ခြံအမှတ် (၅၄) နေအိမ်ကို ထပ်မံဈေးလျှော့ချရောင်းချရန် ဦးအောင်ဆန်းဦး နောက်တစ်ကြိမ်တင်ပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ဝယ်ယူမည့်သူမရှိသေးသည့် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ် (၅၄) နေအိမ်ကို ထပ်မံပြီးဈေးလျှော့ချရောင်းချရန် ဦးအောင်ဆန်းဦးဘက်မှ နောက် ထပ်တစ်ကြိမ်တင်ပြခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရ သည်။

အဆိုပါနေအိမ်ကို ဖေဖော်ဝါရီ ၂၇ ရက်(ယနေ့) ရုံးချိန်း၌ လေလံကြမ်းခင်းဈေး ကျပ် ၂၉၇ ဘီလျံမှ ဘီလျံ ၂၇၀ သို့လျှော့ချ၍ရောင်းရန် တင်ပြထားကြောင်း သိ ရသည်။

"သူ့ဘက်ကတော့ ဝယ်မယ့်သူမရှိသရွေ့ ဈေးထပ်လျှော့မှာပဲ။ သူဘယ်လောက်ပဲဈေးလျှော့ဈေးလျှော့ ဝယ်မယ့်သူ ရှိလာမှာမဟုတ်ဘူး။ ဘယ်သူမှလဲ မဝယ်ရဲဘူးလေ။" ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ခြံအမှတ် (၅၄) နေအိမ်ကို (၃)ကြိမ်တိတိ လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူသူမရှိသေးကြောင်း၊ အဆိုပါနေအိမ်ကို ကျပ်ငွေ ၃၁၅ ဘီလီယံဖြင့်တစ်ကြိမ်၊ ၃၀၀ ဘီလီယံဖြင့်တစ်ကြိမ် လေလံတင်ရောင်းချခဲ့ပြီး တတိယအကြိမ်တွင် ၂၉၇ ဘီလျံဖြင့် လေလံတင်ရာ ဝယ်ယူမည့်သူမရှိကြောင်း သိရသည်။

အဆိုပါ အမွေဆိုင်ခြံ၏ ဧရိယာအကျယ်အဝန်းမှာ (၁.၉၂၃) ဧကကျယ်ဝန်းပြီး၊ စတုရန်းပေ (၈၃၇၆၅.၈၈) ပေရှိကြောင်း သိရသည်။

#centralnewsnaypyitaw

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဖေဖော်ဝါရီ ၂၈

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၉၁၃ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၉၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၇၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၆၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၃၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၆၀၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၅၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၅၄၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၁၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၄၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၅၀ ကျပ်
ဝယ်ဈေး - ၄၄၀၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၇၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၉၀ ကျပ်
ဝယ်ဈေး - ၄၅၉၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၀ ကျပ်
ဝယ်ဈေး - ၁၀၀၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၆ ကျပ်
ဝယ်ဈေး - ၆၀၄ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၉၉ ကျပ်
ဝယ်ဈေး - ၂၉.၄၀ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၄၄ ကျပ်
ဝယ်ဈေး - ၅၀.၄၄ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၁ ကျပ်
ဝယ်ဈေး - ၃.၀၅ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၇၅ ကျပ်
ဝယ်ဈေး - ၅၅၆၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၃၀ ကျပ်
ဝယ်ဈေး - ၂၇၇၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၂၀ ကျပ်
ဝယ်ဈေး - ၃၀၆၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၆ ကျပ်
ဝယ်ဈေး - ၅၆၅ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၁၈ ကျပ်
ဝယ်ဈေး - ၁၁၉၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

လီဗာပူးလ်ကတော့ ဒီရာသီအတွက် ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် စိတ်ထဲမှာ သံမှိုစွဲထားလိုက်လို့ကို ရသွားပါပြီ။ အဆင့် ၂ က အာဆင်နယ်ခြေမချော်တောင် နယူးကာဆယ်ကို နှစ်ဂိုးပြတ်ခြေအသာနဲ့ အနိုင်ယူလိုက်နိုင်တာဟာ လီဗာပူးလ်ရဲ့ကွာလတီပါပဲ။
နယူးကာဆယ် က ဒီပွဲမှာ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်တောင်မရှိခဲ့ဘူး။ ဂိုးကန်ချက်ကလည်း ၃ ကြိတ်ပဲရှိခဲ့တယ်။ နယူးကာဆယ်ဆိုတာက ပါချီပါချက်အသင်းမဟုတ်ဘူး။ ဒီလိုအသင်းကို လီဗာပူးလ် က ခြေအသာကြီးနဲ့ကစားပြီးတော့ ချန်ပီယံကွာလတီပြသခဲ့တာပါ။
ဗီလာနဲ့ပွဲပန်းထားတဲ့ကြားထဲက မန်စီးတီးကို နှစ်ဂိုးပြတ်နဲ့နိုင်တယ်၊ နယူးကာဆယ်ကိုလည်း နှစ်ဂိုးပြတ် နဲ့ ထပ်နိုင်တယ်။ တစ်ဖက်က ချန်ပီယံပြိုင်ဘက်က အမှတ်လျော့တယ်။ ပွဲဆက်များပြီး ခြေချော်ခဲ့တယ် ဆိုပေမယ့် တကယ့်အရေးကြီးတဲ့ပွဲမှာ အမှတ်ယူနိုင်ခဲ့တယ်။ လီဗာပူးလ်ဟာ ချန်ပီယံပါပဲ။

