တကယ်တမ်းကျတော့
စိတ်နှလုံးကောင်းသူတစ်ယောက်က
အချစ်ရေးမှာအမြဲကံမကောင်းတတ်ဘူး...
#စာတို
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တကယ်တမ်းကျတော့
စိတ်နှလုံးကောင်းသူတစ်ယောက်က
အချစ်ရေးမှာအမြဲကံမကောင်းတတ်ဘူး...
#စာတို
သဘောကောင်းပါ
ဒါပေမယ့် အားမနာပါနဲ့
ကိုယ့်ရဲ့စကားတွေက ပျော့ပြောင်းနေပါစေ
ဒါပေမယ့် စိတ်ဓာတ်ကတော့ မာကြောနေပါစေ။
ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ
ဒါပေမယ့် မမောက်မာပါနဲ့။
အမှန်ကိုပဲ ပြောပါ ဒါပေမယ့်
မပြောပဲ နေလို့ရရင် မပြောပဲနေလိုက်ပါ။
လုပ်ရဲဖို့အတွက် သတ္တိလိုပါတယ်
ဒါပေမယ့် ပညာရှိရှိ လုပ်နိုင်ဖို့ အတွက်က
ညဏ်ပညာလိုပါတယ်။
ကြင်နာမှုနဲ့ နေထိုင်ပါ ဒါပေမယ့်
ယုံကြည်မှုနဲ့ ခိုင်မာစွာ ရပ်တည်ပါ။
လူတိုင်းအပေါ် လေးစားပါ။ ဒါပေမယ့်
လုပ်သမျှ ခံနေရမယ်လို့တော့ မဆိုလိုပါဘူး။
တိုက်ခိုက်ရဲ ရက်စက်ရဲမှ
သတ္တိရှိတာ မဟုတ်ပါဘူး
ခံနိုင်ရည်ရှိတာကလဲ သတ္တိပါပဲ။
သဘောထား🌸
""""""""""""""""
ကိုယ့်အမြင်တစ်ခုတည်းနဲ့
အကြောင်းအရာတစ်ခုကို အဆုံးအဖြတ်
ပေးခဲ့ရင်-ဘယ်အရာမှ သိပ်ပြည့်စုံမှာမဟုတ်ပါဘူး
ကိုယ့်သဘောထား
တစ်ခုတည်းနဲ့
သူများကို သွားတိုင်းရင်
ဘယ်သူမှ သိပ်ပြည့်စုံမှာမဟုတ်ပါဘူး။
ကိုယ့်အလိုတစ်ခုတည်းနဲ့
သူများကို သွားတောင်းဆိုခဲ့မယ်ဆိုရင်
ဘယ်သူမှ သိပ်အဆင်ပြေမှာမဟုတ်ပါဘူး။
မျက်စိသာ ပေတံလို
သဘောထားခဲ့ရင်
သူများကို မတိုင်းတာခင်မှာ
ကိုယ့်ကိုယ်ကို အရင်တိုင်းကြည့်ပါ။
စိတ်ကိုသာ
အလေးလို့သတ်မှတ်ခဲ့ရင်
သူများကို မချိန်တွယ်ခင်မှာ
ကိုယ့်ကိုယ်ကို ချိန်တွယ်ကြည့်ပါ။
သူများ အပြစ်ကိုချည်းရှာဖွေနေရင်
ကိုယ်ကကော ဘယ်လောက် ပြည့်စုံနေလို့လဲ။
သူများအားနည်းချက်ချည်း
ကြည့်နေမယ်ဆိုရင်
ကိုယ်လည်း မှားယွင်းမှုတွေအများကြီးပါ။
သူများကို
တောက်လျှောက်အပြစ်ရှာနေတဲ့သူဟာ
သူတပါးကို ပြသနာအများကြီးမပေးနိုင်ပေမယ့်
ကိုယ်ကိုယ်တိုင် ဒုက္ခတွင်းထဲရောက်သွားနိုင်တတ်တယ်
သူများ အားနည်းချက်တွေကို
တောက်လျှောက်ထောက်ကြည့်နေတဲ့သူဟာ
သူတပါးကို
အရှက်အများကြီးမပေးနိုင်ပေမယ့်
ကိုယ်ကိုယ်တိုင် သိက္ခာလုံးလုံးကြီးမဲ့သွားနိုင်ပါတယ်
သူများကို ကြည့်လို့ရမှ
လောကကြီးထဲမှာ ၀င်ဆန့်လို့ရသလို
သူများကို လေးစားတတ်ပါမှ
သူများရဲ့ လေးစားမူကို ခံရတတ်တယ်။
ပင်လယ်လို သဘောထားကျယ်ပြောနိုင်မှ
သမုဒ္ဒရာကဲ့သို့သောစိတ်ထားကို
ပိုင်ဆိုင်နိုင်စွမ်းရှိမယ်။
ပင်လယ်ကြီးလို
ငြိမ်သက်နိုင်မှ
လေဒဏ်လှိုင်းဒဏ်ကို
ကောင်းကောင်းခံနိုင်စွမ်းရှိမယ်။
လူနေချုံကြား စိတ်နေဘုံဖျား
ကြီးကြီးတွေးမယ် မြင့်မြင့်တက်မယ်
ဝေးဝေးကြည့်မယ်
ပြီးရင် ပင်လယ်လိုကျယ်ပြောတဲ့
မဟာသဘောထား ပိုင်ဆိုင်ချင်ပါတယ်။
#ခွန်အားရှိသောစာတ်ိုများ
#crd_