1 y - Translate

Welcome to Austria 🧡🧡🧡🧡

image
1 y - Translate

လေယာဉ်နဲ့ ခရီးသွားရင် ဘာတွေ လိုအပ်လဲ 😊
1. Airticket ကို ကြိုဖြတ်ပါ ( တလလောက် ကြိုဖြတ်ရင် ပုံမှန်ဈေးနဲ့ ရပါတယ်)ရက်နီးလေ ဈေးကြီးလေပါ
2. လေယာဉ်လက်မှတ် ကြိုဝယ်တဲ့ အခါ Kg 30/40 ပါတာမျိုးကို တခါတည်း ရွေးဝယ်ပါ လေဆိပ်ရောက်မှ Kg ဝယ်ရရင် အရမ်းဈေးကြီးပါတယ်
3. လေယာဉ်မထွက်မှီ International ဆို 3 နာရီ ကြိုရောက်အောင် သွားပါ / Local ဆို 2 နာရီ ကြိုသွားပါ
( ထိုင်ခုံနေရာ ကောင်းကောင်း ရွေးဖို့ အတွက်ပါ )
4. လေယာဉ်ကွင်း ရောက်တာနဲ့ Check In ဝင်ရပါမယ် Check in ဝင်တဲ့ အခါမှာ Luggage 24 & 29 & 32 တို့ကို တခါတည်း အပ်ပြီး Boarding Pass (လေယာဉ်လက်မှတ် ) ထုတ်ရမှာပါ
5. Check in ဝင်ရင်း ကိုယ်လိုချင်တဲ့ Seat Number ကို တခါတည်းပြောလို့ရပါတယ်
6. ပြတင်းပေါက် နားကို Window seat လို့ ခေါ်ပါတယ် တခါတည်း ပြောပြီး ရွေးပါ
7. (Check in ဘယ်နေရာမှာ ဝင်ရမှန်း မသိတဲ့သူတွေအတွက် --> online က ဖြတ်ထားတဲ့ E-ticket ကို Print ထုတ်သွားပါ / ကိုယ်သွားမယ့် လေယာဉ် နံပါတ် နဲ့ အချိန်ကို မှတ်ထားပြီး လေယာဉ်ကွင်းရှိ LED Board / TV screen မှာ လေယာဉ်လက်မှတ်ထုတ်ရမယ့်နေရာကို Check-In လို့ခေါ်ပြီး line no A,B,C, D စသည်ဖြင့် ရေးထားပါတယ် မျှားညွှန်တဲ့ အတိုင်း သွားရင် ရပါပြီ)
8. Check-in ဝင်ဖို့ မလိုတဲ့ ပစ္စည်းများ
Laptop / Power Bank / Ph / Tablet / အခြား တကိုယ်ရေတကိုယ်ထ သယ်ချင်တဲ့ ပစ္စည်းများ
9.. Check-in မှာ ထားခဲ့စရာမလိုတဲ့ Luggage Size (လေယာဉ်ပေါ် သယ်သွားလို့ ရတဲ့ size)
ပြည်ပ ဆိုရင် 20/ 22 (7kg)
ပြည်တွင်း ဆိုရင် 20 (5kg)
10. Check In ပြီးတာနဲ့ Immigration ဖြတ်ရပါမယ်ရှင့် ( International မှာ ခလေးပါရင် ဦးစားပေး အခန်းရှိပါတယ် အာ့ဘက်မှာ သွားတန်းစီပါ ခလေးနဲ့ သက်ကြီးရွယ်အို ကို သီးသန့် Immigration စစ်ပေးပါတယ် အရမ်းမြန်ပါတယ် တန်းစီစရာကို မလိုသလောက်ပါ) ပုံမှန်လူတွေကတော့ ပုံမှန်နေရာမှာပဲ Immigration တန်းစီပါ
11. Immigration တန်းစီနေတုန်း Passport / လေယာဉ်လက်မှတ် အသင့်ထုတ်ထားပါ လေယာဉ်ရပ်ထားတဲ့ နေရာကို ဆင်းရပါမယ် အာ့ကို Gate လို့ ခေါ်ပါတယ်
12. Gate 8/9/10 စသည်ဖြင့် ရှိပါတယ် အာ့ကို ကြည့်ပြီး ထိုင်စောင့်ရုံပါပဲ
16. Gate open လုပ်တဲ့ အခါမှာ သက်ကြီးရွယ်အိုနဲ့ Business class ကို အရင်ခေါ်ပါတယ် အာ့နောက်မှာမှ Economy က ဝင်လို့ရတာပါ
ဒီအထိက Check in ဝင်ပြီး လေယာဉ်ပေါ် ရောက်တဲ့ အထိပါ။

