30 w - Translate

မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများတွင် လူတစ်သိန်းကျော် လုပ်ကိုင်နေဆဲဖြစ်
ဘန်ကောက်ပို့စ်၊ မတ် ၁၉
ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျားဖြန့်လုပ်ငန်းတွေမှာ လူပေါင်းတစ်သိန်းကျော် အလုပ်လုပ်နေကြဆဲဖြစ်ကြောင်း ထိုင်းရဲချုပ်က ပြောပါတယ်။
မြဝတီနယ်မြေအတွင်း ပြန့်ကျဲနေတဲ့ ကျားဖြန့်လုပ်ငန်းများမှ လူ ၅၀၀၀ ခန့်ကို အစောပိုင်း အကဲဖြတ်ချက်တွေအရ ရာနဲ့ချီသူတွေဟာ မိမိဆန္ဒအလျောက် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ရဲချုပ်က ဆိုပါတယ်။
လူအများစုဟာ မြဝတီကို တရားမဝင် ဝင်ရောက်ကာ အလုပ်ရှာဖို့ ထိုင်းနိုင်ငံကို လမ်းကြောင်းတစ်ခုအနေနဲ့ အသုံးပြုကြပါတယ်။
ဒါက ဖုန်းခေါ်ဆို လိမ်လည်တဲ့ ဂိုဏ်းတွေတင်မကဘဲ အွန်လိုင်းလောင်းကစားနဲ့ အခြားသော အသက်မွေးဝမ်းကျောင်း အလုပ်တွေပါလို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးရေးမှူးချုပ်က ပြောပါတယ်။
၎င်းရဲ့ မှတ်ချက်တွေဟာ ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံရသူတွေကို လာရောက်လုပ်ကိုင်ဖို့ ရာဇဝတ်လုပ်ငန်း ဦးဆောင်သူတွေက ဖြားယောင်းခဲ့တာဆိုတဲ့ ပြောဆိုချက်တွေနဲ့ ဆန့်ကျင်နေပါတယ်။
“ဒီလူတွေက အဲဒီကို ဆန္ဒအလျောက် လိုက်သွားတယ်”လို့ တာ့ခ်ခရိုင် ရဲစစ်ဆေးရေးဂိတ်မှ စုဆောင်းရရှိတဲ့ အချက်အလက်တွေကို ကိုးကားပြီး စစ်ဆေးရေးမှူးချုပ်က ဆိုပါတယ်။
ရာနဲ့ချီသူတွေ ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံရခြင်းရှိ၊ မရှိနဲ့ ပတ်သက်ပြီး တရုတ်၊ အိန္ဒိယအပါအဝင် နိုင်ငံတွေရဲ့ သတင်းအချက်အလက်တွေကို စောင့်ဆိုင်းနေကြောင်း ၎င်းက ဆက်ပြောပါတယ်။
ဇန်နဝါရီလ ၂၀ ရက်မှ မတ်လ ၁၈ ရက်နေ့အထိ ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံရတဲ့ ပြည်ပနိုင်ငံသား ၇၁၀၇ ကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး အဲဒီအထဲက ၄၁၉၁ ဦးကို ထိုင်းနိုင်ငံကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေထံ လွှဲပြောင်းပေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားပါတယ်။
၎င်းတို့ဟာ ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေတွေမှာ အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုနဲ့ ဒုစရိုက်မှုတွေမှာ ပါဝင်လုပ်ဆောင်ဖို့ စေခိုင်းခြင်းခံခဲ့ရတာပါ။
လူကုန်ကူးခံရသူတွေအနေနဲ့ အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းထဲ တရားမဝင် ဝင်ရောက်လာခဲ့တာလို့ သိရပါတယ်။

