ကြက်သားမရမ်းပြားမွန်ချက်

မြူနှင်းဝေတဲ့ ဆောင်းနေ့လည်မျိုးမှာ ပူပူစပ်စပ်လေးနဲ့ ချွေးပြန်စရာ ကြက်သားမွန်ချက်လေးနဲ့ မိတ်ဆက်ပေးအုံးမယ်နော်
မြန်မာပြည်တနံတလျားက တိုင်းရင်းသားတွေ တွေ့ဆုံရာကနေ ဒီဟင်းလေးချက်တတ်ခဲ့တာပါ။ ဒီဟင်းလေးကိုသင်ပေးခဲ့တဲ့ မွန်မ(ကျွန်မတို့ကချစ်စနိုးခေါ်တာပါ ) သို့မဟုတ် တင်မိုးကိုကျေးဇူးတင်ကြောင်းဒီနေရာကနေမှတ်တမ်းတင်ပါရစေ။
မရမ်းပြားကို ဟင်းအဖြစ် အခုလိုချက်စားလို့ကောင်းမှန်း သူနဲ့တွေ့မှ သိခဲ့ရတာပါ။

ပါဝင်တာကတော့

၁။ ကြက်အရိုးအသားရောရာ ၁၀သား
၂။ ကြက်သွန်ဥနီ အနေတော် ၁ဥ
၃။ ငရုတ်သီးစိမ်း ၁၀တောင့်
၄။ စပါးလင် အနေတော် ၁ဥ
၅။ စိမ်းစားငါးပိ မန်ကျည်းစေ့ခန့်
၆။ ဆနွင်း အနည်းငယ်
၇။ ဆား ။
၈။ ဟင်းခတ်မှုန့် ။
၉။ဆီ ထမင်းစားဇွန်း ၁ဇွန်း
၁၀။ ရေ ၅၀၀ ml
၁၁။ မရမ်းပြားအိုးစိမ် ၈ပြားခန့်
၁၂။ နံနံပင် အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

ဦးစွာကြက်သားများကို တလုပ်စာအနေတော် တုံးပါ။ပြီးလျှင် ရေဆေးပြီး ဆနွင်း ၊ ဆား၊ငါးပိ၊ဟင်းခတ်မှုန့်ဖြင့်ရောလူးပြီ း နှပ်ထားပါ။ မွန်ဟင်းအများစုသည် အသားငါးကို ဆနွင်း၊ ဆား ၊ ငါးပိဖြင့်နယ်ပြီးချက်လေ့ရှိကြသည်။
ပြီးလျှင်စပါးလင်ကို အနေတော် ပ်ိုင်းပြီး အရင်းပိုင်းကိုကြေအောင်ထုထည့်ပါ။
ကြက်သွန်နီကို မညက်တညက် ထောင်းပါ။ မရမ်းပြား လည်းထည့်ထောင်းပါ၊ ပြီးလျှင် ငရုတ်သီးစ်ိမ်းလုံး ကွဲထောင်းပြီး ဟင်းအိုးထဲထည့်ပါ။ ဆီထည့်ပါ။
အသားမြုပ်ရုံရေထည့်ပြီးဆူအောင်တည်ပါ။ ပွက်ပွက်ဆူလာလျှင် အရေသောက်အနည်းတော်ရရန်ရေထပ်ရောပါ။ အပေါ့အငန် မြည်းကြည့်ပါ။ နံနံပင်အုပ်၍ စားသုံးရန်အသင့်ဖြစ်နေပါပြီ။

image
2 yrs - Translate

6.9.2024 ရွှေစျေး ၊ ငွေစျေး နှင့် ဆီစျေးများ

#ရွှေစျေး
၁၆ပဲရည် တစ်ကျပ်သား = 70500000ကျပ်
၁၅ပဲရည် တစ်ကျပ်သား = 6600000 ကျပ်

#world Gold
1Oz = 2517Dollor

#ငွေစျေး
1 USD = 5500MMK

#ဆီစျေး ( ရှမ်းပြည်နယ် )
Diesel = 2820ကျပ်
Premium Diesel = 3500ကျပ်
92 RON OCTANE = 3320ကျပ်
95 RON OCTANE = 3460ကျပ်
97 RON OCTANE = 0

image
2 yrs - Translate

ညီမလေးအကြောင်း အတွေးထဲဝင်လာရင် ဘဝကအဲ့လို😬

image
2 yrs - Translate

မောင် တထမ်း မယ် တရွက်
အိမ်ရောက် တော့မယ်မောင်ရေအားတင်းထား😅

image
2 yrs - Translate

ကော်ဖီသောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေဟု လေ့လာချက် တစ်ခုဆို

