Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တူရကီကလပ် ဂါလာတာစာရေးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရတဲ့ ဘရာဇီးလ်ကွင်းလယ်လူ ကက်စီမီရိုက မန်ယူနိုက်တက်အသင်းမှာ ဆက်နေပြီး သူ့ရဲ့နေရာအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဂါလာတာစာရေးအသင်းဟာ တူရကီအပြောင်းအရွှေ့မပိတ်ခင်မှာ ကက်စီမီရိုကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး သူကတော့ ကမ်းလှမ်းမှုတွေအားလုံးကို ငြင်းပယ်ဖို့ ရှိနေတာပါ။
>>>>>>>
ကက်စီမီရိုဟာ မန်ယူနိုက်တက်အသင်းက လီဗာပူးလ်အသင်းကို (၀-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ အမှားအယွင်းပြုလုပ်ခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရသလို ဝေဖန်မှုတွေ အများအပြားလည်းခံခဲ့ရတာဖြစ်ပါတယ်။ ကက်စီမီရိုဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ပထမရာသီမှာ မန်ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာပါ။
မန်ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့က PSG အသင်းကွင်းလယ်လူ အူဂါတေးကို ခေါ်ယူခဲ့တာကြောင့် ကက်စီမီရိုဟာ သူ့ရဲ့နေရာအတွက် စိုးရိမ်စရာတွေရှိလာခဲ့ပါတယ်။ ဒါပေမယ့် ကက်စီမီရိုဟာ အခုအချိန်မှာ မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ စိတ်ဝင်စားခြင်းမရှိတာဖြစ်ပါတယ်။
ကက်စီမီရိုဟာ နွေရာသီအပြောင်းအရွှေ့မှာ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေရဲ့စိတ်ဝင်စားမှုတွေရခဲ့ပေမယ့် နည်းပြအဲရစ်တန်ဟတ်က သူ့ကို မန်ယူနိုက်တက်အသင်းမှာ ဆက်ပြီးရှိစေခဲ့တာပါ။ ကက်စီမီရိုဟာ လီဗာပူးလ်အသင်းနဲ့ ပွဲမှာ အမှားတွေရှိခဲ့ပေမယ့် စက်တင်ဘာနိုင်ငံတကာပွဲစဉ်အပြီး ပြန်ကစားမယ့် ဆောက်သမ်တန်အသင်းနဲ့ပွဲမှာ မန်ယူနိုက်တက်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ဆက်ပြီးပါဝင်ရဖွယ်ရှိပါတယ်။
ငါးကင်ဂျိုင်းချက်နည်း
ငါးကိုအကြေးခွံခွါ၊သင်ပြီးရင် ဆားနဲ့ညင်သာစွာတိုက်ပြီး(၅)မီနစ်ခန့်ထားပါ (ငါးအသားကနုတော့ချက်တဲ့အခါမပျက်အောင်လို့ပါ) ပြီးရင်းဂျင်းများများ၊ ကြက်သွန်နီတဥခန့်၊ နနွင်းမှုန့်များများ၊ဆား၊ အချို့မုန့် (မစားတဲ့သူကြကါသားမှုန့်) အနည်းသာထည့်ပြီးထောင်းပါ ပြီးရင် ဆားနဲ့နှပ်ထားတဲ့ငါးကိုရေနဲ့သချောစင်အောင်ဆေးပါ ပြီးရင်အိုးထဲကအတိုင်းပုံစံတကျလေးထည့်ပါ အိုးထဲထောင်းတာတွေထည့်ပါမယ်၊ ငရုပ်သီးအစိမ်းအနီးရောင်နဲ့အစိမ်းရောင်ရောညှက်ထည့်ပါ၊ သံပရာသီး or ရှောက်သီးအရည်ညစ်ထည့်ပါ(အ့၂မျိုးထဲကချဉ်ထည့်မှငါးဟင်းချက်လှမှာမို့ပါ) မန်းကျဉ်းအစိမ်းလည်းရပါမယ်၊ အမှည့်ကျတော့ရပေမယ့်ငါးဟင်းအရောင်းညစ်သွားတတ်လို့ပါအရသာကတော့ကောင်းတာပါပဲ၊ ပြီးရင်မျှင်ငပိor ရခိုင်ငပိနည်းနည်းလေးထည့်ပါ၊ ပြီးရင်ဆီနည်းနည်းထည့်ပြီးရေကိုငါးမမြှုပ်တမြှုပ်ထည့်ပြီးအိုးအဖုံးပိတ်ပြီးချက်ရင်ကျက်ခါနီးရင်ပင်စိမ်းထည့်ရင်ရပါပြီ(ခဏခဏဖွင့်မကြည့်ရပါ) အဆင်ပြေပါစေရှင့် မှတ်ချက် ချက်ထားတဲ့မီးအပူမများစေရပါ(80 or (50 ပဲထားချက်ပေးပါ
Sep 5 ရက်နေ့ ညနေပိုင်း ထိုင်းဘတ်ဈေး ကျဆင်း
ကျပ်ငွေ တန်ဖိုး ပြန်လည်ကောင်းမွန်လာ
ဘတ်ပေးကျပ်ယူ 645 (1သိန်းကျပ်)
ကျပ်ပေးဘတ်ယူ 625 (1သိန်းကျပ်)
Rate 1 ဘတ် 155 - 160 ကျပ် ထိ ပြန်လည်ကျဆင်းထားပါတယ်
လက်လီဈေး 160/161 ခန့် ရှိနိုင်ပါတယ်
လက်ကားဈေး 160 အောက်မှာပဲ ရှိနေပါတယ်
တခြားငွေဈေးတွေလဲ အကုန်ပြန်ကျနေပါတယ်
USD 5500 - 5600 ဝန်းကျင်ပဲရှိပါမယ်
Euro 6000 အောက်သို့ ရောက်ရှိ
SGD 4000 - 4100 ဝန်းကျင်သို့ရောက်ရှိ
JPY 36 - 37 ဝန်းကျင်သို့ရောက်ရှိ
မလေးငွေ 1180 - 1240 ခန့်သို့ရောက်ရှိ
ယွမ် 735 - 760 ခန့်သို့ပြန်လည်ကျဆင်း
စတာလင်ပေါင် 7000 ဝန်းကျင်သာရှိပါတော့မယ်
တခြားငွေဈေးတွေနဲ့ အသေးစိတ်အချက်အလက်တွေကို app ထဲ အချိန်မရွေးစိတ်ကြိုက်ဝင်ကြည့်လို့ရပါတယ်
ခုလောလောဆယ် အကျဘက် အားသာနေပါသေးတယ်(ခန့်မှန်းချက်သာဖြစ်သည်)
ဘာပဲပြောပြော 1$ 7000 ကျော် 1฿ 200 ကျော်တွေ မဟုတ်တော့တာမို့ အနည်းငယ် အသက်ရှူပြန်ချောင်လာတယ်ပဲဆိုရမယ်
ကုန်ဈေးနှုန်းပြန်ကျဖို့ကတော့ အခုလိုအကျဈေးနဲ့ နောက်ထပ် ၁ ပတ် ၂ ပတ်ခန့် အကျဈေးတိုင်းရှိနေမှပဲ ဈေးတွေပြန်ချကြမယ့်ပုံပဲလို့ ဆိုရမယ်
ဘာလို့ဆို ဈေးကစားနေချိန်မှာ ပြန်ကျကျချင်းအကျဈေးရောင်းပြီးရင် ငွေဈေးပြန်တက်မှာစိုးရိမ်ကြတဲ့တွက်လို့ဆိုရမယ်
ခုတိုင်းသာ အကျဈေးမှာ ငြိမ်သွားမယ်ဆိုရင် မကြာခင်တော့ ပြန်ကျလာမှာပါ
အားလုံးပဲအဆင်ပြေကြပါစေ
သစ်သီးအခြောက် တွေက ကျန်းမာရေးနဲ့ ညီညွှတ်ပါရဲ့လား
