Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Adult coloring book တွေရဲ့ ကျန်းမာရေးအပေါ် အကျိုးကျေးဇူးများ
အခုအချိန်မှာ Adult coloring book တွေကို တော်တော်များများအသုံးပြုလာကြပါပြီ။ ရောင်စုံခြယ်တဲ့စာအုပ်လေးတွေဟာ ကလေးတွေအတွက် သာမဟုတ်တော့ပဲ လူကြီးတွေအတွက်ပါ ရည်စူးထုတ်လုပ်လာကြတာပါ။
သုတေသနပညာရှင်နဲ့ အနုပညာရှင်တွေက ဆယ်စုနှစ် တစ်ခုကျော်ကြာအောင် လေ့လာခဲ့ကြပြီး ရလဒ်ကောင်းတွေ တွေ့ရှိခဲ့ကြပါတယ်။ ရောင်စုံခြယ်ခဲတံတွေကိုလည်း Adult coloring book တွေမှာ သုံးနိုင်အောင် ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်လာကြပါတယ်။ ဒါကလည်း ဈေးကွက်တစ်ခုဖြစ်လာပါတယ်။
တကယ်တော့ နိုင်ငံခြားမှာ ၂၀၁၂ လောက်ကစပြီး အတော်ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာတော့ ၂၀၁၅ လောက်မှာမှစပြီး တွင်ကျယ်လာတာကိုတွေ့ရပါတယ်။ အမေရိကန်အနုပညာနဲ့ ကုစားခြင်းအဖွဲ့အစည်းက အနုပညာနဲ့ကုစားခြင်းဟာ စိတ်ပိုင်းဆိုင်ရာကိုကောင်းမွန်စေပြီး ခံစားချက်တွေကို ရှာဖွေနိုင်ခြင်း၊ ပြင်းပြတဲ့ခံစားချက် ရှုပ်ထွေးမှုတွေကို ပြန်လည်ညှိနှိုင်းပေးနိုင်ခြင်း၊ ကိုယ့်ကိုယ်ကိုယ်ဂရုပြု ဂရုစိုက်မိစေခြင်း၊ အပြုအမူတွေကို ထိန်းသိမ်းနိုင်ခြင်း၊ လူမှုဆက်ဆံရေးနယ်ပယ်တွေမှာ ပိုမိုအဆင်ပြေခြင်း၊ လက်ရှိဘဝကို ပိုနှစ်သက်တတ်လာခြင်း၊ စိုးရိမ်စိတ်တွေကို လျှော့ချနိုင်ခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တိုးတက်လာနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရနိုင်တယ်လို့ဆိုပါတယ်။
ရောင်စုံခြယ်တာက လုံးဝကြီးအနုပညာ သက်သက်တော့ မဟုတ်ပေမယ့် ဒီကုစားခြင်းရဲ့ အကျိုးကျေးဇူးကို ရရှိနိုင်ပါတယ်။ အရောင်တွေခြယ်ပြီး ကုစားပေးခြင်းကို ၉၀ ခုနှစ်အလည်ပိုင်းတွေမှာ စတင်ခဲ့တယ်လို့ သိရပါတယ်။ စိုးရိမ်စိတ်နဲ့သောကတွေကို လျှော့ချပေးနိုင်ပြီး အာရုံစိုက်နိုင်စွမ်းနဲ့ စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ အဝန်းအဝိုင်းပုံစံတွေနဲ့ မြေမျက်နှာသွင်ပြင်ပုံစံ သျှက္ကရ(Sanskrit-Mandala) ပုံစံတွေကို အရောင်ခြယ်တာက စိုးရိမ်စိတ်တွေကိုလျှော့ချနိုင်ပါတယ်။ အရောင်ခြယ်ခြင်းဖြင့် ဦးနှောက်ရဲ့အတွေးတွေကို ထိန်းချုပ်နိုင်ပြီး တစ်ခုထဲကိုအာရုံစိုက်စေပါတယ်။ ဒါက စိတ်သောကတွေကို သက်သာစေပါတယ်။
