51 w - Translate

#ပြည်တွင်းသတင်း
◼လွိုင်ကော်- ဆီဆိုင်ကားလမ်း ဖြတ်သန်းသွားလာခွင့်ယာယီရပ်ဆိုင်းထားဟုဆို
ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့်ကယားပြည်နယ်အားဆက်သွယ်ထားသည့် လွိုင်‌ကော်-ဆီဆိုင် ကားလမ်း၌ အချိန်မရွေးတိုက်ပွဲဖြစ်ပွားမှုများဖြစ်ပေါ်နိုင်သောကြောင့် ယမန်နေ့(မတ် ၂၀ ရက်) မှ စတင်ကာ မော်တော်ယာဉ်များဖြတ်သန်းသွားလာခွင့်ကို ယာယီရပ်ဆိုင်းထားကြောင်း ဒေသခံများထံမှ သိရသည်။
“ဘယ်နေ့ပြန်ဖွင့်မလဲဆိုတာတော့မသိသေးဘူး။ တိုက်ပွဲတွေဖြစ်နိုင်လို့ပိတ်တာဖြစ်နိုင်ပါတယ်။ အရင် ကလည်းတိုက်ပွဲတွေဖြစ်လာနိုင်တယ်ဆို အဲဒီလမ်းကပိတ်တာပဲ” ဟု လွိုင်ကော်မြို့တွင် နေထိုင်သူ တစ်ဦးကပြောသည်။
အဆိုပါကားလမ်းတွင် တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မကြာခဏတိုက်ပွဲဖြစ်ပွား မှုများကြောင့် ထိခိုက်ဒဏ်ရာရသူများရှိခဲ့ကြောင်း ဒေသခံများကပြောဆိုထားသည်။
လက်ရှိတွင် လွိုင်‌ကော်-ဆီဆိုင်ကားလမ်းမှတစ်ဆင့်ဖြတ်သန်းသွားလာခြင်းကိုယာယီရပ်ဆိုင်းဖို့ KNDF ကထုတ်ပြန်ထားပြီး ပြန်လည်သွားလာခွင့်ရမည့်ရက်ကို အသိပေးကြေညာမည်ဖြစ်ကြောင်း ဒေသတွင်း သတင်းများအရသိရသည်။
သတင်း - နေသစ်ဦး
ဓာတ်ပုံ - CJ

image
Khine Su Zin shared a post  
51 w

51 w

This coffee cup is taunting me!

#funny

image

This coffee cup is taunting me!

#funny

image
51 w - Translate

နွေရာသီပိတ်ရက်မှာ တစ်ရက်တာ တရားစခန်းဝင်ခဲ့တဲ့ မျိုးစန္ဒီကျော်ရဲ့ သမီးလေး 🥰🥰🥰
သရုပ်ဆောင် မျိုးစန္ဒီကျော်ရဲ့ သမီးလေးက စာမေးပွဲပြီးတဲ့နောက်မှာ နွေရာသီတရားစခန်းဝင်ခဲ့ပါတယ်။ အသက် ၈ နှစ်မှ ၁၆ နှစ်အထိ ကလေးငယ်များအတွက် ဖွင့်ပေးတဲ့ အာနာပါနာသတိသင်တန်းကို မေမေက ပို့ပေးခဲ့တာပါ။ သမီးလေးနဲ့အတူ သူငယ်ချင်းတစ်ယောက်လည်း ပါဝင်ခဲ့ကြပြီး စိတ်တူကိုယ်တူရှိကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို မေမေက မျှဝေပေးလာတာပါ။

