51 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ယခုလ တတိယဆယ်ရက်ပတ်အတွင်း ရန်ကုန်တိုင်းအပါအ၀င် တိုင်း နှင့် ပြည်နယ်တချို့တွင် မိုးထစ်ချုန်းရွာမည်
ရန်ကုန်တိုင်းအပါအ၀င် တိုင်းနှင့် ပြည်နယ်တချို့တွင် ယခုလ ၂၁ ရက်မှ ၃၁ ရက်အထိ တတိယဆယ်ရက်ပတ်အတွင်း မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
မိုးရွာသွန်းမှုအခြေအနေမှာ ကချင်ပြည်နယ်တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်း တိုင်း(အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းချက် ထုတ်ပြန်ထားသည်။
မိုးရွာသွန်းမှု ရက်များအနေဖြင့် တနင်္သာရီတိုင်း နှင့် ကချင်ပြည်နယ်တို့တွင် လေးရက် မှ ခြောက်ရက်ခန့်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် နှစ်ရက် မှ သုံးရက်ခန့် နှင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် တစ်ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင်လည်း ယနေ့ မွန်းတည့်မှ နောက် ၂၄ နာရီအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရေပြင်လေသည် အရှေ့ (သို့) အရှေ့မြောက်တွင် တစ်နာရီလျှင် ပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ ၂၅ ထိရှိနိုင်ကြောင်း၊ လှိုင်းအမြင့်မှာ လေးပေ မှ ခြောက်ပေခန့်ထိရှိကာလှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။
သတင်း- အင်ကြင်း
ဓာတ်ပုံ -CJ

image
51 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့လူသားတွေရဲ့ အသက်ကိုအများဆုံး နှုတ်ယူခဲ့တဲ့ AKM 47 သေနတ်ကို ထုတ်လုပ်ခဲ့တဲ့ သူအကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်

Kalashnikov
2020 ‧ Drama/History ‧ 1h 50m

ကမ္ဘာပေါ်မှာ လူတွေရဲ့အသက်ကို အများဆုံးချွေခဲ့တဲ့ သေနတ်ကို ပြောပါဆိုရင်
အေကေ-ဖော်တီဆဲဗန်း (AK-47) မောင်းပြန်ရိုင်ဖယ်ကိုပဲ ပြောရမှာပါပဲ။

အဲဒီလက်နက်ဟာ လက်နက်ငယ်လောကကို တစ်ခေတ်ဆန်းစေခဲ့ပြီး ကမ္ဘာအနှံမှာ အသုံးပြုတာခံခဲ့ရသလို
လက်နက်ငယ်ပေါင်းများစွာဟာလည်း ဒီသေနတ်ကို အခြေခံပြီး တီထွင်ခဲ့ရတာပါ။
ဒီသေနတ်ကို official အနေနဲ့ ကာလရှညိကော့ဖ် ရိုင်ဖယ်လို ခေါ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ရုရှားရဲ့ လက်နက်တီထွင်သူ ဉာဏ်ကြီးရှင် မီခေး ကာလရှညိကော့ဖ် ဆိုသူက တီထွင်ခဲ့လိုပါပဲ။
ကာလရှညိကော့ဖ်ဟာ အတန်းပညာ ဆုံးခန်းမတိုင်ခဲ့သလို တပ်ကြပ်အဆင့်နဲ့ တီထွင်သူဖြစ်လာခဲ့တာပါ။
ဒီသေနတ်ကို မတီထွင်ခင်မှာ ဒုတိယကမ္ဘာစစ်ရှေ့တန်းစစ်မျက်နှာမှာ တင့်တပ်သားအနေနဲ့ အကြီးအကျယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။
အဲဒီတုန်းက ဆိုဗီယက်တပ်တွေနဲ့ ဂျာမန်တပ်တွေ ဘတပြန် ကျားတပြန် တိုက်ခိုက်နေကြချိန်မှာ
ဆိုဗီယက်တွေရဲ့ ရိုင်ဖယ်ဟာ ဂျာမန်တွေရဲ့ Sturmgewehr 44 rifle တွေကို မယှဉ်နိုင်ဘဲ အတော်အထိနာကြတဲ့ အခြေအနေမှာ ရှိပါတယ်။
ဆိုဗီယက်ဘက်မှာလည်း လက်နက်တွေကို ဆက်တိုက်စမ်းသပ်ထုတ်လုပ်နေပေမယ့်
လက်နက်တစ်ခေတ်ဆန်းသွားလောက်စေမယ့် လက်နက်မျိုး ပေါ်မလာခဲ့သေးပါဘူး။
ဒီရုပ်ရှင်မှာတော့ ကာလရှညိကော့ဖ်ရဲ့ ဘဝဇာတ်ကြောင်းရယ် ဆိုဗီယက်ရဲ့ စတာလင်ဆုရ တီထွင်သူ
သူရဲကောင်း ဖြစ်လာတဲ့အထိ အခက်အခဲတွေ ကျော်ဖြတ်ခဲ့ရပုံကို ပြသထားတာပဲ ဖြစ်ပါတယ်။
အတ္ထုပ္ပတိရုပ်ရှင် အမျိုးအစားကို ကြိုက်တတ်တဲ့သူတွေအတွက်တော့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။

