2 yrs - Translate

ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ Apple ရဲ့လျှို့ဝှက် AI စမ်းသပ်ခန်း
“Zurich Vision Lab” လို့ အမည်ရှိတဲ့ Apple ရဲ့ AI စမ်းသပ်ခန်းကြီးဟာ ဆွစ်ဇာလန်နိုင်ငံမှာတည်ဆောက်ထားပြီး တိတ်တဆိတ်စမ်းသပ်လုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။ ဒီစမ်းသပ်ခန်းကြီးမှာဆိုရင် Apple အနေနဲ့ ရှေ့လျောက်ချပြမယ့် ထုတ်ကုန်ပစ္စည်းများအပြင် Computer Vision, Machine Learning, စက်ရုပ်တွေနဲ့ AI စနစ်တွေ စတဲ့ အဆင့်မြင့်နည်းပညာများစွာပါဝင်တဲ့ သုတေသနပရောစီမံကိန်းတွေကို စမ်းသပ်လုပ်ကိုင်နေကြတယ်လို့လည်း မှတ်ချက်တွေပေးနေကြပါတယ်။
Zurich Vision Lab ဟာဆိုရင် Apple ရဲ့အခုနောက်ပိုင်းထွက်ရှိထားတဲ့ project တော်တော်များများဖြစ်တဲ့ Apple Car အပါအဝင် AR/VR နားကြပ်များနဲ့ Siri ရဲ့ တိုးတက်မှုတို့ကို အကောင်အထည်ဖော်ရမှာ အဓိကအခန်းကဏ္ဍအဖြစ် ပါဝင်နေတယ်လို့ ယုံကြည်ရပါတယ်။ လက်ရှိမှာဆိုရင်တော့ ဒီသုတေသနဓါတ်ခွဲခန်းက Project အချို့ဟာ Apple ထုတ်ကုန်တွေဆီ ရောက်လို့နေပါပြီ။
ဆွစ်ဇာလန်နိုင်ငံဟာဆိုရင် AI သုတေသနစမ်းသပ်လုပ်ကိုင်ဖို့ အရေးပါတဲ့ အချက်အချာနေရာတစ်ခုဖြစ်နေပြီး Apple အပါအဝင် ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ IBM, Microsoft, Meta နဲ့ အခြားသော နည်းပညာကုမ္ပဏီအချို့ကလည်း ကျယ်ပြန်စွာ စမ်းသပ်လုပ်ကိုင်နေကြပါပြီ။ ဒါကြောင့် ဆွစ်ဇာလန်နိုင်ငံဟာ ယခု ၂၀၂၄ ခုနှစ်ကစပြီး AI သုတေသနပိုင်းမှာ ဦးဆောင်သူနိုင်ငံဖြစ်လာမယ်လို့လည်း ထင်ကြေးပေးနေကြပါတယ်။
Apple CEO ဖြစ်တဲ့ Tim Cook ကတော့ Apple ရဲ့ နောက်ပိုင်းထုတ်ကုန်ပစ္စည်းများကို AI Feature တွေနဲ့ လာမယ်ဖြစ်ကြောင်း အရိပ်အမြွတ်ပြောထားသလို iOS 18 မှာတင်ထည့်သွင်းပေးသွားမယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ Apple အနေနဲ့ သူ့ရဲ့ Software အသစ်တွေ၊ ဖုန်းလုပ်ဆောင်ချက်တွေနဲ့ App တွေအပေါ် AI ကဘယ်လောက်အထိ စွမ်းဆောင်ပေးနိုင်သလဲဆိုတာ စမ်းသပ်နေတာပဲဖြစ်ပါတယ်။
ဒါဆိုရင်တော့ AI ပံ့ပိုးထားတဲ့ Apple ရဲ့ Eco System ကြီးက ဘယ်လောက်ထိမိုက်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ကြပြီး စောင့်မျှော်ကြရဦးမှာပေါ့ဗျာ။
Credit to Akhayar Tech

