Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Google က Apple ရဲ့ iPhone , iPad , Mac တွေပေါ်မှာ Default Search Engine ဖြစ်ဖို့ နှစ်စဉ် ဒေါ်လာတွေပေးနေရပါသတဲ့
2022 တုန်းက 10 Billion လောက်သတင်းထွက်ခဲ့ပေမဲ့ အခုသတင်းကတော့ 20 Billion တောင်ပေးနေရတာဆိုတော့ သိပ်မများတဲ့အချိန်အတွင်းမှာ 2 ဆ လောက်ပိုပေးနေရပုံပဲ
Google နဲ့ Apple တို့ရဲ့ ဇာတ်လမ်းလေးက 2002 ခုနှစ်ထဲကစတာပါတဲ့ Apple Devices ပေါ်မှာ Default Search Engine ဆို Google ဖြစ်နေတာ နှစ် ၂၀ ကျော်ပါပြီ
Microsoft Bing နဲ့ Apple ၊ Google တို့ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးလဲရှိခဲ့ပါသေးတယ် Apple ၊ Google တို့ ပူးပေါင်းနေမှုကြောင့် Bing က ယှဉ််မရဖြစ်နေတယ်လို့ Microsoft CEO ကပြောခဲ့တာပါ
တစ်ချိန်တုန်းကလဲ Bing ဘက်က Apple စီကို ရောင်းချချင်ပေမဲ့ Apple က ငြင်းဆန်ပြီး ပြန်ပြောခဲ့တာ Bing ဘက်ကနေ အမှီလိုက်နိုင်တဲ့ အနေအထားမျိုးမရှိမှာစိုးရိမ်ခဲ့သလို Apple သုံးသူတွေကလဲ Google ကသာ အကောင်းဆုံးဖြစ်တယ်လို့ ထင်နေကြတာဆိုပြီး တုံ့ပြန်ခဲ့တာပါ
Credit to Tech World
Apple ကား စီးလို့မရလို့ Xiaomi ကားကို ဝယ်စီးနေတဲ့ Apple User များ
=========================================
Apple ဟာ ကားစီမံကိန်းကို ရပ်နားလိုက်တဲ့အတွက် Xiaomi အတွက် အမြတ်ထွက်သွားပါတယ်။ ဘေဂျင်း Auto Show မှာ CEO Lei Jun က Apple User တွေဟာ Xiaomi SU7 ကို အစောဆုံး ဝယ်ယူထားကြတယ်လို့ ပြောပါတယ်။ Apple User ၅၁.၉ ရာခိုင်နှုန်းက Xiaomi SU7 ကို ဝယ်ယူထားကြပါတယ်။
Lei Jun က Xiaomi SU7 ကို Apple-friendly ကားဖြစ်အောင် ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ SU7 မှာ iPad Integration ထောက်ပံ့ထားပြီး အနောက်ထိုင်ခုံကနေ ကားကို တစ်စိတ်တစ်ပိုင်း ထိန်းချုပ်နိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ Apple CarPlay ကိုလည်း ကားမှာ ထောက်ပံ့ထားပါသေးတယ်။
Apple ဟာ ကားစီမံကိန်းကို ဆယ်စုနှစ် တစ်ခုကြာ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ Xiaomi ကတော့ ၃ နှစ်အတွင်းမှာ လျှပ်စစ်ကားကို ထုတ်လုပ်ရောင်းချနိုင်ခဲ့ပါတယ်။
Ref : theverge
Credit to Digital Times