35 w - Translate

ဒီတစ်ခါကတော့ Anihuber တွေသိပ်မသိလောက်မယ့် Anime Fact 14ခုကိုပြောပြပေးလိုက်ပါတယ်နော်.
အပတ်စဥ်အခုလို anime ဆိုင်ရာ facts လေးတွေနဲ့ review လေးတွေလာဦးမှာမလို့ Page လေးကို Like လုပ်ပေးသွားကြဦးနော်....

#anihub
#admin_hidan

image
35 w - Translate

ဒီတစ်ခါကတော့ Anihuber တွေသိပ်မသိလောက်မယ့် Anime Fact 14ခုကိုပြောပြပေးလိုက်ပါတယ်နော်.
အပတ်စဥ်အခုလို anime ဆိုင်ရာ facts လေးတွေနဲ့ review လေးတွေလာဦးမှာမလို့ Page လေးကို Like လုပ်ပေးသွားကြဦးနော်....

#anihub
#admin_hidan

image
35 w - Translate

ဒီတစ်ခါကတော့ Anihuber တွေသိပ်မသိလောက်မယ့် Anime Fact 14ခုကိုပြောပြပေးလိုက်ပါတယ်နော်.
အပတ်စဥ်အခုလို anime ဆိုင်ရာ facts လေးတွေနဲ့ review လေးတွေလာဦးမှာမလို့ Page လေးကို Like လုပ်ပေးသွားကြဦးနော်....

#anihub
#admin_hidan

imageimage
+12
35 w - Translate

တနေ့ကို ၂၄ သိန်းဖိုး အကြော်ရောင်းရတဲ့ ဝိုင်းခြုံမ ဆောင်ရမယ့် အခွန်ပမာဏ (အွန်လိုင်းပေါ်မှာ အာချောင်မိလို့ အခွန်ဆောင်ရတော့မယ့်အဖြစ်)

အကြော် တခု ၄၀၀၊ တနေ့ အခုရေ ၆၀၀၀ ရောင်းရတယ်ဆိုတော့ တနေ့ ၂၄၀၀၀၀၀ ရောင်းကြေးအတွက် အမြတ်ခွန်က စားသုံးခွန် အခွန်တံဆိပ်ခေါင်းကပ် စည်းကြပ်လိုက်ရင် ၅ ရာခိုင်နှုန်း၊ နေ့စဉ်ကပ်ရမယ့် အခွန်တံဆိပ်ခေါင်းဖိုးက တနေ့ကို ၁ သိန်း ၂ သောင်းဖိုး၊ တလ ၃၆ သိန်းဖိုး တနှစ်ဆို ၄၃၂ သိန်း တံဆိပ်ခေါင်းကပ်ရမယ်။ နှစ်စဉ်အမြတ်တော်ခွန် ကုန်သွယ်ခွန်က ၂၅ ရာခိုင်နှုန်း သီးသန့်မလို့ ၆၄၈ သိန်း စုစုပေါင်း အခွန်တင် ၁၀၈၀ သိန်းကျသွားပါပြီ။ (KoKo Nanda X)

#ဝိုင်းခြုံမ
#အကြော် See less
#crd

image

DKBA ထိပ်ပိုင်းအရာရှိ ခေါင်းဆောင်တချို့ကို ရာထူးတိုးမြှင့်

နေပြည်တော်၊ ဒီဇင်ဘာ ၄

ဒီမိုကရေစီအကျိုးပြုကရင်တပ်(DKBA) ထိပ်ပိုင်းအရာရှိခေါင်းဆောင်တချို့ကို ရာထူးတိုးမြှင့်လိုက်ကြောင်း DKBA ဗဟိုစစ်ဌာနချုပ်ရုံး(ဆုံဆည်းမြိုင်) မှ သတင်းထုတ်ပြန်ထားသည်။