image
1 y - Translate

မတ်လ ၂ ရက်မှာ Galaxy A Series အသစ်မိတ်ဆက်မယ်
Samsung official website ကနေ လာမယ့် မတ်လ ၂ ရက်မှာ Galaxy A မော်ဒယ်အသစ်တွေ မိတ်ဆက်သွားဖို့ ကြေညာလာပါတယ်။ မော်ဒယ်အတိအကျကိုတော့ မဖော်ပြထားပဲ Galaxy A Launch ဆိုပြီးသာ ဖော်ပြလာတာပါ။
အင်တာနက်ပေါ်က အဆိုအရ Samsung ဟာ A56, A36 နဲ့ A26 တို့ကို မိတ်ဆက်သွားမယ်ဆိုပြီး ခန့်မှန်းထားပါတယ်။ Leak တွေအရ မော်ဒယ် ၃ မျိုးလုံးဟာ 6.7-inch screen size , 1080x2340 resolution နဲ့လာမှာဖြစ်ပြီး A56 နှင့် A36 ကတော့ in-display fingerprint sensor ဖြစ်ပါမယ်။
Chips ပိုင်းမှာတော့ A56 ကို Exynos 1580 ၊ A36 မှာ Snapdragon 6 Gen 3 နဲ့ A26 မှာတော့ Exynos 1380 တို့ ဖြစ်မယ်။ နောက်ပြီး One UI 7 နဲ့ Android 15 ကိုလည်း သုံးနိုင်ဦးမယ်လို့ ဆိုထားပါတယ်။
ဘယ်နှစ်ရက်မှလည်း မလိုတော့ပါဘူး။ Galaxy A Series ဖန်တွေ စောင့်ကြည့်ရယ့် နောက်ထပ်ပွဲတစ်ခုပေါ့ဗျာ...

image
1 y - Translate

ဗစ်တာအိုဆီမန်ဟာ ယူနိုက်တက်ကို ပြောင်းဖို့စိတ်ဝင်စားပေမယ့် နာပိုလီမှာရရှိခဲ့တဲ့ တစ်နှစ် ပေါင် ၁၀ သန်း လစာ အောက်တော့ လျှော့ယူဖို့အစီအစဉ်မရှိပါဘူး။ ယူနိုက်တက်ကလည်းခေါ်ယူချင်ပေမယ့် အသင်းရဲ့နွေရာသီအသုံးစရိတ်ပေါ်မှာအဓိကကျနေပါတယ်။ 🔴🚨

[Fabrizio]🌕

image
1 y - Translate

“မန်စီးတီးက 51% , လီဗာပူးလ်က 49% လောက် ပရီးမီးယားလိဂ်ဖလားရနိုင်ချေရှိပါတယ်။ အာဆင်နယ်လား ၊ သူတို့ ဖလားမရပါဘူး သေချာပါတယ်။" 👀

🗣️ရာသီအစပိုင်းက ပရီးမီးယားလိဂ်ဖလားဘယ်သူရမလဲဆိုတာအပေါ် မော်ရင်ဟိုရဲ့အဖြေ

image
1 y - Translate

တစ်ချိန်က ချဲလ်ဆီးရဲ့လက်၂စုံ

image

"ပြီးခဲ့"

အဖြေမရခဲ့ပါဘူး
ရေသောက်ပြန်ခဲ့ပါတယ်။

#အောင်ချိမ့်

image
1 y - Translate

𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋🚨🔵

မန်စီးတီးအသင်းဟာ အာဂျင်တီးနားလူငယ်လေး Claudio Echeverri ကို အသင်းမှာပူးပေါင်းဖို့ခေါ်ယူနိုင်ခဲ့ပါပြီ။

image

နေ့စဉ်မိုးလေဝသသတင်း
===============
(၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
-----------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ် အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။ နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

image