1 နှစ် - ဘာသာပြန်ပါ။

"ကိုကိုသည် ရေတစ်ပုံးဖြင့် သူ့ချစ်ဇနီး မြိုင်ကို
စိုအောင်ရွှဲရွှဲလောင်းသည် "
"ကိုကို ဘာလုပ်တာလဲ သင်္ကြန်တက်ပြီးပြီ..."
မြိုင်သည် ဒေါသမထွက်ဘဲ စိတ်ဆိုးဟန်နှင့်
အော်၏။ ကိုကိုက တဟဲဟဲရယ်ရင်း ဖြေသည်။
"သိကြားမင်း ဆေးတံ မေ့ကျန်ရစ်လို့ သင်္ကြန်ပြန်
ကျတာ"
အားလုံး ရယ်နေခိုက် ကိုကိုက ပုံးတွင်း ကျန်နေ
သော ရေများဖြင့် ကြိုင့်ကို လောင်းသည်။
ကြိုင်က ဘာမျှ ပြန်မပြော။ ချမ်း၍လော...
ဘာ၍လောမသိ၊ မျက်နှာ၌ သွေးတို့ ရဲနေ၏။
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်

image
1 နှစ် - ဘာသာပြန်ပါ။

ငါလည်း ထိလွယ်ရှလွယ်ပါပဲ
ဖယောင်းလို လျော့နည်းမသွားချင်လို့
သစ်ပင်ဖြစ်အောင် နေခဲ့တယ်
ကုန်ဆုံးရမယ်ဆိုရင်တောင်
တစ်ရွက်ချင်းပေါ့ ဘေဘီရယ် ။
#မြကျေး

image
1 နှစ် - ဘာသာပြန်ပါ။

King Tweety (2022)

Bugs Bunnyတို့ Daffy Duckတို့ Road Runnerတို့ Tweetyတို့ရဲ့ Looney Tunesကာတွန်းတွေကို ငယ်ငယ်က အားလုံးကြိုက်ဖူးကြမှာပါ။
လူနဲ့ရောရိုက်တာတွေရော ဂိမ်းတွေရော အများကြီးထွက်ထားတဲ့ နာမည်ကြီး ကာတွန်းစီးရီးပါပဲ။ ဒီနှစ်မှာတော့ ဖန်တွေအတွက် Tweetyရဲ့ အန်နီမေးရှင်း ရုပ်ရှင်အသစ် ထွက်လာပါတယ်။
ကနေရီငှက်ကလေးတွေနဲ့ ခွေးတွေ ယှဉ်တွဲနေတဲ့ ကနေရီကျွန်းက ဘုရင်မ ကနေရီငှက်ကလေး ပျောက်ချင်းမလှပျောက်သွားပြီးနောက် Tweetyဟာ ကနေရီကျွန်းရဲ့ ပျောက်ဆုံးနေတဲ့ တော်၀င်မျိုးဆက်လို့ ပြောလို့ရတဲ့ အချက်တွေရှိနေတာကြောင့် ကနေရီကျွန်းရဲ့ ဘုရင်ဖြစ်လာပါတယ် ။
ကျွန်းကို သွားပြီးတဲ့နောက် အရင်ဘုရင်မ ဘာလို့ပျောက်သွားသလဲနဲ့ ဘုရင်ဖြစ်ဖို့ Tweetyတစ်ယောက် ဘာအန္တရာယ်တွေနဲ့ ကြုံရမလဲ အသည်းတအေးအေးနဲ့ ကြည့်ရမှာပါ။
90 ခုနှစ်တွေကို ပြန်လွမ်းမောဖို့ကောင်းတဲ့ 90ခုနှစ်က နာမည်ကြီးကာတွန်းဇာတ်ကောင်ရဲ့ ကားအသစ်မို့ ကလေးလေးတွေရော ကလေးကြီးတွေရော ကြည့်လို့ အဆင်ပြေကြမှာပါ။