DKBA ၏ (၃/၂၀၂၄) ဗဟိုအလုပ်မှုဆောင်ကော်မတီ(CEC) အစည်းအဝေးအပြီးတွင် ထိပ်ပိုင်းအရာရှိ ခေါင်းဆောင်တချို့ကို ရာထူးတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်အား စစ်ဦးစီးအရာရှိချုပ် ရာထူးကို တိုးမြှင့်ပေးခဲ့ပြီး၊ စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စောရွှေဝအား ဒုစစ်ဦးစီးချုပ် ရာထူးကို တိုးမြှင့်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယခင် ဒုစစ်ဦးချုပ်တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီး စောတာခူးကို ဗဟိုအကြံပေးအဖွဲ့(နာယက)အဖြစ် တာဝန်အသီးသီး တိုးမြင့်ပေးအပ်ခဲ့ကြောင်း DKBA ဗဟိုစစ်ဌာနချုပ်(ဆုံဆည်းမြိုင်)မှ ထုတ်ပြန်ထားသည်။

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
35 w - Translate

ဖိုက်တာ မျက်နှာကြောနဲ့ သမီးလေးကို ကြောက်နေရပြီဆိုတဲ့ အိမ့်ချစ်ချော 🥰🥰🥰
အိမ့်ချစ်ချောက သမီးလေးရဲ့ မျက်နှာပေးကို ကြည့်ပြီး ကြောက်နေရတယ်ဆိုတဲ့အကြောင်း ပြောပြလာတာပါ။ အသက်က ၂ လသာရှိသေးတဲ့ သမီးလေးအရာရာက ဖေဖေနဲ့တူတဲ့ မျက်နှာကြောလေးကို ပိုင်ဆိုင်ထားတာပါ။ ဒီမျက်နှာကြောလေးကိုကြောက်လို့ မေမေက နို့တိုက်ရမှာတောင် ကြောက်နေတယ်လို့ မေမေက နောက်လိုက်သေးတာပါ။
#crd

image

ယခုနှစ် နွေစပါးစိုက်ဧက ပြီးခဲ့သည့်နှစ်ထက် ပိုများ

ဒီဇင်ဘာ ၄

ပြီးခဲ့သည့် မိုးစပါးစိုက်ရာသီတွင် ရာဂီမုန်တိုင်းကြောင့် စပါးပင်များ ရေမြုပ်ပြီး အထွက်နှုန်း လျော့ကျခဲ့သည့် အတွက် နွေစပါးတွင် စိုက်ပျိုးမှုဧက ပိုများနေကြောင်း တောင်သူများထံမှ သိရသည်။

လာမည့် နွေစပါးစိုက်ရာသီတွင် ဧက ၃ သန်း စိုက်ပျိုးထုတ်လုပ်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က မျှော်မှန်းထားသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ပုံမှန်နှစ်များတွင် နွေစပါးစိုက်ဧက ၁၇ သိန်းခန့်သာ ရှိသော်လည်း ယခုနှစ်တွင် စိုက်ဧက သိန်း ၂၀ ခန့် ရှိနိုင်ကြောင်း၊ မိုးစပါးတွင် ရေမြုပ်သွားသည့် လယ်များအပြင် လက်ရှိ စပါးဈေးနှုန်း ကောင်းမွန်နေခြင်းကြောင့် ယခင်နှစ်က နွေစပါးမစိုက်ကြသည့် လယ်များသည်လည်း နွေစပါးကို တိုးချဲ့စိုက်ပျိုး လာကြသည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ (ဟောင်း) ဦးသိန်းအောင်က ပြောသည်။

