2 yrs - Translate

hmm ....🤔

image
2 yrs - Translate

Boardman, Oregon, USA 🧡🧡🧡🧡

image
2 yrs - Translate

Google Flights ကိုသုံးပြီး ဈေးအချိုဆုံး လေယာဥ်လက်မှတ်၊
ဟော်တယ် ဘယ်လိုရှာကြမလဲ???

၂၀၁၁ ခုနှစ်တုန်းက စပြီးမိတ်ဆက်ထားတဲ့ Google Flights မှာ လေယာဥ်လက်မှတ်ရှာတာတွေ၊ ဟော်တယ်တွေငှားဖို့အတွက် ရှာတာတွေ၊ သွားပြီး လည်ပတ်ဖို့နေရာတွေကို booking ယူတာမျိုးတွေလုပ်လို့ရပါတယ်။ ဒါပေမယ့်လောလောဆယ်မှာတော့ Google Flights ကို Browser ကနေပဲသုံးလို့ရပြီး App သပ်သပ်ထွက်ထားတာမျိုးမရှိပါဘူး။ ဒါပေမယ့် ဖုန်းနဲ့ရော၊ Desktop နဲ့ပါသုံးရတာအဆင်ပြေပါတယ်။

ဒီနေရာမှာ ကြိုပြောလိုတာက Google Flights အနေနဲ့ ယုံကြည်ရတဲ့ Website တွေက ဈေးနှုန်း ဒေတာတွေကို စုပြီးပြတာဖြစ်လို့ တစ်ကယ်လို့ လက်မှတ်တွေဝယ်ဖြစ်တယ်၊ အခန်းတွေငှားဖြစ်တယ်ဆိုရင်တောင် မိတ်ဆွေအနေနဲ့ ပိုက်ဆံပေးတဲ့အခါ ကိုယ် Service ဝယ်တဲ့ Airline, Hotel ကိုပဲ ပိုက်ဆံပေးရမှာဖြစ်ပြီး Google ကိုတစ်ပြားမှမပေးရပါဘူး။ တစ်ကယ်လို့ ပြဿနာတစ်စုံတစ်ရာဖြစ်ခဲ့တယ်ဆိုရင်လည်း သက်ဆိုင်ရာ Service Provider နဲ့ပဲ ဆက်သွယ်ပြောဆိုရမှာပါ။

Google Flights ကိုသုံးမယ်ဆိုရင် Browser တစ်ခုခုမှာ Google Flights လို့ရိုက်ရှာလိုက်ပြီး အပေါ်ဆုံးက Link ကိုသာဝင်လိုက်ပါ။ ပြီးတာနဲ့ ကိုယ်သုံးချင်တာက Flight Ticket ဝယ်ချင်တာလား၊ ဟော်တယ်ငှားချင်တာလား၊ သွားလည်သင့်တဲ့နေရာတွေကို Recommand ပေးစေချင်တာလား စတဲ့ Options တွေအများကြီးကိုရွေးလို့ရပါတယ်။

လေယာဥ်လက်မှတ်ဝယ်တဲ့အခါ
Non-stop လား၊ Transit လား၊ ကြာချိန်၊ ဈေးနှုန်းအပြင် CO2 Emission ဘယ်လောက်ဆိုတာပါတွက်ပေးလို့ ပတ်ဝန်းကျင်ထိခိုက်မှာလည်းကြောက်တယ်၊ လေယာဥ်လည်းစီးရဦးမယ်ဆိုတဲ့သူတွေအတွက်အဆင်ပြေပါတယ်။

မိုးရာသီဝင်လာပြီဆိုတော့ ခရီးသွားရာသီကုန်စပြုနေပြီဆိုပေမယ့် မကြာခင်ရောက်လာမယ့် ပွင့်လင်းရာသီအတွက် လက်မှတ်တွေကြိုဝယ်ထားချင်တယ်ဆိုရင်တော့ ခုပြောပြလိုက်တဲ့ Google Flights ကို ခရီးစီစဥ်တာအစ၊ လေယာဥ်လက်မှတ်ဝယ်တာအလည်၊ ဟော်တယ်ငှားတာအဆုံး သုံးကြည့်ကြဖို့
အကြံပေးလိုက်ရပါတယ်။

image
2 yrs - Translate

#ရာသီစာ...
#ဘုံလုံသီးအစာသွပ်ကလေးချက်စားကြမယ်နော်

ဘုံလုံသီးကိုအခွံခြစ်
လိုသလိုပိုင်းဆစ်ပြီးရေစင်စင်ဆေးထားပါ
အစာသွပ်ရန် ဘုံလုံးသီးအစေ့လေးတွေကို တူလေးနဲထိုးပြီး ထုတ်ထားပါ

ပုစွန်၊ငါးဖယ်၊ဝက်သား
မိမိကြိုက်နှစ်သက်ရာနှင့် အစာသွပ်နိုင်ပါသည်

အစာသွပ်မယ့်
ငါးဖယ် ( စီးအောင်ထောင်းပြီးအချိူ၊အငံနယ်ထားပါ)
ဝက်သား
ပုစွန်
ကြိုက်နှစ်သက်ရာကို တောက်တောက်စင်း

ကြက်သွန်နီတစ်ဥ အဖြူတစ်ဥ နုတ်နုတ်ကလေးလှီး
ငရုပ်သီးအရောင်လေးထဲ့၊ အချိူအငံ ထဲ့
အားလုံး နယ်ရောနယ်ပြီး ဘုံလုံသီးထဲကို အစာသွပ်ပါ

အားလုံးပြီးသွားရင်
ဘုံလုံသီးကို အိုးထဲထဲ့ပြီး ဆီအနည်းငယ်ထဲ့ပါ
ငရုပ်သီးအနှစ်လေးအနဲငယ်ရောနယ်ပါ
ရေမြူပ်အောင်ထဲ့ပြီး အဖုံးအုပ်တည်ပါ

ရေခမ်းပြီး ဘုံလုံသီးနူးအိသွားလျှင်
ဘုံလုံသီးအစာသွပ်

image
2 yrs - Translate

မိုးရွာတာကောင်းပါတယ်
နေ့တိုင်းကြီးကျ

image
2 yrs - Translate

ဆရာမ ဂျူး ပြောခဲ့သလိုပဲ
တစ်စုံတခုနဲ့ ပတ်သက်ပြီး ရွေးချယ်ပြီးတဲ့အခါ
ကိုယ်ရွေးချယ်ပြီးသွားတဲ့ အရာအပေါ်က်ို
သစ္စာရှိရတယ် တဲ့ ။

အဲ့ဒါကြောင့်ပဲ ဘယ်လိုအခြေအနေတွေပဲဖြစ်ဖြစ်
ရွေးချယ်ပြီးသွားတိုင်း နောက်ပြန်လှည့်ဖို့ မရှိခဲ့ဘူး
ဘယ်တော့မှ ရှိလာမှာလည်း မဟုတ်ဘူး ။ 🤍

image
2 yrs - Translate

Coffee ကြိုက်တဲ့သူတွေ မှာ
အလုပ်တစ်ခုရှိတယ်။
ချမ်းတယ် Coffeeသောက်မယ်၊
မိုးကောင်းနေတယ် Coffeeသောက်ရအောင်
တော်တော်ပူတာဘဲ Coffeeသောက်ရအောင်
မောလိုက်တာ Coffeeဖျော်စမ်းကွာ
ပျင်းဖို့ကောင်း Coffeeသွားသောက်ရအောင်
အလုပ်တွေများနေတယ် Coffeeလေးလုပ်ပါအုံး
ဒီတိုင်းထိုင်နေတယ် Coffee ချမယ်
မနက်မိုးလင်းပီး Coffee ဖျော်ဟေ့
ညနေစောင်းပီ Coffeeသောက်ရအောင်
တခုခု ဖြစ်သွားပီ Coffeeသောက်ချင်တယ်
ဘာမှမဖြစ်လဲ Coffee သောက်ချင်တယ်
သတင်းကောင်းကြားရတယ်
Coffee သောက်စို့။
သတင်းကောင်းမကြားရလဲ
Coffee သောက်မယ်။
တခြားဘာရှိသေးလဲ ဖြည့်ခဲ့ပါအုံး။