အခုအခါမှာတော့ စူပါမားကတ်တွေ စတိုးဆိုင်တွေမှာ Adult coloring book တွေကို အလွယ်တကူဝယ်ယူရရှိနေပြီဖြစ်ပါတယ်။ အားလပ်ချိန်မှာ ဖုန်းတွေ ကွန်ပျူတာတွေခဏ ဘေးချိတ်ပြီး စာအုပ်လေးနဲ့ရောင်စုံခဲတံလေးယူပြီး ခြယ်ကြည့်ပါ။ ဒါက စိတ်ငြိမ်တဲ့ယောဂကျင့်တာမျိုးနဲ့ ဆင်တူပါတယ်။ အာရုံကိုတစ်ခုထဲမှာ စူးစိုက်နေစေပြီး စိတ်ငြိမ်စေပါတယ်။ စိတ်ငြိမ်လာတာနဲ့အမျှ ပတ်ဝန်းကျင်အပေါ် ဒါမှမဟုတ် ပြဿနာတစ်ခုခုအပေါ် မြင်တဲ့အမြင်တွေက ပိုကောင်းလာနိုင်ပါတယ်။ စိတ်ကိုလည်း ကြည်လင်စေပြီး လူမှုပတ်ဝန်းကျင်မှာလည်း ပေါင်းသင်းဆက်ဆံမှုတွေ တိုးတက်လာနိုင်ပါတယ်။
တောင်သူတစ်ဦးက ပိုလျှံနေတဲ့ အာလူးသန်းချီကို လိုအပ်နေသူတွေအတွက် လှူဒါန်း
ကနေဒါနိုင်ငံမှ တောင်သူတစ်ဦးဟာ ပိုလျှံနေတဲ့ အာလူးသန်းချီကို လိုအပ်နေသူတွေအတွက် လှူဒါန်းပေးခဲ့ပါတယ်။ မာနီတိုဘာမြို့မှာ နေထိုင်တဲ့တောင်သူ ဟိုဖာဟာ အခုနှစ် အာလူးထွက်ချိန်မှာ အာလူး အလွန်အထွက်တိုးပြီး အလေးချိန် ပေါင် ၁၀ သန်းလောက်အထိ ပိုလျှံနေခဲ့လို့ ကြံရာမရ ဖြစ်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ The Farmlink Project နဲ့ ဆက်သွယ်ပြီး ပိုလျှံနေတဲ့ အာလူးတွေကို လိုအပ်နေသူတွေထံ လှူဒါန်းပေးနိုင်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၄ နှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ The Farmlink Project ဟာ တောင်သူတွေရဲ့ ပိုလျှံနေတဲ့ သီးနှံတွေကို လိုအပ်နေသူတွေထံ ဖြန့်ဖြူးပေးတဲ့ အဖွဲ့အစည်းပါ။ အမေရိကန်နိုင်ငံနဲ့ မြောက်အမေရိကတိုက်တစ်ဝန်းမှာ ပိုလျှံနေတဲ့ ထွက်ကုန်ပစ္စည်း အလေးချိန် ပေါင်သန်း ၂၂၀ ကို လိုအပ်နေသူတွေထံ ပို့ဆောင်ပေးနိုင်ခဲ့ပြီး အဲဒီပမာဏက အိမ်ထောင်စုတွေအတွက် အစားအစာအနပ်ပေါင်း ၁၈၃ သန်းနဲ့ ညီမျှပါတယ်။
Ref: Manitoba Farmer Gives Away Millions Of Potatoes To People In Need
တောင်သူတစ်ဦးက ပိုလျှံနေတဲ့ အာလူးသန်းချီကို လိုအပ်နေသူတွေအတွက် လှူဒါန်း
