2 yrs - Translate

ငွေထပ်ပိုသော်....

နာဗက်စ်ကတော့ အစက ဒီရာသီ ကုန်ရင် အသင်းက ထွကိဖို့ အတွက် စဉ်စားထားခဲ့တာပါ။ ဒါပေမယ့် အခုတော့ ဆီဗီလာ ရဲ့ ဥက္ကဌ နဲ့ စကားပြောခဲ့ပြီးတယ့်နောက် ဒါတွေဟာ ပြောင်းလဲသွားခဲ့ပါတယ် အခုဆိုရင် နာဗက်စ်က်ု ဆီဗီလာက တစ်သက်တာ စာချုပ်ကို ကမ်းလှမ်းခဲ့ပြီးဖြစ်ပါတယ်။

နာဗက်စ်က ဒါကို ချက်ချင်းလက်ခံခဲ့ပါတယ် ဒါအပြင်လစာလုံး၀မယူပဲ နှစ်ကုန်ထိ‌ ဆော့ပေးမှာ ဖြစ်ပါတယ် ဒါ့အပြင်ပြီးရင် နည်းပြ ရာထူးကို စိတ်၀င်စားတယ့်ရင် ဝင်လုပ်လို့ရပါသေးတယ်။။ ပိုမိုက်တာ က နာဗက် မယူတယ့် လစာ အကုန်လုံးကို ဆီဗီလာက ပြန်လှူမှာဖြစ်ပါတယါ။

အရာရာ ငွေနဲ့ စက်ရုပ် တွေဖြစ်နေတယ့် ခေတ်ကြီးမှာ ဒါတွေဟာ သိပ်ချစ်ဖို့ ကောင်းတယ့် အရာတွေဖြစ်ပါတယ်။

image
2 yrs - Translate

London, UK 💜💜💜💜

image
2 yrs - Translate

သင် ပုံမှန် ထိတွေ့နေတဲ့ အရာတွေထဲက အညစ်ပတ်ဆုံး အရာ (၅) ခု

Time မဂ္ဂဇင်း website က ဖော်ပြထားတဲ့ စာရင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ညစ်ပတ်တယ်ဆိုတာ အမြင်အားဖြင့် ညစ်ပတ်တာထက် ဘတ်တီးရီးယား ပိုးမွှားတွေ တွယ်ကပ်နေတတ်တာမျိုးကို ပြောတာပါ။

၁) လက်သုတ်ပဝါ တွေ – လက်ဆေးတဲ့ ဘုံဘိုင်တွေနားမှာ ထားတတ်တဲ့ လက်သုတ်ပဝါတွေဟာ ကျွန်တော်တို့ နေ့စဉ်ထိတွေ့နေကျ အရာတွေထဲက အညစ်ပတ်ဆုံးအရာတစ်ခု ဖြစ်ပါတယ်။ လူတော်တော်များများဟာ လက်ကို အသေအချာ မဆေးကြဘဲ အဖြစ်သဘောလောက် ဆေးပြီး လက်လာသုတ်တတ်ကြပါတယ်။ ပြီးတော့ ရောဂါဖြစ်စေတဲ့ ဘတ်တီးရီးယားတွေဟာ စိုစွတ်နွေးထွေးတဲ့ နေရာတွေမှာ ပေါက်ဖွားတတ်ကြပါသတဲ့။ ဒါကြောင့် လက်သုတ်ပဝါတွေကို ၂ ရက်မှာ တစ်ခါ လျှော်ဖွပ်သင့်ပါသတဲ့။

၂) သွားပွတ်တံ ထည့်တဲ့ ခွက် – ၂၀၁၁ ခုနှစ်မှာ လေ့လာတွေ့ရှိချက်တစ်ခု အရ မိသားစုရဲ့ သွားပွတ်တံတွေ စုပြီး ထည့်ထားတဲ့ ခွက်တွေ၊ ခြင်းတွေ ထဲမှာ လူကို နာမကျန်းဖြစ်စေနိုင်တဲ့ Coliform bacteria တွေ ၂၇ ရာခိုင်နှုန်းအထိ ပါဝင်နေတတ်ပါတယ်။

၃) ရေမြုပ် – အိုးခွက်ပန်းကန်တွေ ဆေးတဲ့ ရေမြုပ်တွေမှာလည်း Coliform bacteria တွေ နေထိုင်ပေါက်ဖွားတတ်တာမို့ ညစ်ပတ်တဲ့ အရာတွေထဲမှာ ပါဝင်ပါတယ်။

၄) မိုဘိုင်းဖုန်းတွေ – ဟုတ်ပါတယ် ။ ကျွန်တော်တို့ သုံးတဲ့ ဟမ်းဖုန်းတွေပါ။ ဖုန်း ခြောက်လုံးအနက် တစ်လုံးမှာ ဘတ်တီးရီးယား အမှုန်အမွှားတွေ ရှိနေတတ်ပြီး ဖုန်း screen ဟာ ဖုန်း တစ်ခုလုံးမှာ အညစ်ပတ်ဆုံး ဖြစ်ပါတယ် တဲ့။

၅) ဈေးခြင်းတောင်း / လက်တွန်းလှည်းများ – ဈေးဝယ်ရာမှာ အသုံးပြုတဲ့ ခြင်းတောင်းတွေ /လက်တွန်းလှည်းတွေ မှာ လည်း ရောဂါပိုးမွှားတွေ အများအပြားပါဝင်နေတတ်ပါတယ်။ အကြောင်းအရင်းကတော့ ဈေးဝယ်တဲ့ အခါမှာ အသားစိမ်း၊ အသီးအရွက်စိမ်းတွေကို ထိတွေ့ကိုင်တွယ်ပြီးရင် အဲဒီ ခြင်းတောင်းတွေကို ပြန် ကိုင်ကြတာမို့ ပဲ ဖြစ်ပါတယ်။

