20 w - Translate

QR Code အကြောင်း သိကောင်းစရာများ
QR Code ဆိုတာ ဒစ်ဂျစ်တယ် သတင်းအချက်အလက်တွေကို အလွယ်တကူ ဖတ်ရှုနိုင်ဖို့ စက်ကနားလည်တဲ့ ပုံစံပြောင်းထားတဲ့ စတုရန်းပုံစံ ကုဒ်တစ်မျိုးပါ။ ဒီနေ့ခေတ် လူတိုင်းရဲ့နေ့စဉ်ဘဝမှာ QR Code တွေကို နေ့စဥ်ထိတွေ့နေရပါတယ်။
QR Code ၏ သမိုင်းကြောင်းကိုပြောရရင် QR Code (Quick Response Code) ကို ၁၉၉၄ ခုနှစ်တွင် ဂျပန်နိုင်ငံမှာရှိတဲ့ Denso Wave ကုမ္ပဏီမှာရှိတဲ့ Masahiro Hara ဆိုသူနဲ့ သူ၏အဖွဲ့က Toyota ကားကုမ္ပဏီရဲ့ ကားအပိုပစ္စည်းတွေကို စာရင်းစစ်ဖို့၊ ပစ္စည်း Stock တွေစစ်ဖို့ ထွင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက Barcode တွေပေါ်နေပြီဆိုပေမယ့် Barcode မှာထည့်ထားနိုင်တဲ့ အချက်အလက်က အကန့်အသတ်ရှိနေလို့ဖြစ်ပါတယ်။
ဒါ့ကြောင့် အချက်အလက်အများကြီးလည်းသိုလှောင်နိုင်ရမယ်၊ ဂျပန်စကားလုံးတွေ(ကန်ဂျိ) တွေကစလို့ သိမ်းဆည်းထားနိုင်ပြီး ကုဒ်ဖတ်တဲ့အခါမှာလည်း အများကြီးပိုမြန်မယ့် နည်းပညာတစ်ခုကို တီထွင်ကြဖို့ဖြစ်လာပါတယ်။
QR Code မှာလည်း အမျိုးအစားအများကြီးခွဲထားနိုင်ပါတယ််။ အများဆုံးသုံးနေကြတဲ့ အခြေခံ QR Code၊ အချက်အလက်တွေပြောင်းလဲလို့ရတဲ့ Dynamic QR Code၊ အချက်အလက်အသေတွေထည့်လို့ရတဲ့ Static QR Code အပြင်တစ်ခြား အမျိုးအစားတွေအများကြီးရှိပါတယ်။
QR Code တွေကို နေ့စဥ်အသုံးပြုတဲ့အနက် အသုံးများကြတဲ့နေရာတွေကတော့ မိုဘိုင်းငွေလွှဲတဲ့အခါမျိုးတွေ၊ ကုန်ပစ္စည်းတွေအချက်အလက် သတ်မှတ်စစ်ဆေးတဲ့နေရာ၊ Visa ထုတ်ပေးတဲ့နေရာ၊ လေယာဥ်လက်မှတ်စတဲ့နေရာတွေပါ။
QR Code တစ်ခု ဖန်တီးဖို့ကလည်း အတော်လေးလွယ်သလို "အခမဲ့" အသုံးပြုနိုင်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ အွန်လိုင်းပေါ်က ကိုယ်ကြိုက်တဲ့ QR Generator ကိုသုံးပြီး ကြိုက်တဲ့ QR တွေထုတ်လို့ရနေပါပြီ။ QR Code တွေကို Scan ဖတ်ဖို့ ခုခေတ်ကဖုန်းတိုင်းမှာ QR Scanner တွေ ပါနေပါပြီ။
Denso Wave ကုမ္ပဏီဟာ QR Code နည်းပညာကို မူပိုင်ခွင့်ရယူခဲ့ပေမယ့် လူအများ အသုံးပြုလို့ရအောင် အခမဲ့အသုံးပြုခွင့်ပေးခဲ့ပြီး မူပိုင်ခွင့်ကို Open Source လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ဒါကတော့ အမှုမှတ်မဲ့ နေ့စဥ်သုံးမိနေတဲ့ QR Code အကြောင်းပဲဖြစ်ပါတယ်။

