16 w - Translate

Breakout ဖြစ်ပြီး အသားတွေယားယံပြီး နီရဲနေတာဆို Round Lab Mugwort Toner လေးနဲ့
Mugwort Gelအတွဲလေးကို လက်တို့ပေးချင်တယ်
Calming
Hydrating
Soothing အားကောင်းတာလေးပါရှင့်
Texture -Watery type
စိမ့်၀င်အားကောင်းလားဆို Yes ပါ
Toner -56000k
Gel - 32000k
Exp -2027
% Authentic
Direct from Offical

image
16 w - Translate

Breakout ဖြစ်ပြီး အသားတွေယားယံပြီး နီရဲနေတာဆို Round Lab Mugwort Toner လေးနဲ့
Mugwort Gelအတွဲလေးကို လက်တို့ပေးချင်တယ်
Calming
Hydrating
Soothing အားကောင်းတာလေးပါရှင့်
Texture -Watery type
စိမ့်၀င်အားကောင်းလားဆို Yes ပါ
Toner -56000k
Gel - 32000k
Exp -2027
% Authentic
Direct from Offical

image
image
image
image
image
16 w - Translate

နောက် ၅ နှစ်ဆို AI က လူထက်သာတော့မယ်လို့ DeepMind CEO ပြော
အနည်းနဲ့ အမြန်ပါပဲ။ လူထက် သာတဲ့ AI တွေ ပေါ်လာတော့မှာပါ။
ဒါကို AGI (Artificial Genearl Intelligence) လို့ ဆိုပါတယ်။ AGI တွေ မြင်ရမယ့် အချိန်ကာလကို ပညာရှင်တွေ တစ်ယောက်နဲ့တစ်ယောက် ခန့်မှန်းတာချင်းတော့ မတူပါဘူး။
Google ပိုင် AI ကုမ္ပဏီတစ်ခု ဖြစ်တဲ့ DeepMind ရဲ့ CEO ဒီမစ် ဟတ်ဆာဘစ်ကတော့ လူထက်သာတဲ့ AGI တွေ နောက် ၅ နှစ်နဲ့ ၁၀ နှစ်အတွင်း ပေါ်လာမယ်လို့ ထုတ်ပြောပါတယ်။ ဟက်ဆာဘစ်ကတော့ AGI ဆိုတာကို လူလောက်နိုင်သလောက် ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေ လုပ်နိုင်စွမ်းရှိတဲ့ စနစ်တစ်ခုလို့ သတ်မှတ်ပါတယ်။
AGI တွေ ဘယ်လောက် အစွမ်းထက်နိုင်မလဲတော့ ဘယ်သူမှ အတိအကျ မပြောသေးပါဘူး။ ပြောဖို့ စောသေးတာလည်း ဖြစ်နိုင်ပါတယ်။ အပေါ်မှာ ပြောခဲ့သလို AGI ပေါ်လာမယ့် timeline ကို ခန့်မှန်းတာတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။
ပြီးခဲ့တဲ့နှစ်က တရုတ် Baidu ကုမ္ပဏီ CEO ရော်ဘင်လီက AGI တွေ နောက် ၁၀ နှစ်ကျော်မှ မြင်ရမယ်လို့ ပြောခဲ့ပြီး Anthropic ရဲ့ CEO ဒါရီယို အာမိုဒေးကတော့ နောက်နှစ်နှစ် သုံးနှစ်အတွင်း လူထက်သာတဲ့ AI ပုံစံတွေ ပေါ်မယ်လို့ ပြောခဲ့ပါတယ်။ Cisco ရဲ့ CPO အရာရှိ ဂျက်တူး ပီတယ်ကတော့ ဒီနှစ်ထဲမှာကို AGI ဆန်တာတွေ မြင်ရမယ်လို့ ပြောထားတာ ရှိပါတယ်။
Tesla CEO အီလွန်မတ်စ်နဲ့ OpenAI CEO တို့ကတော့ AGI တွေကို နောက်နှစ်နှစ် သုံးနှစ်အတွင်း ပေါ်လာမယ်လို့ တွက်ထားကြပါတယ်။ ဘာပဲဖြစ်ဖြစ် AI မျိုးဆက်သစ်တွေ မြင်ရဖို့ သိပ်မစောင့်ရတော့ဘူးလို့ တွေးထားရတော့မှာပါ။