image
30 w - Translate

ဘဏ္ဍာနှစ်ကုန်ခါနီးသော်လည်း ကုန်သွယ်မှုလျာထားချက် မပြည့်မီသေး
ရန်ကုန်၊ မတ် ၁၉
၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၅ ခုနှစ် မတ်လ ၁၂ ရက်နေ့အထိ ဘဏ္ဍာနှစ် ၁၁ လ ကျော်လာပေမယ့် ကုန်သွယ်မှုလျာထားချက် ပြည့်မီခြင်းမရှိကြောင်း အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီကနေ သိရပါတယ်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံ သတ်မှတ်လျာထားပေမယ့် ၂၀၂၅ ခုနှစ် မတ်လ ၁၂ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၂၅.၇၉၃ ဘီလီယံနဲ့ ၇၈ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဘဏ္ဍာနှစ်ကုန်ဆုံးခါနီးဖြစ်လို့ သတ်မှတ်လျာထားချက်တွေကို အတက်နိုင်ဆုံး ပြည့်မီအောင် ဆောင်ရွက်ကြဖို့ ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ၊ နစကဥက္ကဋ္ဌရုံး-၃ ဝန်ကြီး ဦးမောင်မောင်တင့်က မတ်လ ၁၈ ရက်နေ့ အစည်းအဝေးမှာ ညွှန်ကြားခဲ့ပါတယ်။
ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာနတွေ၊ ပုဂ္ဂလိကအသင်းအဖွဲ့တွေနဲ့ ပို့ကုန်လုပ်ငန်းရှင်တွေက အမြဲထိတွေ့ ပေါင်းစပ်ဆောင်ရွက်ဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။
ယခုဘဏ္ဍာနှစ်မှာ သွင်းကုန်တင်သွင်းခြင်းထက် ပို့ကုန်တွေ ပိုမိုတင်ပို့နိုင်ဖို့ ခန့်မှန်းထားတာကြောင့် ကုန်သွယ်မှုပိုငွေပြနိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးမူဝါဒစာတမ်းမှာ ဖော်ပြထားပါတယ်။
ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာသန်းပေါင်း ၁၆,၇၀၀ ၊ သွင်းကုန်တန်ဖိုးတန်ဖိုး အမေရိကန်ဒေါ်လာသန်းပေါင်း ၁၆,၃၀၀ ၊ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာသန်းပေါင်း ၄၀၀ လို့ ဖော်ပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ပို့ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁၄.၆၁၄ ဘီလီယံခန့် ရရှိခဲ့တာကို စီးပွား/ကူးသန်းရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
အဆိုပါ ပို့ကုန်ရငွေကို အဓိကပို့ကုန်တွေဖြစ်တဲ့ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ နှမ်း၊ ကြက်သွန်၊ ရော်ဘာစိမ်း၊ ရေထွက်ပစ္စည်းတွေနဲ့ သတ္တုတွင်းထွက်ပစ္စည်းတွေ တင်ပို့မှုမှ ရရှိခဲ့ပါတယ်။

image

ဝုတို့ရဲ့ New York. Fashion Week 2025

30 w - Translate

လူရာချီသေဆုံးစေသည့် ဂါဇာဒေသ တကျော့ပြန်တိုက်ခိုက်မှုမှာ အစသာရှိသေးဟု နေတန်ယာဟုပြော
*********************
(နိုင်ငံတကာ) မတ်လ ၁၉
လူရာချီသေဆုံးစေသည့် မတ်လ ၁၇ ရက်နေ့ ညပိုင်းက ဂါဇာဒေသအား တကျော့ပြန်တိုက်ခိုက်မှုမှာ အစသာရှိသေးကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကပြောသည်။

နေတန်ယာဟုက “စေ့စပ်ညှိနှိုင်းမှုသည် ဆက်လက်တိုက်ခိုက်မှုများ၏အောက်တွင်သာရှိမည်” ဖြစ်ပြီး လက်ရှိတိုက်ခိုက်မှုသည် “အစသာရှိသေး”ဟု ရုပ်သံမှတ်တမ်းတစ်ခုတွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ အစ္စရေး၏ တကျော့ပြန်တိုက်ခိုက်မှုသည် လူပေါင်း ၄၀၀ ကျော်အထိ သေဆုံးခဲ့ပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အစ္စရေးစစ်တပ်၏ တကျော့ပြန်တိုက်ခိုက်မှုသည် ဇန်နဝါရီလ ၁၉ ရက်နေ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရယူခဲ့ပြီးနောက် အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ကြားဝင်စေ့စပ်ပေးသည့်နိုင်ငံများက အပြင်းအထန်ဝေဖန်ရှုံ့ချခဲ့သည်။

image
30 w - Translate

◾️Page Admin - Yangon
Company: Vconnect
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23248

◾️Sales Executive - Yangon
Company: Myanmar Broadband Telecom Company Limited
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23246

◾️Sales Executive - Yangon
Company: Myanmar Broadband Telecom Company Limited
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23245

