယ်တော့ သူစိမ်းနှစ်ယောက် ချစ်တဲ့အခါမှာ ကိုယ့်ခံစားချက် ဆိုတာထက် သူ့ခံစားချက်ကိုပါ အရာရာတိုင်းမှာ ထည့်စဉ်းစားပေးပြီး ဘယ်အရာကိုမဆို အတူမျှဝေခံစားပြီး လက်တွဲသွားမှလျှင် အေးချမ်းတဲ့ နှစ်ယောက် တစ်ဘဝကို သက်ဆုံးတိုင် ပိုင်ဆိုင်နိုင်ရမှာပါ ။
“ ငြိမ်းချမ်းမှုဆိုတာ ဘယ်မှာမှ ရှာမတွေ့နိုင်ပါဘူး ။ ဘယ်သူမှ မဖန်တီးနိုင်ဘူး ။ တကယ့် ငြိမ်းချမ်းမှုအစစ်ဟာ ကိုယ့်နှလုံးသားထဲမှာပဲ ရှိတယ် ။ ဝေဝေ မိခင်မယ်တော် (မယ်သီလရှင်ကြီး)က ဝေဝေ့ကို ဆုံးမတဲ့ စကားလေး ဝေဝေ ကိုယ်‌တိုင်ရော နောက်ဆုံးအချိန်ထိ ငြိမ်းချမ်းမှု စိတ်ချမ်းသားမှုကို ပိုင်ဆိုင်သွားရဲ့လားဆိုတာကတော့ ဒီစာအုပ်လေးထဲမှာ ဖတ်ရှုကြည့်လိုက်ပါဦးနော် ။
#ဂျာနယ်ကျော်မမလေး
#မုန်း၍မဟူ

image
48 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာမှာ လုပ်ငန်းခွင်မှာ စက်ရုပ် အများဆုံး သုံးတဲ့ နိုင်ငံ ဖြစ်လာတဲ့ တောင်ကိုရီးယား
===============================================

တစ်ကမ္ဘာလုံးမှာ စက်ရုံ အလုပ်ရုံတွေမှာ စက်ရုပ် အသုံးပြုမှုဟာ ပြီးခဲ့တဲ့ ၇ နှစ်အတွင်း ၂ ဆကျော် များပြားလာပါတယ်။ တစ်ကမ္ဘာလုံးမှာ စက်ရုပ် အများဆုံး အသုံးပြုတဲ့ နိုင်ငံက တောင်ကိုရီးယား ဖြစ်လာပါတယ်။

တောင်ကိုရီးယားဟာ ကမ္ဘာ့ ပထမဆုံး အနေနဲ့ လုပ်သား အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းကို စက်ရုပ်တွေနဲ့ အစားထိုးထားတာ ဖြစ်ပါတယ်။ တောင်ကိုရီးယားဟာ ကမ္ဘာမှာ စက်ရုပ် လုပ်သား အများဆုံး သုံးတဲ့ နိုင်ငံဖြစ်လာပြီး လူသား ဝန်ထမ်း ၁၀,၀၀၀ မှာ စက်ရုပ် ၁,၀၁၂ ရုပ်ကို အသုံးပြုနေပါတယ်။

လူသား ဝန်ထမ်း ၁၀,၀၀၀ မှာ စက်ရုပ် ၄၇၀ ကို အသုံးပြုထားတဲ့ တရုတ် က နံပါတ် ၂ နေရာမှာ ရပ်တည်နေပြီး ဂျာမနီနဲ့ ဂျပန်ထက် ပိုများနေပါတယ်။

တောင်ကိုရီးယားဟာ ၂၀၁၈ ခုနှစ်က စတင်ကာ နှစ်စဉ် စက်ရုပ် အသုံးပြုမှု ၅ ရာခိုင်နှုန်း တိုးတက်အောင် ပြုလုပ်ခဲ့ပါတယ်။ သက်ကြီးရွယ်အို များပြားလာပြီး ကလေးမွေးဖွားမှုနှုန်း မြင့်မားတာကြောင့် တောင်ကိုရီးယားဟာ စက်ရုပ်တွေကို ပိုမို အသုံးပြုလာကြတာ ဖြစ်ပါတယ်။