“မိုးတွင်းက မြုပ်သွားတဲ့ လယ်တွေထဲမှာ အနိမ့်ပိုင်းကျတဲ့လယ်တွေ၊ ရေနဲ့နီးတဲ့ လယ်တွေကျတော့ စပါးပဲ ပြန်စိုက်တယ်။ နောက်ပြီးတော့ အရင်နှစ်တွေက မလုပ်ဖြစ်တဲ့မြေတွေ ကျယ်ပြီးတော့ မြေလွတ်မြေရိုင်းများတဲ့ ဒေသတွေမှာလည်း ဒီနှစ် နွေစပါးတွေ ထပ်ပြီးတော့ စိုက်လာကြတယ်။ ဆိုတော့ နွေစပါးစိုက်ဧက များပါတယ်။ ခါတိုင်းနှစ်ထက် ပိုများပါတယ်။ နောက်ပြီးတော့ လက်ရှိ အခု ဒီအချိန်မှာ စပါးဈေးက အောက်တန်းစပါးတောင် သိန်း ၂၀ လေ။ စပါးဈေးလေး သင့်တာရယ်၊ နောက်ပြီးတော့ မိုးတွင်းက ရေမြုပ်သွားတဲ့ လယ်ကွင်းတွေမှာက ပဲပြန်လုပ်လိုက်ပြန်တော့လည်း ပဲက မိုးရွာတော့ ရေတက်တယ်လေ။ တချို့ ပဲပျက်သွားတဲ့ အနိမ့်ကွင်းတွေလည်း စပါးပြန်စိုက်ကြတယ်။ ခါတိုင်းက ၁၇ သိန်းလောက် စိုက်တယ်။ ဒီနှစ် ၁၇ သိန်းအစား သိန်း ၂၀ လောက်တောင် ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၌ နှစ်စဉ် နွေစပါးစိုက်ပျိုးမှု အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၄၅ သန်း ရှိခဲ့ပြီး နှစ်စဉ် စိုက်ဧက တိုးတက်လာခဲ့ရာ လက်ရှိ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ဧက ၃ သန်းအထိ ရောက်ရှိသွားနိုင်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

သို့သော်လည်း လက်ရှိတွင် နွေစပါးစိုက်ပျိုးရာ၌ အလုပ်သမားစရိတ်၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ စသည့် ဈေးနှုန်းများသည် ယခင်နှစ်ထက် မြင့်တက်နေခြင်းကြောင့် နွေစပါးစိုက်ပျိုးစရိတ်သည် တစ်ဧကလျှင် ၃ သိန်း အထိ တိုးလာသည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးဝင်းက ပြောသည်။

“နွေစပါးစိုက်ဧကက ခါတိုင်းတုန်းက နေ့စားခက ၁ သောင်းပဲ ရှိတယ်လေ။ ဒီနှစ်က နေ့စားခ အနည်းဆုံး ၁ သောင်းခွဲလောက် ရှိတယ်။ ဟိုနှစ်တုန်းက ဒီဇယ်က တစ်ပေပါကို ၅ သိန်း၊ ၆ သိန်းပဲ ရှိတယ်လေ။ ဒီနှစ်က ပရီမီယမ်ဆိုရင် ၈ သိန်းဝန်းကျင်လောက် ရှိတယ်လေ ဒီဇယ်ဈေးကလေ။ မနှစ်ကတုန်းက ယူရီးယား မြေဩဇာ ဈေးက ၇ သောင်းခွဲ၊ ၈ သောင်းလောက်ပဲ ရှိတယ်။ ဒီနှစ်က သိန်းကျော်တယ်လေ၊ ၁ သိန်း ၂ သောင်းလောက် ရှိတယ်။ အဲဒီတော့ ကုန်ကျစရိတ်ကတော့ မနှစ်ကနဲ့စာရင် ၁ ဧကပေါ်မှာ ၃ သိန်းလောက် ပိုများဖွယ်ရှိတယ်” ဟု ပြောသည်။

နွေစပါးကို ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးမှု အများဆုံးဖြစ်ပြီး နှစ်စဉ် စိုက်ဧက ၁ ဒသမ ၇ သန်း၊ ရန်ကုန်တိုင်းတွင် စိုက်ဧက ၂ သိန်းခွဲ၊ မန္တလေးတိုင်းဒေသကြီးတွင် စိုက်ဧက ၅ သောင်းနှင့် မွန်ပြည်နယ်တွင် စိုက်ဧက ၄ သောင်းကျော်ရှိပြီး တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း စိုက်ပျိုးကြကြောင်း သိရသည်။