ကဖင်းဓာတ်ပါ ကော်ဖီကို သောက်သည်ဖြစ်စေ ကဖင်းဓာတ်ဖယ်ထားတဲ့ ကော်ဖီကို သောက်သည်ဖြစ်စေ ကော်ဖီသောက်သုံးခြင်းဟာ ကျန်းမာရေးပြဿနာ ဖြစ်ပွားနှုန်းများကို လျှော့ကျစေနိုင်တယ်လို့ လေ့လာသူများက နိုင်ငံပေါင်းစုံမှာနေကြတဲ့ ကော်ဖီသောက်သုံးသူ ၂ ထောင်ကျော်ကို လေ့လာပြီး စစ်တမ်းတစ်ခုထုတ်ပြန်ခဲ့ပါတယ်။

ဒီစစ်တမ်းကို Annals of Internal Medicine ဂျာနယ်မှာ ဇူလိုင် ၁၀ ရက်နေ့က ပုံနှိပ်ထုတ်ဝေခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လောစ်အင်ဂျလိစ်မြို့ရှိ Keck School of Medicine of USC မှ တွဲဖက်ပါမောက္ခဖြစ်သူ ဗရိုနီကာ ဆန်တီယာဝမ် (Veronica Setiawan) နဲ့ အခြားသော အဖွဲ့များ ပူးပေါင်းလေ့လာခဲ့တာ ဖြစ်ပါတယ်။

ကော်ဖီသောက်သုံးခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်စေပြီး ကင်ဆာရောဂါကို ကာကွယ်စေနိုင်တယ် လို့စစ်တမ်းက ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် တစ်နေ့ကို ကော်ဖီ ၂ ခွက် ၊ ၃ခွက် သောက်သုံးသူများဟာ ကော်ဖီလုံးဝမသောက်သုံးသူများထက် ၁၈ % ခန့် အသက်သေဆုံးနိုင်ခြေနည်းပါးပြီး ကော်ဖီသောက်သုံးသူများဟာ နှလုံးရောဂါ၊ ကင်ဆာ၊ ဆီးချို၊ လေဖြတ်ခြင်းနဲ့ အသက်ရူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားနှုန်း နည်းပါးပါတယ်။ ဒါပေမဲ့ စစ်တမ်းမှာ ကော်ဖီဘယ်လောက်သောက်သလဲ ဆိုတာကိုသာလေ့လာခဲ့ပြီး သကြားဘယ်လောက်ရောလဲ၊ နွားနို့ ဘယ်လောက်ရောပြီး သောက်လဲဆိုတာကိုတော့ မလေ့လာခဲ့ဘူးလို့ လေ့လာသူများက ဆိုပါတယ်။

လေ့လာချက်ထဲမှာ ကဖင်းဓာတ်ပမာဏကိုပါ ထည့်သွင်းစဉ်းစားခြင်းမပြုခဲ့တဲ့အတွက် ကဖင်းဓာတ် ပမာဏများလွန်းရင်လည်း ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်ပါသေးတယ်။ တစ်နေ့ကို ကော်ဖီ ၄ ခွက်မှ ၅ခွက် (ကဖင်းဓာတ် ၄၀၀ မီလီဂရမ်) အထိသောက်သုံးသူများရဲ့ ကျန်းမာရေးဟာ ရေရှည်ဆိုရင် ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကော်ဖီပုံမှန်သောက်သုံးခြင်းဟာ ကျန်းမာရေးအတွက်ကောင်းမွန်စေနိုင်တယ် ဆိုပေမဲ့ အလွန်အကျွံမသောက်သုံးဖို့လိုအပ်ပြီး ကော်ဖီထဲထည့်သောက်တဲ့ သကြားနဲ့ နွားနို့ ပမာဏကိုလည်း ဂရုစိုက်ကာ သောက်သုံးဖို့ လိုအပ်ပါတယ်။

image
2 yrs - Translate

စားပြီးပြီလား
😁😀

2 yrs - Translate

မွေးမြူရေး
ငါးရံ့ မုန့်ဟင်းခါးတို့ ငါးခူစင်းကောတို့တောင် သတိရသွားတယ် 😁

2 yrs - Translate

ကူညီတာများရင် ဝတ္တရားဖြစ်တတ်တယ်တဲ့။
ဒီစကားက အလကားမဟုတ်ဘူး။

တန်ဖိုးမထားတတ်တဲ့ လူတစ်ယောက်ကို
တစ်ခါ နှစ်ခါကူညီကြည့်၊ ကျေးဇူးတင်လိမ့်မယ်။

သုံးလေးခါထက်ပိုသွားရင်
ဝတ္တရားတစ်ခုလို ဖြစ်လာလိမ့်မယ်။

မကူညီနိုင်တဲ့အခါ
ရှေ့က ကူညီခဲ့တာတွေပါ လုံးဝ မေ့သွားလိမ့်မယ်။

လောကမှာ
ဘယ်သူကမှ ဘယ်သူ့ကိုလုပ်ပေးရမယ်လို့
တာဝန်မရှိဘူးနော်။
ကူညီတယ်ဆိုတာ ဝတ္တရားမဟုတ်ဘူး။