image

Sweet and Sour Pork Rib

2 yrs - Translate

နွေရာသီတုန်းက ချွေးထွက်လွန်
မိုးရာသီရောက်တော့ သေးထွက်လွန် 😅

image
2 yrs - Translate

လူတစ်ယောက်ကို ချစ်လို့ရတယ် … ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းလုပ်နေတာတွေကို ရပ်တန့်စရာမလိုပဲ ချစ်ပါ ။ ကိုယ့်တက်လမ်းတွေမှာ သူ့ကို ဝင်မရှုပ်စေနဲ့ .. သူ့တက်လမ်းတွေအတွက် အနှောင့်ယှက်ပေးတဲ့သူမျိုးလည်း မဖြစ်စေနဲ့ ။

ဘာကြောင့်ဖြစ်ဖြစ် … နာကျင်လို့ရတယ် ။ ဒါပေမဲ့ ကိုယ့်ဘဝကို ရပ်တန့်ပြီး .. အချိန်ပေးပြီးတော့ မနာကျင်နဲ့ ။ နာကျင်နေလည်း လုပ်စရာရှိတာကိုတော့ ဆက်လုပ်သွားရမှာပဲ ဖြစ်တယ် ။ ဘယ်လို ဝမ်းနည်းစရာ ၊ စိတ်ထိခိုက်စရာပဲရှိရှိ အကောင်းဆုံးကုစားပြီး ရှေ့ဆက်နိုင်ဖို့လိုတယ် ။ အကြာကြီး ပိတ်မိမနေဖို့ အရေးကြီးတယ် ။

ကိုယ်ရှိစေချင်သူက ကိုယ့်အနား မရှိနိုင်တော့တိုင်း ဘဝက ရပ်ပစ်လိုက်ရမှာမှမဟုတ်ပဲ ။ ဒီတိုင်း ဆက်သွားနေရင်းက အခြားလူသစ်တွေနဲ့ ထပ်တွေ့ပြီး ထပ်အဆင်ပြေလာရတာကိုက ဘဝပဲ မဟုတ်လား ။ အဲဒီလိုမှ မဟုတ်ပဲ တစ်ခုခုကြောင့် ကိုယ့်ဘဝကို ရပ်တန့်လိုက်မယ် ၊ အိပ်မက်တွေကို လက်လျော့လိုက်မယ်ဆိုရင် စိတ်ခံစားချက်တွေ အသားကျလာတဲ့အခါ … အချိန်ကြောင့် ဒဏ်ရာတွေအနာကျက်လာတဲ့အခါ ဘဝက သုည ဖြစ်နေတော့မှာပဲ ။

အဲအချိန်မှာကျရင် တစ်ချိန်က ကိုယ် Serious ဖြစ်ခဲ့တဲ့ ကိစ္စတွေက ဘာမှအရေးမကြီးမှန်းသိပြီး … နောင်တရလိမ့်မယ် ။ ဒါကြောင့် ဘာအကြောင်းနဲ့မှ ကိုယ့်ဘဝကို မရပ်တန့်လိုက်နဲ့ ။

ဘယ်လိုအကြောင်းကိစ္စပဲကြုံကြုံ ရှေ့ဆက်သွားနေရမှာကိုက ဘဝပဲဖြစ်တယ် ။

image