20 w - Translate

𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋🚨🔵

မန်စီးတီးအသင်းဟာ အာဂျင်တီးနားလူငယ်လေး Claudio Echeverri ကို အသင်းမှာပူးပေါင်းဖို့ခေါ်ယူနိုင်ခဲ့ပါပြီ။

image

နေ့စဉ်မိုးလေဝသသတင်း
===============
(၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
-----------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ် အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။ နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

image

ပေါင်းချင်မှ ပေါင်း
3လပိုင်း က စပြီး တည်ငြိမ်ပီ

image

ပြောချင်တဲ့စကား​တွေကို ပါးစပ်ကထိန်းချုပ်နိုင်ပေမဲ့
မျက်နှာက မထိန်းချုပ်နိုင်​သောအခါ

image
20 w - Translate

ခိုင့်ကို မောင်ချစ်ပါတယ် သူငယ်ချင်းလိုပဲ 😁
#တက္ကသိုလ်ဘုန်းနိုင်

image
20 w - Translate

“ဒီရာသီ ကျွန်တော်တို့ ကြီးမားတဲ့ခြေလှမ်းတွေ လှမ်းခဲ့ရပါတယ်။ အသင်းက ကြုံခဲ့ရတဲ့အခက်အခဲတွေနဲ့ဆိုရင် ဇယားအလယ်မှာတောင်ရပ်တည် သွားနိုင်တာပါ။ သမိုင်းမှာ တစ်ရာသီအတွင်း အနီငါးကဒ်လောက်ထိပြီး ဒဏ်ရာရကစားသမားအများအပြားနဲ့ ဒုတိယနေရာကို ရနိုင်တဲ့အသင်း ရှိမှာမဟုတ်ပါဘူး" 😳

🗣️အာတီတာ

image
20 w - Translate

ဘဏ်လုပ်ငန်းတွေမှာလည်း AI နဲ့ အစားထိုးလာတော့မယ်..

စင်္ကာပူရဲ့ အကြီးဆုံးဘဏ်ဖြစ်တဲ့ DBS ဘဏ်ကနေ လာမယ့် ၃ နှစ်အတွင်း အလုပ်သမား 4000 ခန့် လျှော့ချသွားဖို့ရှိကြောင်းနဲ့ အလုပ်အကိုင်အသစ် 1000 ခန့်ကို ဖန်တီးသွားမည်ဖြစ်ကြောင်း ဆိုလာပါတယ်။ ဝန်ထမ်းလျော့ချမယ့် အဓိကရည်ရွယ်ကတော့ လူသားအလုပ်သမားများနေရာမှာ AI အစားထိုးသွားဖို့ စီစဉ်နေတာပဲဖြစ်ပါတယ်။

အခုလို အလုပ်သမားဝန်ထမ်းလျှော့ချမှုဟာ သက်တမ်းကန့်သတ်ထားသော ဝန်ထမ်းများနဲ့ ယာယီဝန်ထမ်းများကို အဓိကထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ဒါပေမဲ့လည်း သက်တမ်းရင့်ဝန်ထမ်းများနှင့် ရာထူးပိုင်းအကြီးအကဲများတော့ ထိခိုက်မှုမရှိလာနိုင်ဘူးလို့ ဖော်ပြထားပါတယ်။

အလုပ်သမားလျှော့ချပြီး AI နဲ့ အစားထိုလုပ်ကိုင်လာတဲ့အထဲမှာ နည်းပညာကုမ္ပဏီများနဲ့ သုတေသနလုပ်ငန်းများမှာ အများစုတွေ့ခဲ့ရတာမှန်ပေမဲ့ ဘဏ်လုပ်ငန်းတွေမှာ အစားထိုးလာမှာကတော့ ဒါက ပထမဆုံးပါ။ ဒီလိုဆိုရင်တော့ နောက်ပိုင်း ဘယ်လိုနယ်ပယ်တွေမှာလည်း အစားထိုးလုပ်ဆောင်မှုတွေရှိလာမလဲဆိုတာ စိုးရိမ်စရာပါပဲ။ စိုးရိမ်စရာလား ကောင်းမွန်လာတာလားဆိုတာကတော့ တစ်ဦးချင်းရဲ့အမြင်မှာလည်း မူတည်ပါသေးတယ်လေ...