စပျစ်သီးခြောက်၊ သရက်သီးခြောက်၊ ဆီးသီးခြောက် စတဲ့သစ်သီးခြောက်တွေ၊ တခြား သစ်ဖုအခြောက်တွေနဲ့ အသင့်စား ထုတ်ပိုး ပြုလုပ်ထားတဲ့စားစရာတွေက ကျန်းမာရေးအတွက် ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်သလဲဆိုတာ သိဖို့လိုအပ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒီလိုအခြောက်ခံဖို့အတွက် ရေဓာတ်တွေ ဖယ်ထုတ် လိုက်ရတဲ့အခါမှာ အာဟာရဓာတ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝ နေဖို့လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် လတ်ဆတ်တဲ့ တရုတ်ဆီးသီးတွေမှာ အမျှင်ဓာတ် ၁.၆ဂရမ်ပါပါတယ်။ အခြောက်ဆိုရင်တော့ ၄.၇ဂရမ်ပါပါတယ်။ ဒါ့ကြောင့် အသီးခြောက်တွေက အမျှင်ဓာတ်နဲ့ ဓာတ်တိုး ဆန့်ကျင်ဂုဏ်သတ္တိ ပိုမို ပါဝင်နေတယ်လို့ ဆိုနိုင်ပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ သစ်သီးခြောက် စားသုံးသူများဟာ အာဟာရဓာတ် ကြွယ်ဝစွာ ရရှိနိုင်ပြီး ကယ်လိုရီ သိပ်မတက်တတ်ပါဘူး။ ဒါပေမယ့် တစ်ခု သတိထားရမှာကတော့ သစ်သီးခြောက်တွေမှာပါဝင်တဲ့ သဘာဝ သကြားဓာတ် အချိုဓာတ်ကို ဂရုပြုမိဖို့လိုပါတယ်။ လိုအပ်တာထက် ပိုများနေရင်တော့ မကောင်းပါဘူး။ ကျန်းမာရေးကို ထိခိုက် စေတတ်ပါတယ်။ ပြီးတော့ ကယ်လိုရီလည်း ပိုတက်စေပါတယ်။ ဥပမာပြောရရင် လတ်ဆတ်တဲ့ စပျစ်သီးတစ်ခွက်စာ သကြား ၂၃ဂရမ်နဲ့ ၁၀၄ကယ်လိုရီပါဝင်ပေမယ့် အသီးခြောက်တစ်ခွက်မှာ သကြား ၁၁၆ဂရမ်နဲ့ ၅၂ဝကယ်လိုရီ ပါဝင်ပါတယ်တဲ့။
ဆီးချိုသမားတွေကတော့ သတိထားဖို့ လိုပါမယ်။ ဘာလို့လဲဆိုတော့ စပျစ်သီးခြောက် ဇွန်း၂ဇွန်းစာဟာ ဂဏန်း ၁၅ ဂရမ်စာလောက်နဲ့ ညီမျှတာကြောင့်ပါ။ ပြောရမယ်ဆိုရင် သစ်သီးခြောက်တွေမှာ အာဟာရဓာတ် ပြည့်စုံစွာပါပါတယ်။ ဒါပေမယ့် ရွေးချယ်စားသုံးဖို့လိုပါတယ်။ တစ်ချို့အသီးခြောက်တွေမှာ အရသာ ပိုကဲစေဖို့ ဖြည့်စွက်ဆေးတွေ ထည့်တာရှိပါတယ်။ ဒါ့ကြောင့် သတိထားပြီး အတတ်နိုင်ဆုံး သဘာဝကျကျ အာဟာရပြည့်ဝတဲ့ဟာတွေ သတိပြု ရွေးချယ်တတ်ဖို့လိုပါတယ်။
အဆိုအမိန့် တော်တော်များများကို အိုင်းစတိုင်း အမှန်တကယ် မပြောဘဲ သူ ပြောခဲ့သလို ရေးထားတာတွေ ရှိတယ်။ တချို့ကတော့ အိုင်းစတိုင်း ပြောခဲ့ဖူးတာတွေကို ထပ်မံဖြည့်စွက်ထားတာတွေပေါ့။
ဘော်စတွန်မှာ အိုင်းစတိုင်း နေတုန်းက သူ့ကို '' အလင်းရဲ့အမြန်နှုန်းက ဘယ်လောက်ရှိလဲ''ဆိုပြီး မေးခဲ့ဖူးတယ်။ အဲဒီတော့ အိုင်းစတိုင်းက ပြောတယ်။ '' အဲဒီအကြောင်း သိချင်ရင် စာအုပ်ထဲ ရှာကြည့်ပေါ့တဲ့။ ငါက ဘာလို့ မှတ်ထားရမှာလဲတဲ့''။ အိုင်းစတိုင်း ဒီလို ပြောခဲ့ဖူးတယ်ဆိုတဲ့ မှတ်တမ်းတွေ ရှိတယ်။
