ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ထိုင်းနိုင်ငံမသွားခင်သိထားသင်သောအချက်များ
1. Sim Card
တစ်နေရာနဲ့ တစ်နေရာ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ဖို့ ထိုင်းSim Cardတွေကတော မရှိမဖြစ်လိုအပ်တဲ့ထဲမှာပါပါတယ်ရှင်။ Simcard ကို foreigner တွေအတွက်သီးသန့် လေဆိပ်မှာဝယ်လို့ရတဲ့ SimCardမျိုးမဟုတ်ဘဲ ထိုင်းဖုန်းSim card ဝယ္တာက အကောင်းဆုံးပါ။ AIS နဲ့ True Move ကိုတော့ အသုံးများကြပြီး Simcardတွေကို အလြယ္တကူ လမ်းက 7eleven မြာ(သို့) AIS , True Move showroom တွေမှာဝယ်နိုင်ပါတယ်ရှင် ။ ဘယ်မှာပဲဝယ်ဝယ် Simcard တွေ
မှတ်ပုံတင်ရမှာဖြစ်လို့ Passport ယူဆောင်သွားရပါတယ်ရှင်။ Passportမပါရင် လုံးဝမရောင်းပါဘူး။ Passport ပေးပြီးရင် မှတ်ပုံတင်မည့်သူရဲ့faceကို Scanပြီး ရပြီဆို ဆိုင်က ရနိုင်တဲ့Package planတွေပြပါတယ်။ အဲ့ထဲက ကိုယ်အဆင်ပြေတဲ့Package ကိုဝယ်ရင်ရပါပြီနော်။
2.Passport နဲ့ Visa
နောက်တစ်ချက်အနေနဲ့ကတော့ ထိုင်းကိုမသွားခင် Passport နဲ့ Visa ကိုစစ်ဆေးရမှာဖြစ်ပါတယ်ရှင်။ အားလုံးသိထားတဲ့အတိုင်း မြန်မာကနေဆိုရင်တော့ အလည်အပတ်ဆို (14) ရက်အတွင်းဆို Visa မပါပဲ Passport ကိုင်ဆောင်ထားတာနဲ့တင် ရပါတယ်ရှင်။ Passport ကအနည်းဆုံး ကုန်ဆုံးရန်ကျန်ရှိချိန် ၆လအထက်ဖြစ်နေရပါမယ်ရှင်။
3. Money Exchange
Airport မှာဖြစ်နိုင်ရင် ငွေလုံးဝမလဲပါနဲ့ ။
ပြန်ရတဲ့ Rateက တအားနည်းပါတယ်။ အလျှင်လိုရင်တော့ လိုသေလာက္ပမာဏပဲ ထုတ်ထားပြီး ကျန်တာကိုတော့ နာမည်ရှိတဲ့ Money Exchange ဆိုင်တွေမှာလဲသင့်ပါတယ်။ အမ်ားစုကေတာ့ Superrich Thai Exchange နဲ့ Rattana Supply ကေန ငွေလဲရတာ အဆင်ပြေတယ်ပြောပါတယ်။ ဆိုင်ခွဲတော်တော်များများက Mallတွေထဲမှာရှိတတ်ပါတယ်။
ATM တွေလည်းတော်တော်များများရှိပါတယ်
4. Seasons (ရာသီဥတု)
မြန်မာနိုင်ငံလိုပဲ နွေ၊ မိုး၊ ဆောင်း ဆိုပြီး (၃)ရာသီရှိပါတယ်။ အထူးသဖြင့် မိုးရာသီတွေဆို ထိုင်းနိုင်ငံဟာ သြားရလာရတာ အဆင်မပြေလှပါဘူး။ ကားလမ်းမထက်တွေအထိပါ ရေတွေတက်တာ ရွာရင် ဝုန်းဒိုင်းဆိုပြီး ချက်ချင်းရွာတာ၊ ရေအိုင်တာတွေ၊ ရေတွေနဲ့ စိုစွတ်စွတ်ဖြစ်ရတဲ့ထဲ Traffic ကြောင့် လမ်းတွေပိတ်တာ စတာတွေကြောင့် ထိုင်းရောက်လို့ လှလှလေးဝတ်ပြီး ဘန်ကောက်ရဲ့ အသက်ဖြစ်တဲ့ မုန့်ဈေးတန်းတွေ ၊ ရှုခင်းလှလှလေးတွေကို လျှောက်လည်မယ်ဆို မိုးရာသီဟာ အဆင်မပြေဆုံး ရာသီဥတုဖြစ်ပါတယ်။ ဒါကြောင့် ပထမဆုံး ထိုင်းကို လာရောက်လည်ပတ်မယ်ဆို ရာသီဥတုကို အဓိကထားပြီး စဉ်းစားရပါမယ်ရှင်။
