2 yrs - Translate

ကို့ကိုမချစ်တဲ့သူကိုမျှော်နေမဲ့အစား
ကို့ကိုချစ်တဲ့သူကိုပဲ ရွေးချယ်ပါ...။

💭 || 31.8.2024

image
2 yrs - Translate

လူနှစ်ယောက် ...
ရေစက်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ
ဆုံခဲ့ပြီးပြီပဲ ...

ရှိနေတုန်းမှာ
အတတ်နိုင်ဆုံး ချစ်ပေးတယ်
ပြီးတော့
မြဲအောင် ကြိုးစားခဲ့တာပဲ ...

ဒါပေမယ့်
လက်တွေက မမြဲပဲ
ဇာတ်လမ်းတွေပြီးသွားရင် ..

အဲ့ဒီလူနဲ့ ပတ်သက်ပြီး
ကောင်း၏ ဆိုး၏တွေကို
ဘယ်သူကိုမှ ထိုင်ပြောပြနေတော့မှာမဟုတ်ဘူး ...

ပြီးတော့ ...
ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး
အပုတ်ချနေတော့မှာ မဟုတ်ဘူး ။

ငါတို့ ဆုံခဲ့တယ်
ချစ်ခဲ့တယ်
အဲ့ဒီအမှတ်တရကိုပဲ သိမ်းထားချင်တာ

လမ်းမှာ ပြန်ဆုံကြရင်တောင်
ပြုံးပြနိုင်တဲ့အထိ
လိပ်ပြာလုံချင်တာ ...

#2001
//crd

image
2 yrs - Translate

အရာအားလုံးကို မှတ်မိနေပြီး
သိမ်းဆည်းသိုလှောင်ထားရတဲ့ သိစိတ်နဲ့
ရပ်ကျန်နေခဲ့ရတဲ့ လူတွေရဲ့ "ကျန်ရစ်မှတ်ဉာဏ်" က ကြောက်ဖို့အကောင်းဆုံးပဲ....။

- အိခိုင်မွန် -

image
2 yrs - Translate

Different Types of Digital Commerce
E-Commerce Models
Business-to-Business (B2C)
Business-to-Business (B2
Consumer-to-Consumer (C2C)
Consumer-to-Business (C2
Business-to-Business-to-Consumer (B2B2C)
Mobile Commerce
Social Commerce
F-commerce
D-Commerce
and, The Future of Digital Commerce

https://www.experlogix.com/blo....g/guide/different-ty

2 yrs - Translate

How long can you stay?
မိုက်လိုက်တာ

အနံ့သက်ကင်းစင်ပြီး သန့်ရှင်းကျန်းမာလိုတဲ့ မိန်းကလေးတွေသုံးသင့်တဲ့ 🌷TULIP Lady care Feminine wash
Price 16500 ks

image

အနံ့သက်ကင်းစင်ပြီး သန့်ရှင်းကျန်းမာလိုတဲ့ မိန်းကလေးတွေသုံးသင့်တဲ့ 🌷TULIP Lady care Feminine wash
Price 16500 ks

image

အနံ့သက်ကင်းစင်ပြီး သန့်ရှင်းကျန်းမာလိုတဲ့ မိန်းကလေးတွေသုံးသင့်တဲ့ 🌷TULIP Lady care Feminine wash
Price 16500 ks

image

အနံ့သက်ကင်းစင်ပြီး သန့်ရှင်းကျန်းမာလိုတဲ့ မိန်းကလေးတွေသုံးသင့်တဲ့ 🌷TULIP Lady care Feminine wash
Price 16500 ks