အိုင်းစတိုင်း နာမည်နဲ့ ပျံ့နေတဲ့ အဆိုအမိန့်ထဲမှာတော့ '' အဲဒီအကြောင်း သိချင်ရင် စာအုပ်ထဲ ရှာကြည့်ပေါ့တဲ့။ ငါက ဘာလို့ မှတ်ထားရမှာလဲ။ ကောလိပ်ပညာရေးရဲ့ အနှစ်သာရဆိုတာ အချက်အလက်တွေကို ကျက်မှတ်ရတာ မဟုတ်ဘူး။ ဦးနှောက်ကို တွေးတတ်အောင် သင်ကြားပေးတာပဲ''လို့ ဖော်ပြထားတယ်။
ထပ်မံဖြည့်စွက်ထားတဲ့အပိုင်းက အိုင်းစတိုင်း ပြောခဲ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရဘူး။ ဒါပေမဲ့ အိုင်းစတိုင်း မပြောခဲ့ဘူးဆိုရင်တောင် အလေးထား စဉ်းစားရမယ့် စကားတစ်ရပ်လို့ ဆိုရမယ်။ ပညာသင်ကြားတယ်ဆိုတာ အလွတ်ကျက်မှတ်နေဖို့မှ မဟုတ်တာ။ စဉ်းစားတွေးခေါ်တတ်အောင် အလေ့အကျင့် ပျိုးထောင်တာပဲ မဟုတ်လား။
ကြုံတောင့်ကြုံခဲ အခြေအနေကြုံခဲ့ရတဲ့ မိန်းကလေးငယ်ရဲ့ အသည်းခွဲစိတ်မှု အောင်မြင်
လူသားသမိုင်းမှာ ၂၁ ကြိမ်ပဲ ကြုံဖူးပြီး အလွန်ရှားပါးတဲ့ Wild ဆင်ဒရုန်းခံစားရသူ မိန်းကလေးငယ်ဟာ ကမ္ဘာ့ပထမဆုံးအဖြစ် အသည်းခွဲစိတ်မှု အောင်မြင်သွားခဲ့ပါပြီ။ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် ခိုင်ရွှေနဲ့ မိခင်ဖြစ်သူ နင်ချန်းတို့ဟာ ဗြိတိန်နဲ့ တရုတ်နိုင်ငံအနှံ့ လှည့်လည်ပြီး ဆေးကုသပေးနိုင်သူကို ရှာဖွေရင်း နောက်ဆုံးမှာတော့ ဗြိတိန်နိုင်ငံမှာရှိတဲ့ ရွိုင်ယယ်စတုတ်တက္ကသိုလ်ဆေးရုံကို ရောက်လာခဲ့ကြတာပါ။
'' ခိုင်က ပြန်ရည်စုဖွဲ့စနစ် ပုံမှန်မဟုတ်ဘဲ မွေးဖွားလာတာပါ။ သူ့ဘယ်ဘက်လက်က အရမ်းရောင်နေတယ်။ သူ့ရဲ့ကလေးဘဝတစ်လျှောက်လုံး ဆေးရုံတွေ အများကြီးတက်ခဲ့ရပြီး ရောဂါဇစ်မြစ်ကို ရှာဖွေဖို့ ကြိုးစားခဲ့ပေမဲ့ ဘယ်သူမှ တိတိကျကျ မသိခဲ့ကြပါဘူး '' လို့ မိခင်ဖြစ်သူ နင်ချန်းက ဆိုပါတယ်။
တကယ်တော့ သူ့ရဲ့ အသည်းမှာ အပေါက်ငယ်လေးတစ်ပေါက် ( တစ်မီလီမီတာရဲ့ ၁၀ ပုံ၊ ၁ ပုံပမာဏသာ ရှိ) ဖြစ်နေပြီး အဲဒီအပေါက်ကတစ်ဆင့် ပြန်ရည်က သူ့ရဲ့ဝမ်းဗိုက်ထဲကို စိမ့်ကျနေတာပါ။ အဲဒီအတွက် သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေ ဖိအားခံစားရပြီး ရောင်ရမ်းကုန်ကြတာ ဖြစ်ပါတယ်။
အဲဒီလို တွေ့ရှိခဲ့ပြီးနောက် ဒေါက်တာ မော့ဆက်ဦးဆောင်တဲ့ ခွဲစိတ်အဖွဲ့က ခွဲစိတ်ပစ္စည်းတွေ တပ်ဆင်ထားပြီး အထူးဖန်တီးထားတဲ့ အပ်ငယ်တွေ သုံးကာ အသည်းအပေါက်ကို ပြန်လည်ဖာထေးပေးခဲ့ပါတယ်။ ခွဲစိတ်မှုအပြီး သီတင်းပတ် ၅ ပတ်အကြာမှာတော့ ခိုင်ရဲ့ ကျန်းမာရေးက အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားခဲ့တာပါ။