image
20 w - Translate

ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံး - 25 ဂိုး
ပရီးမီးယားလိဂ်ဂိုးဖန်တီးမှုအများဆုံး - 17 ကြိမ်
မိုဆာလာ 👑🇪🇬

image

ရှားစောင်းလက်ပပ်၏ အကျိုးကျေးဇူး
ရှားစောင်းလက်ပပ်ဟာ အပူပိုင်းဒေသတွေမှာ ပေါက်ပွားပြီး ထင်ရှားတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်ပါတယ်။ သူ့ရဲ့ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေကြောင့် ရှားစောင်း လက်ပပ်ကို နှစ်ပေါင်းများစွာတည်းက အသုံးပြုလာကြတာဖြစ်ပါတယ်။

ဒီအပင်ရဲ့ အရွက်တွေမှာ ဗီတာမင်၊ သတ္တုဓါတ်၊ amino acids နဲ့ ဓါတ်တိုးဆန့်ကျင် ဂုဏ် သတ္တိရှိတဲ့ အရာတွေ ပါဝင်ပါတယ်။ ရှားစောင်း လက်ပပ်ရဲ့ အထင်ရှားဆုံး အကျိုးကျေးဇူး ငါးခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် –

၁။ ရှားစောင်းလက်ပပ်မှာ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိပြီး ဘက်တီးရီးယားတွေကို သေစေတဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။

ရှားစောင်းလက်ပပ်မှာ အစွမ်းထက်တဲ့ ဓါတ်တိုးဆန့်ကျင့် ဂုဏ်သတ္တိရှိတဲ့ အရာများစွာ ပါဝင်ပါတယ်။ ဒီအရာတွေဟာ polyphenol အုပ်စုဝင်တွေဖြစ်ပြီး ကိုယ်ခန္ဓါက အရေပြားဆဲလ်တွေကို ထိခိုက်စေတဲ့ free radicals တွေကို ဖယ်ထုတ်ရှင်းလင်းပစ်ပါတယ်။ ရှားစောင်းလက်ပပ်ဟာ အသားအရေကို နုပျိုစေတာကြောင့် အလှကုန်ပစ္စည်းတွေထဲမှာ အလွန်အရေးကြီးတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒီ polyphenols နဲ့ အခြားပါဝင်ပစ္စည်းတွေဟာ ကူးစက်ရောဂါတွေဖြစ်စေတဲ့ ရောဂါပိုးဝင်မှုကိုလည်း တိုက်ဖျက်ပေးပါတယ်။

ရှားစောင်းလက်ပပ်ကို အရေပြားပေါ်မှာလိမ်းပေးမယ်ဆိုရင် ထိခိုက်ရှနာတွေကို အနာမြန်မြန်ကျက်စေပါတယ်။ သောက်မယ်ဆိုရင်တော့ ဖျားနာမှုတွေကို ကာကွယ်ပေးပြီး အစာခြေစနစ်ကို အဆိပ်အတောက် ကင်းစင်စေပါတယ်။

၂။ ရှားစောင်းလက်ပပ်ဟာ အရေပြားကို ပြန်လည်ကောင်းမွန်စေပါတယ်။

ရှားစောင်းလက်ပပ်မှာ fibroblasts လို့ခေါ်တဲ့ collagen ထုတ်ပေးတဲ့ အရေပြားဆဲလ်တွေကို လှုံ့ဆော်နိုင်စွမ်း ရှိပါတယ်။ Collagen ဟာ အရေပြားတည်ဆောက်ပုံနဲ့ ကျုံ့ဆန့်နိုင်စွမ်းတွေအတွက် မရှိမဖြစ် ပရိုတင်းတစ်ခုဖြစ်ပါတယ်။

လိမ်းရတဲ့ ရှားစောင်းလက်ပပ်ဂျယ်တွေဟာ အရေပြားရဲ့အသက်ကြီးရင့်သွားမှုကို နှေးကွေးစေပါတယ်။ ရှားစောင်းလက်ပပ် ပါဝင်တဲ့ အသက်ကြီးခြင်းကို ထိန်းချုပ်ပေးတဲ့ အလှကုန်တွေဖြစ်တဲ့ Moisturisers တွေနဲ့ eye creams တွေဟာ အရေးအကြောင်းတွေနဲ့ အသက်ကြီးခြင်းကြောင့် ဖြစ်ပေါ်တဲ့ အခြားလက္ခဏာတွေကို လျော့ကျစေပါတယ်။

