2 နှစ်များ - ဘာသာပြန်ပါ။

ဆုံးရှုံးပြီးမှ
လူတစ်ယောက်တန်ဖိုး
နားလည်မယ်ဆိုရင်

သင်နားလည်သွားတဲ့အချိန်မှာ
အဲ့လူတစ်ယောက်က
သင့်အနားမှာရှိဖို့မသေချာတော့ဘူး

အနားမှာရှိတုန်း
လူတစ်ယောက်အကြောင်း
မသိခဲ့ဘူးဆိုရင်

သင်သိသွားတဲ့အချိန်မှာ
အဲ့လူတစ်ယောက်က
သင့်အနားမှာမရှိနိုင်တော့ဘူး

အတူရှိခွင့်ရတုန်းမှာ
လူတစ်ယောက်ကို
ကိုယ်ချင်းမစာတတ်ခဲ့ရင်

သင်ကိုယ်ချင်းစာတတ်တဲ့အချိန်မှာ
အဲ့လူတစ်ယောက်က
သင့်အနားမှာမရှိနိုင်တော့ဘူး

မိသားစုမှာပဲဖြစ်ဖြစ်
သူငယ်ချင်းအချင်းချင်းမှာပဲဖြစ်ဖြစ်
လုပ်ငန်းခွင်တစ်ခုမှာပဲဖြစ်ဖြစ်ပေါ့

လူတိုင်းလူတိုင်းဟာ

ဆုံးရှုံးပြီးမှ
သင်ခန်းစာရသွားတတ်
သူတွေကြီးပါ။

crd- မူရင်းလေးစားစွာဖြင့်

#crd_to_owner_with_respect #ဘဝစာပေ #ဘဝစာပေချစ်သူ #ဘဝဒဿန #crd #fly #genzhup

image
2 နှစ်များ - ဘာသာပြန်ပါ။

လူ့ဘဝကတိုတိုလေးပါ
ထင်တိုင်းလဲမပြောနဲ့
​မြင်တိုင်းလဲ မစွပ်စွဲနဲ့
မနာလိုစိတ်လဲ မမွေးနဲ့
လောကမှာ ထင်‌သလောက်လဲ
မလွယ်ဘူး။
မြင်သလောက်လဲ မမှန်ဘူး။
ရိုးရိုးကျင့် မြင့်မြင့်ကြံ
ဘယ်သူမပြု မိမိမှုပေါ့။
သူမကောင်းရင်သူခံ
ကိုယ်မကောင်းရင် ကိုယ်ခံ။
ဒဏ်ပြန် သက်ရောက်မှုက
နေရာတိုင်းမှာရှိတယ်။

#ဘဝစာပေ #crd

image
2 နှစ်များ - ဘာသာပြန်ပါ။

ကိုယ့် ထမင်း
ကိုယ်စားပြီး... ကိုယ့်အလုပ် ကိုယ်လုပ်တယ်

ဘယ်သူ မကောင်းကြောင်း
လိုက်ပြောနေဖို့ အချိန်မရှိသလို

ကိုယ့်မကောင်းကြောင်း
ပြောနေသူတွေအတွက် လိုက်ခံစားနေဖို့လဲ
အချိန်မရှိပါဘူး..။

Crd
#နန်းသန်းသန်းဌေး (ဘဝစာပေ)

By
#စာပေဗဟုသုတလူတိုင်းရ

image
2 နှစ်များ - ဘာသာပြန်ပါ။

Amazon's AWS double down on Singapore with additional $9 Billion cloud investment

https://www.cnbc.com/2024/05/0....7/amazons-aws-to-inv

image
2 နှစ်များ - ဘာသာပြန်ပါ။

အမေရိကန်နိုင်ငံရဲ့ အမြင့်ဆုံးအရပ်သားဆုဖြစ်တဲ့ လွတ်လပ်ရေးဆုတံဆိပ်ကို လက်ခံရရှိထားတဲ့ မီချဲလ်ယို

အော်စကာဆုရှင် မလေးရှားနွယ်ဖွားမင်းသမီးကြီး မီချဲလ်ယိုဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဆီက လွတ်လပ်ရေးဆုတံဆိပ်ဖြစ်တဲ့ the Presidential Medal of Freedom ဆုကို မေလ ၃ ရက်နေ့က အိမ်ဖြူတော်မှာ လက်ခံရရှိခဲ့ပါတယ်။ သူ့ကို ဆယ်စုနှစ် ၄ စုအတွင်း သူ့ရဲ့အမိုက်စားဇာတ်ကားတွေနဲ့ လူသိများတဲ့ မင်းသမီးအဖြစ် အိမ်ဖြူတော်ရဲ့ထုတ်ပြန်ချက်မှာ အသိအမှတ်ပြုခံခဲ့ရပါတယ်။