လူတော်တော်များများက ခံနိုင်ရည် ရှိပေမယ့် မသန့်ရှင်းတဲ့ ၊ ဘတ်တီးရီးယားတွေ ရှိနေတဲ့ အရာတွေနဲ့ ရေရှည်ထိတွေ့တဲ့ အခါမှာ အရေပြားရောဂါ အပါအဝင် အခြားရောဂါတွေ ဖြစ်နိုင်ပါတယ်။ ညစ်ပေနေတဲ့ လက်နဲ့အစားအသောက်တွေ ကိုင်တွယ်မိရင် ဝမ်းရောဂါလို ရောဂါမျိုးတွေ ဖြစ်တတ်သလို မျက်နှာတွေ မျက်လုံးတွေ ကိုင်တွယ်မိရင်လည်း ပိုးဝင်တာ၊ ယားယံတာတွေ ဖြစ်စေတတ်ပါတယ်။ အကောင်းဆုံးကတော့ လက်ဆေးတဲ့ Hand Gel ကို သွားလေရာ ဆောင်ထားပြီး ပုံမှန် သန့်ရှင်းရေးလုပ်တာမျိုး နဲ့ ကာကွယ်တာပါပဲ။ အဲဒီလိုမှ မဟုတ်ဘဲ လက်ကို ဂရုတစိုက် ဆေးတတ်တဲ့ အလေ့အကျင့်ကို မွေးမြူထားတာဟာလည်း ကျန်းမာရေးအတွက် ကောင်းတဲ့ အကျင့်ပဲ ဖြစ်ပါတယ်။

Ref:TIME; 5 Dirtiest Things You Touch Everyday

image
2 yrs - Translate

သိဖို့😏😏😏

image

weekly outfit post

2 yrs - Translate

(၁၉.၅.၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
-----------------------
👉၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး -၃,၉၉၉,၂၀၀ ကျပ်
ပြင်ပပေါက်စျေး- ၅,၀၄၀,၀၀၀ ကျပ်

👉အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၀၀၀ ကျပ်(ဝယ်)၊ ၄၀၅၀ ကျပ်(ရောင်း)

👉စက်သုံးဆီ
Octane 92 - ၂၆၂၅ ကျပ်
Octane 95 - ၂၇၅၀ ကျပ်
Premium Diesel - ၂၃၉၅ ကျပ်
Diesel - ၂၃၄၅ ကျပ်

ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာဒေသအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

image

Lazy Cat

2 yrs - Translate

🌿တစ်ပတ်တာ ရန်ကုန်၊ မတ်ပဲ FAQ ဈေးနှုန်း အတက်အကျ (၁၃.၅.၂၀၂၄ - ၁၈.၅.၂၀၂၄)

✅တနင်္လာနေ့ - ၃၁၄၉,၀၀၀ ကျပ်
✅အင်္ဂါနေ့ - ၃၂၀၀,၀၀၀ ကျပ်
✅ဗုဒ္ဓဟူးနေ့ - ၃၁၉၇,၀၀၀ ကျပ်
✅ကြာသပတေးနေ့ - ၃၂၃၂,၀၀၀ ကျပ်
✅သောကြာနေ့ - ၃၂၃၀,၀၀၀ ကျပ်
✅စနေနေ့ - ၃၂၇၀,၀၀၀ ကျပ်

မှတ်ချက် - ဘုရင့်နောင်ကုန်စည်ဒိုင်တွင်
နေ့စဉ် ထုတ်ပြန်နေသည့် မတ်ပဲ FAQ
မက်ထရစ် တစ်တန်ဈေးနှုန်း ဖြစ်သည်။

👉 တစ်ပတ်တာလုံးနီးပါး မတ်ပဲဈေး
ဆက်တိုက် မြင့်တက်ခဲ့ပြီး
သီတင်းပတ်စ တနင်္လာမှ စနေအထိ
စုစုပေါင်း ကျပ် ၁၂၀၀၀၀ ကျော် မြင့်လာသည်။

👉 မတ်ပဲဈေး တက်လာချိန်တွင်
ပဲစင်းငုံနီ RC သည်
ဖေဖော်ဝါရီလက ရောက်ခဲ့သော
အမြင့်ဆုံးစံချိန် တစ်တန်
ကျပ် ၄၂ နီးပါးဈေးကို ကျော်လွန်၍
နောက်စံချိန်သစ်အဖြစ်
တစ်တန် ကျပ် ၄၃ သိန်းကျော်အထိ ရောက်ရှိခဲ့သည်။

👉 မတ်ပဲ FAQ ၏ အမြင့်ဆုံးစံချိန်သည်
ကျပ် ၃၅ သိန်း ဖြစ်သောကြောင့်
အဆိုပါစံချိန်ကို ပြန်ရောက်ဖို့ မလိုတော့ဘဲ
ရှေ့ဆက် တက်နိုင်မလားကို
စောင့်ကြည့်ရတော့မည် ဖြစ်သည်။

image
2 yrs - Translate

Favorite Flowers 🤍✨💛

image
2 yrs - Translate

Favorite Flowers 🤍✨💛

image