image
51 ပတ် - ဘာသာပြန်ပါ။

မန္တလေးဗဟိုအကျဉ်းထောင်နှင့် လူငယ်သင်တန်းကျောင်းမှ အကျဉ်းသား ၇ ဦး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆို
*******************
(ပြည်တွင်း) မတ်လ ၂၂
ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွင်း မန္တလေးမြို့ ဗဟိုအကျဉ်းထောင်နှင့် လူငယ်သင်တန်းကျောင်းမှ အကျဉ်းသားလူငယ် ၇ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး၊ အကျဉ်းထောင်ဝန်ထမ်း ၅ ဦးလည်း ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရပါတယ်။

အဆိုပါ အကျဉ်းသားလူငယ်များမှာ မန္တလေးဗဟိုအကျဉ်းထောင်ရှိ အ.ထ.က (၂၅) တန်းခွဲ စာစစ်ဌာနမှာ ဖြေဆို နေကြခြင်းဖြစ်ကြောင်းသိရပါတယ်။

မတ်လ ၂၀ ရက်မှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင် က အကျဉ်းထောင်ရှိ စာစစ်ဌာနမှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုခဲ့ပြီး စာမေးပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ထားရှိမှု၊ စာရေးကိရိယာများ အခမဲ့အသုံးပြုနိုင်ရန် စီစဉ်ထားရှိမှု၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် အကျဉ်းထောင်အတွင်း စာကြည့်တိုက်ဖွင့်လှစ်ထားရှိမှု၊ အကျဉ်းထောင်/အချုပ်ထောင်အသီးသီးမှာ ပညာတစ်ပိုင်းတစ်စနဲ့ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား၊ အကျဉ်းသူများ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးထားမှုတို့ကို ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်မှ မတ်လ ၂၂ ရက်အထိ ကျင်းပနေကာ မန္တလေးတိုင်းအတွင်း စာစစ်ဌာန ၈၉ ခု ဖွင့်လှစ်ထားပြီး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးထားသူ ၃၅,၅၀၀ ဦး၊ ဖြေဆိုသူ ၃၄ ,၂၆၆ ဦး၊ ပျက်ကွက် ၁,၂၃၄ ဦးရှိပြီး ဖြေဆိုမှု ၉၆ ဒသမ ၅၂ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

image

Funny dog

51 ပတ် - ဘာသာပြန်ပါ။

ပဲ့နေတဲ့အိုးဟာ ရွဲ့နေတဲ့စလောင်းအဖုံးနဲ့ပဲ
ပေါင်းဖက်လို့ရပြီး၊
အနားညီသောအိုးဟာ ကောင်းမွန်တဲ့အဖုံးနဲ့ပဲ
ထပ်တူကျတယ်။
စိန်မှန်ရင် ရွှေနဲ့ပဲကွပ်ရပြီး၊
ကျောက်ခဲမှန်ရင် ဘိလပ်မဆလာနဲ့ပဲကွပ်ရတယ်။
ရေအိုးစင်က ရေမှန်ရင် သောက်သုံးသူနဲ့တွေ့ပြီး
လမ်းပေါ်ကရေအိုင်မှန်ရင် ခြေဆေးသူနဲ့ပဲတွေ့ရတယ်။
တန်ဖိုးမသိတဲ့လူဟာ တန်ဖိုးရှိတဲအရာနဲ့
လွဲချော်ပေးရပြီး၊
တန်ဖိုးရှိတဲ့လူဟာ တန်ဖိုးနားလည်တဲ့သူနဲ့ပဲ
ပေါင်းဆုံရတယ်။
စိန်ဖြစ်နေရင် သူဌေးနဲ့တွေ့ရမယ်
ကျောက်ခဲဖြစ်နေရင် ပန်းရံသမားပဲတွေ့ရမယ်။
(ရင့်ကျက်၊တည်ငြိမ်၊အောင်မြင်သူဖြစ်ဖို့
လိုအပ်လာရင် လောကဓံက လူလိမ်တွေနဲ့တွေ့ပေးလေ့ရှိတယ်။)
ထိုလူတွေကို လွမ်းစရာမလိုသလို
တပ်မက်စရာလည်းလိုဘူး။
ဘာလို့ဆို
ကိုယ် ဇာတ်လိုက်ဖြစ်ရဖို့ တွန်းပို့ပေးတဲ့ ဇာတ်ပို့တွေပါ။😊😊😊
ဇာတ်လိုက်ဟာ ဇာတ်လိုက်ချင်းပဲ ပေါင်းဖက်ရတယ်။
ဇာတ်ပို့တွေနဲ့ ပေါင်းလေ့မရှိဘူး။
ထို့ကြောင့်
ဘဝရဲ့ ကြုံခဲ့သမျှဇာတ်ပို့တွေကို ကျေးဇူးတင်ပါ။
ကိုယ်ကိုတိုင်လည်းတန်ဖိုးရှိအောင်နေပါ။
#ရဲသူလွင်(အင်ပင်-မြန်အောင်)
ဟုတ်ကဲ့ ဘဝမှာကြုံတွေ့ခဲ့တဲ့ဇာတ်ပို့တွေအားလုံးကိုကျေးဇူးတင်ပါတယ်