image
16 w - Translate

" အစွဲအလန်းကြီးလွန်းရင်
စွဲလန်းငြိတွယ်မိတဲ့ ပမာဏနဲ့ဆတူ
ပူပင်သောက ရောက်ရတတ်တယ်တဲ့ ။
အစကတည်းက မတွယ်ငြိအောင်နေမယ်ဆိုရင်
ဝေဒနာ ပိုသက်သာမှာပဲလို့တော့
ဆရာကြီးမလုပ်ချင်ဘူး ။
လူဆိုတာကလည်း အခက်သားလား
ထိုင်နေကျထိုင်ခုံလေး
အိပ်နေကျအိပ်ရာလေးကိုတောင်
စွဲလန်းကြသေးတာပဲ
သက်ရှိလေးတွေဆို ပြောဖွယ်ရာမရှိဘူးပေါ့။
မချစ်နဲ့လို့ မပြောလိုဘူး ချစ်ပါ
မစွဲလန်းနဲ့လို့ မပြောလိုဘူး စွဲလန်းပါ
တစ်နေ့နေ့မှာတော့
ဘယ်လိုဖြေဆေးသုံးရမလဲ ဆိုတာကိုတော့
ကြိုပြင်ဆင်ထားပါ။"
#နွေးထွေးသောရပ်ဝန်းလေးမှ

image
16 w - Translate

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အီသီယိုးပီးယားနိုင်ငံတွင် ဘတ်စကားစီး ခရီးသည် ၅၀ ကျော်ကို လက်နက်ကိုင်များ ဖမ်းဆီးခေါ်ဆောင်
အီသီယိုးပီးယားနိုင်ငံအိုရိုမီယာဒေသတွင် ဘတ်စကားတစ်စီးပေါ်မှ ခရီးသည်ဒါဇင်များစွာကို လက်နက်ကိုင်အဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားကြောင်း တာဝန်ရှိသူများကမတ် ၂ဝ ရက်ကပြောသည်။
အဆိုပါခရီးသည်တင်ဘတ်စကားသည် မြို့တော်အဒစ်အာဘာဘာမှ ထွက်ခွာလာခြင်းဖြစ်ပြီး ယခုသီတင်းပတ်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ယခုမှအသေးစိတ်အချက်အလက်များ ထုတ်ပြန်လာခြင်းဖြစ်သည်။
လက်နက်ကိုင်များ၏ ဖမ်းဆီးမှုသည် လွန်ခဲ့သည့် ဇူလိုင်လက နေရပ်ပြန်ကျောင်းသား ၁ဝဝ ကျော်ကို ပြန်ပေးဆွဲသွားသည့်နေရာနှင့် အနီးရှိအလီဒိုရိုတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အိုရိုမိုလွတ်မြောက်ရေး တပ်မတော်၏ လက်ချက်ဟုလွတ်မြောက်လာသူများနှင့် အာဏာပိုင်များကပြောသည်။
သို့သော် အဆိုပါအဖွဲ့ကမူ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။ ပြန်ပေးဆွဲခံရသည့် သတင်းများကို သိရှိထားပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုဆို၏။ ခရီးသည်များသည် အမ်ဟာရာဒေသ ဒီဘရီမာ့ကို့စ်မြို့ကို ဦးတည်ချိန်တိုက်ခိုက်ခံရခြင်းဖြစ်သည်။
ယင်းနေရာတွင် အခြားဘတ်စကားများလည်း တိုက်ခိုက်ခံခဲ့ရပြီး လူတစ်ဦးသေဆုံးကာ ဖမ်းဆီးခံရသူ ၅ဝ ကျော်ရှိနိုင်ကြောင်း သတင်းများကဆိုသည်။
အဆိုပါ လက်နက်ကိုင်အဖွဲ့သည် အိုရိုမိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွက် တိုက်ခိုက်နေပြီးအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည်။
ဘီဘီစီ