image

မိန်းကလေးတစ်ယောက်ကို ချစ်မိရင် | 500 Days Of Summer (2009)
ဇွန် ၇၊ ၂၀၂၄။
“တစ်လောကလုံးမှာ သူတစ်ယောက်ပဲ င့ါကို ပျော်အောင် လုပ်ပေးနိုင်မယ်ဆိုတာ ငါသိတယ်”
“နင်ဖြစ်ဖူးလားတော့ မသိဘူး”
“လူတစ်ယောက်နဲ့အတူရှိတဲ့ အချိန်တွေကို ကိုယ့်ခေါင်းထဲမှာ ခဏခဏ ပြန်စဥ်းစားကြည့်ပြီး ဘယ်နားက စပြီး မှားသွားလဲဆိုတာကို လိုက်ရှာမိတာမျိုးဖြစ်ဖူးလား”
500 Days Of Summer ကို ကျွန်တော် ကြည့်ဖြစ်တာ တော်တော်လေးတော့ ကြာပြီး ခဏခဏလည်း ကြည့်တယ် ဒါပေမယ့် လုံးဝ မဖျက်ပြစ်နိုင်တဲ့ ဇာတ်ကားတစ်ကားမို့လို့ စက်ထဲမှာ အခုထိ သိမ်းထားတုန်းပါပဲ။
ဘာကြောင့်လဲဆိုတော့ ဇာတ်ကားရဲ့ အဓိက ပေးချင်တဲ့ဆိုလိုရင်း နဲ့ Presentation က Day လေးတွေ ရေတွက်ရင်း အချိတ်ဆက်မိတာရယ်၊ သစ်စိမ်းချိုး ချိုးခံလိုက်ရတဲ့ ခံစားချက်ရယ်၊ Summer ကို မုန်းတဲ့ အချက်ရယ်၊ ဒါတွေ အားလုံးက ချုံပြီးကြည့်ရင် လက်တွေ့နဲ့ အရမ်းနီးစပ်သွားတာမျိုးခံစားရတယ်။
အထူးသဖြင့် အသည်းကွဲဖူးတဲ့ ယောက်ျားလေးတွေဆို ဒီဇာတ်လမ်းကြည့်ပြီး ပိုခံစားရမယ်ဆိုတာ ကျွန်တော် ယုံတယ်။ တစ်ခါတစ်လေ မိန်းကလေးတွေက နားလည်ရခက်တယ်ဆိုတာ ဒီဇာတ်လမ်းမှာ ကောင်းကောင်းကြီးပြသွားတယ်။
သူနဲ့အတူ ရှိခဲ့တဲ့အချိန်တွေ၊ နေရာတွေ ရောက်တိုင်း လွမ်းရတဲ့ ခံစားချက်ကို ဒီဇာတ်ကားကြည့်တိုင်း ရနေတော့မှာတော့ အမှန်ပါပဲ။
တကယ်တော့ Summer က Tom ကို မချစ်ဘူးမဟုတ်ဘူး ချစ်တယ်၊ Summer က နှလုံးသားကို ဦးစားမပေးပဲ လက်တွေ့ဆန်တာကို ဦးစားပေးလိုက်တဲ့ သဘောပါပဲ။
Tom ကိုသာ Summer ရွေးလိုက်ရင် စိတ်ကူးယဥ် အချစ်ဇာတ်လမ်းတွေပဲထွက်လာမယ်လို့ မြင်တယ်။ ဒါ့ကြောင့် Tom က Summer ကို ငါတို့ နှစ်ယောက်က ဘာတွေလည်းလို့ မေးတိုင်း Summer က အရမ်းရင်းနှီးကျတဲ့ သူငယ်ချင်းတွေလို့ပဲ ဖြေသွားတာက သူ့စိတ်ထဲ Tom ကို အပျော်လောက်ပဲ သတ်မှတ်ထားတာတွေ့ရမှာပါ။ Tom ကတော့ Summer နဲ့ အတူရှိိတိုင်း ပိုပျော်လာတယ် ပိုချစ်လာတယ်​ Summer နဲ့ ပတ်သက်တာလေးတွေကို စွဲလန်းသွားတာပေါ့။
အဲဒါကြောင့်လည်း Summer က Tom ကို မရွေးပဲ တခြား တစ်ယောက်ကို လွယ်လွယ်နဲ့ အိမ်ထောင်ဖက် အဖြစ်ရွေးလိုက်တယ်လို့တော့ ထင်ပါတယ်။
Tom ရဲ့ နေ့ရက်တွေကတော့ Summer နဲ့တွေ့ပြီးနောက်ပိုင်း အရင်ကနဲ့မတူတော့ပဲ ပျော်ရွှင်လာတာလေးကလည်း ချစ်သူဖြစ်ကာစ ချစ်သူတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ပျော်ရွှင်မှုတွေပေါ့။ ဒါပေမယ့် Summer လို မိသားစု Truma တွေနဲ့ မိန်းကလေးရယ် အချစ်ခံချင်တဲ့ Tom တို့ရယ်က ပေါင်းစပ်လို့ရပေမယ့် Summer ရဲ့ Serious ဖြစ်တဲ့ ပုံစံကြောင့် ပေါင်းစပ်မရခဲ့တာပါ။
တကယ်တော့ ရည်းစားမကျ၊ သူငယ်ချင်းလည်းမကတဲ့ အခြေနေတွေမှာ ယောက်ျားလေးဘက်က ပိုခံစားရတယ်ဆိုတာကို သိချင်တယ်ဆိုရင် ဒီဇာတ်ကားကို ကြည့်သင့်ပါတယ်။ ကြည့်ကို ကြည့်ရမယ့် ဇာတ်ကားပါပဲ။
အချုပ်အားဖြင့် ပြောရရင် Summer နဲ့ ရက် ၅၀၀ ဖြတ်သန်းခဲ့တာတွေမှာ ပျော်ရွှင်မှု၊ နာကျင်မှု၊ မုန်းတီးမှုနဲ့ ရှေ့ဆက်လိုက်တဲ့ Tom ရဲ့ ဘဝ အကြောင်းကို Drama တွေနဲ့ ဆွေဆွေလေးပြသွားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်လို့ ပြောရပါမယ်။
Drama တွေဘယ်လောက်ပဲ ဆန်းသစ်လာတယ်ပြောပြော 500 Days of Summer ကတော့ မိန်းကလေးဘက်က ကြည့်ကြည့် ယောက်ျားလေးဘက်ကကြည့်ကြည့် Comedy Romance မို့လို့ ကြည့်လို့ အရမ်းကောင်းနေရတာပါပဲ။
ရည်းစားမရှိတဲ့သူတောင် ကြည့်ပြီးရင် အသည်းကွဲသလို ခံစားရမှာမို့လို့ မကြည့်ဖူးသေးရင် ကြည့်လိုက်ဖို့ အကြံပေးလိုက်ပါတယ်။