image
image
image
2 yrs - Translate

ဟော့ပေါ့၊ ဘူဖေး နဲ့ကျန်းမာရေး
ဘူဖေးဆိုတာ ကိုယ့်လောဘနဲ့ ကိုယ့်ကို ပြန်သတ်တဲ့ စားသောက်နည်းပါ။
ဘူဖေးဆိုင်မှာ ကိုယ်ကြိုက်တာကို လိုသလောက်ပဲရွေးပြီး ချင့်ချိန်စားတယ်ဆိုတာ တစ် ရာခိုင်နှုန်းတောင်ရှိမယ်မထင်ပါ။
ဒီဖက်ခေတ်မှာ မြို့ကြီးတွေသာမက မြို့အလတ်စားတွေမှာပါ ဟော့ပေါ့ ဘူဖေးတွေ အလျှိုလျှိုပေါ်လာပါတယ်၊
မန်ဘာကဒ်နဲ့ မန်ဘာဒစ်စကောင့်၊ နေ့လည်စာအထူး စသည်ဖြင့်နည်းမျိုးစုံ ပရိုမိုးရှင်းလုပ်ကြပါတယ်။
မကြာမကြာလာစားဖြစ်အောင် နည်းမျိုးစုံနဲ့ဆွယ်ပါတယ်။
ဟော့ပေါ့ဘူဖေးတွေရဲ့ ယေဘူရ အကောင်းအဆိုးများ-
ဆွေမျိုးတွေ မိသားစုတွေ ဆုံလို့၊ မိတ်ဆွေ အပေါင်းအသင်းတွေဆုံလို့၊ အထိမ်းအမှတ်ပွဲတခုခု စုစားချင်လို့ ဆိုတာမျိုး လူအများစုစားတဲ့အခါ သူ့အကြိုက် ကိုယ့်အကြိုက် ပြသနာမရှိတော့ပါ။ စားသူက ကိုယ်ကြိုက်တာကိုယ်ယူစားရုံပါ။
ကျွေးသူက မှာထားတာ မလောက်မှာမပူရသလို ပိုလျှံမှာလည်း ပူစရာမလိုပါ။
အစားကြီးသူများအတွက် တွက်ခြေကိုက်ပါတယ်။
အစားနည်းသူများအတွက် စားနိုင်တာထက်ပိုပေးရလို့ ပေးရတာမတန်ပါ၊ ဈေးများပါတယ်။
အပြုတ်မကြိုက်သူများအတွက် ရွေးစရာနည်းပါတယ်။
အရေးအကြီးဆုံးကတော့ ကျန်းမာရေးနဲ့ လုံးမညီညွတ်ပါ။
ကျန်းမာရေးအတွက် မကောင်းတဲ့ ချက်တွေကတော့...
၁၊ ပမာဏ
ဘူဖေးဖြစ်လို့ အများစုက ပေးထားတာ တန်အောင် စားနိုင်သမျှစားကြပါတယ်။ ပုံမှန်ထက်များစွာ (နှစ်ဆမက) ပိုစားပါတယ်။
၂၊ ကိုလက်စထ​ရော
ဈေးကြီးသောပင်လယ်စာကို များများစားတတ်ကြပါတယ်၊ ဂဏန်း ပုဇွန် ကမာ ဆိတ်၊ အမဲ၊ ဝက်သား စသည်တို့မှာ ကိုလက်စထရောအလွန်များသဖြင့် ဆင်ဆင်ခြင်ခြင် စားရမည့် အမျိုးအစားထဲတွင်ပါသော်လည်း ဘူဖေးဖြစ်လို့ ပေးရတာတန်အောင် အဲဒါတွေများများစားကြ။
၃။ ဆား နဲ့ အချိုမှုန့်
သထူးသဖြင့် အသားတွေမှာ အလွန်များပါတယ်။ ပုံမှန်အစားအသောက်တွေမှာထက်ပိုငံပါတယ်။
ဆားနဲ့ အချို့မှုန့်ပါ ဆိုဒီယံကြောင့် သွေးပေါင်ချိန်တက်ပါတယ်။ ကျောက်ကပ်မကောင်းလျင် ဖောယောင်ပါတယ်၊
နှလုံးအားနည်းလျင် မညှစ်နိုင်ပဲ အမောဖေါက်နိုင်ပါတယ်။ ပြုတ်ရည်ကို နည်းနည်းကြာလျင် ရေနွေးရော (သို့) အသစ်လဲသင့်ပါတယ်။
မသောက်သင့်ပါ။
အသားငါးတွေကို အချည်ရည်မျိုးစုံနဲ့ တို့စားလို့ အဲဒီဆော့စ် တွေထဲကအငံဓါတ်တွေကို ပိုစားမိကြပြန်ပါတယ်။
၄၊ အသား
