Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နေပြည်တော်၊ သံတမန်ဇုန်ထဲမှာ ယာဉ်တိုက်မှု ဖြစ်လို့ ရဲ ၂ ဦးသေဆုံး
ဒီဇင်ဘာ ၃
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ထဲက သံတမန်ဇုန်ထဲမှာ မနေ့ ဒီဇင်ဘာ ၂ ရက် ညပိုင်းက ရဲကားနဲ့ အိမ်စီးကား ၂ စီး တိုက်မိခဲ့တာကြောင့် ရဲ ၂ ဦး သေဆုံးသွားတယ်လို့ နေပြည်တော်လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့က ဘီဘီစီကို ပြောပါတယ်။
“ရဲကားမောင်းလာတဲ့ ရဲ ၁ ဦးကတော့ ပွဲချင်းပြီးဆုံးတာ၊ နောက်တစ်ယောက်က ဆေးရုံရောက်မှ ဆုံးတာ” လို့ လူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အိမ်စီးကားမောင်းနှင်သူကတော့ အမျိုးသမီးဖြစ်တယ်လို့ သိရပြီး ယာဉ်တိုက်မှုကြောင့် ဦးခေါင်းဒဏ်ရာ အပြင်းအထန် ရရှိသွားတယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာ အိမ်စီးကားမောင်းနှင်သူအမျိုးသမီးနဲ့ ရဲကားပေါ်က ထိခိုက်ဒဏ်ရာရရှိခဲ့သူ ရဲတပ်ဖွဲ့ဝင် ၁၂ ဦးစလုံး နေပြည်တော်ခုတင် ၁,၀၀၀ ဆေးရုံ၊ အရေးပေါ်ဌာနမှာ ဆေးကုသမှုခံယူနေတယ်လို့ သူက ထည့်ပြောပါတယ်။
ယာဥ်တိုက်မှုအပြီး ယာဥ်ထိန်းရဲတွေရောက်လာပြီး ပေကြိုးဆွဲ တိုင်းတာစစ်ဆေးမှုတွေ ဆက်လုပ်နေဆဲဖြစ်ပြီး ရဲကားနဲ့ အိမ်စီးကား ဘယ်ဘက်က ယာဉ်မောင်းရဲ့ အမှားဆိုတာကိုတော့ မသိရသေးပါဘူး။
Credit - BBC
#သတင်းဟင်းလေးအိုးကြီး
FA ဖလား တတိယအဆင့်မှာ ယူနိုက်တက်နဲ့အာဆင်နယ် တွေ့ဆုံ
ဒီဇင်ဘာ ၃
ဒီရာသီ FA ဖလားပြိုင်ပွဲ တတိယအဆင့် ပွဲစဉ်တွေကို မဲခွဲမှုပြုလုပ်ခဲ့တာမှာ လက်ရှိချန်ပီယံ ယူနိုက်တက်အသင်း ဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို စံချိန်တင် ၁၄ ကြိမ် ရယူထားတဲ့ အာဆင်နယ်အသင်းနဲ့ တွေ့ဆုံနေပါတယ်။
FA ဖလားချန်ပီယံဆုကို ၁၃ ကြိမ် ရရှိထားတဲ့ ယူနိုက်တက်အသင်းဟာ တတိယအဆင့်အဖြစ် အာဆင်နယ်အသင်း အိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာပါ။
အာဆင်နယ်နဲ့ ယူနိုက်တက်အသင်းတို့ဟာ ကြားရက်ထဲမှာလည်း ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ထိပ်တိုက် တွေ့ဆုံကြရဦးမှာ ဖြစ်ပါတယ်။
FA ဖလား တတိယအဆင့် ပွဲစဉ်တွေမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ်က အသင်းတွေ အားလုံးပါဝင်လာခဲ့တာပါ။
ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ အသင်းငယ်တွေနဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းက ဆဲလ်ဖို့ဒ်စီးတီး၊ လီဗာပူးလ်အသင်းက အက်ကာရင်တန်၊ ချယ်လ်ဆီးအသင်းက မိုကမ်ဘီ အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
