2 yrs - Translate

Marketing လုပ်ဖို့ တွက်ချက်ရာမှာအရေးကြီးတဲ့
- Customer Acquisition Cost (CAC)​ နဲ့
- Customer​ Lifetime​ Value (CLV) အကြောင်း
မျှဝေပေးချင်ပါတယ် 🤗✨

=====

Customer Acquisition Cost ဆိုတာက Customer အသစ်တစ်ယောက်ရဖို့ ကုန်ကျငွေကိုဆိုလိုတာပါ ✅

ဥပမာ
ကျွန်တော်တို့ OS Page​ လုပ်တယ်ဆိုပါစို့

Page ရဲ့ Marketing စရိတ်အနေနဲ့
1သိန်းဖိုး Boost လုပ်​လိုက်တယ်​ဆိုပါစို့

1သိန်းဖိုးသုံးလိုက်ပြီးနောက်
Customer 5ယောက် ရလာတယ်ဆိုရင်

Customer တစ်ယောက်ရဖို့ 20000 ကုန်တယ်လို့
အကြမ်းဖျင်းပြောလို့ရနိုင်မလား?

ဒါကို Customer Acquisition Cost လို့ခေါ်ပါတယ်

Customer တစ်ယောက်ရဖို့ သုံးရတဲ့​ငွေပမာဏပေါ့

=====

စောနက ရလာတဲ့ Customer တွေ
ပထမတစ်ခါ 30000 ဖိုးပဲဝယ်သွားတယ်ဆိုပါစို့

30000 ဖိုး မှာ အရင်းသာ 15000 ရှိခဲ့မယ်ဆိုရင်
အမြတ်က 15000 ပဲရှိမှာပါ

Customer တစ်ယောက်ရဖို့ 20000 သုံးလိုက်ရပေမဲ့
Customer တစ်ယောက်ဆီက 15000 ပဲပြန်မြတ်ရင် ကြာရင်ရှုံးလိမ့်မယ်လို့ ထင်ရနိုင်ပါတယ်... 😁

=====

အကယ်၍ အဲ့ဒီ Customer က ကိုယ်ရောင်းတဲ့ပစ္စည်းကို အရမ်းတွေကြိုက်သွားပြီး နောက်တစ်ခါထပ်လာဝယ်မယ်ဆိုရင်ကော?

ဒုတိယ တစ်ခါလာဝယ်လို့ 15000 ထပ်မြတ်မယ်ဆိုရင် အခု သင် စုစုပေါင်း 30000 မြတ်သွားပါပြီ

Customer တစ်ယောက်ရဖို့ 20000 ကျပြီး
Customer က ဒုတိယတစ်ခေါက်ပြန်လာတဲ့အတွက် 30000 ပြန်ရရင် မြတ်ပြီလို့ခေါ်လို့ရနိုင်မလား?

=====

ဒါကို Customer Lifetime Value လို့ခေါ််ပါတယ် ✅

Customer တစ်ယောက်က ကိုယ့်ဆီမှာ စျေးဝယ်ရင်
စုစုပေါင်းဘယ်လောက်ပမာဏသုံးလေ့ရှိလဲပေါ့?

တစ်ခါဝယ် (15000အမြတ်) x 2 ကြိမ်ဝယ် =
= 30000 အမြတ် (Customer Lifetime Value)

=====

တချို့ Page တွေကျတော့ Customer တစ်ယောက်​ရဖို့ Marketing စရိတ်အများကြီးသုံးရတတ်ပါတယ်

Customer Acquisition Cost မြင့်တယ်ပေါ့

ဒါပေမဲ့ Customer Lifetime Value သာ များများပြန်ရမယ်ဆိုရင် CAC များလဲ ကိစ္စမရှိတော့ပါဘူး

ဥပမာ သင်က Boost ဖိုး 8သောင်းသုံးလိုက်ပြီးတိုင်း
Customer တစ်ယောက်ရတယ်...