image

image
2 yrs - Translate - Youtube

မတူညီတဲ့ Gameplay စတိုင်နဲ့ဆော့ရမယ့် Greed Game
ဒီဂိမ်းက PUBG နဲ့ Arena Breakout နှစ်ခုကို ပေါင်းပြီး ရှေးခေတ်စတိုင် Gameplay လုပ်ထားတဲ့ ဂိမ်းလေးပါ
Battle Royal လိုမျိုးလဲမကျဘဲနဲ့ Loot တွေကောက်ပြီး ပြန်ထွက်လို့ရတဲ့ပုံစံမျိုးပါ ပါဝင်နေတာပါ ၊ PVP/PVE ပါရလို့ Multiplayer ဆော့ကစားလို့ရမှာပါ
အရင်က PC မှာထွက်ရှိပြီးသား Dark And Darker ဂိမ်းကို Mobile ပုံစံလိုလုပ်ထားတာမျိုးပါ ၊ Beta ပဲရှိသေးတာမလို့ လိုအပ်ချက်တွေ့တော့ ရှိပါသေးတယ်
Game File Size ကလဲသေးတော့ တော်ရုံဖုန်းနိုင်မယ်လို့ မျှော်လင့်ရပါတယ် ၊ Graphic ကလဲ Mobile အလျောက်ကောင်းတာကြောင့် စမ်းဆော့ကြည့်ကြပါ
Download Link :


Credit to Flame H

2 yrs - Youtube

2 yrs - Translate

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ - ၇ ရက်)
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၃၉၆၀ ကျပ်
ဝယ်ဈေး - ၃၉၀၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၂၈၈၀ ကျပ်
ဝယ်ဈေး - ၂၈၃၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၃၀၁ ကျပ်
ဝယ်ဈေး - ၄၂၁၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၀၇.၅၃ ကျပ်
ဝယ်ဈေး - ၁၀၅.၂၆ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၈၈၇ ကျပ်
ဝယ်ဈေး - ၈၇၇ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၄၀ ကျပ်
ဝယ်ဈေး - ၅၃၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၆၆ ကျပ်
ဝယ်ဈေး - ၂၅.၁၂ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၇.၃၇ ကျပ်
ဝယ်ဈေး - ၄၆.၃၇ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၉၃ ကျပ်
ဝယ်ဈေး - ၂.၈၅ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၄၈၈၇ ကျပ်
ဝယ်ဈေး - ၄၇၈၄ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၂၂ ကျပ်
ဝယ်ဈေး - ၂၅၆၇ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၀၆ ကျပ်
ဝယ်ဈေး - ၂၈၄၄ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၂ ကျပ်
ဝယ်ဈေး - ၅၀၁ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၀၇၅ ကျပ်
ဝယ်ဈေး - ၁၀၅၂ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image
2 yrs - Youtube