ပုံ - စပါးစိုက်တောင်သူ အမျိုးသမီးများကို တွေ့ရစဉ်

#centralnewsnaypyitaw

image

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ခဲ့မိတဲ့ တောင်ကိုရီးယားသမ္မတ ရာထူးကထွက်ရဖို့ နီးစပ်လာ

ဒီဇင်ဘာ ၄

သမ္မတရဲ့ စစ်အုပ်ချုပ်ရေးပြဌာန်းလိုက်တဲ့ အမိ်န့ကို တားဆီးခဲ့ပြီးနောက် တောင်ကိုရီးယားပါလီမန် အမတ်တွေဟာ သမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင် ဖြုတ်ချလို့ ကြိုးပမ်းနေပြီဖြစ်ပါတယ်။

သမ္မတကို စွပ်စွဲပြင်တင်ဖြုတ်ချဖို့အတွက် ဒီနေ့ကနေ ၇၂ နာရီအတွင်း မဲခွဲဆုံးဖြတ်သင့်တယ်လို့ အတိုက်အခံပါတီတွေမှ ညွှန့်ပေါင်းလွှတ်တော်အမတ်တွေက ပြောပါတယ်။

စွပ်စွဲပြစ်တင်မှု ဥပဒေကြမ်းကို အမြန်ဆုံးအတည်ပြုနိုင်ဖို့နဲ့ သမ္မတရဲ့ လုပ်ငန်းကို ဆိုင်းငံ့ထားဖို့ လွှတ်တော်က အာရုံစိုက်သင့်တယ်လို့ ညွှန့်ပေါင်းအဖွဲ့မှာ ပါလီမန်အမတ် ဟွမ်အန်ဟာက သတင်းထောက်တွေကို ပြောပါတယ်။

မြောက်ကိုရီးယား ကွန်မြူနစ်တွေရဲ့ ခြိမ်းခြောက်မှုတွေကနေ နိုင်ငံကို ကာကွယ်ဖို့နဲ့ နိုင်ငံကို ဆန့်ကျင်ရေးသမားတွေကို ဖယ်ရှားဖို့ စစ်အုပ်ချုပ်ရေးလိုတယ်ဆိုပြီး သမ္မတကပြောဆိုခဲ့ပြီး ဒီအမိန့်အပေါ် သူ့ရဲ့မိခင်ပါတီကလည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် သူ့ကြေညာချက်အပြီး နှစ်နာရီအကြာမှာတော့ လွှတ်တော်အမတ်တွေဟာ သမ္မတအမိန့်ကို ဖီဆန်ပြီး အမျိုးသားလွှတ်တော်မှာ အစည်းအဝေးပြုလုပ်ကာ အမိန့်ဟာ တရားမဝင်ကြောင်း မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီနောက်မှာတော့ ဒီအမိန့်ကို မနက် ၄ နာရီခွဲမှာ သမ္မတက ရုပ်သိမ်းလိုက်တာကြောင့် ပါလီမန်ပြင်ပမှာ စုဝေးဆန္ဒပြသူတွေဟာ အောင်ပွဲခံခဲ့ကြပြီး သမ္မတ ယွန်းဆွတ်ခ်ယိုးလ် နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။

ကာကွယ်ရေးဝန်ကြီး ကင်ယောင်ဟွန်းကို ရာထူးကနေ ထုတ်ပယ်ဖို့နဲ့ အစိုးရတဖွဲ့လုံး နုတ်ထွက်ဖို့ကို အာဏာရပါတီ အကြီးအကဲက တောင်းဆိုလိုက်ပါတယ်။ တောင်ကိုရီးယားရဲ့ အကြီးဆုံး အလုပ်သမားသမဂ္ဂကတော့ အစည်းအဝေးတခုပြုလုပ်ခဲ့ပြီး သမ္မတနုတ်ထွက်တဲ့ထိ ဆန္ဒပြမယ်လို့ ကတိပြုလိုက်ပါတယ်။