image
16 w - Translate

The acting commissioner of the Social Security Administration now says he is "not shutting down the agency" after earlier suggesting he might do so in the wake of a judge's ruling limiting the Department of Government of Efficiency's access to sensitive agency data.

https://abcnews.go.com/Politic....s/acting-social-secu

image
16 w - Translate

ကမ္ဘာ့အနာဂတ်အတွက် မျိုးစေ့ဘဏ် - Svalbard Global Seed Vault
ကမ္ဘာကြီးဟာ နေ့စဉ်နဲ့အမျှ ပြောင်းလဲနေပြီး ရာသီဥတုဖောက်ပြန်မှု၊ သဘာဝဘေးအန္တရာယ်တွေနဲ့ စစ်မက်ဖြစ်ပွားမှုတွေက လူသားတွေရဲ့ ရှင်သန်မှုအတွက် ခြိမ်းခြောက်မှုတွေ ဖြစ်လာနေပါတယ်။
ဒီလိုအခြေအနေတွေကြားမှာ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးဟာလည်း စိန်ခေါ်မှုတစ်ခုအဖြစ် ပေါ်ထွက်လာပါတယ်။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် နော်ဝေနိုင်ငံရဲ့ Svalbard ကျွန်းစုမှာတော့ ထူးခြားတဲ့ အဆောက်အအုံတစ်ခု တည်ရှိနေပြီး အဲဒါကတော့ Svalbard Global Seed Vault လို့ခေါ်တဲ့ ကမ္ဘာ့မျိုးစေ့ဘဏ်ပဲ ဖြစ်ပါတယ်။
"ကမ္ဘာပျက်ရင်တောင် မျိုးစေ့တွေကျန်ဖို့" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတဲ့ ဒီနေရာမှာ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအသီးသီးက သီးနှံမျိုးစေ့ပေါင်းများစွာကို စုဆောင်းထိန်းသိမ်းထားပါတယ်။
ရည်ရွယ်ချက်ကတော့ ကမ္ဘာ့နေရာအနှံ့မှာ သဘာဝဘေးအန္တရာယ် (သို့မဟုတ်) လူတွေကြောင့်ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်တွေကြောင့် သီးနှံမျိုးတွေ ပျက်စီး ဆုံးရှုံးသွားခဲ့ရင် ဒီမျိုးစေ့ဘဏ်ကနေ ပြန်လည်ရယူစိုက်ပျိုးနိုင်ဖို့ပဲ ဖြစ်ပါတယ်။
Svalbard ဟာ နော်ဝေနဲ့ မြောက်ဝင်ရိုးစွန်းကြားမှာရှိတဲ့ ကျွန်းစုတစ်ခုဖြစ်ပြီး ဒီနေရာကို ရွေးချယ်ရခြင်းမှာ အမြဲတမ်းအေးခဲနေတဲ့ မြေလွှာ (Permafrost) ရှိတာ၊ ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားတဲ့နေရာမှာ တည်ရှိတာနဲ့ နိုင်ငံရေးအရ တည်ငြိမ်မှုရှိတာ စတဲ့ အချက်တွေကြောင့်ပါ။
မျိုးစေ့ဘဏ်ကို တောင်စောင်းတစ်ခုရဲ့ အတွင်းထဲကို မီတာ ၁၀၀ ကျော်အထိ ထွင်းပြီး တည်ဆောက်ထားတာဖြစ်ပြီး အတွင်းပိုင်းမှာ အခန်းသုံးခန်းပါဝင်ကာ အပူချိန်ကို အနှုတ် ၁၈ ဒီဂရီစင်တီဂရိတ်မှာ ထိန်းသိမ်းထားပါတယ်။