စပါးအသင်းကလည်း တတိယအဆင့်မှာ အပျော်တမ်းကလပ် တမ်ဝေါ့အသင်းနဲ့ တွေ့ဆုံနေတာဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ်အသင်း အချင်းချင်း ထိပ်တိုက် တွေ့ဆုံတဲ့ပွဲစဉ်အဖြစ် အက်စတွန်ဗီလာနဲ့ ဝက်စ်ဟမ်း အသင်းတို့ တွေ့ဆုံနေတဲ့ ပွဲစဉ်လည်း ပါဝင်နေတာပါ။
အဲဗာတန်အသင်းဟာ မဲခွဲမှုမှာ ပီတာဘရော့အသင်းနဲ့ တွေ့ဆုံပြီးနောက် အက်ရှ်လေယန်းဟာ သားဖြစ်သူ တိုင်လာနဲ့ ပြိုင်ဘက်အဖြစ် တွေ့ဆုံရမှာဖြစ်လို့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာနိုင်တယ်ဆိုပြီး သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
FA ဖလား တတိယအဆင့် ပွဲစဉ်တွေကို ဇန်နဝါရီ ၉ ရက်ကနေ ၁၁ ရက်အတွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: ESPN
ပုံ - အာဆင်နယ်နဲ့ ယူနိုက်တက်အသင်းကို ယှဉ်ပြိုင်နေစဉ်
#centralnewsnaypyitaw
ပြီးခဲ့တဲ့လအတွင်း ရန်ကုန်မှာ ပေါက်ကွဲမှု ၁၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့
ဒီဇင်ဘာ ၃
ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ပေါက်ကွဲမှု ၁၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့လအတွင်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာမှာ နိုဝင်ဘာလ ၆ ရက်နေ့က မင်္ဂလာဒုံမြို့နယ်၊ နိုင်ငံရေးမှတ်တိုင်အနီးရှိ ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နစက လုံခြုံရေးတပ်ဖွဲ့ဝင် လေးယောက် ထိခိုက်မှုရှိခဲ့ကာ တိုက်ခိုက်မှုကို Rangoon Urban Column (RUC) အဖွဲ့က ပြုလုပ်ခဲ့တာလို့ အဲဒီအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အလားတူ နိုဝင်ဘာ ၈ ရက်နေ့ကလည်း မြောက်ဥက္ကလာပမြို့နယ်၊ လျှပ်စစ်ရုံး လုံခြုံရေးဂိတ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဲဒီ တိုက်ခိုက်မှုကို Yangon UG People Army - YUPA နဲ့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားကာ ပြင်းအားမြင့် ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း မှော်ဘီမြို့အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မြို့ပြအထူးစစ်ဆင်ရေး Urban Special Operation (U.S.O) က ဒုံးတွေနဲ့ မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီ တိုက်ခိုက်မှုမှာ လေယာဉ်ဂိုထောင်နဲ့ အရာရှိအိမ်တွေ ထိခိုက်ပျက်စီးနိုင်တယ်လို့ U.S.O အဖွဲ့ရဲ့ ထုတ်ပြန်မှာ ဖော်ပြထားပေမယ့် လူနေရပ်ကွက်အနီး လယ်ကွင်းထဲကိုပါ ရှော့တိုက်ဒုံး နှစ်လုံး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရပ်ကွက် အနောက်ဘက်က လယ်ကွက်တွေထဲ နှစ်လုံးကျကွဲတာ ကံသီလို့။ နို့မို့ဆို ကိုယ်တွေရပ်ကွက် ပြာကျတယ်။ ပြင်းအားကတော့ မြေကြီးတွေပါတုန်တာ။ မှော်ဘီတမြို့လုံး အကုန်ကြားတယ်။ ပစ်ခတ်သံတွေလည်း ကြားရတယ်” လို့ မှော်ဘီမြို့ခံတယောက်က ပြောပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံ လမ်းပိုင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Dark Shadow အဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒါအပြင် နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်လမ်း (ဘိုခြံလမ်း) ပေါ်ရှိ ရွှေနံံ့သာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်း အသုံးပြုပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့တာမှာ ထိခိုက် ဒဏ်ရာရသူတချို့ ရှိခဲ့တယ်လို့ Operation Flame (OF) မှ သတင်းထုတ်ပြန်ထားပါတယ်။
ဆက်လက်ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့ကလည်း ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းရှိ ကင်းဂိတ်ကို Operation Flame (OF) အဖွဲ့က လက်ပစ်ဗုံး နှစ်လုံး ပစ်သွင်း တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပြီး အဲဒီဖြစ်စဉ်မှာလည်း ထိခိုက် ဒဏ်ရာရသူတချို့ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ မြို့ဦးပရိယတ္တိစာသင်တိုက်မှာ ပါဆယ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဲဒီစာသင်တိုက်က ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူသွားတယ်လို့ စာသင်တိုက်အနီး နေထိုင်သူတွေက ပြောပါတယ်။
“ကျောင်းထိုင်ဆရာတော် သီတင်းသုံးတဲ့ ကျောင်းဆောင်အခန်းဘေးမှာ ပါဆယ်ဗုံးပေါက်ခဲ့တာ။ ဘယ်သူက လာထားသွားတယ်တော့မသိဘူး။ ဆရာတော်က နေရာမှာတင် ပျံလွန်တော်မူသွားတာ” လို့ အဲဒီဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။
ပျံလွန်တော်မူသွားတဲ့ ကျောင်းထိုင်ဆရာတော်ရဲ့ ဘွဲ့အမည်ဟာ ဦးဉာဏဝံသဖြစ်တယ်လို့ သိရပြီး သက်တော် ၅၇ နှစ်၊ ဝါတော် ၃၇ ဝါ ရှိပြီဖြစ်ကာ ဆရာတော်ဟာ ရပ်ကွက် သံဃနာယကဥက္ကဋ္ဌလည်း ဖြစ်တယ်လို့သိရပါတယ်။
အဲဒီ ပေါက်ကွဲမှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့က လုပ်ဆောင်တာလည်း ဆိုတာကိုတော့ ထုတ်ပြန် ကြေညာထားခြင်း မရှိပါဘူး။
ဒါအပြင် နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲနဲ့ ပြည်လမ်းထောင့်ရှိ မင်္ဂလာဒုံမြို့မ ရဲတပ်ဖွဲ့စခန်းကို Dark Shadow အဖွဲ့က ဖောက်ခွဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
