လူမျိုးရေးခွဲခြားတယ်လို့ စွပ်စွဲခံထားရတဲ့ မော်ရင်ဟိုကို ဒရော့ဘာကာကွယ်

ဖေဖော်ဝါရီ ၂၈

ချယ်လ်ဆီးအသင်းဂန္ထဝင် ဒရော့ဘာဟာ အသင်းဟောင်း ဂါလာတာစာရေးအသင်းက လူမျိုးရေးခွဲခြားတယ်လို့ စွပ်စွဲထားတဲ့ သူ့ရဲ့နည်းပြဟောင်း မော်ရင်ဟိုဘက်ကနေ ရပ်တည်ပြီး ကာကွယ်မှုပြုလုပ်ခဲ့ပါတယ်။

ဒရော့ဘာက “ကျနော်ဟာ ဂါလာတာစာရေးအသင်းရဲ့ အဝါရောင်နဲ့ အနီရောင်ဂျာစီ ဝတ်ဆင်ရတာ ဘယ်လောက် အထိ ဂုဏ်ယူလဲဆိုတာ သိပါတယ်။ မော်ရင်ဟိုနဲ့ ပတ်သက်ပြီး မကြာသေးခင်က မှတ်ချက်တွေပေးတာကို တွေ့ခဲ့ ပါတယ်။ ကျနော်ဟာ သူနဲ့ ၂၅ နှစ်ကြာသိခဲ့ပြီး သူဟာ အရင်တုန်းကရော အခုရော လူမျိုးရေးခွဲခြားတဲ့သူ မဟုတ် ဘူးဆိုတာ သက်သေပြလို့ရပါတယ်။ ကျနော့်အဖေက ဘယ်လိုလုပ် လူမျိုးရေးခွဲခြားမှာလဲ၊ ကြယ် ၅ ပွင့် တပ်ဆင် နိုင်ဖို့သာ အာရုံစိုက်ပါ”လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။

ဂါလာတာစာရေးနဲ့ ဖီနာဘာချီအသင်းတို့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟို က ဂါလာတာစာရေးအသင်းရဲ့အရန်ခုံတန်းဟာ မျောက်တွေလို ခုန်ပေါက်နေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အဲဒါကြောင့် ဂါလာတာစာရေးအသင်းက မော်ရင်ဟိုဟာ လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲကာ ရာဇဝတ်မှုဆိုင်ရာ အရေးယူမှုတွေပါ ပြုလုပ်ဖို့ စီစဉ်နေတာပါ။

ဒါအပြင် FIFA နဲ့ UEFA ကိုလည်း တရားဝင် တိုင်ကြားသွားမယ်လို့ သိရပါတယ်။

ဒီအချိန်မှာ ဂါလာတာစာရေးအသင်းရဲ့ ကစားသမားဟောင်းဖြစ်ခဲ့တဲ့ ဒရော့ဘာက သူ့ရဲ့နည်းပြဟောင်း မော်ရင်ဟို ကို ကာကွယ်ပေးခဲ့ပြီး သူ့အတွက် ဖခင်တစ်ဦးလိုဖြစ်ကြောင်း ပြောခဲ့တာပါ။

မော်ရင်ဟိုနဲ့ ဒရော့ဘာတို့ဟာ ချယ်လ်ဆီးအသင်းမှာ အတူလက်တွဲခဲ့ပြီး အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ ကြတာ ဖြစ်ပါတယ်။

ဖီနာဘာချီအသင်းကလည်း မော်ရင်ဟိုအပေါ် ဂါလာတာစာရေးအသင်းရဲ့ စွပ်စွဲမှုကို ပြန်လည်တုန့်ပြန်ထားတာပါ။

မော်ရင်ဟိုဟာ တူရကီလိဂ်ကို ရောက်လာပြီးကတည်းက တူရကီဒိုင်လူကြီးတွေရဲ့ အရည်အသွေးတွေကို မကြာခဏ ဆိုသလို မေးခွန်းထုတ် ဝေဖန်မှုတွေ ပြုလုပ်နေပြီး ဂါလာတာစာရေးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှု တွေလည်း ရှိနေတာဖြစ်ပါ
တယ်။

Source: Metro

ပုံ - မော်ရင်ဟိုနဲ့ ဒရော့ဘာကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
1 y - Translate