ထုတ်ပြန်ချက်မှာ ၂၀၂၃ ခုနှစ်အတွက် ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲအတွင်း မီချဲလ်ယိုရဲ့အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုရရှိမှုကို မီးမောင်းထိုးပြခဲ့ပါတယ်။ ဒီဆုတံဆိပ်ကို လက်ခံရရှိခြင်းဖြင့် မီချဲလ်ယိုဟာ Audrey Hepburn နဲ့ Meryl Streep တို့လို မင်းသမီးတွေရဲ့ခြေရာအတိုင်းလိုက်ခဲ့တာပါ။

မီချဲလ်ယိုလက်ခံရရှိခဲ့တဲ့ လွတ်လပ်ရေးဆုတံဆိပ်က အမေရိကန်နိုင်ငံရဲ့အမြင့်ဆုံးအရပ်သားဆုဖြစ်ပါတယ်။ ဒီဆုတံဆိပ်ကို အမေရိကန်နိုင်ငံရဲ့သာယာဝပြောရေး၊ တန်ဖိုးတွေ (သို့) လုံခြုံရေးတွေအတွက် စံနမူနာပြုပံ့ပိုးကူညီမှုတွေပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ပေးအပ်တာပါ။ ဒီဆုတံဆိပ်ကို လက်ခံရရှိသူတွေက အမေရိကန်နိုင်ငံသားတွေဖြစ်ပေမဲ့ နိုင်ငံသားမဟုတ်တဲ့သူတွေကိုလည်း အရင်က ပေးအပ်ဖြစ်ခဲ့ပါတယ်။

မီချဲလ်ယိုနဲ့အတူ အခြားပုဂ္ဂိုလ် ၁၈ ဦးကလည်း ဒီဆုတံဆိပ်ကို လက်ခံရရှိခဲ့ပါတယ်။

Ref: Michelle Yeoh receives Presidential Medal of Freedom, highest civilian honour of US

image
2 နှစ်များ - ဘာသာပြန်ပါ။

Singapore မှာ US Dollar 9 Billion ထိတိုးချဲ့မြှပ်နှံသွားမယ့် Amazon Web Service

Asia မှာတစ်ဖြည်းဖြည်း Data နဲ့ဆိုင်တဲ့ ဈေးကွက်တွေ အပြိုင်အဆိုင်ဖြစ်လာတော့ Tech Company ကြီးတွေကလည်း အသည်းအသန်မြှပ်နှံဖို့ ဖြစ်လာဟန်ရှိပါတယ်။ AWS ကလည်း အနာဂတ် AI လုပ်ငန်းတွေအတွက် ရည်ရွယ်ပြီး Singapore မှာ Singapore Dollar 12 Billion ( US Dollar 9 Billion) ခန့်ကို ၂၀၂၄-၂၀၂၈ ရင်းနှီးမြှပ်နှံတော့မှာဖြစ်ကြောင့် ကြေငြာပါတယ်။ ခုလက်ရှိ စင်္ကာပူမှာ AWS ရင်းနှီးထားတာ US Dollar 8.5 Billion ခန့်ရှိနေပြီးဖြစ်ပါတယ်။

ခန့်မှန်းမှုတွေအဆိုအရ AWS ရဲ့ရင်းနှီးမြှပ်နှံမှုကြောင့် ၂၀၂၈ မှာ Singapore ရဲ့ GDP ဟာ US Dollar 18 Billion ခန့်ရှိလာမှာဖြစ်ပြီး တစ်နှစ်ကို Full Time အလုပ် ၁၂၃၀၀ ခန့်ထိ အခွင့်အလမ်းတွေ ပေါ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
စင်္ကာပူအတွင်းမှာ လက်ရှိ AWS ကိုအဓိကသုံးစွဲနေတဲ့ Client တွေကတော့ Grab, Singlife, Synapxe, နဲ့ Singapore ဆိပ်ကမ်းအာဏာပိုင်တွေပဲဖြစ်ပါတယ်။