image
20 w - Translate

အသုံးချသွားကြတဲ့အခါ
============
စေတနာကို
စော်ကားသွားကြတဲ့အခါ
ကိုယ့်စေတနာနဲ့ကိုယ် ဒေါသမဖြစ်ပါနဲ့
ယုံကြည်မှုကို
အလွဲသုံးစားလုပ်ကြတဲ့အခါ
ကိုယ့်ယုံကြည်မှုနဲ့ကိုယ် စိတ်မနာပါနဲ့
ရိုးသားခြင်းကို
အသုံးချသွားကြတဲ့အခါ
ကိုယ့်ရိုးသားခြင်းနဲ့ကိုယ် မပျက်စီးပါနဲ့
တစ်ချို့သော လူတွေကြောင့်
ကိုယ့်က ပေးဆပ်လိုက်သမျှတွေဟာ
သဲထဲရေသွန်သလို အလဟဿ တန်ဖိုးမဲ့သွားတဲ့အခါ
ကျေအောင်ပြန်ပေးဆပ်လိုက်ရတဲ့ ဝဋ်ကြွေးတွေလို့
သွေးအေးအေးလေးနဲ့ ခံယူနေရမှာဖြစ်တယ်
လောကမှာ
လူဆိုတာ ကိုယ့်ဘဝတန်ဖိုးကို ကိုယ်တိုင်မြှင့်နေသလို
ကိုယ့်ဘဝတန်ဖိုးကို ကိုယ်တိုင်သာနိမ့်ကျနေအောင်
ပြုလုပ်နေကြတာပါပဲ သင့်ဘဝမှာ ဘယ်လိုလူတွေက
အသုံးချသွားကြတဲ့အခါ ဒေါသမဖြစ်ပါနဲ့ စိတ်မနာပါနဲ့
သင့်ဘဝကိုယ်သင် သင်ကိုယ်တိုင် ပျက်စီးအောင်
မဖျက်ဆီးမိပါစေနဲ့ ချစ်ခြင်းမုန်းခြင်း အဆိုးအကောင်းတွေနဲ့
တွေ့ဆုံကြုံနေရမယ့် ရေစက်ရှိတဲ့လူတိုင်းအပေါ်
စေတနာထားပါ ယုံကြည်နားလည်ပေးလိုက်ပါ
ရိုးသားစွာရှင်သန်လိုက်ပါ သင်ဟာ လောကထဲမှာ
လူပီသတဲ့လူသားတစ်ယောက်သာ ဖြစ်တည်နေပါလိမ့်မယ်။
#crd_

image

နင့်တို့ကို ကြည့်ရတာ မပျော်သလိုပဲ <br>ရော့ ဒါလေ:နာ:တောင်လို၊က်ကြပါအုံ:\☺️

//