ကနေဒါနိုင်ငံမှ တောင်သူတစ်ဦးဟာ ပိုလျှံနေတဲ့ အာလူးသန်းချီကို လိုအပ်နေသူတွေအတွက် လှူဒါန်းပေးခဲ့ပါတယ်။ မာနီတိုဘာမြို့မှာ နေထိုင်တဲ့တောင်သူ ဟိုဖာဟာ အခုနှစ် အာလူးထွက်ချိန်မှာ အာလူး အလွန်အထွက်တိုးပြီး အလေးချိန် ပေါင် ၁၀ သန်းလောက်အထိ ပိုလျှံနေခဲ့လို့ ကြံရာမရ ဖြစ်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ The Farmlink Project နဲ့ ဆက်သွယ်ပြီး ပိုလျှံနေတဲ့ အာလူးတွေကို လိုအပ်နေသူတွေထံ လှူဒါန်းပေးနိုင်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၄ နှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ The Farmlink Project ဟာ တောင်သူတွေရဲ့ ပိုလျှံနေတဲ့ သီးနှံတွေကို လိုအပ်နေသူတွေထံ ဖြန့်ဖြူးပေးတဲ့ အဖွဲ့အစည်းပါ။ အမေရိကန်နိုင်ငံနဲ့ မြောက်အမေရိကတိုက်တစ်ဝန်းမှာ ပိုလျှံနေတဲ့ ထွက်ကုန်ပစ္စည်း အလေးချိန် ပေါင်သန်း ၂၂၀ ကို လိုအပ်နေသူတွေထံ ပို့ဆောင်ပေးနိုင်ခဲ့ပြီး အဲဒီပမာဏက အိမ်ထောင်စုတွေအတွက် အစားအစာအနပ်ပေါင်း ၁၈၃ သန်းနဲ့ ညီမျှပါတယ်။
Ref: Manitoba Farmer Gives Away Millions Of Potatoes To People In Need
အိန္ဒိယနိုင်ငံရဲ့ တောအုပ်ကြီးတစ်ခုကို ကာကွယ်ပေးနိုင်ခဲ့လို့ စိမ်းလန်းရေးနိုဘယ်ဆု ရခဲ့သူ
အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးတောအုပ်ကြီးတစ်ခုကို ကျောက်မီးသွေး မိုင်းတွင်းအဖြစ် ပြောင်းလဲမယ့် အခြေအနေကနေ ကာကွယ်တားဆီးနိုင်ခဲ့တဲ့ အမျိုးသားဟာ ၂၀၂၄ ခုနှစ်အတွက် Goldman Prize ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံဟာ လျှပ်စစ်ထုတ်လုပ်ဖို့အတွက် ကျောက်မီးသွေး သုံးစွဲမှုအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဆတ္တိံသဂြဟပြည်နယ်ရဲ့ အဆုတ်လို့ တင်စားကြတဲ့ Hasdeo Aranya သစ်တောကြီးဟာ ကျောက်မီးသွေး မိုင်းတွင်းတွေ တူးဖော်ခံရမယ့် အခြေအနေ ကြုံခဲ့ပါတယ်။
