1 y - Translate

👉👉စီးရီးအေကို တိုက်ရိုက်တန်းတက်
ခွင့်ရရှိလာတဲ့ ကိုမို

အီတလီစီးရီဘီတွင် ဒုတိယရရှိပြီးနောက် တစ်ကျော့ပြန် စီးရီးအေ ပြိုင်ပွဲဝင်ရောက်ခွင့်ရရှိခဲ့တဲ့ ကိုမိုအသင်းအောင်ပွဲခံပုံရိပ်များ

လက်ထောက်နည်းပြဖြစ်သူ
ဖာဘရီဂတ်စ် ဟာ အသင်းရဲ့ရှယ်ယာရှင်တစ်ဦးလည်းဖြစ်ပါတယ်...

image
image
image
image

Angry Cats ?

Outfit

Purple Blue changed her profile picture
1 y

image
Purple Blue changed her profile cover
1 y

image
1 y - Translate

အိုက်စလန်ဟာ ကမ္ဘာပေါ်မှာ ခြင်မရှိ၊ မြွေမရှိတဲ့ တစ်ခုတည်းသောနိုင်ငံ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိုက်စလန်နိုင်ငံရဲ့ ရာသီဥတုနဲ့ မြေမျက်နှာသွင်ပြင် အခြေအနေက ခြင်တွေ ပေါက်ဖွားဖို့၊ မြွေတွေ ရှင်သန်ဖို့ မဖြစ်နိုင်လို့ပါပဲ။ ရာသီဥတု အေးခဲပြီး လေတိုက်နှုန်း မြင့်မားတဲ့ အခြေအနေအရ သွေးအေးသတ္တဝါတွေ ရှင်သန်ပေါက်ဖွားဖို့ သဟဇာတ မဖြစ်တာကြောင့်လို့ ဆိုကြပါတယ်။

Ref:Is it true that there are no mosquitoes in Iceland?

image

Singapore 😯😯😯

image
1 y - Translate

(၅)နှစ်(၇)လအတွင်း ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုရ ပထမဆုံးချယ်လ်ဆီးကစားသမား

ချယ်လ်ဆီးအသင်း၏ အင်္ဂလန်တောင်ပံကစားသမားကိုးလ်ပါးလ်မားသည် ပြီးခဲ့သည့် (၂၀၂၄) ဧပြီလအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပြီး ချယ်လ်ဆီးအသင်းတွင် (၅)နှစ်(၇)လအတွင်းယင်းဆုကို ပထမဆုံးရရှိခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ချယ်လ်ဆီးအသင်းတွင် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးကစားသမားဆုကို ကိုးလ်ပါးလ်မားမတိုင်ခင် နောက်ဆုံးရယူခဲ့သူမှာ ဘယ်လ်ဂျီယံတောင်ပံကစားသမား အေဒင် ဟာဇက်ဖြစ်ပြီး လွန်ခဲ့သည့် (၅)နှစ်ကျော်ဖြစ်သည့် (၂၀၁၈) စက်တင်ဘာလက ရရှိခဲ့ခြင်းဖြစ်သည်။ ပါးလ်မားသည် ဧပြီလအတွင်းချယ်လ်ဆီးအသင်း၏ ပွဲစဉ်များတွင် ခြေစွမ်းပြကစားကာ ဟက်ထရစ်(၂)ကြိမ်သွင်းယူပြီး (၇)ဂိုးအထိသွင်းယူနိုင်သည့်အပြင် အသင်းဖော်များဂိုးသွင်းနိုင်အောင်လည်း ကူညီပံ့ပိုးနိုင်ခဲ့သည်။ချယ်လ်ဆီးအသင်းတွင် အင်္ဂလန်ကစားသမားများထဲမှ ယင်းဆုကို နောက်ဆုံးရယူနိုင်ခဲ့သူမှာ အင်္ဂလန်ကွင်းလယ်လူ ဖရန့်လမ်းပတ်ဖြစ်ပြီး (၂၀၀၈) အောက်တိုဘာလက ရရှိခဲ့ခြင်းဖြစ်သည်။

