1 y - Translate

ဘာကြောင့် ထောပတ်သီး စားသင့်သလဲ

ထောပတ်သီးဟာ မြန်မာပြည်မှာ ပေါတဲ့ အသီးတစ်မျိုးထဲမှာ ပါဝင်ပါတယ်။ အနောက်တိုင်းမှာ ရှားပါးပြီး ဩစတေးလျနိုင်ငံမှာဆိုရင် တစ်လုံးကို ၅ ဒေါ်လာ အထိတောင် ဈေးတက်ဖူးပါတယ်။

ဒါပေမယ့် ထောပတ်သီးကို မြန်မာပြည်ရဲ့ အချို့နေရာမှာဆိုရင် လူမစားတော့ပဲ ဝက်တွေကို ကျွေးတဲ့အထိတောင် အသုံးပြုကြပါတယ်။ အဲ့ဒီကလေးတွေကျတော့ တရုတ်ပြည်ကလာတဲ့ Junk Food လေဖောင်းမုန့်ထုတ်တွေကို စားသုံးနေကြကြောင်း တွေ့မြင်သူများက ပြောပါတယ်။

ထောပတ်သီးရဲ့ ကျန်းမာရေး ကောင်းစေတဲ့အချက်တွေ

၁) ထောပတ်သီးဟာ ငှက်ပျောသီးထက်ပိုပြီးတော့ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝ ပါတယ်။

၂) ထောပတ်သီး ဟာ ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အသီးတွေထဲက တစ်မျိုး ဖြစ်ပါတယ်။

၃) ထောပတ်သီး မှာ ဖိုက်ဘာဓာတ်များစွာ ပါဝင်ပြီး သူက ဝိတ်ကျစေခြင်း၊ သွေးချို ဆီးချို ဖြစ်ခြင်းတို့ကို ကာကွယ်ပေး ပါတယ်။

၄) ထောပတ်သီး မှာ ဗီတာမင် K, C, B, E အမျိုးမျိုး ပါဝင်ပါတယ်။

၅) ထောပတ်သီးဟာ ဒူးနာရောဂါ တစ်မျိုးနဲ့ နှလုံးနဲ့ ဆက်စပ် ရောဂါတို့ကို မဖြစ်စေအောင် ကာကွယ်ပေးပါတယ်။

၆) ထောပတ်သီးဟာ အခြားသော အစားအသောက်တွေမှာ ပါတဲ့ အာဟာရ ဓာတ်တွေကို ကောင်းကောင်း ဆုပ်ယူနိုင်စေပါတယ်။ ဒါကြောင့်မို့ ထောပတ်သီး ပုံမှန် စားသုံးသူတွေဟာ မစားသုံးသူများထက် အစာအဟာရများ ပိုမို ရရှိနိုင်ပါတယ်။

ထောပတ်သီးကို အနောက်တိုင်းမှာဟာဆိုရင် တန်ဖိုးထား အမြတ်တနိုး ထားပြီးတော့ စားသုံးကြ ပါတယ်။ ထောပတ်သီးကို အထူးသဖြင့် အသက် ငယ်တဲ့ ကလေးတွေကို ပိုပြီးတော့ ကျွေးကြ ပါတယ်။ နို့ဖြတ်စ ကလေးတွေကို ကျွေးခြင်း ဖြစ်ပါတယ်။ အသက် နှစ်နှစ်အောက်တွေကိုပါ။ သူတို့အရွယ်ကို ထောပတ်သီး ကျွေးခြင်းဖြင့် အဟာရဓာတ်များကို ပိုမို ရရှိစေပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို အမြင့်ဆုံး ရောက်ရှိစေကြောင်း ဆိုပါတယ်။ ယင်းဟာ scientific ကျကျ ဖော်ထုတ်ထားတဲ့ တွေ့ရှိချက် ဖြစ်ပါတယ်။

ဒါကြောင့်မို့ မြန်မာပြည် နေရာအချို့မှာ ကလေးတွေဟာ လွယ်လွယ် သက်သက်သာသာ ရတဲ့ ထောပတ်သီးကို မစားပဲ တိရစ္ဆာန်များကို ကျွေးပြီး ကလေးတွေကျတော့ လေဖောင်းမုန့်ထုတ်များ စားနေခြင်းဟာ ဝမ်းနည်းစရာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကလေးတွေကော လူကြီးတွေပါ မကျန် လွယ်လွယ်ကူကူ ရတဲ့ ထောပတ်သီးကို စားသုံးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

image
1 y - Translate

အဆိုးဆုံးအခြေအနေတွေကိုရောက်လာရင်လည်း
အကောင်းဆုံးနေထိုင်တတ်ဖို့ကိုပဲသင်ယူကြရတယ်။
အဲ့ဒီလိုမှမဟုတ်ပဲ
ဘ၀ထဲက မလိုချင်တဲ့အရာတွေကိုသာ
ဖယ်ထုတ်ရကြေးဆိုရင် ငါတို့ဆီမှာ
ဘာမှတောင်ကျန်တော့မှာမဟုတ်ဘူး။