၃။ ရှားစောင်းလက်ပပ်ဟာ မီးလောင်ဒဏ်ရာကျက်နှုန်းကို မြန်ဆန်စေပါတယ်။

အနာကျက်တဲ့ အကျိုးကျေးဇူးတင်သာမက ရှားစောင်းလက်ပပ်ကို မီးလောင်ဒဏ်ရာတွေ ကုသဖို့လည်း အသုံးပြုကြပါတယ်။ သိပ္ပံသုတေသနတစ်ခုက ရှားစောင်းလက်ပပ်ဟာ ပထမအဆင့်နဲ့ ဒုတိယအဆင့် မီးလောင်မှုဒဏ်ရာတွေအတွက် အသုံးဝင်တယ်လို့ ဆိုပါတယ်။

သုတေသနတစ်ခုက ရှားစောင်းလက်ပပ်ဟာ အခြားဆေးတွေနဲ့ စာရင် မီးလောင်ဒဏ်ရာ အနာကျက်နှုန်းကို ၉ ရက်ခန့် လျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။ ရှားစောင်းလက်ပပ်ကို အရေပြားပေါ်ကို တိုက်ရိုက်ပွတ်လိမ်းပေးပြီး အသုံးပြုလေ့ရှိကြပါတယ်။

၄။ ရှားစောင်းလက်ပပ်ဟာ ဆံပင်သန်စေပါတယ်။

ရှားစောင်းလက်ပပ်ကို ဦးရေပြားပေါ်လိမ်းပေးခြင်းဟာ ဆံပင်ကိုလျင်မြန်စွာ ပေါက်စေပြီးတော့ သန်စွမ်းစေပါတယ်။ လူအတော်များများက ရှားစောင်းလက်ပပ်ကို ဆံပင်ပေါက်ဖို့အတွက် အသုံးပြုခဲ့ကြပြီးတော့ အကျိုးရှိတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။

ရှားစောင်းလက်ပပ်ဂျယ်ကို အသုံးအများဆုံးနည်းကတော့ ဆံပင်ပေါ်ကို တိုက်ရိုက်သုတ် လိမ်းပေးပြီး တစ်နာရီကြာရင် ရေဆေးချတာပဲဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်သောက်သုံးခြင်းနဲ့ ရှားစောင်း လက်ပပ်ပါဝင်တဲ့ ဆံပင်ထုတ်ကုန်တွေကို အသုံးပြုခြင်းဟာလည်း ဆံပင်ကို ကျန်းမာသန်စွမ်းစေပါတယ်။

၅။ ရှားစောင်းလက်ပတ်ဟာ ပါးစပ်အနာကို ကုသပေးနိုင်ပါတယ်။

ပါးစပ်အနာတွေဟာ လူတွေမှာ အတွေ့များတဲ့ အနာတစ်မျိုးဖြစ်ပါတယ်။ ဒီအနာတွေဟာ ပါးစပ်အတွင်းပိုင်းကနေ နှုတ်ခမ်းအောက်ခြေအထိရှိပြီး နာကျင်မှုဟာ ၇ ရက်ကနေ ၁၀ရက်အထိ ကြာတတ်ပါတယ်။

ရှားစောင်းလက်ပပ် အသုံးပြုခြင်းဟာ ပါးစပ်အနာတွေရဲ့ အနာကျက်တဲ့ဖြစ်စဉ်ကို ထောက်ပံ့ပေးတယ်ဆိုတဲ့ ယုံကြည်လောက်တဲ့သက်သေပြမှုတွေ ရှိပါတယ်။ ပါးစပ်အနာတွေရဲ့ အရွယ်အစားကို သေးငယ်စေရုံသာမက နာကျင်မှုကိုပါ လျော့ကျစေနိုင်ပါတယ်။