ဒီလိုအေးခဲတဲ့ အပူချိန်ဟာ မျိုးစေ့တွေကို နှစ်ပေါင်းများစွာ မပျက်စီးအောင် ထိန်းသိမ်းပေးနိုင်စွမ်းရှိပါတယ်။ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ Svalbard Global Seed Vault မှာ လက်ရှိအချိန် (၂၀၂၄ ခုနှစ်) အထိ ကမ္ဘာတစ်ဝှမ်းလုံးက မျိုးစေ့နမူနာပေါင်း ၁.၂ သန်းကျော်ကို သိုလှောင်ထားပြီးဖြစ်ကာ မျိုးစေ့စုစုပေါင်း ၄.၅ သန်းအထိ သိုလှောင်နိုင်အောင် စွမ်းဆောင်ရည်ရှိပါတယ်။
ဒါဟာ ကမ္ဘာပေါ်မှာရှိတဲ့ အရေးကြီးသီးနှံမျိုးကွဲတွေရဲ့ အကြီးမားဆုံး စုစည်းမှုတစ်ခုလည်း ဖြစ်ပါတယ်။
Svalbard Global Seed Vault ဟာ အလွန်လုံခြုံရေးတင်းကျပ်တဲ့ နေရာတစ်ခုဖြစ်ပြီး အများပြည်သူ ဝင်ရောက်ခွင့်မရှိဘဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်နဲ့သာ ဝင်ရောက်နိုင်ပါတယ်။
မျိုးစေ့တွေကို သိုလှောင်သိမ်းဆည်းတဲ့နေရာမှာလည်း စနစ်တကျနဲ့ စီမံခန့်ခွဲထားပြီး မျိုးစေ့တွေ ထည့်ထားတဲ့ သေတ္တာတွေကို နိုင်ငံအလိုက်၊ မျိုးအလိုက် စနစ်တကျ စီထားကာ လိုအပ်ရင် အလွယ်တကူ ရှာဖွေနိုင်အောင် စီစဉ်ထားပါတယ်။
ဒါ့အပြင် Svalbard Global Seed Vault ဟာ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပြီး သီးနှံမျိုးကွဲတွေ မပျောက်ပျက်အောင် ထိန်းသိမ်းပေးခြင်းအားဖြင့် အနာဂတ်မျိုးဆက်တွေအတွက် စားနပ်ရိက္ခာ အာမခံချက်ကို ပေးစွမ်းနိုင်ပါတယ်။
ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမယ့် စိုက်ပျိုး ရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက်လည်း အထောက်အကူပြုနိုင်ပါတယ်။
လူသားတွေရဲ့အသိ ဉာဏ်နဲ့ ကြိုတင်ပြင်ဆင်မှုရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့ Svalbard Global Seed Vault ဟာ ကမ္ဘာကြီး ဘယ်လိုအခြေအနေတွေပဲ ကြုံတွေ့ရပါစေ၊ အနာဂတ်မျိုးဆက်တွေအတွက် မျှော်လင့်ချက်ရောင်ခြည်အဖြစ် ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။
#knowledgezone

image

On Choosing Life Partner

၁. ငါးမန်းလိုချင်ရင်
ရေမြောင်းထဲမှာ မရှာနဲ့

၂. ငွေတွေ ရုပ်တွေထက်
အကျင့်နဲ့ရည်မှန်းချက်ကို
ဦးစားပေးပေးပြီးကြည့်

၃. မိသားစုမထူထောင်ချင်တဲ့
သူကိုရှောင်

၄. ကိုယ့်မိသားစုကို သူ့မိသားစုလို
မဆက်ဆံနိုင်ရင် ပယ်

၅. ကိုယ်လိုချင်တဲ့သူနဲ့
တန်တဲ့သူဖြစ်အောင်
ကိုယ့်ဘက်က ပြန်ပေးမယ့်
အရာတွေကိုလဲ ပြင်ဆင်ထားပါ 🙏🏻