ဒေါ်လာ ၃ သိန်းတန် အမေရိကန်ထုတ် မိုးပျံကား လူပြောများနေ
မိုးပျံကားတွေက ရုပ်ရှင်မဆန်တော့ဘဲ ရောင်းကုန်အဖြစ် မြင်ရတော့မှာပါ။
ဒီတစ်ပတ်ထဲမှာပဲ အမေရိကန်ကားကုမ္ပဏီတစ်ခုက မိုးပျံကားမော်ဒယ်တစ်မျိုးကို ကယ်လီဖိုးနီယားလမ်းတွေပေါ်မှာ စမ်းသပ်ပျံသန်းခဲ့ပါတယ်။ Alef Aeronautics ရဲ့ မိုးပျံကားစမ်းသပ်ပျံသန်းတဲ့ ဗွီဒီယိုဖိုင်က လူမှုကွန်ရက်မှာ နာမည်ကြီးသွားပါတယ်။
ဗွီဒီယိုထဲမှာ မြင်ရသလောက်တော့ Alef Model Zero က အမြင့်ကြီး ပျံတာမျိုး မဟုတ်ဘဲ ‌ကားတွေပေါ် ကျော်ပျံပြီး ဆင်းတက်တာမျိုး စမ်းပြထားတာ တွေ့ရပါတယ်။ ယာဉ်ကြောပိတ်တဲ့ လမ်းတွေမှာ အကျော်အခွလုပ်ပြီး ပျံလို့ ရမယ့် ကားမျိုးပါ။
concept ဒီဇိုင်းအနေနဲ့ ထွက်ထားတဲ့ မိုးပျံကားအတော်များများက ကားတစ်စင်းထက်စာရင် ဒရုန်းအကြီးစားနဲ့ တူပြီး ဒလက်တွေနဲ့ လာတာပါ။ တချို့လည်း တောင်ပံအခေါက်အသိမ်းလုပ်နိုင်တဲ့ ဒီဇိုင်းနဲ့ ကား-ယာဉ်ပျံနှစ်မျိုးစပ်တဲ့ ပုံစံ သုံးတာများပါတယ်။
Alef Model Zero ကတော့ ကားပိုဆန်ပြီး လျှပ်စစ်ဒလက်တွေနဲ့ ပျံသန်းမှာပါ။ နမူနာဒီဇိုင်းမှာတော့ နှစ်ယောက်စီးအနေနဲ့ ထုတ်ထားတာ ဖြစ်ပြီး နောက်ပိုင်း update လုပ်မယ့် မော်ဒယ်ကို autopilot mode ပါတဲ့ Alef Model A ဆိုပြီး နာမည်ပေးသွားမယ်လို့ ဆိုပါတယ်။
အခုမိုးပျံကားက မြေပေါ် မိုင် ၂၀၀ နဲ့ မိုးပေါ် မိုင် ၁၀၀ မောင်းနှင်နိုင်ပေမယ့် မြေပြင်ပေါ်တော့ တစ်နာရီ ၂၅ မိုင်ပဲ သွားနိုင်မယ်လို့ ပြောပါတယ်။ Alef Aeronautics က ဒီကားကို ဒေါ်လာ ၃ သိန်းဝန်းကျင်နဲ့ ရောင်းဖို့ လုပ်နေပြီး လောလောဆယ် အမှာစာ ၃၃၀၀ ရထားပါတယ်။
Model A မိုးပျံကားတွေကို ဒီနှစ်ကုန်ပိုင်းလောက်မှာ ထုတ်လုပ်သွားဖို့ ရှိပါတယ်။ နောက်ပိုင်းမှာတော့ Alef Model A အပြင် လေးယောက်စီးနိုင်ပြီး Model A ထက် နှစ်ဆပို ပျံသန်းနိုင်မယ့် Alef Model Z မော်ဒယ်ကိုလည်း ထုတ်လုပ်သွားဖို့ ရှိပါတယ်။

image

ခြံအမှတ် (၅၄) နေအိမ်ကို ထပ်မံဈေးလျှော့ချရောင်းချရန် ဦးအောင်ဆန်းဦး နောက်တစ်ကြိမ်တင်ပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ဝယ်ယူမည့်သူမရှိသေးသည့် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ် (၅၄) နေအိမ်ကို ထပ်မံပြီးဈေးလျှော့ချရောင်းချရန် ဦးအောင်ဆန်းဦးဘက်မှ နောက် ထပ်တစ်ကြိမ်တင်ပြခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရ သည်။

အဆိုပါနေအိမ်ကို ဖေဖော်ဝါရီ ၂၇ ရက်(ယနေ့) ရုံးချိန်း၌ လေလံကြမ်းခင်းဈေး ကျပ် ၂၉၇ ဘီလျံမှ ဘီလျံ ၂၇၀ သို့လျှော့ချ၍ရောင်းရန် တင်ပြထားကြောင်း သိ ရသည်။

"သူ့ဘက်ကတော့ ဝယ်မယ့်သူမရှိသရွေ့ ဈေးထပ်လျှော့မှာပဲ။ သူဘယ်လောက်ပဲဈေးလျှော့ဈေးလျှော့ ဝယ်မယ့်သူ ရှိလာမှာမဟုတ်ဘူး။ ဘယ်သူမှလဲ မဝယ်ရဲဘူးလေ။" ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ခြံအမှတ် (၅၄) နေအိမ်ကို (၃)ကြိမ်တိတိ လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူသူမရှိသေးကြောင်း၊ အဆိုပါနေအိမ်ကို ကျပ်ငွေ ၃၁၅ ဘီလီယံဖြင့်တစ်ကြိမ်၊ ၃၀၀ ဘီလီယံဖြင့်တစ်ကြိမ် လေလံတင်ရောင်းချခဲ့ပြီး တတိယအကြိမ်တွင် ၂၉၇ ဘီလျံဖြင့် လေလံတင်ရာ ဝယ်ယူမည့်သူမရှိကြောင်း သိရသည်။

အဆိုပါ အမွေဆိုင်ခြံ၏ ဧရိယာအကျယ်အဝန်းမှာ (၁.၉၂၃) ဧကကျယ်ဝန်းပြီး၊ စတုရန်းပေ (၈၃၇၆၅.၈၈) ပေရှိကြောင်း သိရသည်။

#centralnewsnaypyitaw

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဖေဖော်ဝါရီ ၂၈

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၉၁၃ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၉၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၇၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၆၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၃၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၆၀၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၅၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၅၄၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၁၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၄၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၅၀ ကျပ်
ဝယ်ဈေး - ၄၄၀၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၇၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၉၀ ကျပ်
ဝယ်ဈေး - ၄၅၉၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၀ ကျပ်
ဝယ်ဈေး - ၁၀၀၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၆ ကျပ်
ဝယ်ဈေး - ၆၀၄ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၉၉ ကျပ်
ဝယ်ဈေး - ၂၉.၄၀ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၄၄ ကျပ်
ဝယ်ဈေး - ၅၀.၄၄ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၁ ကျပ်
ဝယ်ဈေး - ၃.၀၅ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၇၅ ကျပ်
ဝယ်ဈေး - ၅၅၆၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၃၀ ကျပ်
ဝယ်ဈေး - ၂၇၇၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၂၀ ကျပ်
ဝယ်ဈေး - ၃၀၆၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၆ ကျပ်
ဝယ်ဈေး - ၅၆၅ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၁၈ ကျပ်
ဝယ်ဈေး - ၁၁၉၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

လီဗာပူးလ်ကတော့ ဒီရာသီအတွက် ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် စိတ်ထဲမှာ သံမှိုစွဲထားလိုက်လို့ကို ရသွားပါပြီ။ အဆင့် ၂ က အာဆင်နယ်ခြေမချော်တောင် နယူးကာဆယ်ကို နှစ်ဂိုးပြတ်ခြေအသာနဲ့ အနိုင်ယူလိုက်နိုင်တာဟာ လီဗာပူးလ်ရဲ့ကွာလတီပါပဲ။
နယူးကာဆယ် က ဒီပွဲမှာ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်တောင်မရှိခဲ့ဘူး။ ဂိုးကန်ချက်ကလည်း ၃ ကြိတ်ပဲရှိခဲ့တယ်။ နယူးကာဆယ်ဆိုတာက ပါချီပါချက်အသင်းမဟုတ်ဘူး။ ဒီလိုအသင်းကို လီဗာပူးလ် က ခြေအသာကြီးနဲ့ကစားပြီးတော့ ချန်ပီယံကွာလတီပြသခဲ့တာပါ။
ဗီလာနဲ့ပွဲပန်းထားတဲ့ကြားထဲက မန်စီးတီးကို နှစ်ဂိုးပြတ်နဲ့နိုင်တယ်၊ နယူးကာဆယ်ကိုလည်း နှစ်ဂိုးပြတ် နဲ့ ထပ်နိုင်တယ်။ တစ်ဖက်က ချန်ပီယံပြိုင်ဘက်က အမှတ်လျော့တယ်။ ပွဲဆက်များပြီး ခြေချော်ခဲ့တယ် ဆိုပေမယ့် တကယ့်အရေးကြီးတဲ့ပွဲမှာ အမှတ်ယူနိုင်ခဲ့တယ်။ လီဗာပူးလ်ဟာ ချန်ပီယံပါပဲ။