“ပေါက်ကွဲမှုပြီးတော့ သေနတ်သံ လေး၊ ငါးချက်လောက် ကြားရတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက လမ်းပိတ် စစ်ဆေးနေတာတွေလည်း တွေ့ရတယ်။ ရပ်ကွက်ထဲ ဝင်စစ်တာတွေလည်း ရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း တောင်ဥက္ကလာပမြို့နယ်၊ (၁၄) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးမှာ လက်ပစ်ဗုံး နှစ်လုံး ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မြောက်ဥက္ကလာပ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီ နိုဝင်ဘာ ၂၁ ရက်နေ့မှာပဲ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနကို Yangon Army (YA) အဖွဲ့က ဗုံးပစ်လောင်ချာ M79 လက်နက်ကြီးနဲ့ ၄၀ မမ ဗုံး သုံးလုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါအပြင် နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း တာမွေမြို့နယ်ရှိ လျှပ်စစ်ဝင်းထဲက နစကလုံခြုံရေး နှစ်ထပ်ဘန်ကာကို Freeland Attack Force (FLA ) နဲ့ Anonymous Fighters Force ( AFF ) အဖွဲ့တို့ ပူးပေါင်းပြီး ဗုံးအသုံးပြုကာ နှစ်ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အခုဖော်ပြခဲ့တဲ့ ဖြစ်စဉ်တွေဟာ VOM က လက်လှမ်းမီသမျှ စုစည်းထားတဲ့ သတင်းအချက်အလက်တွေဖြစ်ပြီး ရန်ကုန်မြို့အတွင်း ဖြစ်ပွားခဲ့တဲ့ တခြားသော ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်တွေလည်း ရှိနေနိုင်ပါသေးတယ်။
Photo:CJ
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး



မဟာချိုင်တံတားပြိုကျမှု သေဆုံးသူ မြန်မာတစ်ဦးထပ်တိုး
ဒီဇင်ဘာ ၃
ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်ခရိုင်ထဲက မဟာချိုင်မြို့မှာ ဆောက်လက်စတံတားပြိုကျခဲ့လို့ ဆောက်လုပ်ရေးအလုပ်သမား သေဆုံးသူအရေအတွက် တိုးလာသလို အဲဒီထဲမှာ မြန်မာလုပ်သား တစ်ဦးပါဝင်တယ်လို့ အလုပ်သမားအရေးကူညီပေးနေသူတွေက ပြောပါတယ်။
ကနဦးအချက်အလက်တွေအရ သေဆုံးသူ ၄ ဦးကနေ နောက်ထပ် ၂ ဦးထပ်တိုးလာတာဖြစ်ပြီး အဲဒီထဲက ၁ ဦးဟာ မြန်မာရွှေ့ပြောင်းလုပ်သားဖြစ်တယ်လို့လည်း သူတို့က ဆက်ပြောပါတယ်။
တံတားစပြိုတဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က သေဆုံးခဲ့သူ ၄ ဦးမှာ မြန်မာ ၃ ဦးနဲ့ ထိုင်းနိုင်ငံသား ၁ ဦးတို့ဖြစ်ပြီး လက်ရှိမှာ မြန်မာ ၁ ဦးနဲ့ ထိုင်းနိုင်ငံသား ၁ ဦး ထပ်တိုးလာတယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။