လေယာဉ်ဆိုက်ရောက်တဲ့ အခါ ဘယ်လိုဆက်သွားရမလဲ
- ပထမဆုံး လေယာဉ်ပေါ်က ဆင်းဆင်းချင်း Baggage Claim No ကို သေချာမှတ်ပါ ( မမှတ်မိပါက ဓာတ်ပုံ ရိုက်ထားပါ) မင်မင်ဆို ပုံရိုက်ထားပါတယ်
- Immigration ဖြတ်ပါ ( International မှာ ခလေးပါရင် ဦးစားပေး အခန်းရှိပါတယ် အာ့ဘက်မှာ သွားတန်းစီပါ ခလေးနဲ့ သက်ကြီးရွယ်အို ကို သီးသန့် Immigration စစ်ပေးပါတယ် အရမ်းမြန်ပါတယ် တန်းစီစရာကို မလိုသလောက်ပါ) ပုံမှန်လူတွေကတော့ ပုံမှန်နေရာမှာပဲ Immigration တန်းစီပါ
- Immigration တန်းစီနေတုန်း Passport / လေယာဉ်လက်မှတ် အသင့်ထုတ်ထားပါ
- Immigration ပြီးတာနဲ့ Baggage Claim ဖို့ သွားပါ ( များသောအားဖြင့် လေယာဉ်ပေါ်က ဆင်းတာနဲ့ Baggage claim တဲ့ နေရာထိကို တနာရီ ဝန်းကျင်ကြာပါတယ်) အာ့မှာ ကိုယ်အပ်ထားတဲ့ Luggage ကို ထုတ်ပါ
- Luggage ထုတ်ပြီး သက်ဆိုင်ရာ Taxi / Bus / BTS စသည့်ဖြင့် အလွှာလိုက် ခွဲထားတဲ့နေရာကို သွားပါ ။

image
1 y - Translate

အသင်းကရောင်းချင်ပေမယ့် ပါတေး အာဆင်နယ်မှာပဲ ဆက်နေချင်

အာဆင်နယ် ကတော့ လာမယ့် နွေမှာ အိုဒီဂတ်, ရိုက်စ် နဲ့ ဂျော်ဂင်ဟိုကလွဲလို့ ကွင်းလယ်ကစား သမားတော်တော်များများ ရောင်းချဖို့ ပြင်ဆင်လာပါတယ်။ ပါတေးကတော့ အရောင်စရင်းတင်တယ့် ကစားသမားထဲမှာပါနေပေမယ့် ကစားသမားကတောဘ စာချုပ်ကုန်တယ့် အထိ အသင်းမှာ ဆက်နေချင်နေပါတယ်။ အာဆင်နယ်ကတော့ ပါတေးကို ၂၅ သန်းလောက်နဲ့ ဆော်ဒီကို ရောင်းချင်နေပါတယ်။

image
1 y - Translate

ဘယ် market မှာမဆို
သတင်းတွေက 100% ဦးဆောင်တယ်

လက်ရှိက သတင်းခေတ်
ကမ္ဘာ့စျေးကွက်တွေလည်း သတင်းတွေနဲ့ပဲ အရွေ့တစ်ခုဖြစ်တာပါ ။

တစ်ခါတလေ စျေးကွက်မှာ လိုအပ်လို့ထွက်လာတဲ့ သတင်းရှိသလို
စျေးလှန့်တတ်တဲ့ သတင်းတွေလည်းရှိတယ် ။

အဲ့ဒါကို confirm မဖြစ်တဲ့ သတင်းတွေနဲ့ ကြောက်ဝယ်ဝယ်ရင်း စျေးကပြန်ကျ
ကြောက်ပြီးပြန်ရောင်းနဲ့ စျေးတန်းတခုလို ဖြစ်လာပါရော ။

ငွေကြေးဖောင်းပွမှုကြောင့် ငွေတန်ဖိုးကျတာကတစ်မျိုး စျေးကွက်နားမလည်ပဲ
အရောင်းအဝယ်လုပ်ရင်း ရှုံးတာကတစ်ဖုံနဲ့ အကြိမ်ကြိမ်အခါခါ ရှုံးရင်းးးပေါ့ ။

စျေးကွက်ကို နားမလည်ရင်တောင်
သေချာတဲ့ သတင်း source ကို
ရှာတတ်ဖို့လိုပါတယ် ။ သတင်းတွေ့တိုင်းလည်း မယုံနဲ့ ။

image
1 y - Translate

29.5.2024

🇺🇸အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၃၀ ကျပ်
ဝယ်ဈေး - ၄၂၇၀ ကျပ်

🇸🇬စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၂၈၅ ကျပ်
ဝယ်ဈေး - ၃၂၀၅ ကျပ်

