32 w - Translate

အမေရိကန်က ယူကရိန်းသို စစ်ရေးအကူအညီများရပ်ဆိုင်းလိုက်ခြင်းက ငြိမ်းချမ်းရေးအတွက် အထောက် အကူ ဖြစ်စေဟု ပက်စကော့ပြော
**********************
(နိုင်ငံတကာ) ဖေဖော်ဝါရီ ၆
အမေရိကန်အစိုးရ က ယူကရိန်းသို့ပေးအပ်နေသည့် စစ်ရေးအကူအညီများကို ရပ်ဆိုင်းလိုက်ခြင်းသည် ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးအထောက်အကူပြုခြင်းပင်ဖြစ်သည်ဟု ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က မတ်လ ၄ ရက်တွင်ပြောကြားခဲ့ကြောင်းသိရသည်။ယူကရိန်းသို့ပေးအပ်နေသည့် စစ်ရေး အကူအညီများကို အမေရိကန်ရပ်ဆိုင်းလိုက်ခြင်းကြောင့် ယူကရိန်းအစိုးရအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာ စေရန် အားပေးအားမြှောက်ပြုနိုင်မည်ဖြစ်ကြောင်း ပက်စကော့က ဆက်လက်ပြောကြားသည်။

အမေရိကန်အစိုးရ သည် ယူကရိန်းနိုင်ငံသို့ လက်နက်ရောင်းချမှုအသစ်များအတွက် ငွေကြေး ထောက်ပံ့ပေးခြင်းကို ရပ်ဆိုင်းလိုက်ပြီ ဖြစ် ကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ Wall Street Journal က မတ်လ ၃ ရက်တွင် ဖော်ပြသည်။

ထို့ပြင် အမေရိကန်အစိုးရသည် ၎င်းနိုင်ငံမှ ထုတ်လုပ်ထားသည့်စစ်လက်နက်များအားယူကရိန်းသို့ ပေးပို့နေ ခြင်း၊ ယူကရိန်းနှင့်အမေရိကန်တို့ကြားထောက်လှမ်းရေးသတင်းဝေမျှခြင်း၊ ယူကရိန်းစစ်သည်များနှင့်လေယာဉ်မှူး များ ကို လေ့ကျင့်သင်ကြားပေးခြင်းတို့ကိုပါ ရပ်ဆိုင်းရန်စဉ်းစားလျက်ရှိကြောင်း Wall Street Journal က ဆက်လက် ဖော်ပြထားသည်။

ထရမ့်နှင့်အမေရိကန်အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် မတ်လ ၃ ရက် မွန်းလွဲပိုင်း တွင် ယူကရိန်း ပဋိပက္ခအပါအဝင် အမေရိကန်အစိုးရက ပေးအပ်နေသည့် စစ်ရေးအကူအညီများအား ရပ်ဆိုင်းပစ်နိုင်မည့် အလား အလာများနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်အတွက် အစည်းအဝေးတစ်ရပ်ကျင်းပရန်စီစဉ်ခဲ့သည်ဟု အမေရိကန်အဆင့်မြင့် အရာရှိတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ Washington Post တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရက ယူကရိန်းသို့စစ်ရေးအကူအညီ ပေးအပ်နေခြင်းကို ရပ်ဆိုင်းခဲ့မှုအပေါ် အိမ်ဖြူတော်မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။

အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် စတင်ထမ်းဆောင်သည့် အချိန် မှစ၍ ထရမ့်သည် အစ္စရေးနိုင်ငံမှအပ အခြားနိုင်ငံများသို့ပေးအပ်သည့်စစ်ရေး အကူအညီများ အပါအဝင် ပြည်ပနိုင်ငံ များသို့ ပေးအပ်နေသည့် အကူအညီများကိုပါ ရပ်တန့်ပစ်ခဲ့ကြောင်း RT သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

image
32 w - Translate

ကိုရီးယားကို သွားရောက်ဖျော်ဖြေ ခဲ့တုန်းက မယ်မယ်ကြီး ရဲ့ နန်းတွင်းရိုးရာ ဝတ်ဆုံ နဲ့ ရိုက်ကူးခဲ့တဲ့ ပုံရိပ်တွေကို ချပြလာတဲ့ တေးသံရှင် ဖြူဖြူကျော်သိန်း