ဟော့ပေါ့စားသူတွေက အသားတွေကိုအစားများပါတယ် အသားတွေမှာ ပြည့်ဝအဆီတွေများသလို အမဲသားဆိတ်သားတွေက ယူရစ်အက်ဆစ်လည်း များပါတယ်၊ အသားပရိုတိန်းကို တခြားအစားတွေနဲ့ အချိုးမမျှအောင်များများစားလျင် ဝမ်းလည်းချုပ်ပါတယ်၊ ကျောက်ကပ်လည်း ဝန်ပိပါတယ်။
၅၊ ကြာရှည်ခံအောင်လုပ်ထားသောအစာများ
အသားလုံး ငါးလုံး ဂဏန်းလိပ် ပုဇွန်လိပ် ဖက်ထုပ် ခဲပြီးလွှာထားသော အသားတွေမှာ ကျန်းမာရေးထိခိုက်စေတဲ့ ကြာရှည်ခံစေတဲ့ ဓါတုပစ္စည်းတွေပါပါတယ်။
နည်းနည်းပါးပါးက သိပ်မသိသာပေမဲ့ အများကြီး မစားသင့်ပါ။
မကြာမကြာစားသူများ ကင်ဆာရောဂါဖြစ်ဖို့ အန္တရာယ်ပိုများလာစေပါတယ်။
အသားငါးသာမက ဂျုံလိုကစီဓါတ်များတဲ့ ပစ္စည်းတွေပါလို့ အစာခြေပြီးလျင် သွေးထဲမှာ သကြားဓါတ်တက်ပါတယ်။
ကိုယ်က ခေါက်ဆွဲ ကြာဇံထည့်မစားတောင် အဲဒီ အသားလုံး ဂဏန်းလိပ်တွေကနေ ကာဗိုဟိုက်ဒြိတ်တွေ အများကြီး ဝင်ပါတယ်။
ဆီးချိုသမားများ သတိထားစရာပါ။
အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာအပါအဝင်ကင်ဆာမျိုးစုံကို ဖြစ်စေနိုင်ပါတယ်။
၅၊ အရွက်
ဘူဖေးစားတာဖြစ်လို့ လူအများက
အလွယ်တကူ ဗိုက်ပြည့်စေတဲ့ ကျန်းမာရေးအတွက် တန်ဖိုးရှိတဲ့ ဈေးပေါတဲ့ အရွက်တွေကို သိပ်မယူတတ်ကြပါ။ အသားကိုပိုစားကြတာများပါတယ်။
၆၊ အချိုပွဲ
ဘူဖေးဖြစ်လို့ အကန့်သတ်မရှိတဲ့ အချိုရည်တွေများများသောက်တတ်ကြသလို ရေခဲမုန့်တွေ အမျိုးကလည်းစုံတော့ အများကြီးစားတတ်ကြပါတယ် ။
အချိုများသလို ရေခဲမုန့်မှာ အဆီဓါတ်လည်းများပါတယ်။ မခြားအချိုမျိုးစုံလည်းရတော့ ပုံမှန် စားနေကျအချိုထက် အဆများစွာပိုစားပါတယ်။
သကြားဓါတ်များလို့ ဆီးချို သွေးချိုတက်သလို အဝလွန်စေပါတယ်။
၇။ ရေ
ဗိုက်မဆံ့မှာစိုးလို့ ရေအသောက်နည်းတတ်ကြပါတယ်။
၈။ အစားအသောက် သန့်ရှင်းမှူ
အသုတ်နဲ့ အထူးသဖြင့် အချည်ရည်မျိုးစုံတို့ဟာ သေချာချက်ပြုတ်ထားတာမရှိလို့ မသန့်လျင် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။
၉။ ချုပ်ရလျင်တော့ ဒီလို ဘူဖေးဟော့ပေါ့တွေကို
သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ်နဲ့ ဆီးရောဂါရှိသူ၊ အစာအိမ်ရောဂါရှိသူ၊ အစာအိမ်အက်ဆစ် အထက်ကို ပြန်ဆန်တတ်တဲ့ ရီဖလက်ရှိသူ၊ သည်းခြေကျောက်ရှိသူ သည်းခြေအိတ်ထုတ်ထားသူ၊ အဝလွန်သူတို့အတွက်တော့ ဝေးဝေးကရှောင်သင့်ပါတယ်။
ရှားရှားပါးပါး_တနှစ်မှတခေါက်နှစ်ခေါက်လောက်သွားစားသူတွေအတွက်သိပ်မဆိုးပေမဲ့_မကြာခဏသွားစားဖြစ်နေရင်တော့ ဆေးဖိုးလည်း စုသာထားဖို့ လိုနိုင်ပါကြောင်း အသိပေးရပါတယ် အမျိုးတို့ခင်ဗျား။
#crd_to_owner

image