💶ယူရို
ရောင်းဈေး - ၄၉၆၈ ကျပ်
ဝယ်ဈေး - ၄၇၃၃ ကျပ်

🇹🇭ထိုင်းဘတ်
ရောင်းဈေး - ၁၂၄ ကျပ်
ဝယ်ဈေး - ၁၁၈ ကျပ်

🇲🇾မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၄၃ ကျပ်
ဝယ်ဈေး - ၉၁၄ ကျပ်

🇨🇳တရုတ်ယွမ်
ရောင်းဈေး - ၆၁၁ ကျပ်
ဝယ်ဈေး - ၅၉၆ ကျပ်

🇯🇵ဂျပန်ယန်း
ရောင်းဈေး - ၂၈.၉၆ကျပ်
ဝယ်ဈေး - ၂၇.၅၉ ကျပ်

🇮🇳အိန္ဒိယရူပီး
ရောင်းဈေး - ၅၄.၇၂ ကျပ်
ဝယ်ဈေး - ၅၂.၁၃ ကျပ်

🇰🇷ကိုရီးယားဝမ်
ရောင်းဈေး - ၃.၃၄ ကျပ်
ဝယ်ဈေး - ၃.၁၈ ကျပ်

💷စတာလင်ပေါင်
ရောင်းဈေး - ၅၉၁၅ ကျပ်
ဝယ်ဈေး - ၅၆၃၅ ကျပ်

🇦🇺ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၂၉ ကျပ်
ဝယ်ဈေး - ၂၈၈၆ ကျပ်

🇨🇦ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၃၅၇ ကျပ်
ဝယ်ဈေး - ၃၁၉၈ ကျပ်

🇭🇰ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၉၁ ကျပ်
ဝယ်ဈေး - ၅၆၃ ကျပ်

🇦🇪ယူအေအီး
ရောင်းဈေး - ၁၂၄၂ ကျပ်
ဝယ်ဈေး - ၁၁၈၃ ကျပ်

1 y - Translate

Update News- အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၇ သိန်း ၅ သောင်းအထိ စျေးနှုန်းများ ထပ်မံမြင့်တက်ပြီး ရွှေအရောင်းမရှိတော့ဘဲ လုံး၀ ရပ်ဆိုင်းနေ

ရန်ကုန်၊ မေ ၂၉

ပြည်တွင်းရွှေစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၇ သိန်း ၅ သောင်းအထိ စျေးနှုန်းများ မြင့်တက်နေပြီး နာရီပိုင်းအတွင်း ရွှေစျေးမှာ ၁ သိန်းခွဲကျပ်နီးပါး ထိုးတက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

"ရွှေစျေးကွက် အရောင်းမရှိတော့ဘူး။ ပစ္စည်းလည်း ထွက်မလာဘူး။ စျေးတွေ တအားအော်နေတာ။ ဒေါ်လာစျေးကလည်း တောက်လျှောက်အတက်ပဲ။ မိနစ်တိုင်း ပြောင်းလဲနေတယ်။ ဒီလောက်ကြီး အတက်ကြမ်းတာ ရွှေလောကဘက်မှာ ဒါက ပထမဦးဆုံးပဲ"ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် စျေးကွက်စတင်ဖွင့်ချိန်က အခေါက်ရွှေစျေးမှာ ၅၅ သိန်း ၃ သောင်း၊ ယင်းနောက် ၅၅ သိန်း ၇ သောင်း၊ ထို့နောက် ၅၅ သိန်း ၉ သောင်း၊ မွန်းလွဲပိုင်းတွင် ၅၆ သိန်း၊ ယခု ညနေ ၃ နာရီ ၁၀ မိနစ်ဝန်းကျင်အချိန်တွင် ၅၇ သိန်း ၅ သောင်းစသည်ဖြင့် စျေးနှုန်းများ တရှိန်ထိုး မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

"အရင်စျေးတက်ရင် စံချိန်တင်စျေးဖြစ်ရင် ရွှေတွေထွက်လာတယ်။ထုတ်ရောင်းတယ်။ အခုက ပစ္စည်းထွက်မလာဘူး။ အဲဒါကတော့ အတော်ထူးခြားတယ်" ဟု ရန်ကုန်ရွှေကုန်သည်က ဆိုသည်။

image
1 y - Translate

ပြည်တွင်းရွှေဈေး ၅၈ သိန်းကျော်အထိ ထပ်မံစံချိန်တင် မြင့်တက်

ပြည်တွင်းရွှေဈေးဟာ ဒီ‌ကနေ့ မေ ၂၉ ရက်၊ နေ့လယ်ပိုင်းမှာ ၅၈ သိန်းကျော်အထိ ထပ်မံ စံချိန်တင် မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