image
32 w - Translate

(၆.၃.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
👉၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၄၇၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၆,၆၈၀,၀၀၀ ကျပ်
👉အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၃၈၀ ကျပ်(ဝယ်)၊ ၄၄၃၀ ကျပ်(ရောင်း)
👉စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၂၃၀ ကျပ်
Octane 95 - ၃၂၈၀ ကျ​ပ်
Premium Diesel - ၃၄၁၀ ကျပ်
Diesel - ၂၇၆၀ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။
#news
#mmdbn

image

သံပရာသီးရဲ့ အကျိုးကျေးဇူး🍋🍋 ?

အကုသခြင်းထက် ကာကွယ်ခြင်းက ပိုကောင်းပါတယ်နော်

(1)ခနွာကိုယ်ထဲ အဆီးများကို ဖယ်ရှားပေးသည်

(2)ပန်းနာရင်ကြပ် ရောဂါကို သက်သာစေသည်

(3)အလုပ် ပင်ပန်းနွမ်းနယ်ခြင်းကို ကာကွယ်ပေးသည်

(4)ကင်ဆာဆဲလ်များကိုလဲ တိုက်ဖျက်ပေးသည်

(5)​သွေးထဲက အဆိပ်အတောက်များကို ဆွဲထုတ်ပေးသည်

တစ်နေ့တစ်ကြိမ် ၁ကြိမ် သောက်သုံးရင်တော့

ကျန်းမာရေးကို ကာကွယ်စေသည်

သံပရာသီး/ပြားရည်/ဆား (3)မျိုး ဖျော်သောက်နော်

မိတ်ဆွေများ အားလုံး အဆင်ပြေကြပါစေ

မျှဝေခြင်းဖြစ် ကုသိုက်ရကြပါစေ

#eieivlog #သံပရာသီး #crdphoto

image
32 w - Translate

ဆန္ဒသေးသေးလေးတွေပါပဲ။
အတူရှိချိန်တွေ ပိုရချင်တယ်။
ငြိမ်ပြီးငေးချင်တယ်။
မထိတထိ စချင်တယ်။
လက်မလွှတ်နိုင်ကြောင်း တဖွဖွပြောချင်တယ်။
ဖြစ်နိုင်ရင် ဖြစ်များဖြစ်နိုင်ရင်ပေါ့လေ။ ။

- Lionel Sn -

💭 || 3.3.2025
#crd

image

ကြက်သား ကာလသားချက်
************************
🌿 အသင့်ပြင်ထားရန် 🌿

ကြက်သား ၃၀ သား ( ရေစင်စင်ဆေး ပီး အတုံးတုံးပါ။ )
စပါးလင် ၂ ပင်( ခပ်စာင်းစောင်းလှီးပါ။ )
ငရုတ်တောင့် အရှည် ( ၅ တောင့် )
ချင်း လက်နှစ်ဆစ်ခန့် ( လှီး၍ ဓါးပြားရိုက်ထားပါ )
ကြက်သွန်ဖြူ ( ခပ်ကြမ်းကြမ်း ထောင်းထားပါ။ )
ကြက်သွန်နီ ( ခပ်ကြမ်းကြမ်း ထောင်းထားပါ။ )
ငရုတ်ကောင်းစေ့ ( လှော်ပီးအနည်းငယ်ထောင်းထားပါ။ )
ဆီ( သိပ်များရပါ )
ဆား ( အနည်းငယ် )
ငံပြာရည်
အရသာမှုန့်

ချက်ပါတော့မယ်
***************
ချက်မယ့် အိုးထဲကို ပါဝင် ပစ္စည်းအားလုံး ထည့်၍ ဆုပ်နယ်ပါ။
( စပါးလင် ထည့်မနယ်ရပါ )
ပီးရင် မီးဖိုပေါ်တင်၍ လုံးပေးပါ။
လုံးထားတဲ့ ရေမခန်းခင် ရေနွေးပူပူကို
ကြက်သားတုံးများမြုပ်တဲ့အထိ ထည့်ပြီး
ဗွမ်းဗွမ်း ဆူအောင်တည်ပါ။