Customer တိုင်းက တစ်ခါဝယ်ရင်လဲ
5သောင်းဖိုးလောက်ပဲဝယ်လေ့ရှိတယ်...

ဒါပေမဲ့ သူတို့က အမြဲတမ်း ထပ်ခါထပ်ခါ ပြန်လာဝယ်ကြတယ်ဆိုရင် မြတ်တယ်ခေါ်မလား ရှုံးတယ်ခေါ်မလား?

2 ခါလောက်ပြန်လာဝယ်ရုံနဲ့တင် သင် မြတ်နေပါပြီ

=====

Page Admin အများစုက
Customer Acquisition Cost ကိုပဲ
အလေးထားလေ့ရှိကြတယ်

Customer တစ်ယောက်ရဖို့ Marketing စရိတ်
ငွေပိုနည်းနည်းသုံးရလေ၊ ပိုမြတ်လေပေါ့...

ဒါ့ကြောင့် Marketing Budget တွေကိုလျှော့သုံးဖို့
အမြဲတစေကြိုးစားနေတတ်ကြတယ်

CAC နည်းမှ ပိုမြတ်တာမဟုတ်ပါဘူး
CLV များရင်လဲမြတ်ပါတယ်

Customer တွေ ကိုယ့်ဆီကနေ
ထပ်ခါထပ်ခါဝယ်စေဖို့ဆိုရင်

1. Customer တိုင်းနဲ့ ခင်အောင်နေပါ
2. Post ပုံမှန်တင်ပါ
3. ပစ္စည်းရောက်ရဲ့လား၊ အဆင်ပြေလားပြန်မေးပါ

4. ပစ္စည်းအသစ်ရောက်တိုင်း Messenger ကနေ ပစ္စည်းအသစ်ရောက်ကြောင်း လိုက်အသိပေးပါ

5. Customer လုံးဝ​စိတ်ကျေနပ်လောက်တဲ့အထိ Customer​ Service အကောင်းဆုံးပေးပါ

6. နောက်တစ်ခါပြန်လာဝယ်ရင် ဘာပေးမယ်ဆိုပြီး Offer ပေးပါ (ဒါကို Marketing​ စရိတ်လို့တွက်လဲရပါတယ်)​

=====

Customer အသစ်ရှာတာကိုပဲ
Marketing လို့ခေါ်တာမဟုတ်ပါဘူး

ရှိပြီးသား Customer တွေ နောက်တစ်ခါထပ်ပြီး
ပြန်လာဝယ်အောင်လုပ်တာကလဲ Marketing ပါပဲ 💖

2 yrs - Translate

အိန္ဒိယအစိုးရက ပြည်တွင်းပဲဖူလုံရေးအတွက် ကုလားပဲ သွင်းကုန်ခွန်ကို ၂၀၂၅ မတ်လအထိ ပယ်ဖျက်လိုက်တဲ့နောက် နိုင်ငံတကာဈေးကွက်မှာ ကုလားပဲဈေး မြင့်လာပြီး သြစတြေးလျလို ကုလားပဲစိုက်ပျိုးထုတ်လုပ် တင်ပို့တဲ့နိုင်ငံက တောင်သူတွေကလည်း အိန္ဒိယ လုပ်ဆောင်ချက်ကို ကြိုဆိုကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် သြဇီတောင်သူတွေဟာ အိန္ဒိယကို ကုလားပဲ အခွန်လွတ် တင်ပို့ခွင့်ရမှာမို့လို့ ကုလားပဲ တိုးချဲ့စိုက်ပျိုးဖို့လည်း ပြင်နေပြီလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

image
2 yrs - Translate

ယနေ့ ရွှေဈေး (မေ - ၇ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၁၉ ဒေါ်လာ

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၄၇၆၀၀၀၀ ကျပ်
ဝယ်ဈေး ၄၇၂၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၄၅၆၀၀၀၀ ကျပ်
ဝယ်ဈေး ၄၅၂၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image
2 yrs - Translate

လူတစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူပါဘူး

သင်အရမ်းကြိုက်ပါတယ်ဆိုတဲ့ပစ္စည်းကို
သင့်ရဲ့ Customer​ တွေကြိုက်ချင်မှကြိုက်မှာပါ

အလားတူပဲ ကြော်ငြာဖန်တီးတဲ့အခါမှာလဲ
သင်​အကြိုက်ဆုံးပါဆို​တဲ့ကြော်ငြာကို
သင့် Customer တွေက ကြိုက်ချင်မှကြိုက်ကြမှာပါ ✅

=====

တခါတလေ ရေးချင်သလိုရေးလိုက်တာပဲ

ဒါပေမဲ့ဖြစ်သလိုရေးလိုက်တဲ့ Post က
လူကြိုက်များပြီး ပေါက်သွားတာမျိုး ကြုံဖူးလား?

စနစ်ကျတိုင်းလဲ လူကြိုက်များမယ်လို့မထင်ပါနဲ့

ကြော်ငြာတစ်ပုဒ်အတွက်
ပိုက်ဆံတွေ ဘယ်လောက်တောင်သုံးပြီး
ဘယ်လောက်ပဲ ပြည့်စုံနေအောင်ပြင်ဆင်ထားပါစေ

စိတ်ဝင်မစားတဲ့သူကတော့ကျော်ဖတ်သွားကြမှာပါပဲ🤷🏻‍♂️

=====

ဒါလေးတစ်ခုမှတ်ထားပါ ✅

ကျွန်တော်တို့ကြိုက်တဲ့ကြော်ငြာကို
Customer တွေက ကြိုက်ချင်မှကြိုက်မှာပါ

သေချာတာကတော့ ဖန်တီးထားတဲ့​ကြော်ငြာကို
ကျွန်တော်တို့ကြိုက်ဖို့ထက်၊
Customer​ တွေ​ကြိုက်နေဖို့က ပိုအရေးကြီးပါတယ်🌟

လူ့အလို နတ်မလိုက်နိုင် ဆိုသလို
သင့် Customer​ တွေက ဘယ်ကြော်ငြာကိုတော့
သဘောကျလိမ့်မယ်ဆိုတာမျိုး ခန့်မှန်းလို့မရပါဘူး

တင်ထားတဲ့ကြော်ငြာတွေအများကြီးထဲမှာမှ
ဘယ်ကြော်ငြာကိုတော့ လူအကြိုက်အများဆုံးလဲဆိုတာကိုတော့ စမ်းသပ်ကြည့်မှပဲသိရပါလိမ့်မယ်.. ✅

=====

ဥပမာ
- ကြော်ငြာ 3 ခု တင်လိုက်
- ကြော်ငြာ 3 ခု လုံးကို 5$ စီ Boost ကြည့်
- Message အများဆုံးဝင်တဲ့ ကြော်ငြာကိုရွေး
- အဲ့ဒီပိုစ့်ကို ဒေါ်လာများများထပ်သုံးတာမျိုးလုပ်ပါ

Message အများဆုံးဝင်တဲ့ ကြော်ငြာက
လူကြိုက်အများဆုံးကြော်ငြာဆိုတာ
Data အရ သေချာသလောက်ပါပဲ

ဒီထက်သေချာတဲ့ စမ်းသပ်မှုမျိုးမရှိတော့ဘူးဗျာ 😁

=====

လူကြိုက်အများဆုံးကြော်ငြာကို Boost လုပ်ရင်
Message အများကြီးဝင်မယ်ဆိုတာ
ကျွန်တော်မပြောလဲ Admin တိုင်းသိကြမှာပါဗျာ...