၆၅၇ စတုရန်းမိုင် ကျယ်ဝန်းတဲ့ သစ်တောကြီးမှာ ဌာနေတိုင်းရင်းသား ၁၅၀၀၀ ဝန်းကျင် မှီတင်းနေထိုင်ကြပြီး သားရဲတိရစ္ဆာန်ပေါင်းများစွာ ကျင်လည်ကျက်စားတဲ့နေရာ ဖြစ်ပါတယ်။ အဲဒီသစ်တောထဲမှာ ကျောက်မီးသွေး မိုင်းတွင်း ၂၁ တွင်း တူးဖော်ဖို့ အဆိုပြုထားတဲ့အပေါ် ပြည်နယ်အစိုးရအဖွဲ့က ချင့်ချိန်စဉ်းစားနေချိန်မှာ အလော့ရှုခလာက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ခဲ့တာပါ။
ဌာနေတိုင်းရင်းသားတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ပေးရမယ်ဆိုတဲ့ အိန္ဒိယနိုင်ငံရဲ့ အခြေခံဥပဒေကို အစိုးရက လိုက်နာရမယ်လို့ ရှုခလာက ထောက်ပြခဲ့ပြီး ဒီအကြောင်းကို မီဒီယာတွေမှာ ဖော်ပြခံရအောင် ကြိုးပမ်းခဲ့ပါတယ်။ သူဟာ Save Hasdeo Aranya Resistance ကော်မတီကို တည်ထောင်ခဲ့ပြီး ဌာနေတိုင်းရင်းသားတွေနဲ့အတူ ဆတ္တိံသဂြဟပြည်နယ်ရဲ့ အဝေးပြေးလမ်းမှာ ဆန္ဒပြခဲ့ပါတယ်။ သူတို့ဟာ မိုင် ၁၆၀ အကွာအဝေးအထိ ချီတက်ဆန္ဒပြဖို့ စီစဉ်ခဲ့ကြပြီး ခရီးစဉ်တစ်ဝက်မှာတောင် ပြည်နယ်အစိုးရက ကျောက်မီးသွေး မိုင်းတွင်းတွေ တူးဖော်ရေးကိစ္စကို ဖျက်သိမ်းလိုက်ပြီလို့ သတင်းထုတ်ပြန်ခဲ့တာပါ။
Hasdeo Aranya သစ်တောကြီးကို ကာကွယ်ပေးနိုင်ခဲ့တဲ့ ရှုခလာဟာ ဘရာဇီး၊ အမေရိကန်၊ တောင်အာဖရိက၊ သြစတြေးလျ၊ စပိန် အစရှိတဲ့ နိုင်ငံ(၅)နိုင်ငံမှ အခြားဆုရသူ (၅)ဦးနဲ့အတူ ၂၀၂၄ ခုနှစ်အတွက် Goldman Environmental ဆု ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ Goldman Environmental ဆုဟာ ဂုဏ်သတင်းကြီးမားလှတဲ့ ဆုတစ်ခုဖြစ်ပြီး စိမ်းလန်းရေးနိုဘယ်ဆုလို့လည်း တင်စားကြပါတယ်။
Ref:He Saved One of the Largest Forests in India from Coal Mining–and Was Honored With 2024 Goldman Prize
“ဘာစီလိုနာအတွက် ကစားနေတဲ့ အရမ်းကို ငယ်ရွယ်တဲ့ ရာမဲလ်က အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်လာနိုင်ပြီး အနာဂတ်မှာလည်း ဘလွန်းဒီအော်ဆုကို စိန်ခေါ်နိုင်မှာပါ” လို့ (၂၀၂၃) ခုနှစ်မှာ မက်ဆီက ပြောခဲ့ဖူးပါတယ်။
မက်ဆီရဲ့ပြောစကားကတော့ တကယ်ကို မှန်ကန်ခဲ့ပါတယ်။ အခုဆိုရင် ရာမဲလ်က တော်တော်လေးကို တောက်ပလာခဲ့ပြီး လာမယ့်နှစ်မှာဆိုရင် ဘလွန်းဒီအော်ဆုကို စိန်ခေါ်နိုင်တဲ့ အနေအထားမျိုးအထိ ရောက်ရှိလာနိုင်ပါတယ်။
လူတွေက စော်ကားလို့ရတဲ့သူတွေကိုပဲ