#crd
#moti

16 w - Translate

Strange World (2022)

ဒီနှစ်ထဲမှာထွက်ရှိထားတဲ့ ဝေါ့လ်ဒ်ဒစ္စနေးရဲ့ သိပ္ပံစိတ်ကူးယဉ် animation ဇာတ်ကားကောင်းလေးတစ်ကားလာပါပြီ။
ဇာတ်လမ်းအကျဉ်းကတော့ ဂျေဂါကလေ့ဒ်ဟာ အဗာလိုနီးယားဆိုတဲ့ပြည်က နာမည်ကြီးစူးစမ်းရှာဖွေသူတစ်ယောက်ပါ။ အဗာလိုနီးယားဟာ ‌တောင်အထပ်ထပ်ကာရံထားတဲ့ တိုင်းပြည်တစ်ခုဖြစ်ပြီး အဲ့ဒီတောင်တွေရဲ့ဟိုဘက်မှာ ဘာတွေရှိမလဲဆိုတာ ဘယ်အဗာလိုနီးယားပြည်သူမှမသိကြသလို သိရအောင်စူးစမ်းတဲ့ စူးစမ်းရှာဖွေသူတိုင်းဟာလည်း မအောင်မြင်ခဲ့ကြပါဘူး။ အဲ့လိုခက်ခဲကြမ်းတမ်းပြီး မရေရာတဲ့စိတ်ကူးအိပ်မက်ကို မက်နေသူကတော့ ဂျေဂါကလေ့ဒ်ပဲဖြစ်ပါတယ်။ ဂျေဂါကလေ့ဒ်ဟာ ဇွဲကြီးကြီးထားကြိုးစားပြီး တောင်တန်းတွေကို ဖြတ်ကျော်နိုင်ဖို့ ကြံစည်အားထုတ်ခဲ့ရမှာ တစ်နေ့မှာတော့ မထင်မှတ်ထားတာတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ‌တောင်တန်းတွေကိုကျော်နိုင်မယ့် မိုးကုပ်စက်ဝိုင်းကို လှမ်းမြင်ရချိန်မှာ သူ့ရဲ့လက်ထောက်လည်းဖြစ်၊ သားလဲဖြစ်တဲ့ ဆာချာကလေ့ဒ်ဟာ ထူးဆန်းပြီးလက်လက်ထနေတဲ့ အပင်တစ်မျိုးကိုတွေ့ခဲ့ပါတယ်။ အဲ့ဒီမှာပဲ ဂျေဂါရဲ့အိပ်မက်ကို အကောင်အထည်မဖော်သေးပဲ အဆိုပါအပင်ကို အဗာလိုနီးယားဆီပြန်ပို့သင့်၊ မပို့သင့် အငြင်းပွားရာကနေ သားအဖနှစ်ယောက် သဘောထားကွဲလွဲပြီး ဂျေဂါကတစ်ဘက်၊ သားဖြစ်သူ ဆာချာနဲ့ အဖွဲ့သားတွေကတစ်ဘက် ဖြစ်သွားကြပါတော့တယ်။
အဲ့ဒီမှာပဲ ခေါင်းမာတဲ့ဂျေဂါဟာသူတစ်ဦးတည်း ခရီးဆက်ထွက်ပြီး သားဖြစ်သူနဲ့အဖွဲ့သားတွေကို အိမ်ပြန်စေပါတယ်။ အဲ့နောက်ပိုင်း ဂျေဂါရဲ့သတင်းမကြားရတော့သလို သားဖြစ်သူဆာချာဟာလည်း သူတွေ့ရှိခဲ့တဲ့ အဆိုပါလက်လက်ထနေတဲ့ ပန်ဒိုအပင်ကို စိုက်ပျိုး၊ သုတေသနပြုပြီး ပန်ဒိုဆီကနေ စွမ်းအင်ထုတ်ယူနိုင်ခဲ့ပါတယ်။ အဲ့စွမ်းအင်ကိုပဲ လျှပ်စစ်လို အသုံးချပြီး အဗာလိုနီးယားကို လူနေမှူအဆင့်မြင့်မားစေခဲ့လို့ အထင်ကရပုဂ္ဂိုလ်တစ်ဦးအနေနဲ့ လေးစားခံရပါတယ်။
