37 w - Translate

Review ကောင်းတွေ အများကြီး ရထားသော simple လေး
All skin types သုံးလို့ရပြီး ဘာသုံးသုံး မတည့်တဲ့ sensitive skin ပိုင်ရှင်လေးတွေ အတွက် အထူးသင့်တော်ပါတယ်
ယောင်ယမ်းခြင်း ကို သက်သာ စေပြီး ရေဓာတ်ဖြည့်ပေးပါတယ် ရှင်
Toner 200ml - 18000k
Foam 150ml - 18000k
Moisture 150ml -18000k
Micellar water 400ml - 21500k
UK Import တစ်မျိုးထဲသာ ရောင်းပါသည် ✅✅✅
India Import မရောင်းပါ

imageimage
+4
Like
37 w - Translate

မလေးရှား က အလှူရှင်တွေအကူအညီ နဲ့ မြန်မာနိုင်ငံမှာ ဆေးရုံသုံးပစ္စည်းများ လိုအပ်နေတဲ့ ဆေးရုံကြီးတွေကို သိန်း ၅၀ ဆီ လှူဒါန်းပေးသွားမဲ့ ပရိတ ကိုထွန်းမင်း

image
Like

#crd

Like

တစ်ညတာအမှား (အပိုင်း ၁)

Like

လူကြီးဆိုတော့ အမြဲမှန်တယ် ပြန်မပြောရဲပါဘူး....

image
Like
37 w - Translate

ငါ့တုန်းကဆိုရင်လို့
ပြောတဲ့လူတွေနဲ့ ဝေးဝေးမှာပဲနေချင်တယ် ၊

လိပ်ပြာဖြစ်ကာစ
အကောင်ပေါက်ကလေးတွေ စိတ်ရှိတိုင်း
ပျံထွက်သွားနိုင်ကြဖို့ရာ အတွက်
အိမ်ပြတင်းတံခါးတွေကို
ထထပြီးတော့ ဖွင့်ပေးနေခဲ့လိုက်ချင်တယ်။

အဆင်ပြေရင်
မိုးလည်း အုံ့နေစေချင်တယ်။
မှောင်ကျသွားမယ့်အချိန်တွေကိုလည်း
ဒီထက်ပိုပြီးတော့ နောက်ကျနေစေချင်တယ်။

ပကတိအတိုင်း မရှိတဲ့
ငါ့ရဲ့ စိတ်တွေကိုလည်း
ပြန်ပြီးတော့ တည်ငြိမ်လာစေချင်တယ်။

တစ်ခါလောက်ဖြစ်ဖြစ်
ကိုယ့်ငေးနေတဲ့နေရာဟာ ရုပ်ရှင်ထဲကလို
ပန်းတွေ တဖြည်းဖြည်း ပွင့်လာခဲ့တဲ့
ဇာတ်ဝင်ခန်းမျိုး ဖြစ်သွားစေချင်တယ်။

ငါ စကားတွေ အရမ်းနည်းလာချင်နေတယ်။

ကိုယ့်ဘေးမှာ အမှန်အတိုင်းတွေ
ပိုပြီးတော့ များများလာစေချင်တယ်။

ခလုတ်ခဏခဏထိချင်တယ်။
ထူးမယ့်သူရှိရင်
အမိလို့လည်း တခွင့်ရချင်တယ်။

တစ်နေ့တော့ဆိုတဲ့ နေရာကို
ငါတကယ်သိချင်တယ်။

တကယ်လို့များ ခြေဦးတည့်ရာ
ထွက်သွားမိခဲ့ရင်တောင်မှ
ကောင်းရာမွန်ရာပဲ ရောက်ရမှာပါလို့
ငါအမြဲ လိုလို ယုံကြည်ထားလိုက်ချင်တယ် ။

[ ချစ်မင်းဝေ ]

▪️

image
Like
37 w - Translate

" မဲဇလီပင်တန်းတွေ
တရွေ့ရွေ့ ကျန်ခဲ့ပြီ ။

ဖဲကြိုးရောင်စုံတွေ ကျန်ခဲ့ပြီ ။

ဖိုးချိုသီချင်းတွေ ကျန်ခဲ့ပြီ ။

ပန်းသင်္ချိုင်းက
စောင့်နေမယ် ဆိုတာတွေ ကျန်ခဲ့ပြီ ။

ကျောင်းသားကဒ် ပြပြီး
စက်ဘီးငှားလို့ရတဲ့
ဆိုင်လေးတွေ ကျန်ခဲ့ပြီ။

ဟိုနားက သီချင်းစသင်တဲ့ နေရာ
ဒီနားက အချစ်စသင်တဲ့ နေရာ
အားလုံး ကျန်ခဲ့ပြီ ။

ဘယ်သူ့ခေါ်သံမှ
ကြားရလို့တော့မဟုတ်ပါဘူး။

ရွာရိုးကိုးပေါက်
ကျွန်တော် လျှောက်သွားနေခဲ့တာ
ဆယ်စုနှစ် တစ်ခုစာ
တစ်ယူဇနာ၊ နှစ်ယူဇနာ
ခြေရာတွေတောင် ပြာလို့ "

▪️သန်းတင့် (ခင်ဖုန်းသက်ဝေဂယ်လာရီ )

image
Like
37 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းနိုင်ငံမှ ဖမ်းဆီးခံ မြန်မာနိုင်ငံသား ၂၅၀ နေရပ်ပြန်ပို့
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီးနောက် လွတ်ရက်စေ့မြန်မာနိုင်ငံသား ၂၅ဝ အား မတ် ၁၉ ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးမှ ထုတ်ပြန်သည်။
ပြန်ပို့ခံရသည့် မြန်မာနိုင်ငံသား ၂၅ဝ တွင် အမျိုးသား ၂၁၆ ဦး၊ အမျိုးသမီး ၃၄ ဦးပါဝင်ပြီး ၎င်းတို့အား ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှ တစ်ဆင့် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့သို့ ရေကြောင်းမှ ပို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင် သိရသည်။
ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်က ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာဘက်သို့ ထိုင်းအာဏာပိုင်များ လွှဲပြောင်းပေးခဲ့သည့်မြန်မာနိုင်ငံသား ၂ဝဝဝ ကျော်ရှိပြီး ၂ဝ၂၅ ခုနှစ်၌ ယခုအကြိမ်အပါအဝင် သုံးကြိမ်အတွင်းမြန်မာနိုင်ငံသား ၆ဝဝ နီးပါးပြန်လွှဲပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - Chit Ngwe's Facebook

image
Like

ကျွန်တော်တို့ရဲ့မင်းသားကြီး လီယိုနာဒိုရဲ့ရုပ်ရှင်ကားသစ်

Like
37 w - Translate

" ကိုယ်တွေရဲ့နေထိုင်မှုက ငါးတွေလိုပဲ
အသံမထွက်တတ်တော့
ဘယ်တော့မှ အသနားမခံရဘူး
ရပါတယ် ။ ။

▪️ဘုန်းပြည့်စုံမင်း▪️

image
Like