#crd
#celenews

image

အမေရေ ဟိုလေ ဖုန်းလေးက ဟောင်းးး

image

အိမ်လုပ် မာလာဟင်းချက်နည်း.......။ 🥗
ဆိုင်မှာ စားနေရသလို အရသာရှိလွန်လှတဲ့ Homemade လေး လုပ်စားကြည့်နော် 😋
ဟင်းသီးဟင်းရွက် အစုံ၊ ကြာစွယ်၊ မာလာခေါက်ဆွဲ၊ ကြွက်နားရွက်မှို၊ ပဲပြား အစုံအလင်ထည့်ထားပြီး မာလာဟင်း အနှစ်ကြောင့် စပ်စပ်လေးနဲ့ အနံ့ရော အရသာပါ ပြည့်စုံတဲ့ မာလာဟင်းလေးပါ။ ချက်ရတာလည်း လွယ်ကူပါတယ်။🍲
မာလာဟင်းအနှစ်ချက်ရန်ပါဝင်ပစ္စည်းများ.......
- မာလာဟင်းနှစ်ထုပ် ၁ ထုပ်
- ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်
မာလာဟင်းတွင် ပါဝင်ပစ္စည်းများ......
- ကြက်သားချောင်း ၂ ချောင်း (အစောင်းလှီးပါ)
- မာလာခေါက်ဆွဲ ၂ မျိုး (သို့) ၃ မျိုး ၅၀ ဂရမ်
(မာလာခေါက်ဆွဲ အဖြူ၊ အညှိ၊ အစိမ်း ဆိုပြီး ၃ မျိုးရှိတဲ့အထဲမှ မိမိကြိုက်နှစ်သက်ရာ ၂ မျိုးဖြစ်စေ၊ ၃ မျိုးလုံးဖြစ်စေ ထည့်နိုင်သည်)
ပြင်ဆင်နည်း........
၁။ အရင်ဆုံး မာလာခေါက်ဆွဲ ၃ မျိုးရှိသည့်အထဲမှ အစိမ်းရောင် ခေါက်ဆွဲကို ရေ (၁၀မိနစ်ခန့်) စိမ်လျှင် ရသည်။
၂။ ခေါက်ဆွဲ (အညှိ) နှင့် ခေါက်ဆွဲ (အဖြူ) ကို မာလာဟင်းထဲ ထည့်ရုံအနည်းငယ် သက်သက်စီ ခေါက်ဆွဲကျက်သည်အထိ ရေဖြင့် ပြုတ်ပေးပါ။
၃။ ပြီးနောက် ပြုတ်ပြီးလျှင် ပြန်အအေးခံပြီး ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။
မာလာဟင်းချက်နည်း........
၁။ ဒယ်ထဲ ဆီ (စားပွဲတင်ဇွန်း ၃ ဇွန်း) ထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေးပါ။
၂။ ပြီးလျှင် ငရုတ်သီး အရောင်တင်မှုန့် ထည့်ပြီး မာလာဟင်းအနှစ်ထုပ် (၅ ပုံ ၄ ပုံ) ထည့်ပေးပြီး ရေ (၃ခွက်) ထည့်ပါ။
၃။ ထို့နောက် အရသာအတွက် (ငါးငံပြာရည်၊ ကြက်သားမှုန့်၊ သကြား) တို့ကို ထည့်ပြီး ဆူလာသည်အထိ တည်ထားပါ။
၄။ မာလာဟင်းရည် ဆူလာလျှင် ကြက်သားချောင်း၊ ငါးသားလုံး၊ မုန်လာဥနီ၊ ကြာစွယ် တို့ကို အရင်ထည့်ပြီး ၁မိနစ်ခန့် တည်ထားပါ။
၅။ ပြီးမှ အနူးလွယ်သော (ပဲပြား၊ ရွှေပဲသီး) တို့ကို ထည့်ပြီး ၁ မိနစ်ခန့် ထပ်တည်ထားပါ။
၆။ ပြီးနောက် ကန်စွန်းရွက်၊ မုန့်ညှင်းစိမ်း၊ ခေါက်ဆွဲ၊ မြေပဲထောင်း တို့ကို ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။
၇။ ရေအနည်းငယ်ကျန်ပြီး အရသာ အပေါ့အငံ အနေတော်
ပြီဆိုလျှင် အပေါ်မှ ကြက်သွန်မြိတ်၊ နှမ်းဆီ၊ နှမ်း တို့ကို ဖြူးပြီး မီးပိတ်လိုက်ပါ။
၈။ ဒါဆိုရင် မာလာဟင်း စပ်စပ်လေးကို အရသာရှိစွာ အသားကင်ဖြစ်စေ၊ ထမင်းဖြင့် ဖြစ်စေ တွဲဖက်စားသုံးနိုင်ပါပြီး 😋😋😋

image
51 w - Translate

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ လေယာဉ်ပစ်ဒုံးကျည်စနစ်စမ်းသပ်မှု ကင်ဂျုံအန်းကိုယ်တိုင်ကြီးကြပ်ခဲ့
နောက်ဆုံးပေါ် လေယာဉ်ပစ်ဒုံးကျည်စနစ်တစ်မျိုး စမ်းသပ်ပစ်ခတ်မှုကို မတ် ၂ဝ ရက်တွင် မြောက်ကိုရီးယားစစ်ဘက်ကပြုလုပ်ခဲ့ရာ ကင်ဂျုံအန်းကိုယ်တိုင်ကြီးကြပ်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရအာဘော် ကေစီအင်န်အေသတင်းဌာနက သတင်းထုတ်ပြန်ထားသည်။
လေယာဉ်ပစ်ဒုံးကျည်စနစ်သစ် စမ်းသပ်မှုတွင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းကိုယ်တိုင် လက်ရှိအာဏာရအလုပ်သမားပါတီ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်များနှင့်အတူ ကြီးကြပ်ခဲ့ကြောင်း ကေစီအင်န်အေသတင်းဌာန သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသော်လည်း ဒုံးကျည်စနစ်စမ်းသပ်မှုကို မည်သည့်နေရာတွင်လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံတို့က ဖရီးဒမ်းရှီးအမည်ရှိ နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အဆုံးသတ်ခဲ့သည့်နေ့မှာပင် မြောက်ကိုရီးယားနိုင်ငံက လေယာဉ်ပစ်ဒုံးကျည်စနစ်သစ်စမ်းသပ်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လေယာဉ်ပစ်ဒုံးကျည်စနစ်သစ်၏ စွမ်းဆောင်ရည်ကိုစစ်ဆေးနိုင်ရေးအတွက် မတ် ၂ဝ ရက်တွင်စမ်းသပ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းဒုံးကျည်စနစ် ထုတ်လုပ်မှုကိုစတင်နေပြီဖြစ်ကြောင်း ကေစီအင်န်အေသတင်းဌာန၏ အဆိုအရသိရသည်။
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် လေယာဉ်ပစ်ဒုံးကျည်စနစ်တစ်မျိုးကို အပြည့်အဝတည်ဆောက်နိုင်ရေးအတွက် ရုရှား၏နည်းပညာအကူအညီရယူထားဖွယ်ရှိကြောင်း စစ်ရေးကျွမ်းကျင်သူအချို့ကသုံးသပ်ထားသည်။
ရိုက်တာ