ဇာတ်ကားလင့်
https://t.me/c/2186686827/141

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
1 နှစ် - ဘာသာပြန်ပါ။

3m ·
(၂၇.၂.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
👉၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၄၉၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၆,၇၂၀,၀၀၀ ကျပ်

👉အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၀၀ ကျပ်(ဝယ်)၊ ၄၄၅၀ ကျပ်(ရောင်း)

👉စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၂၁၅ ကျပ်
Octane 95 - ၃၂၇၀ ကျ​ပ်
Premium Diesel - ၃၄၂၅ ကျပ်
Diesel - ၂၇၆၅ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

လစာထုတ်ပြီးသာကာလ ဘယ်Barထိုင်ရမလဲတွေးနေသောမိမိအခြေနေ

image
1 နှစ် - ဘာသာပြန်ပါ။

မင်း မျက်နှာကို မတွေ့ရတဲ့နေ့ဟာ
လမ်းမှားတော့တာပဲ
မင်းက နေနိုင်တယ်
ချစ်တာကို ချစ်တယ်လို့ ဖွင့်မပြောဘူး
အသေခံတယ်။
#စိုင်း၀င်းမြင့်

image

ဂါနာချိုနဲ့ စကားပြောသွားမယ်လို့ အာမိုရင်ပြော

ဖေဖော်ဝါရီ ၂၇

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အစ်စဝှစ်ချ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားလဲခံရချိန် ဥမင်ထဲကို တန်းပြီးဝင်သွားခဲ့တဲ့ ဂါနာချိုနဲ့ သူစကားပြောသွားမယ်လို့ ပြောခဲ့ပါတယ်။

အာမိုရင်က “ဒီဖြစ်ရပ်အတွက် ကျနော် ဂါနာချိုနဲ့ စကားပြောသွားမှာပါ။ ခင်ဗျားတို့က ရက်ရှ်ဖို့ဒ်ရဲ့ အခြေအနေနဲ့ ချိတ်ဆက်ချင်နေတာမလား၊ ကျနော်သိပါတယ်။ ကျနော် ဂါနာချိုနဲ့ စကားပြောသွားမှာဖြစ်ပြီး လာမယ့် သတင်းစာ ရှင်းလင်းပွဲမှာ ခင်ဗျားတို့သိချင်ရင် ကျနော် ဒီအကြောင်းပြောမှာပါ။ ကျနော်တို့ဟာ လူစားလဲမယ့် လူကို ရွေးချယ်ရာမှာ တည်ကန်ဘောတွေ အကြောင်းကို စဉ်းစားရမှာဖြစ်ပြီး ဒါကြောင့် ဂါနာချိုကို လူစားလဲခဲ့တာပါ”လို့ ပြောခဲ့တာပါ။

ဂါနာချိုဟာ ယူနိုက်တက်အသင်းက အစ်စဝှစ်ချ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းရဲ့ပွဲထွက် လူစာရင်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ နောက်ခံလူသစ် ဒေါဂူတိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဂါနာချိုကို မက်ဇ်ရာအူရီနဲ့ လူစားလဲခဲ့ရတာပါ။

ဂါနာချိုဟာ လူစားလဲခံရချိန်မှာ စိတ်ပျက်ပြီး အဝတ်လဲခန်းဆီကို ဦးတည်တဲ့ ဥမင်ထဲကို တန်းပြီးဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ဂါနာချိုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက မန်စီးတီးအသင်းနဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်နဲ့အတူ လူစာရင်း ကနေ ချန်လှပ်ခြင်းခံခဲ့ရပေမယ့် အကောင်းဆုံးကြိုးစားခဲ့လို့ အသင်းလူစာရင်းထဲ ပြန်ပါဝင်ခွင့်ရခဲ့တာပါ။