image
48 ပတ် - ဘာသာပြန်ပါ။

ငါးးပိရည်နဲ့ ငါးးသလော_က်ဟင်း
ထမင်း၂ပန်းကန်စားပြီးသကာလ

image
48 ပတ် - ဘာသာပြန်ပါ။

⚜️ မြင့်မြတ်သော နေထိုင်ခြင်း ⚜️
💫💫💫💫💫💫💫💫💫
🕳️ လူ့ အသိုင်း အဝိုင်း ထဲမှာ
နေတဲ့အခါအားလုံးအပေါ်
အကျိုးလိုလားတဲ့ စိတ်ကို
မွေးရမယ် "မေတ္တာ" ပေါ့။
🕳️ အားလုံး ကောင်းစားစေ
ချင်တယ် ဘယ်သူ့ အပေါ်မှ
မမုန်းဘူး၊အားလုံးရဲ့အကျိုး
စီးပွားကိုလိုလားတဲ့ မေတ္တာ
ရှိရမယ်၊အဲ့ဒါ"မေတ္တာ"နဲ့ နေ
ထိုင်ခြင်း။
🕳️ အဲ့ဒီလို "မေ တ္တာ" ထားတဲ့
အထဲမှာတချို့ကကိုယ့်ထက်
နိမ့်ကျသွားတယ်(သို့မဟုတ်)
ဆင်းရဲဒုက္ခရောက်သွားတယ်
ပေါ့အဲ့ဒီပုဂ္ဂိုလ်ကိုကြင်နာ သ
နားရမယ်၊ဖေးမရမယ်။
🕳️ အပြစ်တစ်စုံတစ်ရာ
ဖြစ်နေရင် ကိုယ် တတ်နိုင်သ
လောက် ဖေးမရမယ်။ ကူညီ
ရမယ် အဲ့ဒါ "ကရုဏာ"နဲ့ နေ
ထိုင်ခြင်း။
🕳️ တိုးတက်ကြီးပွားသွားတဲ့
သူကိုတော့အပြစ်မပြောဘူး၊
ဝမ်းသာတယ်အဲ့ဒါ "မုဒိတာ"။
🕳️ "ဥပေက္ခာ" ဆိုတာအလွန်
မွန်မြတ်တယ်"ဥပေက္ခာ" ဆို
တာ လူတွေအပေါ် မှာ လျစ်
လျူရှုတာမဟုတ်ဘူး၊သူတို့
လုပ်တဲ့စော်ကားမှုချီးမွမ်းမှု
တွေကို လျစ်လျူ ရှုနိုင်တာ။
သူက သိပ်အဆင့် မြင့်တယ်
နော်။
🕳️ ဥပမာ - လူတစ်ယောက်
ကိုယ့်ကိုဆဲလည်းသူ့ကိုကူညီ
စရာရှိရင် ကူညီ လိုက်တယ်။
ကိုယ့်ချီးမွမ်းနေလို့လည်း ပို မ
ကူဘူး၊လုပ်သင့်လို့ လုပ်တယ်။
🕳️ ကိုယ့်အပေါ်မှာ စော်ကားမှု၊
ဦးစားပေးမှုဆိုတာတွေကို မ
ကြည့်ဘူး လုပ် သင့်ရင် လုပ်
ပေးလိုက်တယ်။
🕳️ ညီတူ ညီမျှ လုပ်ပေးနိုင်တဲ့
စိတ်ဓာတ်၊ တည်ငြိမ် တဲ့ စိတ်
ဓာတ်ကို ပြောတာအဲ့ဒါ "ဥပေ
က္ခာ"ဆိုတာအလွန်မွန်မြတ်တဲ့
တရားနော် ...
🕳️ မြတ်စွာဘုရားက
သားတော် ရာဟုလာ မို့ ပိုချစ်
တာ မရှိဘူး။ ဒေဝဒတ် ကြီးက
ဆိုးသွမ်းပြီး အ မျိုးမျိုး သေ
ကြောင်းကြံလို့ ပိုမုန်း တာ မရှိ
ဘူး သူတို့နှစ်ယောက်ကို အတူ
တူ ထားနိုင်တယ် အဲ့ဒီလိုအတူ
တူထားနိုင်တယ်ဆိုတဲ့"ဥပေက္ခာ"
🕳️ တချို့က "ဥပေက္ခာ"
ပြုလိုက်တယ် ပြောရင် မခေါ် မ
ပြောနေတာကို"ဥပေက္ခာ"လို့ထင်
တယ်၊ မဟုတ်ဘူး၊အဲ့တာ"ဦးပစ်
ခါ" နော်...
🕳️ ဒီ "ဥပေက္ခာ"က
မခေါ်မပြောနေတာမျိုး မဟုတ်
ဘူး၊ ကိုယ့်စိတ် ထဲမှာ အချစ်အ
မုန်းကင်းပြီး လုပ်သင့်လုပ်ထိုက်
တာ ကို ဆိုတယ်ပေါ့။
🕳️ ဘယ်လောက်ကောင်းတဲ့
ကိုယ်ကျင့်တရားတွေလဲ၊ကိုယ့်
စိတ်မှာချမ်းသာစရာတွေချည်း
ဘဲနော်၊ အလွန် မွန်မြတ်တာ ...
🕳️ ဒါကြောင့်မို့
"ဗြဟ္မဝိဟာရ"လို့ ခေါ်တာ။
"မြင့်မြတ်သော နေထိုင်ခြင်း"လို့
ပြောတယ်။
🕳️ ဒီတရားတွေနဲ့ နေထိုင်ရင်
မြင့်မြတ်တယ်လို့ ပြောတယ်။
<><><><><><> `¡´ <><><><><><>
ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

image