2 နှစ်များ - ဘာသာပြန်ပါ။

ကုသရန် ခက်ခဲသော စိတ်နာကျင်မူ

ခန္ဓာကိုယ် အစိတ်အပိုင်းတွေ နာကျင်တဲ့ အခါမှာ ကုသလို့ ရပေမယ့် စိတ်နာကျင်ရင်တော့ ကုသဖို့ ခက်ခဲပါတယ်။

ကိုယ့်ကြောင့် အခြားသူ၏ စိတ်ပိုင်းဆိုင်ရာကို မထိခိုက်စေနဲ့
မိမိက လွယ်လွယ်လေး ပြောလိုက်ပေမယ့် အခြားသူ ရင်ထဲမှာတော့ တစ်သက် မမေ့နိုင်စရာ စိတ်ထဲမှာ နာကျင်သွားစေနိုင်ပါတယ်။ ဒါကြောင့် အခြား၏ စိတ်ကို ထိခိုက် နာကျင်စေမယ့် စကားများ မပြောပါနဲ့။

ဒေါသနဲ့ ပြောလိုက်မိရင် ပြန်တောင်းပန်
တစ်ခါတစ်လေ မိမိ၏ မိတ်ဆွေ သူငယ်ချင်းတွေကို ဒေါသ ရှေ့ထားပြီး ခပ်ရိုင်းရိုင်း စကားတွေနဲ့ ပြောလိုက်မိတဲ့ အခါ ပြန်တောင်းပန်သင့်ပါတယ်။ ဒေါသကြောင့် ဖြစ်ပေါ်သွားတဲ့ စကားလုံးတွေဟာ အခြားသူကို နာကျင်စေပါလိမ့်မယ်။

ဖြေသိမ့်လို့မရတဲ့ နာကျင်မူတွေ ရှိလာရင်
တစ်ခါတစ်လေမှာ ဖြေသိမ့်ဖို့ ခက်ခဲတဲ့ နာကျင်မူတွေ ကြုံလာနိုင်ပါတယ်။ အဲဒီလို ကြုံလာတဲ့အခါမှာ စိတ်ကို ဖြေသိမ့်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ဘဝကိုယ် အကောင်းဆုံး လျောက်လှမ်းနိုင်အောင် စဉ်စားပါ။

လူတိုင်း နာကျင်ဖူးကြတယ်
စိတ်နာကျင်မူဆိုတာ နည်းတာ များတာပဲ ကွာတာပါ။ လူတိုင်း လူတိုင်း နာကျင်ဖူးကြတဲ့ သူတွေပါပဲ။ တစ်ချို့က အဲဒီနာကျင်မူကို ခွန်အား အဖြစ်ပြောင်းလဲပြီး ဘဝကို အောင်မြင်အောင် လုပ်ကြတယ်။ တစ်ချို့ကလည်း နာကျင်မူကို မျိုသိပ်ပြီးပဲ စိတ်ထဲမှာ ထားကြပါတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

Breaking News!!!

အသက် (၃၆)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ စပိန် ဝါရင့် ကွင်းလယ်ကစားသမားကြီး ဟွမ် မာတာဟာ အခုဆိုရင် သြစတြေးလျ အေလိဂ်ကလပ် ဝက်စတန်း ဆစ်ဒနီ ဝန်းဒါးရားအသင်းဆီ တစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ လက်မှတ်ရေးထိုးလိုက်ပြီလို့ သိရပါတယ်။

ချယ်လ်ဆီးနဲ့ မန်ယူနိုက်တက်အသင်းတို့ရဲ့ ကစားသမားဟောင်း မာတာဟာ ဂါလာတာစာရေးနဲ့ တူရကီလိဂ် ဗစ်ဆဲလ် ကိုဘေအသင်းနဲ့အတူ ဂျပန် ဂျေလိဂ်တို့မှာပါ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပါသေးတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

အရေးကြုံလာရင်
အသိပေး တိုင်ပင်စရာလူ ရှိဖို့လိုတယ်
ဒီ့ထက် သိပ်ခက်လာရင်
ယုံကြည်အားကိုးရမယ့် လူလိုတယ်။
ရင်မဆိုင်ရဲလောက်အောင် အခက် ကြုံလာရင်တော့
အိမ်နဲ့တူတဲ့ လူကို လိုပါတယ်။