တစ်နေ့မှာ ဆာချာရဲ့အိမ်ရှေ့စိုက်ခင်းမှာ သူတို့အဗာလိုနီးယားပြည်သူတွေ သုံးစွဲနေကျလေသင်္ဘောအငယ်စားထက်ကြီးမားတဲ့ ယာဉ်တစ်ခုရောက်နေလို့ ထွက်ကြည့်လိုက်တဲ့အခါ အဗာလိုနီးယားသမ္မတဖြစ်သူ မောလ်ကိုတွေ့လိုက်ရပါတယ်။ မောလ်ဟာ ဂျေဂါရဲ့ခရီးစဉ်မှာ အဖွဲ့သားအဖြစ်လိုက်ပါဖူးသူပါ။ မောလ်ပြောပြချက်အရ အဗာလိုနီးယားပြည်ရဲ့ အဓိကစွမ်းအင်ထုတ်ကုန်ဖြစ်တဲ့ ပန်ဒိုပင်မှာ ဘေးအန္တရာယ်ကျရောက်နေကြောင်းသိလိုက်ရပြီး မောလ်ကလည်း ပန်ဒိုကိုကယ်တင်မယ့်ခရီးစဉ်တစ်ခုစီစဉ်ထားလို့ ဆာချာကိုလည်း လိုက်စေချင်ကြောင်း ပြောပါတယ်။ မငြင်းသာလို့ ဆာချာလိုက်ရမယ့်အချိန်မှာ စူးစမ်းလိုစိတ်ပြည့်နေတဲ့ ဆယ်ကျော်သက် သားဖြစ်သူ အီသန်လည်း အတင်းလိုက်ချင်နေတဲ့အခါ…။
ဆာချာတို့ရဲ့ခရီးစဉ်ထဲ အီသန်ပါသွားမလား…။
ပန်ဒိုကိုဒုက္ခပေးနေတဲ့ အရာရဲ့ဇာစ်မြစ်ကို မောလ်တို့အဖွဲ့ ဖော်ထုတ်တားဆီးနိုင်မှာလား…။
နောက်ထပ် ဘာအလှည့်အပြောင်းတွေရှိလာဦးမလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲ ရှုစားကြည့်ကြရအောင်ပါ။
ဒစ္စနေးအင်နီမေးရှင်းကားတွေရဲ့ ထုံးစံအတိုင်း အသက်ဝင်ပီပြင်အောင် ဖန်တီးရိုက်ကူးထားလို့ ရှုခင်းတွေ၊ စိတ်ကူးယဉ်သတ္တဝါဆန်းတွေ၊ လှုပ်ရှားမှုတွေကို ပီပီပြင်ပြင်ရသမြောက်‌စွာ ရှုစားကြည့်ရှုရမှာပါ။
အဖေနဲ့သားကြား၊ မြေးအဘိုးကြား သံယောဇဉ်တရားနဲ့ လူကြီး၊လူငယ်ကြား ပဋိပက္ခလွန်ဆွဲတတ်မှုတွေအကြောင်း ပညာပေးရိုက်ကူးပြသထားလို့ မိသားစုတွေနဲ့ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ တစ်ချို့ဇာတ်ဝင်ခန်းလေးတွေမှာတော့ gender orientation သဘောဆန်တဲ့ အကြောင်းလေးအချို့ပါလို့ စိတ်အနှောင့်အယှက်ရှိနိုင်ပါတယ် (ဟောလိဝုဒ်ရဲ့ ပထမဦးဆုံး LGBT တုတ်ထိုးအိုးပေါက်ဇာတ်ဝင်ခန်းပါတဲ့ဇာတ်ကားလို့‌တောင် ဝေဖန်ရေးသမားတွေကတော့ မှတ်ချက်ပြုထားပါတယ်)