image
1 y - Translate

မတ်လ ၂ ရက်မှာ Galaxy A Series အသစ်မိတ်ဆက်မယ်
Samsung official website ကနေ လာမယ့် မတ်လ ၂ ရက်မှာ Galaxy A မော်ဒယ်အသစ်တွေ မိတ်ဆက်သွားဖို့ ကြေညာလာပါတယ်။ မော်ဒယ်အတိအကျကိုတော့ မဖော်ပြထားပဲ Galaxy A Launch ဆိုပြီးသာ ဖော်ပြလာတာပါ။
အင်တာနက်ပေါ်က အဆိုအရ Samsung ဟာ A56, A36 နဲ့ A26 တို့ကို မိတ်ဆက်သွားမယ်ဆိုပြီး ခန့်မှန်းထားပါတယ်။ Leak တွေအရ မော်ဒယ် ၃ မျိုးလုံးဟာ 6.7-inch screen size , 1080x2340 resolution နဲ့လာမှာဖြစ်ပြီး A56 နှင့် A36 ကတော့ in-display fingerprint sensor ဖြစ်ပါမယ်။
Chips ပိုင်းမှာတော့ A56 ကို Exynos 1580 ၊ A36 မှာ Snapdragon 6 Gen 3 နဲ့ A26 မှာတော့ Exynos 1380 တို့ ဖြစ်မယ်။ နောက်ပြီး One UI 7 နဲ့ Android 15 ကိုလည်း သုံးနိုင်ဦးမယ်လို့ ဆိုထားပါတယ်။
ဘယ်နှစ်ရက်မှလည်း မလိုတော့ပါဘူး။ Galaxy A Series ဖန်တွေ စောင့်ကြည့်ရယ့် နောက်ထပ်ပွဲတစ်ခုပေါ့ဗျာ...

image
1 y - Translate

ဗစ်တာအိုဆီမန်ဟာ ယူနိုက်တက်ကို ပြောင်းဖို့စိတ်ဝင်စားပေမယ့် နာပိုလီမှာရရှိခဲ့တဲ့ တစ်နှစ် ပေါင် ၁၀ သန်း လစာ အောက်တော့ လျှော့ယူဖို့အစီအစဉ်မရှိပါဘူး။ ယူနိုက်တက်ကလည်းခေါ်ယူချင်ပေမယ့် အသင်းရဲ့နွေရာသီအသုံးစရိတ်ပေါ်မှာအဓိကကျနေပါတယ်။ 🔴🚨

[Fabrizio]🌕

image
1 y - Translate

“မန်စီးတီးက 51% , လီဗာပူးလ်က 49% လောက် ပရီးမီးယားလိဂ်ဖလားရနိုင်ချေရှိပါတယ်။ အာဆင်နယ်လား ၊ သူတို့ ဖလားမရပါဘူး သေချာပါတယ်။" 👀

🗣️ရာသီအစပိုင်းက ပရီးမီးယားလိဂ်ဖလားဘယ်သူရမလဲဆိုတာအပေါ် မော်ရင်ဟိုရဲ့အဖြေ

image
1 y - Translate

တစ်ချိန်က ချဲလ်ဆီးရဲ့လက်၂စုံ

image

"ပြီးခဲ့"

အဖြေမရခဲ့ပါဘူး
ရေသောက်ပြန်ခဲ့ပါတယ်။

#အောင်ချိမ့်

image