#myatnavarro

💭 || 7.5.2024

imageimage
1 y - Translate

လူကြီးတစ်ယောက် ဖြစ်လာရခြင်းဟာ
ပျော်စရာမကောင်းဘူး

ကိုယ်ပိုင်အချိန်တွေ နည်းပါးလာတယ်
အရင်က ပျော်ရွှင်မှုတွေ ပျောက်ဆုံးကုန်တယ်
ပုခုံးဖက် ပေါင်းနေကျလူတွေနဲ့ စိတ်တူကိုယ်တူ
ဆက်ဆံခွင့်တွေ လွင့်စင်သွားတယ်
ခပ်တည်တည်နေနေရတယ်
ခံစားချက်တွေကို အနောက်ဘက်ပို့ရတယ်
ဖြစ်ချင်တာတွေ မျိုသိပ်ရတယ်
ကိုယ့်အခွင့်အလမ်းထက် သူများအခွင့်အရေးကို
ပိုကြည့်ပေးရတယ်
မပြုံးချင်လည်း ပြုံးထားရတယ်
မငြင်းခုန်ချင်လည်း ငြင်းခုန်ရတယ်
ချစ်ခြင်း မေတ္တာနဲ့ ဝေးလာတယ်
ရှုမျှော်ခင်းတွေနဲ့ ဝေးလာတယ်
အထီးကျန်ခြင်းတွေကြားထဲ
အိမ်ပြန်ရက်တွေကို မေ့ထားခဲ့ရတယ် ။

#crd
နွေသစ်ငြိမ်း

image
1 y - Translate

လူတစ်ယောက်ကိုအပူတွေထားပြီးမချစ်ချင်ဘူး
အနေဝေးလို့အခြားတစ်ယောက်နဲ့ပါသွားမှာမျိုး
seenပြပြီးစာမပြန်ရင်တောင်ဘယ်သူနဲပြောနေတာလဲ
အချစ်တွေလျော့နေပြိီလား တခြားသူစိတ်ယိုင်နေလားဆိုတဲ့
အတွေးမျိုးတွေငါမတွေးချင်ဘူး။
လူတစ်ယောက်ကိုအေးအေးချမ်းချမ်းပဲချစ်ချင်တယ်
အခြားတစ်ယောက်ဆိုတဲ့အတွေးမျိုးတွေးစရာမလိုတဲ့အထိ
တစ်ယောက်ထဲဖြစ်နေရင်တောင်
အတွေးလွန်စရာမလိုပဲမေ့ထားလို့ရတဲ့အထိ
စိတ်လုံခြုံမှုပေးနိုင်တဲ့အချစ်မျိုးပဲလိုအပ်တယ်
အတွေးပေါင်းသောင်းခြောက်ထောင်နဲ့
အပူတွေသောကတွေများပြီးငါမချစ်ချင်ဘူး

အတွေးလွန်နေရတာငါရဲ့စိတ်ကိုပင်ပန်းစေလို့

💌🍂unknown
#crd
Feelings From The Heart

image
1 y - Translate

နေတတ်သွားရင်
ပြန်ခေါ်လို့ မရတော့ဘူးနော် .။

Ye Htet

image
1 y - Translate

ကိုကချစ်နေတဲ့သူကိုမျှော်နေမဲ့အစား
ကို့ကို ချစ်နေတဲ့သူကိုရွေးပါ...။

💭 || 3.5.2024

image
1 y - Translate

Driver : အနောက်မှာအချောင်ကြီးပဲ......နောက်ကိုတိုးပေးနော်

Edit : မန်းလေးသားတွေတကယ်ကြီးထင်ပြီးအနောက်တိုးသွားတာ လည်ပင်းအစ်နေလို့တဲ့ ဆင်းတော့မယ်တဲ့

image
1 y - Translate

တစ်အိမ်လုံးနှင့် စကားများပြီးနောက်

image
1 y - Translate

တစ်ဖက်က ပြောင်းလဲသွားရင်
ကျန်တစ်ဖက်မှာလည်း
တိတ်ဆိတ်သွားမှာပဲလေ
သူနေနိုင်ရင် ကိုယ်လည်းဖြေနိုင်ရမှာပေါ့
ဒါဟာ ယောကျာ်းတစ်ယောက်ရဲ့ ငြိမ်သက်သော မာနပါ ...