ဇာတ်ကားလင့်
https://t.me/c/2186686827/183

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
16 w - Translate

ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ "DSP" ဆိုတဲ့အိန္ဒိယ action/comedy ဇာတ်ကားကောင်းလေးဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ဗာစကိုဒဂါးမားတိုမိသားစုဟာ သာမန်ပန်းရောင်းတဲ့စီးပွားရေးလုပ်ကိုင်တဲ့ အေးချမ်းတဲ့မိသားစုလေးဖြစ်ပါတယ်
ဗာစကိုရဲ့အဖေကတော့ သားဖြစ်သူကို အစိုးရအလုပ်လေးအရမ်းကိုရစေချင်ပြီး ဘဝကိုအခြေတကျဖြစ်စေချင်နေတာဖြစ်ပါတယ်
အဲဒီသူတိုနေထိုင်တဲ့ဒင်ဒီဂါပြည်နယ်လေးမှာ ဆိုးချင်တဲ့ဆိုးပြီးတော့ ရာဇဝတ်မှုတွေကိုပေါ်တင်ပဲကျူးလွန်တဲ့မူတိုင်ရာဗီဆိုတဲ့လူဆိုးလူမိုက်တစ်ယောက်ရှိပါတယ်
အမြဲတမ်းအေးဆေးပဲနေတတ်တဲ့ဗာစကိုနဲ့ လူမိုက်မူတိုင်ရာဗီဟာပြဿနာဖြစ်စရာအကြောင်းမရှိပေမယ့် ကံဆိုးချင်တော့ ဗာစကိုရဲ့ညီမလေးမင်္ဂလာဆောင်ကိုလာကြတဲ့
ဗာစကိုရဲ့သူငယ်ချင်းတွေဟာတိုက်တိုက်ဆိုင်ဆိုင်ဘဲ ရာဗီနဲ့ပြဿနာတက်ခဲ့ပါတော့တယ် သူငယ်ချင်းတွေကိုကိုယ်ထိလက်ရောက်ရိုက်နှက်တဲ့မူတိုင်ရာဗီကို
ဗာစကိုဟာ လူကြားထဲမှာပဲရိုက်နှက်ပစ်လိုက်ပါတော့တယ် အဲဒီအချိန်တုန်းကမြိုရဲ့ဩဇာအရှိဆုံးဟာမူတိုင်ရာဗီဖြစ်နေတဲ့အတွက်
ဗာစကိုဟာသူ့ရဲ့မွေးရပ်မြေလေးကနေထွက်ပြေးတိမ်းရှောင်လိုက်ရပါတယ် ဒီလိုနဲ့နှစ်တွေကြာတဲ့အခါ ဗာစကိုတစ်ယောက်သူ့ရဲ့မွေးရပ်မြေကို
ဒီအက်စ်ပီအဖြစ်ပြန်ရောက်လာပါတော့တယ်

ဒီတစ်ခေါက်မှာရော ဗာစကိုနဲ့မူတိုင်ရာဗီနှစ်ယောက်ရဲ့ ပြိုင်ဆိုင်မှုကြီးထဲမှာ ဘယ်သူက အနိုင်ရသွားမလဲ၊ ရက်စက်ပြီးအကျင့်ယုတ်မာတဲ့ မူတိုင်ရာဗီကိုရောရှင်းနိုင်လိုက်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကားလေးဖြစ်ပါတယ်

#crd
#storymode

image
//