စော်ကားတာ။
ကိုယ့်ကို ပြဿနာရှာရင်
သူတို့ ပိုပြဿနာဖြစ်မည့်သူတွေကို
စော်ကားဖို့ ဝန်လေးတတ်ကြတယ်။
ငါပြန်ခံရမယ်ဆိုတာ သိတာကိုး။
ဒါကြောင့် ကိုယ့်အချစ်ဆုံး
အရင်းနှီးဆုံးသူတွေကိုသည်းခံ။
သူစိမ်းတွေက ကိုယ့်အရင်းအနှီးဆုံးသူတွေကို
စော်ကားတာ မခံနဲ့။
မခံနဲ့ဆိုတာ ချက်ချင်းတုန့်ပြန်တာကို
ပြောတာမဟုတ်ဘူး။
တစ်ခုခုဆို ရေးမှတ်ထား။
ချင်ချင်းမတုန့်ပြန်နဲ့အုံး။
တစ်ကွေ့မှာ ပြန်ကြုံတဲ့အခါမှ
သင်ခန်းစာပြန်ပေး။
လူတွေဘာလို့ ခဏခဏအစော်ကားခံရလဲဆို
မေ့ပြီး စိတ်မှတ်မရှိကြလွန်းလို့။
ဒါကို ခွင့်လွတ်တယ်ဆိုတဲ့ ခေါင်းစဥ်တပ်လိုက်တယ်။
ဒီတော့ ကိုယ့်ထက်အင်အားကြီးတဲ့ရန်သူရဲ့
စော်ကားတာ အကြိမ်ကြိမ်ခံရတယ်။
ဘဝဆိုတာ မေတ္တာတရားတစ်ခုတည်းနဲ့
လည်ပတ်နေတာမှမဟုတ်တာ။
ကိုယ်နဲ့ ကိုယ့်ချစ်တဲ့သူတွေကိုကာကွယ်ဖို့လိုတယ်။
အသားလွတ် စော်ကားတာ ခေါင်းငုံ့မခံနဲ့။
မူးရင်းရေးစားသူအား လေးစားစွာဖြင့်
အိမ်ထောင်ရေး တစ်ခုမှာပဲ ဖြစ်ဖြစ်
မိတ်ဆွေသူငယ်ချင်းမှာပဲ ဖြစ်ဖြစ်
သူစိမ်း ယောကျာ်း နဲ့ မိန်းကလေးတို့ပဲဖြစ်ဖြစ်
အတူတူ လျှောက်လမ်းဖို့ရွေးချယ်တဲ့အခါမှာ
ဆင်းရဲခြင်း ၊ချမ်းသားခြင်း၊ ပညာတက်ခြင်းထက်
တန်ဖိုးထားတဲ့အရာ တူညီနေဖို့
ပိုအရေးကြီးမယ်ထင်တယ်
ရှေ့ဆက်စပ်ဖို့အတွက် ပိုအဆင်ပြေပါတယ်၊
လူတစ်ယောက်နဲ့ တစ်ယောက်
တန်ဖိုးထားတူဖို့က မလွယ်ပေမဲ့
တူညီဖို့အတွက် ညှိနှိုင်းမယ်ဆိုရင်
တူညီနိုင်ပါတယ်။
#nms
အတိတ် ...
ပြန်လှည့်ကြည့်ရင်
နောင်တတွေမရချင်ဘူး
အတတ်နိုင်ဆုံးဆိုတာထက်
ပိုကောင်းခဲ့ပါတယ်ဆိုတဲ့
အမှတ်တရတွေပဲ ရှိချင်တယ်
ကိုယ်ချစ်နိုင်တာထက်
ပိုချစ်ခဲ့တာပဲဆိုတဲ့
စိတ်နဲ့ပဲ ဖြေချင်တယ်
ပြန်လှည့်ကြည့်တဲ့အခါ
ဘယ်သူ့နောက်ကျောကိုမှ
ငါ ဓားနဲ့ မထိုးခဲ့ဘူးဆိုပြီး
လိပ်ပြာလုံချင်တယ်
အရေးကြီးဆုံးက
ကိုယ်ရှင်သန်ရာဘ၀မှာ
ဘယ်သူ့ နှာခေါင်းပေါက်နဲ့မှ
အသက်မရှုခဲ့ဖူးကြောင်း
ကြွားချင်တယ် ။
ဒီလောက်ပဲ...
ကိုယ်ရှင်သန်ခြင်းတွေက
အကောင်းကြီးမဟုတ်တောင်
ဆိုးသွမ်းမနေချင်ဘူးပေါ့
ဘယ်သူ့ကိုမဆို ...
ဂရုစိုက်ပေးမယ့်ဖို့ ၀န်မလေးသလို
ဘယ်သူ့ကိုမဆို
လွှတ်ချတတ်ဖို့တော့
ကြိုးတွေးထားရမှာပေါ့ ။
#ကျေးကို