◾️Sales Executive - Yangon
Company: Myanmar Broadband Telecom Company Limited
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23244

image
30 w - Translate

#ပြဿနာ က ပြောတယ်
အခက်အခဲနဲ့ ကြုံတွေ့တဲ့အခါ
စိတ်ကိုအေးအေးထားပါတဲ့။
နာရီက ပြောတယ်
အချိန်တွေကိုမဖြုန်းတီးနဲ့
တန်ဖိုးရှိရှိအသုံးချပါတဲ့
ဖိနပ်က ပြောတယ်
ခြေထောက်မှာလှဖို့မစီးနဲ့
ဆူးဒဏ်ကိုကာကွယ်နိုင်ဖို့စီးပါတဲ့။
ထီးက ပြောတယ်
ဘယ်သွားသွားငါ့ကိုပါအောင်ခေါ်ပါ
အပူဒဏ်ကိုလည်းကာကွယ်ရမယ်
မိုးဒဏ်ကိုလည်း ကာကွယ်ရမယ်တဲ့။
ပိုက်ဆံက ပြောတယ်
လိုချင်တာထက် လိုအပ်တာကို
ပိုပြီးဦးစားပေးအသုံးချပါ
သုံးနှင့်ဖြုန်းတာ မခွဲခြားတတ်ရင်
မင်းဘဝမှာ ငါမရှိတဲ့အခါ
လူတွေကြားမှာ မျက်နှာငယ်ရမယ်တဲ့။
လမင်းကြီးက ပြောတယ်
ဘယ်လောက်ပဲမှောင်မည်းနေပါစေ
အလင်းရောင်တွေပေးနိုင်တဲ့
လူတစ်ယောက်ဖြစ်အောင်ကြိုးစားပါတဲ့။
နေမင်းကြီးက ပြောတယ်
မင်းဘဝကို ယုံကြည်မှုတွေနဲ့ရှေ့ဆက်ပါ
လူတွေက အလင်းရောင်ပေးနိုင်တဲ့သူကိုပဲ
တောင်းတကြတယ်တဲ့။
ကောင်းကင်ကြီးက ပြောတယ်
တိမ်တိုက်တွေမရှိလည်း
ငါ့အလှနဲ့ငါ လှနေတာပဲတဲ့။
သစ်ပင်က ပြောတယ်
ဘယ်သူပဲခိုနားခိုနား
ငါ့လိုအေးချမ်းတဲ့အရိပ်ကို
ပေးတတ်တဲ့လူ ဖြစ်ပါစေတဲ့။
စာအုပ်တွေက ပြောတယ်
ငါ့နဲ့စကားများများပြော
မင်းကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်လိမ့်မယ်တဲ့။
ပင်လယ်ကြီးက ပြောတယ်
ငါ့လိုမနေနဲ့ ငါကရေများပေမယ့်
ဘယ်သူမှ မသောက်ကြဘူးတဲ့။
မီး က ပြောတယ်
ငါ့လိုမနေနဲ့ ငါကပူတယ်
ဒါကြောင့် ....
ငါ့အနားကို ဘယ်သူမှမကပ်ဘူးတဲ့။
ဒါကြောင့် ....
ဘယ်သူတွေဘယ်လောက်ဆိုးဆိုး
မင်းကောင်းအောင်နေရမယ်။
မင်းဘဝအတွက်
မင်းကြိုးစားရမယ်
မင်းအလှကို မင်းမြင်တတ်ရမယ်
မင်းရနေတဲ့အခြေအနေပေါ်မှာ
မင်းအကောင်းဆုံး
ပျော်ရွှင်အောင်နေတတ်ရမယ်
ဆိုတာမမေ့ပါနဲ့။
#crd

image
30 w - Translate

ကြီးလေ ချောလေ ဖြစ်လာတဲ့ အိန္ဒြာကျော်ဇင်ရဲ့ သမီးလေး ပြေသုဒြာ အလှကို ပရိသတ်များက ချီးမွမ်း 🥰🥰🥰
သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ သမီးကြီးလေး ပြေသုဒြာက မေတိုးခိုင်နဲ့အတူ ပွဲတစ်ခုကိုတက်ရောက်ခဲ့တာပါ။ အဆိုပါပွဲကို သူမတို့မိသားစုလိုက် တက်ခဲ့ကြပြီး သရုပ်ဆောင် ရာဇာနေဝင်ူလည်း တက်ခဲ့တာဖြစ်ပါတယ်။ အမဖြစ်သူမေတိုးခိုင်က ပြေသုဒြာနဲ့တွဲရိုက်ထားတဲ့ ပုံလေးမှာတော့ ကြီးလေ ချောလေဖြစ်လာတဲ့ ပြေသုဒြာလေးရဲ့ ရုပ်ကို တွေ့ကြရမှာပါ။ မိခင်ဖြစ်သူ အိန္ဒြာကျော်ဇင် နဲ့ ပိုပိုတူလာတဲ့ သူမရဲ့အလှကို ပရိသတ်တွေကလည်း ချီးမွမ်းပြောဆိုနေကြတာပါ။

#crd
#celenews

image

လွယ်မိုင်းတောင်

image

လွယ်မိုင်းတောင်

image

လွယ်မိုင်းတောင်

image