ငွေကြေးကူညီခဲ့ဖူးတာ၊ လုပ်အားကူညီခဲ့ဖူးတာ
အချိန်အားဖြင့်၊ လူအားဖြင့်၊ စိတ်ခွန်အားစသဖြင့်
ကူညီခံခဲ့ရဖူးရင်
မမေ့တတ်ခြင်းက လူပီသခြင်းတစ်မျိုးပါပဲ။ 🤎

image
2 yrs - Translate

အမေး =======
ကားကိုမသုံးဘဲ အကြာကြီး
ရပ်ထားမိရင် ဘာတွေဖြစ်တတ်သလဲ။
_______________________________
(1) ကားဘက်ထရီပြသာနာတွေ ဖြစ်လာနိုင်ပါတယ်
ရပ်ထားတာကြာရင် ကြာသလို
ဘက်ထရီလုပ်ဆောင်ချက်တွေ ထိခိုက်ပြီးပျက်စီးသွားနိုင်သလို
စက်ပြန်လည်နိုးတဲ့အခါ ဘက်ထရီထောက်နိုးရတာတွေ ပြုလုပ်ရတတ်ပါတယ်။
ဒါကြောင့် ဖြစ်နိုင်ရင် ယာဉ်အမျိုးအစား
ဘက်ထရီသက်တမ်းအပေါ် မူတည်ပြီး
3ရက်တခါ 1 ပတ် တခါ စက်နိုးပေးပြီး
ဒီerrorကို ကာကွယ်ပေးနိုင်ပါတယ်။

(2) အင်ဂျင်လည်ပတ်မှူမရှိတော့တဲ့အတွက်
အင်ဂျင်အတွင်းအစိတ်အပိုင်း ချို့ယွင်မူတွေ
သံချေးတတ်မူတွေ ဖြစ်ပေါ်နိုင်ခြေရှိပါတယ်။

(3) ကားဘရိတ်စနစ်ထိခိုက်မှူတွေလဲ ဖြစ်တတ်ပါတယ်။ဘရိတ်ဆီတွေနည်းလာတာ မရှိတော့တာမျိုးလဲ ဖြစ်တတ်ပါတယ်။ဒါကြောင့်အချိန်အကြာကြီး
မသုံးဘဲ ရပ်မိရင် ဒါတွေကို ထည့်သွင်း စစ်ဆေးပေးတဲ့အခါ ပိုပြီး စိတ်ချရပါတယ်။

(4) ကားအဲယာကွန်းအနံအသက်မကောင်းတော့ခြင်း။ဖုန်မူန်တွေပါလာတာခြင်းမျိုးတွေလဲဖြစ်ကောင်း
ဖြစ်နိုင်ပါတယ်။

(5)စိုထိုင်းစရှိတဲ့နေရာမျိုးမှာ ကာလရှည်ကြာရပ်ထားမိရင်တော့ ကားအောက်ပိုင်းနဲ ကားတာယာ
ပျက်စီးမှူတွေ ဖြစ်တတ်ပါတယ်။

(6) ကားအတွင်းပိုင်ရှိ ကူရှင်များ မှိူတက်တာမျိုးလဲ
ဖြစ်နိုင်ခြေရှိပါတယ်။
-----------------------
မဖြစ်မနေအချိန်အကြာကြီး ရပ်ထားရတော့မယ်ဆိုရင် ခြောက်သွေ့တဲ့နေရာမှာ ရပ်ပါ။
ကားကို လုံခြုံစွာအုပ်ထားပါ။
မကြာခန ဖုန်သုတ်ပေးပါ။မဟုတ်ရင် ဆေးသားထိခိုက်တတ်ပါတယ်။
ကားစက်နိုးပြီး အဲယာကွန်းကို ဖွင့်ပေးရန် လိုအပ်ပါတယ်။
------------------------
Credit 😍

image
2 yrs - Translate

Moana photoshoot fail 😂🤦🏽‍♂️

image