1 y - Translate

ယနေ့ ရွှေဈေး (မေ - ၁၀ ရက်၊ ညနေ ၄ နာရီ)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၆၆ ဒေါ်လာ

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၄၈၆၀၀၀၀ ကျပ်
ဝယ်ဈေး ၄၈၂၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၄၆၆၀၀၀၀ ကျပ်
ဝယ်ဈေး ၄၆၂၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image
1 y - Translate

မန္တလေး သိမ်ကုန်းရပ်ကွက်မှာ မီးလောင်လို့ လူနေအိမ် ၃၅ လုံးဝန်းကျင် မီးလောင်

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီ အရှေ့ရပ်ကွက်၊ ၇၈လမ်း နဲ့ ၉ လမ်းမှာ ဒီကနေ့ နေ့လယ် ၁၁ နာရီ ၂၁ မိနစ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၃၅ လုံးဝန်းကျင် မီးလောင်ခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

"ခန့်မှန်းခြေ ၃၅၊ ၃၆ လုံးဝန်းကျင်လောက်ရှိမယ်။ ကျနော်တို့ အခုက မီးလောင်မှုဖြစ်ပွားတဲ့နေရာမှာပဲရှိပါသေးတယ်။ အသေးစိတ်ကိုတော့ စိစစ်တွက်ချက်နေပါတယ်။" မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီမီးလောင်မှုကို အောင်မြေသာစံမြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ အရန်မီးသတ်တပ်ဖွဲ့တို့က Lv 2 ယာဥ်အုပ်စုနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး နေ့လယ် ၁၂ နာရီမှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားတာတွေ့ရပါတယ်။

လက်ရှိမှာ မီးလောင်မှုဖြစ်စဥ်ရဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ တွက်ချက်နေဆဲ ဖြစ်တယ်လို့ အောင်မြေသာစံမြို့နယ်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

image
1 y - Translate

Google Search ကြီးကို နန်းချနိုင်မှာလား OpenAI

OpenAI ကတော့ ChatGPT မှာ AI-Power Search Product ကို ထည့်သွင်းပေးတော့မယ်လို့ သတင်းထွက်လာပါပြီ။ ဒါကြောင့် ChatGPT Users တွေအနေနဲ့ ကမ္ဘာတစ်လွှားမှာရှိတဲ့ အင်တာနက်ပေါ်က Information တွေကို Source Link တွေနဲ့တကွ ရှာဖွေသိရှိနိုင်တော့မှာပါ။ Perplexity AI လိုမျိူးပါ။

OpenAI အနေနဲ့ ဒီ Product ကို Google I/O ပွဲမတိုင်ခင် မိတ်ဆက်လာနိုင်တယ်လို့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။ Google I/O ပွဲက ဒီလ ၁၄ရက်နေ့ပါ။

ဆိုတော့ OpenAI က Google ကို ဘယ်လောက်ထိ ခြိမ်းခြောက်နိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။

image
1 y - Translate

Purple Rose (✿ ♡‿♡)💜

image
1 y - Translate

Purple Rose (✿ ♡‿♡)💜

image
1 y - Translate

Purple Rose (✿ ♡‿♡)💜

image
1 y - Translate

Purple Rose (✿ ♡‿♡)💜

image
1 y - Translate

Purple Rose (✿ ♡‿♡)💜

image
image
image
image
1 y - Translate

ဆန်ခါတင်စာရင်းမှာ နည်းပြ(၅)ဦးအမည်ပါဝင်နေတဲ့ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆု

ယခုရာသီပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆု (Premier League Manager of the Season)အတွက် ဆန်ခါတင်နည်းပြ(၅)ဦးစာရင်းကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကထုတ်ပြန်ခဲ့သည်။ လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် ထိပ်ဆုံး၌ ရပ်တည်နေသော အသင်း(၄)သင်းမှ နည်းပြများဖြစ်သည့် မီခေးလ် အာတေတာ(အာဆင်နယ်)၊ပတ် ဂွါဒီယိုလာ(မန်စီးတီး)၊ယာဂန် ကလော့ပ်(လီဗာပူးလ်)၊အူနိုင်း အမ်မရီ (ဗီလာ)တို့နှင့်အတူ ဘုန်းမောက်အသင်းနည်းပြ အန်ဒိုနီ အာရီအိုလာမှာ ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည်။ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို (၁၉၉၃-၉၄) ရာသီကတည်းက စတင်ချီးမြှင့်ခြင်းဖြစ်ပြီး မန်ယူနိုက်တက်အသင်းနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်က အများဆုံးအဖြစ် (၁၁)ကြိမ်ဆွတ်ခူးနိုင်ခဲ့သည်။နောက်ဆုံး(၆)ရာသီတွင် ဂွါဒီယိုလာက(၄)ကြိမ်(၂၀၁၈၊ ၂၀၁၉၊ ၂၀၂၁၊ ၂၀၂၃)၊ကလော့ပ်က(၂)ကြိမ်(၂၀၂၀၊ ၂၀၂၂)ဆွတ်ခူးခဲ့ပြီး ၎င်းနည်းပြ(၂)ဦး၏ လွှမ်းမိုးမှုကို အခြားနည်းပြတစ်ဦးဦးက အဆုံးသတ်နိုင်မလားဆိုသည်ကို ကြည့်ရမည်ဖြစ်သည်။ယင်းဆုအတွက် ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်တွင် ပရိသတ်များလည်း မဲပေးနိုင်ပြီး ပရိသတ်များ၏မဲကို ဘောလုံးကျွမ်းကျင်သူများအဖွဲ့(panel of football experts)၏ မဲများနှင့် စုပေါင်းကာ အကောင်းဆုံးနည်းပြကို ရွေးချယ်မည်ဖြစ်သည်။ယင်းဆုရရှိသူအား ယခုမေ(၂၁)ရက်နေ့တွင် ကြေညာသွားမည်ဖြစ်သည်။

(၂၀၂၃-၂၄)ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံနည်းပြဆုကို ဘယ်သူရယူသွားမလဲ❓

image

image