image
20 w - Translate

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မြန်မာဘက်ခြမ်းရှိ နိုင်ငံခြားသား ၇ဝဝဝ ကျော် မိခင်နိုင်ငံများသို့ လွှဲအပ်မည့်အချိန် စောင့်ဆိုင်းနေ
မြန်မာနိုင်ငံ မြဝတီမြို့ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှကယ်ထုတ်ထားသော ပြည်ပနိုင်ငံသား ၇ဝဝဝ ကျော်တို့မှာ သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းအပ်နှံမည့်နေ့ကို စောင့်ဆိုင်းနေကြရကြောင်း ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(ဘီဂျီအက်ဖ်)က ပြောကြားထားသည်။
ဘီဂျီအက်ဖ်တပ်ဖွဲ့သည် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှကယ်ထုတ်ထားသော နိုင်ငံပေါင်း ၂၈ နိုင်ငံတို့မှ နိုင်ငံသားပေါင်း ၇၂၄၁ ဦးတို့၏ အမည်စာရင်းများကို ထိုင်းတာဝန်ရှိသူများ စိစစ်နိုင်ရေးအတွက် ပေးပို့ထားပြီးဖြစ်သည်။
ဘီဂျီအက်ဖ်အဖွဲ့က ပေးပို့ထားသော အထက်ပါလူစာရင်းတွင် အမျိုးသား ၆၇၁၆ ဦးနှင့် အမျိုးသမီး ၄၂၅ ဦးတို့ပါဝင်ကြောင်း ထိုင်းမီဒီယာများ၏ အဆိုအရ သိရသည်။
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ ဘီဂျီအက်ဖ်အဖွဲ့က ခေါ်ထုတ်ထားသူ ပြည်ပနိုင်ငံသားများအနက်အများဆုံးမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး ၄၈၆ဝ အထိရှိကြောင်း ထိုင်းမီဒီယာများက သတင်းထုတ်ပြန်ထားသည်။
ဒုတိယအများဆုံး ပါဝင်သော ပြည်ပနိုင်ငံသားများမှာ ဗီယက်နမ်နိုင်ငံသားများဖြစ်ပြီး ၅၇၂ ဦး အထိ ပါဝင်သည်။ တတိယအများဆုံးမှာ အိန္ဒိယနိုင်ငံသားများဖြစ်ကြ၍ ၅၂၆ ဦးအထိရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ ဘီဂျီအက်ဖ်အုပ်စု ကယ်ထုတ်ထားသူ ၇ဝဝဝ ကျော်တို့မှာ မြန်မာနိုင်ငံ မြဝတီဘက်ခြမ်းတွင်သာ ရှိနေဆဲဖြစ်ပြီး မိခင်နိုင်ငံများသို့ပြန်လည်ပို့ဆောင်ပေးရေးအတွက် သက်ဆိုင်ရာ သံရုံးများက စီစဉ်ပေးမည့်အချိန်ကို စောင့်ဆိုင်းနေကြဆဲဖြစ်ကြောင်း ဗန်ကောက်ပို့စ်သတင်းစာက ရေးသားထားသည်။
တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံအနေဖြင့်လည်း အထက်ပါ နိုင်ငံခြားသား ၇ဝဝဝ ကျော်တို့ကို ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပေးရန် တွန့်ဆုတ်နေကြောင်း သိရသည်။
ဗန်ကောက်ပို့စ်

image

ဖေဖော်ဝါရီ ၂၈ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

ဖေဖော်ဝါရီ ၂၈ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

သောကြာနေ့မနက်ပိုင်း ဘောလုံးပွဲရလဒ်များ

#ဘောလုံးသတင်းစုံ

image

image
20 w - Translate

မိတ္ထီလာမြိုနယ် ထွေ/အုပ် ဌာနခွဲစာရေးအား အကြမ်းဖက်အဖွဲက သတ်ဖြတ်
***********************
(မှုခင်း) ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရေချိုကျေးရွာနေ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေးအား အကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြတ်သွားကြောင်း သိရသည်။

ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မိတ္ထီလာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေး ဦးမြင့်အေး၊ ၆၁ နှစ်သည် နေအိမ်မှ ရုံးတက်ရောက်ရန် မိတ္ထီလာမြို့သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာလာစဥ် မိတ္ထီလာမြို့နယ်၊ ရေချိုကျေးရွာအနီး မိတ္ထီလာ-မြင်းခြံကားလမ်း မိုင်တိုင်အမှတ် (၉/၄)နှင့်(၉/၅)အကြားအ​ရောက်တွင် အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင် သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဦးမြင့်အေးသည် သေနတ်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

image

Woo My God ?

//