အသားနူးခါနီးမှာ
စပါးလင် နဲ့ ဗူးသီးတုံးလေးများ ထည့်ပါ။
ငံပြာရည်,သကြား အနဲငယ်, အရသာမှုန့် ထည့်မွှေပါ။
ဗူးသီးလေးများ နူးအိလာရင် ရပါပီ။

မှတ်ချက်
********
အချို့ဒေသတွေမှာတော့
ကြက်သား ကာလသားချက်ကို
ဗူးသီး ထည့်မချက်ပါ။
#credit ပဲခူးဒေါ်ထွေးရီ

image

duo heroes for battle

32 w - Translate

TRANSFER 🚨🔴
•မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီဆာရီယိုစန်ထရယ် ရဲ့ နောက်ခံလူ ဟွမ်ဂျီမီနက်ဇ်ကို ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။
[lucas_calatroni]🌖

image
32 w - Translate

Rich Kid မဟုတ်တဲ့ လူငယ်အများစုမှာ
အမြဲစိုးရိမ်နေရတဲ့ အရာတစ်ခုရှိတယ် .. ။
အဲတာဟာ မိဘကို ပြည့်ပြည့်စုံစုံ မထားလိုက်နိုင်မှာ၊
တဖန် ပြန်ပြီး လုပ်မကျွေးလိုက်ရမှာကိုပဲ ။

မိဘတွေက တစ်နေ့ထက် တစ်နေ့ အသက်တွေကြီးလာ
ကျန်းမာရေးတွေက ချို့ယွင်းလာ …
ကိုယ်က လုံလုံလောက်လောက် မပြည့်စုံသေး ၊
အလုပ်ကိုင်အတည်တကျနဲ့ ကိုယ်ပိုင် income နဲ့
မိဘကို ကျေးဇူးကမဆပ်ရသေး ။
အဲဒီအခြေနေဟာ တကယ်စိတ်ပင်ပန်းစရာကောင်းတယ် ။

ကိုယ့်အတွက်ဆို မရှိတဲ့ကြားက မဖြစ်ဖြစ်အောင်
ကြိုးစားပေးခဲ့သူတွေ ..
သူတို့လေးတွေကို မပူပန် မကြောင့်ကြပဲ ကောင်းကောင်းမွန်မွန်ထားချင်တယ် ။
သူတို့မရောက်ဖူးတဲ့နေရာတွေ ပို့ပေးချင်တယ် ။
သူတို့စားချင်တာတွေ ဝယ်ကျွေးချင်တယ် ။
အလှူတန်းတွေ လုပ်စေချင်တယ် ။

ဒီအချိန်မှာ ကိုယ့်အတွက် အရေးမကြီးဘူး ။
ကိုယ့်အတွက်ထက် မိဘတွေကို ပိုပြီး လုပ်ပေးလိုက်ချင်တယ်။ ကိုယ်သာဘာမှ လုပ်ပေးနိုင်ခင် တစ်ခုခုဖြစ်သွားရင်ဆိုတဲ့ စိတ်က တစ်ဘဝလုံး ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး ။


ဒီခံစားချက်ကို ပြည့်စုံတဲ့ မိသားစုကလူတွေက မသိပါဘူး ။

ကိုယ့်အလှည့်ရောက်တဲ့အချိန်မှာ မိဘတွေကို
ပြည့်ပြည့်စုံစုံထားချင်သေးတယ် ။
သူတို့ကို ဘာတစ်ခုမှ မပူပန်ပဲ နားစေချင်သေးတယ် ။
မိဘတွေ ရှိတုန်းလေး ကိုယ့်ချွေးနဲစာနဲ့ လိုလေးသေးမရှိအောင် ထားချင်သေးတယ် …. ။
ကိုယ်လုံလုံလောက်လောက် ငွေရှာနိုင်တဲ့အချိန်ထိ မိဘတွေ ကျန်းကျန်းမာမာရှိနေဖို့ အမြဲဆုတောင်းနေရတယ်။

ဒီစိတ်လေးဟာ Rich Kid မဟုတ်တဲ့ လူငယ်လေးတွေမှာ
အပြည့်ရှိတယ် … ။

---
via: Thar Htwe
#crd

image

#funny