2 yrs - Youtube

2 yrs - Translate

♥️ကိုယ့်ဘဝနဲ့ကိုယ်မို့...
လိုက်မမှီတဲ့အရာတွေ မမျှော်မှန်းတတ်ဘူး

♥️တန်ဖိုးကြီးတာ မကြီးတာထက်
ကိုယ်နဲ့သင့်တော်တဲ့အရာကိုပဲ တန်ဖိုးထားတယ်

♥️ကိုယ့်ကိုအထင်အမြင်သေးလို့လဲ
ထူးပြီး မတုန်လှုပ်တတ်ဘူး

♥️ပုခုံးချင်းယှဉ်လာရင်...
တစ်ဆင့်နှိမ့်ချနေပေးလိုက်တယ်

♥️သူ့ကိုနှိမ့်ချပေးလိုက်ရလို့ ကိုယ့်ဘဝ
တကယ်နှိမ့်ကျ သွားတာမှမဟုတ်တာ

♥️ဘယ်သူမှ သတိမထားမိတဲ့
ရိုးရှင်းတဲ့ဘဝမျိုးကိုပဲ နှစ်သက်တယ်

♥️ဆူညံတဲ့နေရာထက်...
အေးချမ်းတဲ့နေရာတွေကို ပိုနှစ်သက်တယ်

♥️အခြားသူနဲ့ စကားနိုင်လုရမှာထက်
နှုတ်ဆိတ်နေရတာကို ပိုနှစ်သက်တယ်

♥️အခြေအနေတွေက...
အချိန်အခါအလိုက် ပြောင်းလဲနေတာ

♥️အစိုးမရတဲ့လောကကြီးမှာ ဘာကိုမှ
အလွန်အကျွံ မစွဲလန်းမိအောင်နေတယ်

♥️ကိုယ့်အနားမှာရှိတဲ့သူတွေကို
အရင်ကထက်ပိုချစ်ပေးတယ်

♥️အရင်ကထက် ပိုဂရုစိုက်ပေးတယ်
မနက်ဖြန်ဆိုတာ မသေချာဘူးလေ

♥️သေချာတဲ့ ဒီနေ့မှာ...
အကောင်းဆုံး ရှင်သန်လိုက်ချင်တယ်..။

#မေတ္တာများစွာဖြင့်
#nanthanthanhtay (ဘဝစာပေ)
#credit

image
2 yrs - Translate

ဘဝဆိုတာ ကြိုးစားပြီး
ရှင်သန်နေသမျှ ကာလပတ်လုံး
လုံးဝ လဲမကျသေးပါဘူး။

ပြင်လို့မရတဲ့အမှားပဲဖြစ်ဖြစ်
ပြင်လို့ရတဲ့အမှားပဲဖြစ်ဖြစ်
အမှားတွေကို ဖက်တွယ်ထားသူဟာ
ဘယ်တော့မှ အမှန်ကို မမြင်နိုင်ပါဘူး။

ဘဝမှာ ခြေတစ်လှမ်းချင်းအတူတူ
နောက်ကိုဆုတ်တဲ့ ခြေတစ်လှမ်းထက်
ရှေ့ကိုတိုးတဲ့ ခြေတစ်လှမ်းက
အောင်မြင်မှုအတွက် ပိုအရေးကြီးပါတယ်။

သတ္တိရှိခြင်း၊ ရဲရင့်ခြင်းမရှိဘဲနဲ့
အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ဖို့
လုံးဝ မကြိုးစားလိုက်ပါနဲ့။

ဘဝမှာ ပုံပျက်ပန်းပျက်နဲ့
လဲကျသွားရင်တောင်
ငါ့မှာ ပြန်ထဖို့
အခွင့်အရေးရှိသေးတယ်ဆိုတဲ့
သန်မာခြင်းတွေနဲ့ ဆက်လက်ရှင်သန်ပါ။

အောင်မြင်ခြင်းဆိုတာ
ကိုယ်တိုင် ကြိုးစားမှရတာမို့
အခြားလူတွေဆီကရဖို့
အလွယ်တကူ မမျှော်လင့်ပါနဲ့။

#မင်းဘယ်လောက်တော်တော်အောင်မြင်ခြင်းဟာမင်းရှေ့လာပြီးဒူးမထောက်ပါဘူး
#ဘဝစာပေ

image
2 yrs - Translate

မပေးတတ်သူကို …
ကိုယ်ကစပြီး
ပေးဆပ်လိုက်တာဟာ
ရက်ရောခြင်းတစ်မျိုးပါ။၊

မပြုံးတတ်သူကို…
ကိုယ်ကစပြီး
ပြုံးပြလိုက်တာဟာ
ရင့်ကျက်ခြင်းတစ်မျိုးပါ။

မကြင်နာတတ်သူကို…
ကိုယ်ကစပြီး
ကြင်နာပေးလိုက်တာဟာ
ကရုဏာတစ်မျိုးပါ..

ဂရုမစိုက်တတ်သူကို …
ကိုယ်ကစပြီး
ဂရုစိုက်ပြလိုက်တာဟာ
နားလည်ခြင်းတစ်မျိုးပါ။၊

#ဘဝစာပေ #လေးစားစွာဖြင့် #ပြန်လည်မျှဝေသည် #crd

image