2 yrs - Translate

(၂၆.၅.၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
-----------------------
👉၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး -၃,၉၉၉,၅၀၀ ကျပ်
ပြင်ပပေါက်စျေး- ၅,၂၀၀,၀၀၀ ကျပ်

👉အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၁၅၀ ကျပ်(ဝယ်)၊ ၄၂၀၀ ကျပ်(ရောင်း)

👉စက်သုံးဆီ
Octane 92 - ၂၆၂၅ ကျပ်
Octane 95 - ၂၇၃၅ ကျပ်
Premium Diesel - ၂၃၈၅ ကျပ်
Diesel - ၂၃၃၅ ကျပ်

ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာဒေသအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

image

image
2 yrs - Translate

Google Search ကို ယှဉ်ဖိုက်မယ့် Search Engine ကို ဖန်တီးနေတဲ့ OpenAI
============================================
Google က OpenAI ရဲ့ ChatGPT ကို ယှဉ်ဖိုက်မယ့် Gemini ကို ဖန်တီးခဲ့သလို OpenAI ကလည်း Google Search ကို ယှဉ်ဖိုက်မယ့် Search Engine ကို ဖန်တီးနေပါတယ်။ OpenAI ဟာ Google Search ကို ယှဉ်ဖိုက်ဖို့ ChatGPT မှာ Search Feature ကို ထည့်သွင်းမှာ ဖြစ်ပါတယ်။ အဲဒီလို ထည့်သွင်းဖို့အတွက် OpenAI ဟာ Google အင်ဂျင်နီယာတွေကို အလုပ်ခေါ်နေပါတယ်။
Bloomberg က OpenAI ဟာ အင်တာနက်မှာ ရှာဖွေမှု ပြုလုပ်ကာ နောက်ဆုံး သတင်းအချက်အလက်တွေကို ပံ့ပိုးပေးနိုင်တဲ့ Search Feature ကို ChatGPT မှာ ထည့်သွင်းဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။ OpenAI ဟာ Google အင်ဂျင်နီယာ ဘယ်နှစ်ယောက်ကို ခေါ်ယူထားပြီးပြီလဲဆိုတာ မသိရသေးပေမယ့် Google Search ဌာနမှ အင်ဂျင်နီယာတွေကို အသည်းအသန်ငှားရမ်းနေပါတယ်။
Google Search ရဲ့ သက်တမ်းဟာ နှစ်ပေါင်းများစွာ ရှိပြီ ဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ သုံးစွဲသူ သန်းပေါင်းများစွာ ရှိပါတယ်။ အဲဒီလို စွမ်းရည်မြင့်တဲ့ Google Search ကို ယှဉ်ဖိုက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ Google ကလည်း ပြိုင်ဖက် အသစ်တွေ ထွက်ပေါ်လာမယ်ဆိုတာ သိနေလို့ Google Search မှာ AI Feature တွေ ထည့်သွင်းပေးနေပါတယ်။
Ref : gizmochina
DigitalTimes

image

Hair Color

Wow

2 yrs - Translate

အဆင်ပြေရဲ့လား...
ခုရက်ပိုင်း နေထိုင်ရှင်သန်ရတာအဆင်ပြေရဲ့လား
အမြဲတမ်း အဆင်ပြေနေတဲ့သူရယ်လို့တော့ မရှိဘူးပေါ့နော်...
ဘာအတွက်ကြောင့်မှ ကြာကြာလေးစိတ်မညစ်ပါနဲ့
ဒီအချက်လေးတွေ ပြန်ပြီးသတိရပေးပါဦး...
မပျော်ရွှင်စရာတွေကိုလည်း ဖြတ်ကျော်ခဲ့ပြီးပြီ...
အထီးကျန်ဝမ်းနည်းရချိန်တွေလည်း ကျော်လွန်နိုင်ခဲ့ပြီပဲ...။

ဘယ်သူမှ ရှိမနေဘူးလို့အတွေးဝင်ချိန်မှာတောင်
မင်းအတွက် မင်းပဲရှိနေပေးခဲ့တယ်မို့လား...
တချို့နေ့တွေမှာ မင်း ဝမ်းနည်းလို့ရပါတယ်
အဆင်မပြေနေဘူးလို့ခံစားရတဲ့အခါ ငိုလိုက်လို့ရတယ်...
ဒါပေမယ့် အချိန်တော့သိပ်မကြာစေနဲ့ပေါ့...
မနက်​ဖြန်တွေဆိုတာရှိနေသေးတယ်မဟုတ်လား...။

ဒီလိုအရာတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်မယ်ဆိုတာ
ယုံကြည်ပြီးသားမို့...
ဘာပဲဖြစ်ဖြစ် မင်းနဲ့အတူရှိပေးနေမယ်နော်
မင်းက ကြံ့ခိုင်ပြီးသားမို့လေ...။

အခုရက်ပိုင်းမှာ မိုးတွေနေ့တိုင်းလိုလိုရွာနေတယ်...
ထီးယူဖို့မမေ့နဲ့...မိုးလည်းမမိစေနဲ့
မိုးအေးတဲ့အခါ အနွေးထည်လေးဝတ်ဖို့သတိရပေး
Coffeeနွေးနွေးလေးနဲ့ ရင်ကိုနွေးထွေးစေဦး...
ဘယ်ကိုသွားသွား အစစအရာရာဂရုစိုက်နော်...
ချမ်းအေးတဲ့အခါ စိတ်ကလေးနဲ့နွေးထွေးပေးပါ့မယ်...အဆင်ပြေပြေလေးရှိနေပေးမယ်မို့လား...။

#လုံးလုံးလေး
#သို့...
#pinterest

image
2 yrs - Translate

လက်ရှိဘာတွေလုပ်နေလဲဆိုတာ
ဘယ်သူ့ကိုမှအသိမပေးဘူး။

ချစ်ခြင်းမေတ္တာနဲ့အိပ်မက်အ​ကြောင်းကိုလဲ
ဘယ်သူ့ကိုမှ မပြောပြဘူး။

ဘယ်သူဘာပြောပြော
ပြုံးပြီး သည်းခံလိုက်တယ်။

လူတွေက အားပေးမှာထက်
တွန်းချမယ့်သူတွေကခပ်များများရယ်။

🖤☘️
#ဖားစည်ရည်ကျော်
24.5.2024

image
2 yrs - Translate

အားနာတတ်တဲ့ စိတ်ကြောင့်ပဲ
ပညာရေးမှာ အားနည်းခဲ့တာ ငယ်ငယ်က ဆရာမစာသင်နေရင် အားနာလို့သာခေါင်းငြိမ့်ပြီး နားလည်သလိုလုပ်ခဲ့တာ...

တကယ်တော့ နားမလည်ဘူးရယ်...
ဆရာမက နားမလည်ရင်ပြန်မေးဆိုရင်လည်း
အားနာလို့ ပြန်မမေးခဲ့ဘူး...

image
2 yrs - Translate

ချစ်ခြင်းမေတ္တာ ဆိုတာလေ
ထိတွေ့ကိုင်တွယ်လို့မရပေမယ့်
ခံစားလို့ရတယ် ။

နီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ
သူ့ကြောင့် ကိုယ့်စိတ်လေးအေးချမ်းနေရင်
ဒါဟာ ချစ်ခြင်းမေတ္တာပဲပေါ့ကွယ် ။

#ခက်နှောင်

💭 || 24.5.2024

image
2 yrs - Translate

ရွာနေတဲ့ မိုးစက်မိုးပေါက်တွေကို ကြည့်ပြီး
ကိုယ့်နာကျင်ခြင်းတွေကို နှစ်နှစ်ခြိုက်ခြိုက်နဲ့
ပြန်တွေးဖူးလား ...

နာကျင်ခြင်းတွေကလေ...
အစပိုင်း သေလောက်အောင်နာကျင်ရတယ်
ပြီးတော့ ...
မေ့နိုင်ဖို့သေလောက်အောင် ကြိုးစားရတယ်

နောက်ဆုံးကျ ...
အသားကျသွားတာမဟုတ်ဘူး
ကျင့်သားရသွားတာလဲမဟုတ်ဘူး

နာကျင်ရခြင်းတွေမှာ
နှစ်သက်သွားတာမျိုးပေါ့ ...

မိုးတွေ ရွာနေတာကိုကြည့်ပြီး
မင်းကို တစိမ့်စိမ့်လွမ်းရတာကို ကြိုက်တယ်
မိုးရေနဲ့အတူ ရောပြီး မျက်ရည်ကျရတာကို ကြိုက်တယ်

မင်းကို မုန်းတယ်ဆိုတဲ့ စကားကိုရေရွှတ်ပြီး
မင်းကို လွမ်းနေရတာကို သဘောကျတယ်လေ။

#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)

image