Stop doing this fashion mistake

51 ပတ် - ဘာသာပြန်ပါ။

◾️Security Staff(လုံခြုံရေးဝန်ထမ်း) - Mandalay
Company: Focus Star Tobacco Co.,Ltd
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23297

◾️Import Export - Yangon
Company: Sunpak International Group
Salary Range: Negotiation
https://joimyanmar.com/job/detail/23143

◾️HR Executive - Yangon
Company: Sunpak International Group
Salary Range: Negotiation
https://joimyanmar.com/job/detail/23142

◾️Chinese Translator - Yangon
Company: Sunpak International Group
Salary Range: Negotiatione
https://joimyanmar.com/job/detail/23136

image
51 ပတ် - ဘာသာပြန်ပါ။

😋မော်လမြိုင် ငါးပေါင်းထုပ်လုပ်နည်း😋

ပါဝင်ပစ္စည်း......

- ပုဇွန်း (ငါး ဝက်သားနှစ်သက်ရာထည့်ပါ မထည့်လဲရ)
- ကြက်သွန်နီ
- မျှစ်
- ငှက်ပျောဖူး
- ဂေါ်ဖီထုပ် (ဂေါ်ရခါးသီး/မှို မိမိနှစ်သက်ရာ)
- ရဲယိုရွက် (ရဲယိုရွက်က ငါးပေါင်းထုပ်ရဲ့ အဓိကပါ)
- ငှက်ပျောရွက်
- စပါးလင်
- ဆန်စိမ်းမှုန့်
- အချိုမှုန့်
- ဆား
- စိမွးစားငပိ
- ဆနွင်းမှုန့်
- အရောင်တင်မှုန့်
- ဆီ

မိမိနှစ်သက်ရာထည့်ထားသော အသီးအရွက်တွေထဲ ဆန်မှုန့်ကိုရေဖျော်ပြီးထည့်ပေးပါ။ ပြီးရင်အရသာအတွက် ဆား အချိုမှုန့် ဆနွင်းမှုန့် အရောင်တင်မှုန့် စိမ်းစားငပိ ဆီတို့ကိုထည့်ပြီး နှံအောင်သေချာနယ်ပေးပါ။

ငှက်ပျောရွက်တွေကိုမထုပ်ခင်သေချာသန့်စင်ပြီး နေပူလှန်းထားထားပါ။ အားလုံးပြီးရင်တော့စထုပ်လို့ရပါပြီး။

ငှက်ပျောရွက်ပေါ် ရဲယိုရွက်ခင်းပြီး နယ်ထားတဲ့ အဆာပလာတွေထည့်ပြီး ထုပ်ပေးပါ။ ထုတ်ပြီးသားငါးပေါင်းထုပ်လေးတွေကို ၄၅ မိနစ်/ ၁ နာရီ လောက်ပေါင်းပေးပါ။

ငါး‌ပေါင်းထုပ်လေးရလာရင်တော့ ထမင်းနဲ့ပဲတွဲစားမလား စားကစားမလား နှစ်သက်သလိုသုံးဆောင်လို့ရပါပြီး

image

အချစ်ကိုကြောက်လို့ပုန်းရှောင်နေသူတစ်ဦး🥹

image

#camera