- Lionel Sn -

2 နှစ်များ - ဘာသာပြန်ပါ။

"ဟုတ်ပါပြီ၊ ဒါပေမယ့် ငါနဲ့ ထိုက်တန်ခဲ့လို့လား။ """.

image
2 နှစ်များ - ဘာသာပြန်ပါ။

အချစ်တွေအားလုံး ပေးခဲ့ပေမဲ့
အခုတော့ အချစ်တွေက
အပြစ်တွေဖြစ်ခဲ့ပြီပေါ့
ဝမ်းနည်းစရာကောင်းလှပါတယ် ။

-မောင်ထက်ခေါင်
၁၈.၄.၂၀၂၄
#crdphoto

image
2 နှစ်များ - ဘာသာပြန်ပါ။

ကော်ဖီတွေသာ သောက်ပြီးရင်လေ
စိတ်တွေမှာ လွတ်လပ်သွားလိုခံစားရတယ်၊
ဒါကြောင့်
ဘဝမှာ မျိုသိပ်ပစ်မှဖြစ်မယ့်
ခံစားချက်တွေ ရှိလာတဲ့အခါ
ကော်ဖီတွေကို ပိုပြီးသောက်ဖြစ်တယ် !!

#2001

image
2 နှစ်များ - ဘာသာပြန်ပါ။

ချစ်တဲ့လူကို မရနိုင်တဲ့အဆုံး တိုးတိုးတိတ်တိတ် ရင်ထဲသိမ်းထားရုံပဲ တတ်နိုင်တော့တာပေါ့။

#ပါရီယာနာ

image
2 နှစ်များ - ဘာသာပြန်ပါ။

ချစ်တယ်ဆိုတဲ့အသိကို တန်ဖိုးထားလေးစားမှုနဲ့ပဲ
ပြစေချင်တယ်
ဘယ်အရာကမှ စိတ်ကိုမလွှမ်းမိုးနိုင်ဘူး

လူတစ်ယောက်ဆီမှာတောင် နေရာတစ်ခုမရရင်
ဘဝတစ်ခုလုံး
ပျော်ရွှင်ရမယ်လို့ ဘယ်လိုအာမခံနိုင်မလဲ

စကားလုံးတွေက အကြင်နာယောင်ဆောင်ထားရင်တောင်
အပြုအမူတွေက စိတ်မလုံခြုံမှုကို ခေါ်ဆောင်တာမျိုး
အဲ့ဒီနေရာမှာ ပြန့်ကျဲသွားမလား

အချစ်ဆိုတာက စိတ်ကိုကာကွယ်ခြင်းလို့ သိတဲ့အခါ ကလေးရေ
မင်း အဲ့ဒီနေရာက ပြေးထွက်ချင်လာမှာပါ။

#ဇူခီ

image
2 နှစ်များ - ဘာသာပြန်ပါ။

ကလေးအရမ်းမဆန်တော့ဘူး
ပြီးတော့ ...
မျက်ရည် မလွယ်တော့ဘူး

လိုချင်တာတွေရမလာတဲ့အခါ
မထိုက်တန်လို့ ဆိုပြီး တွေးတတ်လာပြီ
ရလာတဲ့အရာတွေကို
ပိုပြီးတော့ တန်ဖိုး ထားလာပြီ

ထွက်သွားတဲ့လူတချို့အတွက်
ကျနေမယ့် မျက်ရည်တွေ နေရာကို
ရှိနေတဲ့လူတွေနဲ့
ပျော်အောင် နေတတ်လာပြီ ။

#2001
//crd

image
2 နှစ်များ - ဘာသာပြန်ပါ။

သူ့ဘဝရဲ့တစ်ထောင့်တစ်နေရာမှာ
အရေးပါတဲ့သူတစ်ယောက်အဖြစ်ပဲရှိနေပေးချင်တယ်
ဘာရယ်လို့ လျှောက်တွေးမနေချင်ဘူး
သူ့အနားမှာအမြဲရှိနေပေးဖို့
သူ့အပြုံးလေးတွေလှနေစေဖို့
သူ့စိတ်ကူးတွေတကယ်ဖြစ်မြောက်လာစေဖို့
ပြည့်စုံတဲ့လူမဟုတ်ရင်တောင်
မင်းအတွက်အကောင်းဆုံးလူပဲဖြစ်ပေးချင်ပါတယ် ။

#kuzo

image