2 yrs - Translate

ဥရောပရွှေဖိနပ်ဆုရှင် ဟယ်ရီကိန်း

၂၀၂၃/၂၄ ဘောလုံးရာသီရဲ့ ဥရောပရွှေဖိနပ်ဆု European Golde Shoe ကိုတော့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းက သိမ်းပိုက်ခဲ့ပါပြီ။

ဟယ်ရီကိန်းက ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အတွက် လိဂ်ဂိုး၃၆ဂိုးအထိ သွင်းယူခဲ့ပြီး ဘွန်ဒက်စ်လီဂါရဲ့ သွင်းဂိုးအများဆုံး ကစားသမားဖြစ်ခဲ့တာပါ။ ဥရောပ ရွှေဖိနပ်ဆုအတွက် ကီလီယမ်အမ်ဘာပေ၊ ဆာဟူးဂူရာစီ၊ အာလင်းဟာလန်း၊ လော်တာရိုမာတီနက်ဇ်တို့ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု၊ ကမ္ဘာ့‌ဖလားရွှေဖိနပ်ဆုရှင် အင်္ဂလန်သားက သူရဲ့ဘွန်ဒက်စ်လီဂါ ပထမဆုံးရာသီမှာ လိဂ်ရဲ့ ရွှေဖိနပ်ဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ဥရောပရွှေဖိနပ်ဆုကိုပါ သူရဲ့ကစားသမားဘ၀မှာ ပထမဆုံးသိမ်းပိုက်နိုင်ခဲ့တာပါ။

European Golden Shoe ကို အများဆုံး သိမ်းပိုက်ထားတာက လီယွန်နယ်မက်ဆီ (၆ကြိမ်)ဖြစ်ပြီး ‌ခရစ္စတီယာနိုရော်နယ်လ်ဒိုက ၄ကြိမ် သိမ်းပိုက်ထားခဲ့ပါတယ်။
တစ်ကိုယ်တော်ဆုတွေနဲ့အမြဲကျေနပ်နေရတဲ့ ကိန်းတစ်ယောက် လာမယ့်ပြိုင်ပွဲ၊ လာမယ့်ဘောလုံးရာသီတွေမှာတော့ အသင်းနဲ့အတူ ဆုဖလားတွေ ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်မိကြောင်း...

image
2 yrs - Translate

My Height !💔😔

image
2 yrs - Translate

Denim Jacket

ဘယ်တော့မှ ဒိတ်အောက်သွားမှာမဟုတ်တဲ့ အဝတ်အစားတွေထဲ Denim Jacket တွေကလည်း ထပ်ဆုံးကပေါ့။ ☝️
ရာသီမရွေးရွေးချယ်နိုင်တဲ့
Denim Jacket တွေကို oversized
ရွေးမလား၊ အရမ်းမပွတာမျိုး
ရွေးမလား စဥ်းစားရုံပါပဲ။
ကိုယ်ကဘောင်းဘီတို၊
စကတ်တိုလေးတွေ ဝတ်တာများရင် နည်းနည်းပွတာမျိုး ရွေးနိုင်ပြီး
Denim on Denim ပုံစံမျိုးဝတ်မယ်ဆိုရင်တော့ သိပ်ပွတာမရွေးစေချင်ပါဘူးလို့...

image
2 yrs - Translate

အားကျပါတယ်ဝက်သားတုတ်ထိုးစားရတဲ့ခွေး

image

?

?

pan Roger changed his profile picture
2 yrs

image

image

image
2 yrs - Translate

သုံးမိနစ်မန်ယူ ဖြစ်တည်ခဲ့ခြင်းဟာ
၂၅ နှစ်ပြည့်မြောက်ခဲ့ပြီ
----------------------
၁၉၉၉ ခုနှစ်ရဲ့ အခုလိုနေ့မျိုးမှာပေါ့။ မန်ယူအသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို နောက်ကျမိနစ်သွင်းဂိုးတွေနဲ့ အနိုင်ယူပြီး အင်္ဂလန်ကလပ်အသင်းတွေထဲ ချန်ပီယံလိဂ်အပါအဝင် ဖလားသုံးလုံးအောင်မြင်မှုရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်ယူအသင်းဟာ ဘိုင်ယန်မြူးနစ်ကို ပွဲအစ ၆ မိနစ်ကတည်းက ဘက်စ်လာရဲ့သွင်းဂိုးကြောင့် နောက်ကလိုက်ကစားခဲ့ရပြီး ၉၀+၁ မိနစ်နဲ့ ၉၀+၃ မိနစ်တို့မှာ ရှရင်ဂမ်၊ ဆိုးလ်ရှားတို့ရဲ့ သွင်းဂိုးတွေကြောင့် အနိုင်ရရှိခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာတော့ မြန်မာပြည်ပရိသတ်တွေအကြားမှာ သုံးမိနစ်မန်ယူဆိုတာ ရေပန်းစားလာခဲ့ပြီး ပရိသတ်အင်အားလည်း အလုံးအရင်းနဲ့ များပြားလာခဲ့တယ်လို့ ဆိုကြပါတယ်။ အဆိုပါဘောလုံးရာသီမှာ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းကို တစ်မှတ်အသာနဲ့ ကျော်ဖြတ်ကာ ဗိုလ်စွဲခဲ့တာဖြစ်ပြီး အက်ဖ်အေဖလားဗိုလ်လုပွဲမှာတော့ နယူးကာဆယ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီနေ့ဟာ မန်ယူပရိသတ်တွေအတွက်တော့ အမှတ်တရနေ့ရက်ဖြစ်ပြီး
သုံးမိနစ်မန်ယူဖြစ်တည်လာခဲ့ခြင်း
၂၅ နှစ်ပြည့်လို့လည်း ဆိုနိုင်ပါတယ်။

image