ဘယ်ကြော်ငြာကိုတော့ လူအကြိုက်အများဆုံးလဲဆိုတာကိုတော့ စမ်းသပ်ကြည့်မှပဲသိရပါလိမ့်မယ်.. ✅

=====

အကောင်းဆုံးကြော်ငြာဆိုတာမရှိပါဘူး...
စနစ်အကျဆုံးကြော်ငြာလောက်ပဲရှိပါမယ်

စနစ်အကျဆုံးကြော်ငြာကလဲ
လူအကြိုက်အများဆုံးကြော်ငြာ ဖြစ်ချင်မှဖြစ်မှာပါ

ဘယ်ကြော်ငြာကို လူကြိုက်အများဆုံးလဲဆိုတာကို
စမ်းသပ်ကြည့်မှပဲ သိနိုင်ပါလိမ့်မယ်.. ✅

ဘာလို့လဲဆိုရင် လူ့အလိုကို နတ်တောင်မလိုက်နိုင်လို့ပါ

ဒါ့ကြောင့် အမြဲစမ်းသပ်နေပါ 💖

2 yrs - Translate

မှတ်ဉာဏ်ကို ပိုတိုးတက်စေမယ့် နည်းလမ်း (၈) သွယ်

တစ်နေရာကို အမှုမဲ့ အမှတ်မဲ့ ရောက်လာပြီးမှ ငါ ဒီကို ဘာ့ကြောင့် လာခဲ့တာလဲ ဆို ပြန်စဉ်းစားရတဲ့ အဖြစ်အပျက်တွေ ခဏခဏ ကြုံနေပြီလား ။

တစ်နေ့တစ်နေ့ ပြေးလွှားလှုပ်ရှားနေရင်းနဲ့ မူလက လုပ်မယ်လို့ ရည်ရွယ်ထားတာတွေ မေ့သွားတာ ဖြစ်ဖူးလား၊ “ငါ အသက်ဒီလောက်ပဲ ရှိသေးတယ်၊ ဘာကြောင့် ဒီလောက်တောင် မေ့လွယ်ပျောက်လွယ်ရတာလဲ “ လို့ တွေးမိနေဖူးလား။ ဒီ နည်းလမ်းလေးတွေကို ဖတ်ကြည့်ပါ။ ဒါ သင့်မှတ်ဉာဏ်ကို ပို ကောင်းလာစေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

၁)ပီကေ ဝါးပါ
ပီကေဝါးတဲ့ လူတွေဟာ မှတ်ဉာဏ်တွေ ပိုကောင်းတယ်လို့ စမ်းသပ်ချက်တွေ အရ သိရပါတယ်။ အကြောင်းအရင်း အတိအကျကို မတွေ့ရှိသေးပေမယ့် ပီကေဝါးတဲ့ အခါ နှလုံးခုန်နှုန်းဟာ သာမန်ထက် မြန်လာပြီး ဦးနှောက်ဆီ အောက်ဆီဂျင်တွေ ပို ရောက်စေလို့ ဖြစ်နိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

၂) လက်နဲ့ ချ ရေးပါ
“ဒါလောက်များကတော့ ရေးမှတ်စရာ မလိုပါဘူး။ ဒီတိုင်း စိတ်နဲ့ မှတ်လည်း ရပါတယ် “ လို့ လူတော်တော်များများက တွေးတတ်ကြပါတယ်။ နောက်ပိုင်းကျရင် မေ့တတ်တာလည်း အဲဒီလူတွေပါပဲ။ ဒါကြောင့် ချရေးတာက ပို မှတ်မိစေပါတယ်။ ဖုန်း ၊ ကွန်ပျူတာတို့မှာ စာရိုက်ပြီး မှတ်သားထားတာထက် စာရင် လက်နဲ့ ကိုယ်တိုင်ချရေးတာက ဦးနှောက်မှာ ပို မှတ်မိစေပါတယ် လို့ အင်ဒီယားနား တက္ကသိုလ်က ဒေါက်တာ ဝပ်စ်မန်း က ဆိုပါတယ်။