ထိုင်းနိုင်ငံရှိရာသီဥတုများအနေနဲ့
နွေရာသီ- မတ္လ ၊ဧပြီလ ၊ မေလ
မိုးရာသီ -ဇြန္လ၊ ဇူလိုင်လ၊ ဩဂုတ်၊ စက်တင်ဘာလ၊အောက်တိုဘာလ
ဆောင်းရာသီ-နိုဝင်ဘာလ၊ဒီဇင်ဘာလ၊ဇန်နဝါရီလ၊ဖေဖော်ဝါရီလတို့ပဲဖြစ်ပါတယ်ရှင်။
5. နာမည်ကြီးပွဲတော်များ
နာမည်ကြီး ပွဲတော်များ ကျင်းပတဲ့ ရက်တွေနဲ့ နေရာတွေကို တစ်စုတစည်းတည်းဖော်ပြရရင်
Chaung Mai ပန်းပွဲတော် (2-4February)
တရုတ်နှစ်ကူး (Feb လထဲ)
သင်္ကြန်ပွဲတော် (13-15 April)
သရဲပွဲတော် (23-25June)
သပ်သပ်လွတ်ပွဲတော် (3-10 October) အဲ့အချိန်ဆို Shopping Mallတိုင်းသက်သက်လွတ်ပဲရောင်းကြပါတယ်။
မီးမျှောပွဲ (15Nov)
ပီအက်စ်ဂျီကို အမ်ဘာပေ
ချန်ထားရစ်ခဲ့ပြီ
Coupe de France Final မှာတော့ ပီအက်စ်ဂျီဟာ လိုင်ယွန်ကို ၂ဂိုး၁ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီး ဗိုလ်စွဲခဲ့ပါတယ်။ ဒီပွဲဟာ ကီလီယမ်အမ်ဘာပေအတွက် ပီအက်စ်ဂျီကစားသမားဘ၀ နောက်ဆုံးပွဲစဉ်လို့ ဆိုနိုင်ပြီး ပဲရစ်မြို့သားတွေနဲ့အတူ နောက်ဆုံး ဆုဖလား သိမ်းပိုက်ခဲ့လို့ညဆိုရပါမယ်။
အသက်၂၅နှစ်ပဲ ရှိသေးပေမယ့် အမ်ဘာပေဟာ အသင်းကနေ ဂန္တ၀င်ကစားသမားတစ်ဦးအနေနဲ့ ထွက်ခွာသွားမှာပါ။ အသင်းနဲ့အတူ ၇နှစ်တာကာလအတွင်း ၂၅၆ဂိုးသွင်း၊ ၉၁ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်ထားခဲ့ပြီး အသင်းရဲ့သမိုင်းမှာ သွင်းဂိုးအများဆုံး ကစာသမားအနေနဲ့ ရပ်တည်နေပါတယ်။
ဆုဖလားတွေအနေနဲ့လည်း အသင်းနဲ့အတယ လီဂူး၀မ်းဆုဖလား ၆ကြိမ်၊ Coupe de France ဖလား ၄ကြိမ် သိမ်းပိုက်ထားခဲ့ပြီး တစ်ကိုယ်တော်အနေနဲ့ လီဂူး၀မ်းနဲဘ ၁နှစ်တာအကောင်းဆုံး ကစားသမားဆုကို ၅ကြိမ်၊ ဂိးသွင်းဘုရင်ဆုကို ၆ကြိမ်အထိ သိမ်းပိုက်ထားခဲ့ပါပြီ။
ချန်ပီယံလိဂ်ဆုဖလားကွက်လပ်လေးကလွဲရင် အမ်ဘာပေရဲ့ ပီအက်စ်ဂျီကစားသမားဘ၀က ခမ်းနားခဲ့ပါတယ်။ မကြာခင်တော့ မက်ဒရစ်နဲ့အတူ ခမ်းနားတဲ့ စာမျက်နှာသစ်တစ်ခု ဖွင့်ပါတော့မယ်။ နောက်ဆုံးတော့ ပြင်သစ်သားဟာ ပီအက်စ်ဂျီကို ချန်ထားရစ်ခဲ့ပါပြီ။