အစောပိုင်းမှာ သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမား ၃ ဦးကိုတော့ ဒီဇင်ဘာ ၂ ရက်နေ့က မီးသင်္ဂြိုဟ်လိုက်ပြီလို့ သိရပါတယ်။
တံတားပြိုကျမှုကြောင့် ဆေးရုံတက်နေရတဲ့ လူနာ ၇ ဦးရှိပြီး ၅ ဦးကတော့ အတွင်းလူနာအနေနဲ့ ဆေးကုသမှုခံယူနေရတယ်လို့ သူက ထည့်ပြောပါတယ်။
“အတွင်းလူနာထဲမှာ မြန်မာ ၂ ဦးနဲ့ ထိုင်း ၃ ဦး ပါတယ်” လို့ သူကဆိုပါတယ်။
တစ်ဖက်မှာလည်း သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမားတွေ လျော်ကြေးထုတ်ယူဖို့ လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားတွေထုတ်ပေးပြီး ကူညီသွားမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ စစ်ကောင်စီ မြန်မာအလုပ်သမား သံအရာရှိက သေဆုံးသူမိသားစုဝင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တယ်လို့ မိသားစုဝင်တချို့က ပြောပါတယ်။
မဟာချိုင်မြို့ရဲ့ ခရိုင်အုပ်ချုပ်ရေးမှူးကတော့ ကနဦးသေဆုံးခဲ့တဲ့သူ ၄ ဦးအတွက် ဘတ် ၁ သန်းစီ နစ်နာကြေးပေးရမယ်လို့ ဆောက်လုပ်ရေးကုမ္ပဏီဘက်ကို အစောပိုင်းကတည်းက ပြောထားပါတယ်။
#centralnewsnaypyitaw
မြန်မာနိုင်ငံထဲကအရမ်းလှပြီးကဗျာဆန်တဲ့နေရာလေး⛱💦
ဘာလီကျွန်း မဟုတ်တဲ့ ဘေလီကျွန်းပါ မြိတ်မြို့ ကနေသွားရတဲ့ ကျွန်းခရီးစဉ်ပါ
မြိတ်ကျွန်းစုမှာရှိတဲ့ ဘေလီကျွန်းပါ❤️
#popular Paoh Stars
𝑪𝒓𝒆𝒅𝒊𝒕 𝑷𝒉𝒐𝒕𝒐 & 𝑶𝒓𝒊𝒈𝒊𝒏𝒂𝒍 𝑼𝒑𝒍𝒐𝒂𝒅𝒆𝒓
မြန်မာနိုင်ငံထဲကအရမ်းလှပြီးကဗျာဆန်တဲ့နေရာလေး⛱💦
ဘာလီကျွန်း မဟုတ်တဲ့ ဘေလီကျွန်းပါ မြိတ်မြို့ ကနေသွားရတဲ့ ကျွန်းခရီးစဉ်ပါ
မြိတ်ကျွန်းစုမှာရှိတဲ့ ဘေလီကျွန်းပါ❤️
#popular Paoh Stars
𝑪𝒓𝒆𝒅𝒊𝒕 𝑷𝒉𝒐𝒕𝒐 & 𝑶𝒓𝒊𝒈𝒊𝒏𝒂𝒍 𝑼𝒑𝒍𝒐𝒂𝒅𝒆𝒓
မြန်မာနိုင်ငံထဲကအရမ်းလှပြီးကဗျာဆန်တဲ့နေရာလေး⛱💦
ဘာလီကျွန်း မဟုတ်တဲ့ ဘေလီကျွန်းပါ မြိတ်မြို့ ကနေသွားရတဲ့ ကျွန်းခရီးစဉ်ပါ
မြိတ်ကျွန်းစုမှာရှိတဲ့ ဘေလီကျွန်းပါ❤️
#popular Paoh Stars
𝑪𝒓𝒆𝒅𝒊𝒕 𝑷𝒉𝒐𝒕𝒐 & 𝑶𝒓𝒊𝒈𝒊𝒏𝒂𝒍 𝑼𝒑𝒍𝒐𝒂𝒅𝒆𝒓
မြန်မာနိုင်ငံထဲကအရမ်းလှပြီးကဗျာဆန်တဲ့နေရာလေး⛱💦
ဘာလီကျွန်း မဟုတ်တဲ့ ဘေလီကျွန်းပါ မြိတ်မြို့ ကနေသွားရတဲ့ ကျွန်းခရီးစဉ်ပါ
မြိတ်ကျွန်းစုမှာရှိတဲ့ ဘေလီကျွန်းပါ❤️
#popular Paoh Stars
𝑪𝒓𝒆𝒅𝒊𝒕 𝑷𝒉𝒐𝒕𝒐 & 𝑶𝒓𝒊𝒈𝒊𝒏𝒂𝒍 𝑼𝒑𝒍𝒐𝒂𝒅𝒆𝒓
မြန်မာနိုင်ငံထဲကအရမ်းလှပြီးကဗျာဆန်တဲ့နေရာလေး⛱💦
ဘာလီကျွန်း မဟုတ်တဲ့ ဘေလီကျွန်းပါ မြိတ်မြို့ ကနေသွားရတဲ့ ကျွန်းခရီးစဉ်ပါ
မြိတ်ကျွန်းစုမှာရှိတဲ့ ဘေလီကျွန်းပါ❤️
#popular Paoh Stars
𝑪𝒓𝒆𝒅𝒊𝒕 𝑷𝒉𝒐𝒕𝒐 & 𝑶𝒓𝒊𝒈𝒊𝒏𝒂𝒍 𝑼𝒑𝒍𝒐𝒂𝒅𝒆𝒓