၃) တရေး အိပ်ပါ
လေ့လာချက်တွေအရကတော့ တရေးလောက် အိပ်တာဟာ မှတ်ပြီးသားတွေကို ပို မှတ်မိစေပါသတဲ့။ စမ်းသပ်မှုတစ်ခုမှာ လူတစ်စုကို ရုပ်ပုံကားချပ်တွေ ပြပြီး အဲဒီလူတွေထဲက တစ်ဝက်ကို တရေးအိပ်စေခဲ့ပါတယ်။ အဲဒီနောက် ပြန်လည် စစ်ဆေးကြည့်တဲ့ အခါ တရေးအိပ်ခဲ့သူတွေဟာ မအိပ်သူတွေထက် ၆၀ ရာခိုင်နှုန်း ပိုမိုမှတ်မိနေပါသတဲ့။

၄) နည်းပညာ ပစ္စည်းတွေ သုံးစွဲမှုကနေ အချိန်တစ်ခု ယူပြီး အနားယူကြည့်ပါ
ဖုန်းတွေကို ခဏခဏ ထုတ် ပွတ်နေမိတာ၊ စောစောက တင်ထားတဲ့ status မှာ ဘယ်သူတွေ ဘာ comment ပေးနေမလဲ၊ ဓာတ်ပုံမှာ like ဘယ်လောက် ရနေမလဲ ၊ email ဘယ်နှစ်စောင် ဝင်နေမလဲ စသဖြင့် စိတ်လှုပ်ရှားတွေးတောနေတတ်တာဟာ မှတ်ဉာဏ်ကို ထိခိုက်စေသလို လက်ရှိအလုပ်အပေါ်မှာလည်း အာရုံမစိုက်နိုင် ဖြစ်စေပါတယ်။ အလုပ်တစ်ခုခု လုပ်နေချိန် ကြားမှာ ဖုန်းနဲ့ နည်းပညာ ပစ္စည်းတွေကို သံယောဇဉ်ဖြတ်ထားပါ။

၅) အလုပ်တွေ အများကြီး တပြိုင်တည်း လုပ်တဲ့ အကျင့်ကို ဖျောက်ပါ
တစ်ခုထက် ပိုတဲ့ အလုပ်တွေကို တပြိုင်တည်း လုပ်တာဟာ အတွေးပွားစရာတွေကို ပို များစေပြီး လက်ရှိအလုပ်ပေါ်ကို အာရုံစူးစိုက်နိုင်မှု ကျဆင်းစေပါတယ်။

၆) လေ့ကျင့်ခန်း လုပ်ပါ
ကိုယ်လက် လေ့ကျင့်ခန်းတွေ ပုံမှန် လုပ်တာကလည်း မှတ်ဉာဏ်ကို တိုးတက်စေပါသတဲ့။ အေရိုးဗစ်လေ့ကျင့်ခန်းတွေ၊ ရွရွပြေး(jogging) လုပ်တာတွေဟာ ဦးနှောက်ထဲက hippocampus ဆိုတဲ့ အပိုင်းကို င်္ဖွ့ ဖြိုးစေပါတယ်။ အဲဒီအပိုင်းဟာ မှတ်သားမှု၊ လေ့လာသင်ယူမှုတွေနဲ့ သက်ဆိုင်တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

၇) တရားထိုင်ပါ
စိတ်ဖိစီးမှုတွေ များလာတဲ့အခါ မှတ်သားနိုင်စွမ်းတွေ ကျဆင်းလာပါတယ်။ အဲဒီစိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ဖို့ ၊ စိတ်အာရုံစူးစိူက်တဲ့ အလေ့အကျင့်တွေ ရလာဖို့ တရားထိုင်ပါ။