image
1 y - Translate

ဖတ်မိတဲ့သတင်း….
ရက်ပိုင်းအတွင်း မိုးရွာသွန်းမှုနဲ့အတူ မိုးကြိုးပစ် ၊မိုးသီးကြွေ၊ လေပြင်းတိုက်တာတွေ ဖြစ်နိုင်လို့ အန္တရာယ်တွေသတိပြုဖို့လို
~~~~~~~~~~~~~~~~~~~~~~~~
ယခုရက်ပိုင်းအတွင်း မိုးရွာမှုနဲ့အတူ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊လေပြင်းတိုက်ခြင်း၊ လျှပ်စီးလက်ခြင်းတွေပါ ဖြစ်ပေါ် နိုင်တာကြောင့် သတိထားဖို့လိုအပ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနဲ့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။

အရှေ့ဘက်မှရွေ့လျားလာတဲ့ လေပွေ
လှိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်းကိုရောက်ရှိလာတဲ့ဖြစ်စဥ်ကြောင့် နဲ့ အပူချိန်မြင့်တက်ပြီး မိုးရွာသွန်းနိုင်တာဖြစ်လို့ မိုးကြိုး အန္တရာယ်ကို သတိပြုဖို့လိုအပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

" အရှေ့လေပွေလှိုင်းတခုရွေလျားလာမှုကြောင့် မိုးမျှော်နေရာတဲ့ ရန်ကုန်တိုင်းအပါအဝင် နောက် ၂၂နာရီအတွင်း ထစ်ချုန်းမိုးများ ရွာသွန်းလာနိုင်တယ်။အပူချိန်မြင့်တက်နေစဥ် ရွာမယ့်မိုးဖြစ်လို့ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းမှာဆိုရင် မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းစတဲ့ အန္တရာယ်အနည်းငယ်ရှိလာနိုင်တာကိုသတိပြုဖို့လိုပါတယ် " လို့ လေကြောင်းမိုးလေဝသဌာနမှူး ဦးဝေဖြိုးဟန်ကပြောပါတယ်။

မိုးရွာသွန်းနိုင်တဲ့နေရာတွေကတော့ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းအထက်ပိုင်းတို့မှာနေရာကျဲကျဲ မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီ းစစ်ကိုင်းတိုင်းအောက်ပိုင်း၊ နေပြည်တော်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ တနင်္သာရီတိုင်းမှာနေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်
လို့ သိရပါတယ်။

အလားတူ မိုးလေဝသနှင့်ဇလဗေဒညွှန့်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးလှထွန်းကလည်း မေလအတွင်းမှာ လေပွေလှိုင်းတွေရဲ့ အရှိန် နဲ့ အပူပျံတက်တိမ်​ေတွဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် မိုးရွာသွန်းနိုင်ကြောင်းနဲ့ မိုးကြိုး၊လျှပ်စီး၊မိုးသီးနဲ့ လေပြင်းတိုက်ခြင်းကိုသတိပြုကြဖို့ ပြောဆိုထားပါတယ်။

မြန်မာတနိုင်ငံလုံးကိုမုတ်သုံဝင်ရောက်မှုအနေနဲ့ကတော့ ဇွန်လ ပထမပတ် ၁၀ ရက်အတွင်းမှာသာဝင်ရောက်နိုင်ဖွယ်ရှိကြောင်းလည်း ခန့်မှန်းထားပါတယ်။

" ခုလထဲရွာတာကတော့ ​ေန့အပူချိန်တွေမြင့်တက်ပြီးအပူပျံတက်တွေကနေတဆင့် မိုးတိမ်တောင်တွေဖြစ်ပြီး ရွာတာမျိုးပေါ့။မုတ်သုံလေဝင်ရောက်မှုအနေနဲ့က မေ ၂၂ ကနေ ၂၆ အတွင်းမှာမြန်မာနိုင်ငံ တောင်ပိုင်း၊ ၂၇ ရက်ကနေ ဇွန်လ ၁ ရက်ကိုမြစ်ဝကျွန်းပေါ်လို့မှန်းထားတယ် " လို့ ဆိုပါတယ်။

မိုးထစ်ချုန်းပြီး လျှပ်စီးလက်နေချိန် သက်တမ်း
ရင့်ပြီး မြင့်မားတဲ့ သစ်ပင်ကြီးတွေ အောက်မှာ ဝင်ရောက် မိုးခိုခြင်းက မိုးကြိုးပစ်ခံရနိုင်တာကြောင့် မိုးရွာနေချိန် မိုးခိုမယ်ဆိုရင် အရွက်များပြီး နိမ့်တဲ့သစ်ပင်အောက်မှာသာ မိုးခိုကြဖို​့၊ လျှပ်စစ်စီးဆင်းနိုင်တဲ့ သံ၊ သတ္တုစတဲ့ပစ္စည်းတွေမကိုင်ဖို့၊ပြတင်းပေါက်အနားမှာမနေဖို့ လည်း ပညာရှင်တွေကသတိပေးထားကြပါတယ်။

မြန်မာနိုင်ငံမှာ မိုးကြိုကာလဖြစ်တဲ့ ဧပြီ ၊ မေလနဲ့ မိုးနှောင်း ကာလဖြစ်တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလက မိုးကြိုးပစ်မှုများဆုံးကာလတွေဖြစ်ပြီး မိုးကြိုးအပစ်များဆုံးအချိန်တွေကတော့ မွန်းတည့်ချိန်ကနေ ညနေ ၆ နာရီအတွင်း ဖြစ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကသိရပါတယ်။

လက်ရှိ မြန်မာတနိုင်ငံလုံးမှာဆိုရင် ၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်အတွင်းမှာ မိုးကြိုးပစ်ခံရပြီး သေဆုံးသူ ၁၀ ဦးထက်မနည်းသေဆုံးမှုရှိနေပါတယ်။

Photo: မိုး/ဇလ
@Voice of Myanmar

image
1 y - Translate

အဆိုးဆုံးအခြေအနေတွေကိုရောက်လာရင်လည်း
အကောင်းဆုံးနေထိုင်တတ်ဖို့ကိုပဲသင်ယူကြရတယ်။
အဲ့ဒီလိုမှမဟုတ်ပဲ
ဘ၀ထဲက မလိုချင်တဲ့အရာတွေကိုသာ
ဖယ်ထုတ်ရကြေးဆိုရင် ငါတို့ဆီမှာ
ဘာမှတောင်ကျန်တော့မှာမဟုတ်ဘူး။

#myatnavarro

💭 || 7.5.2024

image
image
image