#လွမ်းနောင်အိမ်

image
1 y - Translate

စိတ်ကို ကျွဲထိန်းသလို ထိန်းပါ
🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴
တစ်ခါတော့ ..
မြစ်၀ကျွန်းပေါ် ဒေသတစ်ခုသို့
ဆရာတော် တရားဟောကြွလေ၏ ။

ထိုဒေသတွင် မိုးများသည့်အတွက်
တောင်ယာသမား အများစုသည်
နွားအစား ကျွဲများဖြင့်သာ
ထွန်ယက်စိုက်ပျိုးကြရလေ၏ ။

ကျွဲများသည် သန်မာထွားကျိုင်းပြီး
ချိုကြီးများကားနေ၏ ။

ဆရာတော်သည် ..
ကျွဲကြီးများကို မြင်သောအခါ
ထိုဒေသမှ ဒကာကြီးများကို
ယခုကဲ့သို့ မေးကြည့်လေ၏ ။

“ ဒကာကြီး ..
ဒီလောက်သန်မာတဲ့ ကျွဲကြီးတွေက
ဒကာကြီးတို့ကို ပြန်ပြီး
ရန်မမူကြဘူးလား ”

“ တစ်ခါတလေတော့ ရန်မူတယ်ဘုရား ၊
တလောက ဟိုဘက်ရွာက
တောင်သူတစ်ယောက်
ကျွဲခတ်လိုက်တာ ဗိုက်ပေါက်ပြီး
နေရာမှာတင် ပွဲချင်းပြီး
ေ.သ ပါရောလားဘုရား ”

“ အိုး...
ကြောက်စရာ ကောင်းလိုက်တာ ၊
ကျွဲထိန်းရတာလည်း တော်တော်
အန္တရာယ်များတာပဲ ”

“ ဒါက ဖြစ်ခဲပါတယ်ဘုရား ၊
သူတို့ ကျွဲထိန်းတဲ့နေရာမှာ
ညှာလိုက်လို့ပါ”

“ ဒကာကြီးက ဘယ်လိုထိန်းလို့လဲ၊
ကြောက်အောင် ရို.က်နှ.က်ထားလို့လား ”

“ တစ်ချက်မှ ရို.က်နှ.က်စရာမလိုဘဲ
ထိန်းတဲ့နည်းရှိတယ်ဘုရား ”

“ ဒကာကြီးတို့နည်းက ဘုန်းကြီးတို့လို
မေတ္တာသမားနဲ့ ကိုက်တာပေါ့ ၊
ဘယ်လိုထိန်းတာလဲ”

“ အလုပ်နဲ့ ထိန်းတာပါဘုရား
လယ်ချိန် လယ်ထွန်တယ် ၊
ယာချိန် ယာထွန်တယ် ၊
လယ်တွေ၊ ယာတွေ မရှိရင်
ရေခပ်ခိုင်းတယ်။
ရေစည်ကို လှည်းပေါ်တင်ပြီး
မြစ်ရေကိုသယ်တယ်။
ရေသယ်စရာ မရှိရင်
ထင်းလိုက်တယ်ဘုရား ..."

“ အဲဒီလို မနားတမ်း ခိုင်းနေမယ်ဆိုရင်
ဒီကျွဲဟာပင်ပန်းပြီး
ညောင်းနေတဲ့အတွက်
နားရတဲ့အချိန်လေးမှာ
ငြိမ်နေတာပေါ့ဘုရား ... ။
ဒေါသဖြစ်ချိန်ကို
မပေးတော့ဘူးဘုရား ”

“ အို... ဒကာကြီးတို့ပြောတဲ့
ကျွဲထိန်းနည်းက ..
ဘုန်းကြီးအတွက်တော့
တရားတစ်ပုဒ်ပါပဲ ၊
ကျွဲကြီးကို စိတ်နေရာမှာထားပြီး
စိတ်ကိုအလွတ်မထားဘူး
အမြဲခိုင်းနေမယ်ဆိုရင်
လောဘ၊ ဒေါသ ၊ မောဟဆိုတဲ့
ကိလေသာတွေ မ၀င်နိုင်ဘူးပေါ့ "

" ဒါကြောင့် ..
ကိုယ်တော်တို့ တတွေလည်း
စိတ်ကို အအားမပေးနဲ့ ။
စိတ်ဆိုတာ ...
မကောင်းတဲ့ ဘက်မှာ ပျော်တာ ။
အားနေရင် စာဖတ်၊ စာရေး
တရားနာ။
ဟော... အဲဒီလို
မနားတမ်း လုပ်ကြပါလို့
တိုက်တွန်းပါတယ် ”

image