၈) ဦးနှောက်ကို အလုပ်ပေးတဲ့ ဂိမ်းတွေ ကစားပါ
အလေ့အကျင့်ရှိနေမှသာ တိုးတက်ပြည့်စုံစေတာပါ။ ဦးနှောက်ကို အလုပ်ပေးတဲ့ ဉာဏ်စမ်းကစားနည်းတွေ၊ မှတ်ဉာဏ်ဂိမ်းတွေကို ကစားပါ။ ဒါပေမဲ့ လွယ်လွန်းတာတွေ ရွေး ဆော့နေမယ်ဆိုရင် ထိရောက်မှာ မဟုတ်ပါဘူး။ စိန်ခေါ်မှု မြင့်မားတဲ့ ဂိမ်းတွေ ရွေးကစားပါ။

image

?

❤️

2 yrs - Translate

Being loved by you gives me strength, while loving you deeply gives you happiness.♥️

image
2 yrs - Translate

ဝက်သားကိုမှ မအီအောင်ချက်ချင်တယ်ဆို
မျှစ်ချဉ်သာရောလိုက်..
#ဝက်မျှစ်ချဉ်ချဉ်စပ် ok !! ကြက်သား ပုစွန်လည်း
အစားသုံးလို့ရတယ်နော်..

ပါဝင်ပစ္စည်းများ
--------------------
ဝက်သားသုံးထပ်သား
ဝါးပိုးမျှစ်ချဉ်နုနု
ဆနွင်း
ဆီ
ငရုတ်သီးစိမ်း
သကြား
အစိမ်းမှုန့် သို့အရောင်တင်မှုန့်
အသားမှုန့်
ငံပြာရည်
ဆား
ကြက်သွန်နီ

-ပထမဆုံး ဝက်သားကိုရေဆေးပြီး ဆား နနွင်း အရောင်တင်မှုန် အသားမှုန့် သကြား နဲ့ နှပ်ထားမယ်
-မျှစ်ချဉ်ကိုရေတစ်ထပ်ဆေး နောက်တစ်ရေကျရင်အချဉ်ရေကိုသွန်မပစ်နဲ့ သိမ်းထားခန 😁 မျှစ်ချဉ်ဖတ်ကိုရေစစ်ထားပါ
,-ဆီပူပူမှာ ဝက်သားနဲ့ငရုတ်သီးစိမ်းရယ်ကြက်သွန်နီရယ်ထောင်းပီးသားကို ရောပြီးဆီသတ်မယ် ok
-ရေစစ်ထားတဲ့မျှစ်ချဥိကို ထည့်လုံးမယ်
-မွှေးနံ့ရရင် အရသာထည့်မယ် ခုနကဖယ်ခါးတဲ့မျှစ်ချဉ်ရေပြန်ထည့်မယ်..
-ပွက်ပွက်ဆူလာရင် အညာငရုတ်သီးထောင်းနဲ့သာပေါင်းလွေးလိုက်
အရသာပြည့်စုံတဲ့ထမင်းဝိုင်းဖြစိပြီပေါ့..
#cooking

image
2 yrs - Translate

ဘဝမှာ နာမည်ဖျက်တာ၊ တိုက်ခိုက်တာ​တွေ ကြုံဖူးကြမှာပါ။ အဲဒါကို တကယ်ယုံပြီး အထင်လွဲသွားသူ​တွေလည်း ရှိမှာပဲ။

ဒါ​ပေမဲ့ "ကိုယ်​ကောင်း​ရင် ​ခေါင်းမ​ရွေ့ဘူး" ဆိုတဲ့အတိုင်း ကိုယ်တကယ်​ကောင်းအောင်သာ ​နေပါ။ လွဲ​နေတဲ့ အထင်အမြင်​တွေပါ ပြန်တည့်လာပါလိမ့်မယ်။

အခိုက်အတန့်​တော့ ခါးသီးစရာ ​ကောင်း​ပေမဲ့ စိတ်ရှည်ရှည်သာ ထား။ အချိန်ကပဲ အရာအားလုံးကို အဆုံးအဖြတ် ​ပေးသွားတာပါပဲ။