ဒါပေမယ့် အာဂျင်တီးနားကစားသမားရဲ့ အစ်စဝှစ်ချ်အသင်းနဲ့ပွဲစဉ်က အပြုအမူကြောင့် လူစာရင်းကနေ ထပ်ပြီးတော့ ချန်လှပ်ခံရဖွယ်ရှိနေပြီး နည်းပြအာမိုရင်က သူနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အစ်စဝှစ်ချ်အသင်းနဲ့ပွဲမှာ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် နိုင်ပွဲရယူနိုင်ခဲ့တာ ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂ ပွဲဆက်နိုင်ပွဲ ပျောက်ဆုံးတာကို အဆုံးသတ်နိုင်ခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ မတ်လ ၂ ရက်မှာ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းကို အိမ်ကွင်း ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN

ပုံ - ဂါနာချိုကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

ဦးနှောက်ကို ပျက်စီးစေသော သင်နေ့စဉ်လုပ်နေကျအမူအကျင့်များ
#credit - Sone Si
ပြန်လည်မျှဝေပါသည်။

image

သားအမိ နှစ်ဦး ရေထိန်းတံခါးအနီး ရေဆင်းကူးရာက ရေစီးနဲ့မြောပါပြီး သမီးဖြစ်သူ မိန်းကလေးငယ် ရေနစ်သေဆုံးမှု အုတ်တွင်းမှာ ဖြစ်ပွား

ဖေဖော်ဝါရီ ၂၇

သားအမိနှစ်ဦး ရေထိန်းတံခါးအနီး ရေဆင်းချိုးရာက သမီးဖြစ်သူ ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းနတ်စင်ကုန်း တိုးဂိတ်အနီး OK ဆီပန့်အ‌နောက်ဘက်ရှိ ရိုးလေးချောင်းရေထိန်းတံခါးအနီးမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ‌ညနေ လေးနာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ရေနစ်‌သေဆုံးသူ မိန်းကလေးငယ်မှာ အသက် ၁၃ နှစ်အရွယ် မအေးမြတ်သူလို့ သိရပြီး မိခင်နဲ့အတူ ရေစီးနဲ့ မြောသွားတာကို ဘဲကျောင်းသားက တွေ့မြင်ကာ အမေလက်ကို ဆွဲယူ ကယ်ဆယ်ပြီး ကမ်းအနီးကပ်လာနိုင်ခဲ့ပေမယ့် ကမ်းအနီးရောက်ခါနီးမှ အမေဖြစ်သူက ဆွဲထားတဲ့ မအေးမြတ်သူမှာ မိခင်လက်က လွတ်ထွက် မြောပါသွားတာလို့ သိရပါတယ်။ အဆိုပါနေရာမှာ ရေစီးအနည်းငယ်သန်သလို အများအားဖြင့် ရေဆင်းချိုးကြတာမျိုးမရှိဘူးလို့လည်း ဒေသခံတချို့ရဲ့ပြောစကားအရ သိရပါတယ်။

ရေနစ်‌တဲ့ ဖြစ်စဉ်နေရာကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ Save The Trees Rescue Team နဲ့ နန်းတော်ဦးပရဟိတအသင်းတို့က ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ပြီး ညနေ ၆ နာရီဝန်းကျင်အချိန်မှာ ‌ရေနစ်မြောပါပျောက်ဆုံးခဲ့သူ မိန်းကလေးရဲ့ရုပ်အလောင်းကို နစ်တဲ့နေရာနဲ့ ပေ ၆၀ ကျော် အကွာမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ရေနစ်သေဆုံးသူ မိန်းကလေးငယ်ရဲ့ ရုပ်အလောင်းကို ‌လူမှုကူညီရေးအသင်းပိုင်မော်တော်ယာဉ်နဲ့ အုတ်တွင်းဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
1 နှစ် - ဘာသာပြန်ပါ။

February 28ရက်နေ့ကျ Ruby Skin အသစ်လေး Dazzling Golden Spin Event ကနေ FREE ပေးမှာနော် 😍

Skin 2 ခုရှိတဲ့ထဲက ကိုယ်ကြိုက်တဲ့ Skin တစ်ခုကို ရွေးယူလို့ရပါမယ် ❤️

image