မနေ့ မေ ၂၈ ရက်၊ နေ့လယ်ပိုင်းအထိ ကျပ် ၅၃ သိန်းကျော်ဝန်းကျင်မှာ ရှိနေခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ နာရီပိုင်းအတွင်း ကျပ် နှစ်သိန်း ခုန်တက်ခဲ့ကာ ကျပ် ၅၅ သိန်းကျော်ကို ရောက်ရှိခဲ့တာ ဖြစ်ပြီး ဒီကနေ့ မေ ၂၉ ရက်၊ နေ့လယ်မှာတော့ ကျပ် ၅၆ သိန်းကျော်အထိ ရောက်ရှိလာကာ မိနစ်ပိုင်းအတွင်း ကျပ် ၅၈ သိန်းကျော်ဝန်းကျင် ဈေးတန်းကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

“ရွှေဈေးကွက်ကတော့ ဈေးတွေတက်ပြီး ဈေးကွက် ပျက်နေတယ်လို့ ပြောရမှာပေါ့။ ကြိုက်ရောင်း၊ ကြိုက်ဝယ်ဖြစ်နေပြီးတော့ ဈေးကွက်လည်း မရှိတော့ပါဘူး။ အခုလို ဈေးတွေ ခုန်တက်နေတာကတော့ လူတွေကြောက်လန့်ပြီးတော့ လိုက်ဝယ်နေတာလည်း ပါမှာပေါ့။ ပြီးတော့ ငွေကြေး ဖောင်းပွမှုကြောင့်ရော၊ ဒေါ်လာဈေးတက်တာကြောင့်ရော ပါမှာပေါ့” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

လက်ရှိ ဈေးကွက် အနေအထားအရ ရွှေထုတ်လုပ်ရေး လုပ်ငန်းအများစုဟာ အတုံးအခဲ ရောင်းဝယ်မှုတွေ ရပ်နားထားကြသလို စျေးကွက်မှာလည်း အရောင်းအဝယ် ငြိမ်သက်နေတယ်လို့ သိရပါတယ်။

“အခုက ဝယ်ရ၊ ရောင်းရတာ တော်တော်ခက်တယ်။ အန္တရာယ်လည်းရှိတယ်။ အဖမ်းအဆီးတွေလည်း ဖြစ်လာနိုင်တာကိုး။ အရင်တခေါက်ကလည်း လုပ်ငန်းရှင်တွေ ခေါ်ယူစစ်ဆေး မေးမြန်းတာတွေလည်း ရှိခဲ့တာဆိုတော့လေ။ အဲဒီတုန်းကတော့ ပြန်လွှတ်လိုက်ပေမယ့် ဒီတခေါက်မှာလည်း ထပ်ပြီး အဖမ်းခံရမှာ ကြောက်နေကြတယ်။ ရှောင်နေကြတဲ့သူတွေလည်း ရှိတယ်။ ဒီတခေါက် ဈေးတက်တာလည်း ကြမ်းတာကိုး” လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

အခုလို ရွှေ၊ ငွေဈေးတွေ စံချိန်တင် မြင့်တက်နေမှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ မေလ ဒုတိယပတ်က ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနဲ့အတူ ပြည်ထဲရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒုဝန်ကြီးတွေ အရေးပေါ် အစည်းအဝေးတခု ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီအစည်းအဝေးမှာ ရွှေဈေး၊ ငွေဈေး ကစားပြီး ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူတွေကို ဥပဒေနဲ့အညီ ကြီးကြပ်အရေးယူသွားမှာဖြစ်တယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောဆိုထားပါတယ်။

ဆက်လက်ပြီးတော့လည်း သူက “ရွှေဈေးကွက်မှာ စနစ်တကျရောင်းဝယ်နိုင်ဖို့၊ စံချိန်စံညွှန်းနဲ့ အခြေခံဈေးနှုန်း သတ်မှတ်နိုင်ဖို့တွေအပြင် တရားဝင်ဆောင်ရွက်နိုင်တဲ့ ဈေးကွက်တခု ဖော်ဆောင်နိုင်ဖို့ကိုလည်း ဆောင်ရွက်နေပါတယ်” လို့ ပြောကြားခဲ့ပါသေးတယ်။

ရန်ကုန်ရွှေအသင်းရဲ့ မေလ ၂၉ ရက်နေ့ ဈေးနှုန်းထုတ်ပြန်ချက်မှာတော့ အခေါက်ရွှေ တကျပ်သားကို ကျပ် ၃၉ သိန်းကျော်သာ ရှိပေမယ့် ပြင်ပဈေးကွက်မှတော့ ဈေးတွေ ဆက်တိုက် မြင့်တက်နေတာ ဖြစ်ပါတယ်။

image
1 y - Translate

ယနေ့ ရွှေဈေး (မေ - ၂၉ ရက်၊ ညနေ ၄ နာရီ)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၅၁ ဒေါ်လာ

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၅၈၂၀၀၀၀ ကျပ်
ဝယ်ဈေး ၅၇၈၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၆၂၀၀၀၀ ကျပ်
ဝယ်ဈေး ၅၅၈၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image

Cat funny ?

Wow