ဒီရင်းနှီးမြှပ်နှံမှုကြောင့် စင်္ကာပူမှာ အလုပ်ကိုင်အခွင့်အလမ်းတွေ ပိုမိုပေါလာနိုင်ပြီး Cloud နည်းပညာ၊ AI အတွက်လည်း အလှမ်းကျဲကျဲ လှမ်းလာနိုင်မယ်လို့ Singapore AWS Country Manager ကဆိုပါတယ်။ နောက်ပိုင်းမှာ Singapore ရဲ့ Large Language Model ဖြစ်တဲ့ SeaLion နဲ့ အစိုးရပိုင်းဆိုင်ရာတွေမှာလည်း AI နဲ့ Data ပိုင်းဆိုင်ရာ အကျိုးအမြတ်တွေ အတော်လေးများလာတော့မှာပါ။

အာရှမှာတော့ AI နဲ့ Data ပြိုင်ပွဲက ပွဲကြမ်းဖို့အတွက် အရိပ်အယောင်စလာနေပါပြီ။

image
2 နှစ်များ - ဘာသာပြန်ပါ။

ခရစ်စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ပြီးတဲ့နောက် မန်ယူနိုက်တက်အသင်းဟာ အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် တစ်ရာသီအတွင်းမှာ ၁၃ ပွဲအထိ ရှုံးနိမ့်သွားခဲ့ပါပြီ။
ဒါ့အပြင် ပရီးမီးယားလိဂ်သမိုင်းမှာလည်း ပထမဆုံးအကြိမ် ပဲလေ့စ်ကို ၄ ဂိုးပြ-တ်နဲ့ အရေးနိမ့်ခဲ့တာဖြစ်သလို၊ ယူနိုက်တက်ရဲ့ခံစစ်ဟာလည်း ၁၉၇၆-၇၇ ရာသီပြီးကတည်းက အသင်းသမိုင်းမှာ အမြင့်ဆုံးအဖြစ် ၈၁ ဂိုးတော-င် သွင်းဂိုးခွင့်ပြုပေးထားရပါတယ်။
(အောက်ကပုံလေးကတော့ ပဲလေ့စ်ကို ၂ ဂိုးပေးလိုက်ရပြီးနောက် ပွဲကြည့်စင်ပေါ်က ယူနိုက်တက်ပရိသ-တ်တစ်ယောက်ရဲ့ဝမ်းနည်းဖွယ်ရာ ပုံရိပ်လေးပဲဖြစ်ပါတယ်။ )
credit to footballcorner

image
2 နှစ်များ - ဘာသာပြန်ပါ။

ကြက်ဟင်းခါးသီး၏ အံ့ဖွယ် အကျိုးကျေးဇူးများ

ကြက်ဟင်းခါးသီးဟာ ခါးသက်သော အရသာရှိသည့် အတွက် ကြိုက်နှစ် သက်သောသူ နည်းပါတယ်။

သို့ပေမယ့်လည်း ကြက်ဟင်းခါးသီးဟာ ဆေးဖက်ဝင်ပြီး စားသင့်သော အသီးတစ်မျိုးဖြစ်ကြောင်း သိရပါတယ်။ ၎င်းအသီးမှ ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးတွေ ကတော့ –

(၁) သွေးပြဿနာ များအတွက် ကောင်းမွန်ပါတယ်။

(၂) ကာလဝမ်းရောဂါ အတွက် ကောင်းမွန်ပါတယ်။

(၃) အရက်နာ ကျခြင်းအတွက် ကောင်းမွန်ပါတယ်။

(၄) ကိုယ်ခံစွမ်းအား ကောင်းမွန်စေ ပါတယ်။

(၅) လိပ်ခေါင်းရောဂါကို သက်သာစေနိုင်ပါတယ်။

(၆) အသက်ရှူလမ်းကြောင်း ပြဿနာများအတွက် ကောင်းမွန်ပါတယ်။

(၇) ဆီးချိုရောဂါကိုလည်း ကောင်းမွန်စေပါတယ်။

(၈) စွမ်းအင်လည်း တိုးစေနိုင်ပါတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

Rievaulx, North Yorkshire, UK 💚💚💚

image
2 နှစ်များ - ဘာသာပြန်ပါ။

ဂျာမန်ကလပ်(၅)သင်းအပါအဝင်(၁၅)သင်းဝင်ခွင့်အမည်စာရင်းထွက်ထားတဲ့(၂၀၂၄-၂၅)ရာသီ ချန်ပီယံလိဂ်