image

မောင်နဲ့အတူ ညနေစောင်းလမ်းလျှောက်ထွက်သောအခါ

image
51 w - Translate

နိုင်ငံ့ GDP ဒေါ်လာ ၈၁ ဘီလီယံထိ တက်လာရန် လုပ်ဆောင်နေဟု နစကဥက္ကဋ္ဌပြော
ရန်ကုန်၊ မတ် ၂၂
လာမယ့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) အနေနဲ့ အမေရိကန်ဒေါ်လာ ၈၁ ဘီလီယံအထိ တိုးတက်လာအောင် မျှော်မှန်း လုပ်ဆောင်နေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
မတ်လ ၂၁ ရက်က နေပြည်တော်မှာရှိတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” သုံးသပ်ဆွေးနွေးပွဲမှာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာပါ။
“စီးပွားရေးအရ မြှင့်တင်ဖို့ လုပ်တဲ့နေရာမှာ ကျွန်တော်တို့နိုင်ငံအနေနဲ့ အလုပ်လုပ်ဖို့ လိုအပ်ပါတယ်”လို့ နစကဥက္ကဋ္ဌက ဆိုပါတယ်။
လက်ရှိမှာ နိုင်ငံ့ GDP အနေနဲ့ ဒေါ်လာ ၆၀ ဘီလီယံနဲ့ ၇၀ ဘီလီယံကြားရှိပြီး ဒေါ်လာ ၅၀၀ ဘီလီယံကျော် GDP ရှိတဲ့ ထိုင်းနိုင်ငံ၊ ဒေါ်လာ ၄၀၀ ဘီလီယံကျော် GDP ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ကွာဟချက်ကြီးမားနေတယ်လို့ ဆက်ပြောပါတယ်။
မိမိတို့နိုင်ငံဟာ အာဆီယံနဲ့ ဒေသတွင်းနိုင်ငံတွေမှာ GDP နည်းပါးတဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့လည်း ဖေဖော်ဝါရီလတုန်းက ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးတစ်ခုမှာ ပြောကြားထားတာ ရှိပါတယ်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီးမှာပင် အခြားနိုင်ငံတွေထက် ထုတ်လုပ်မှုစွမ်းရည်မှာ အားနည်းနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) ရဲ့ နောက်ဆုံးအစီရင်ခံစာအရ ၂၀၂၀ ပြည့်နှစ်မှစတင်ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ကလည်း ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး အရင်ဆယ်စုနှစ်တွေရဲ့ စီးပွားရေးတိုးတက်မှုကို ပြောင်းပြန်လှန်ပစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ်မှာ မြန်မာကျပ်ငွေ ဖောင်းပွမှုနှုန်းဟာ ၂၅.၄ ရာခိုင်နှုန်းကို ရောက်ရှိလာနေပြီး ၂၀၂၁ ခုနှစ်မှာ ဒေါ်လာငွေလဲနှုန်းက ၁၃၃၀ ကျပ်ကနေ ၂၀၂၅ ခုနှစ်မှာ တစ်ဒေါ်လာ ၄၂၅၀ ကျပ်ကို ကျဆင်းသွားပြီး အိမ်ထောင်စုတွေရဲ့ ဝယ်ယူနိုင်စွမ်းကို ပိုမိုကျဆင်းစေခဲ့တယ်လို့ ဆိုပါတယ်။
သတင်း - BETV Business

image
51 w - Translate

◾️Subject Teacher (ICT/ Music) - Yangon
Company: Diamond Knowledge
Salary Range: Negotiation
https://joimyanmar.com/job/detail/23040

◾️Principal (Foreign and Local) - Yangon
Company: Diamond Knowledge
Salary Range: Negotiation
https://joimyanmar.com/job/detail/23048

◾️Automotive Service Technician - Yangon
Company: iMyanmarHouse
Salary Range: Negotiation
https://joimyanmar.com/job/detail/23071

◾️Videographer & Editor - Yangon
Company: iMyanmarHouse
Salary Range: Negotiation
https://joimyanmar.com/job/detail/22928

image