လာမည့်(၂၀၂၄-၂၅)ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ယခင်အသင်း(၃၂)သင်းပြိုင်ပွဲအဖြစ်မှ (၃၆)သင်းပြိုင်ပွဲအဖြစ်သို့ အသင်းတိုးမြှင့်ကျင်းပမည်ဖြစ်သလို ပြိုင်ပွဲပုံစံလည်း ပြောင်းလဲကျင်းပမည်ဖြစ်သည်။နောက်ဆုံးအဆင့်သို့ အသင်း(၂၉)သင်းတိုက်ရိုက်ဝင်ခွင့်ရမည်ဖြစ်ပြီး လက်ရှိတွင် တိုက်ရိုက်ဝင်ခွင့်ရမည့်အသင်းတချို့၏ အမည်စာရင်းထွက်ပေါ်နေပြီဖြစ်သည်။ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ယခုရာသီဥရောပအဆင့်သတ်မှတ်ချက်(UEFA Coefficient Ranking)အရ စီးရီးအေပြိုင်ပွဲနှင့်အတူလာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အပိုတစ်နေရာရရှိထားပြီး အမှတ်ပေးဇယားထိပ်ဆုံးရပ်တည်မည့်(၅)သင်းအထိ တိုက်ရိုက်ဝင်ခွင့်ရမည်ဖြစ်သည်။လက်ရှိတွင် အဆင့်(၅)နေရာက ဒေါ့မန်က အဆင့်(၆)နေရာမှ ဖရန့်ဖတ်ကို ရမှတ်(၁၂)မှတ်အထိဖြတ်ထား၍ ထိပ်ဆုံး(၅)သင်းအမည်စာရင်းမှာ အတည်ဖြစ်သွားခဲ့ပြီဖြစ်သည်။သို့ဖြစ်ရာ ယခုရာသီဘွန်ဒက်စ်လီဂါချန်ပီယံ လေဗာကူဆင်နှင့်အတူဘိုင်ယန်မြူးနစ်၊စတုဂတ်၊လိုက်ပ်ဇစ်၊ဒေါ့မန်အသင်းတို့မှာ လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် တိုက်ရိုက်ဝင်ခွင့်လက်မှတ်ရထားပြီး၊ဘွန်ဒက်စ်လီဂါကဲ့သို့ တိုက်ရိုက်ဝင်ခွင့်(၅)နေရာရထားသော စီးရီးအေကမူ ထိပ်ဆုံးတွင် ရမှတ်ဖြတ်ဦးဆောင်နေသည့် ချန်ပီယံအင်တာမီလန်နှင့် အေစီမီလန် (၂)သင်းအမည်စာရင်းထွက်ပေါ်ထားသည်။ပရီးမီးယားလိဂ်ပြိုင်ပွဲကလည်း တိုက်ရိုက်ဝင်ခွင့်ရ (၄)သင်းတွင် မန်စီးတီး၊အာဆင်နယ်၊လီဗာပူးလ်တို့ ဝင်ခွင့်ရရန် သေချာနေပြီဖြစ်သည်။(၄)သင်းတိုက်ရိုက်ဝင်ခွင့်ရမည့် လာလီဂါတွင် ရီးရဲလ်မက်ဒရစ်နှင့်ဘာစီလိုနာတို့ ဝင်ခွင့်ရထားပြီး ပြင်သစ်လိဂ်တွင် ချန်ပီယံပီအက်စ်ဂျီ၊နယ်သာလန်လိဂ်တွင် ပီအက်စ်ဗွီနှင့် ဖီယင်နုတို့ဝင်ခွင့်ရထား၍လက်ရှိတွင် ဝင်ခွင့်ရအမည်စာရင်းထွက်ပေါ်နေသည်မှာ (၁၅)သင်းရှိသွားပြီဖြစ်သည်။ထို့ကြောင့် ကျန်တိုက်ရိုက်ဝင်ခွင့်ရ(၁၄)နေရာအတွက် မည်သည့်အသင်းများ အမည်စာရင်း ထပ်မံထွက်ပေါ်လာမည်ဆိုသည်ကို ဥရောပလိဂ်ပြိုင်ပွဲများ၏ ရာသီအဆုံးသတ်ရလဒ်များနှင့် ရပ်တည်မှုများအား ဆက်လက်ကြည့်ရှုရမည်ဖြစ်သည်။

image