Ref:CNA
Photo:AFP

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

မိုးထိမိုးမိဒေသတွင် တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသူ (၇) ဦးအား ရွှေတူးဖော်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီး၌ တရားမဝင် ရွှေတူးဖော်လုပ်ကိုင်နေသူ (၇)ဦးအား ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၆ နာရီတွင် ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီး ဒေသအခေါ် ဘက်ဟိုးတောင်ကုန်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါတောင်ကုန်းအနီး၌ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသော ပျော်ဘွယ်မြို့နယ်၊ ကြူတောဝကျေးရွာနေ ဦးဇော် (၅၂) နှစ်နှင့် ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာနေသူများဖြစ်ကြသည့် လွင်ကိုနိုင် (၂၈) နှစ်၊ ကျော်သက်ပိုင် (၂၂) နှစ်၊ ဦးမောင် (၆၀) နှစ်၊ နိုင်ကောင်းထက် (၂၂) နှစ်တို့ ၅ ဦးအား တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီတွင် တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသူ သပြေပင်ကျေးရွာနေ တင်လင်း (၄၅) နှစ်၏ နေအိမ်အား ဝင်ရောက်စစ်ဆေးခဲ့ရာ တင်လင်းအား တွေ့ရှိခြင်းမရှိဘဲ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်သူများ ဖြစ်ကြသည့် အဆိုပါကျေးရွာနေ ဝင်းစိုး (၃၂)နှစ်နှင့် ညောင်အိုင်ကျေးရွာနေ အောင်စိုးဦး (၁၆) နှစ်တို့ ၂ ဦးအား နေအိမ်ခြံဝင်းအတွင်းမှ ရွှေပါသည်ဟု ယူဆရသည့် ဗြုန်းကျောက်အိတ်ပိုင်း ၃၅ ပိုင်း၊ သဲစာ အိတ်ပိုင်း ၂၀ ပိုင်း၊ ဗြုန်းကျောက်များကြိတ်ရာတွင် အသုံးပြုသည့် ရိုက်ပြား ၅ ပြားနှင့် ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်လက်ပြီး ယင်းနေ့ ည ၆ နာရီခွဲတွင် မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီး ဒေသအခေါ် ဘက်ဟိုးတောင်ကုန်းအနီးဝန်းကျင်သို့ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် တရားမဝင်ရွှေတူးဖော် လုပ်ကိုင်နေသူများအား တွေ့ရှိရခြင်းမရှိဘဲ ရွှေပါသည်ဟု ယူဆရသည့် ဗြုန်းကျောက်အိတ်ပိုင်း ၁၅ ဝိုင်း၊ တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆိုလာပြား ၁ ချပ်၊ ဘတ္ထရီအိုး ၁ လုံး၊ လက်ဆွဲ မီးစက် ၁ လုံး၊ ဒီဇယ်အင်ဂျင် ၁ လုံး၊ ဒိုင်နမို ၁ လုံး၊ လက်တွန်းလှည်း ၁ စီး၊ SHAYAN-125 ဆိုင်ကယ် ၁ စီးပါ ဆိုင်ကယ်မျိုးစုံ ၁၃ စီးအားလည်းကောင်း အသီးသီးတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ဆေးမှုများအတွင်း ဖမ်းဆီးရမိသည့် တရားမဝင်ရွှေတူးဖော်လုပ်ငန်းလုပ်ကိုင်သူ ဦးဇော်ပါ တရားခံ ၇ ဦး၊ ဖမ်းဆီးရန်ကျန်တရားခံ တင်လင်းနှင့် တရားခံ (စိစစ်ဆဲ) များအား ရမည်းသင်းမြို့မရဲစခန်း၌ မြန်မာ့သတ္ထုတွင်း ဥပဒေပုဒ်မ ၃၀ (က) ဖြင့် အမှုများအသီးသီးရေးဖွင့်ကာ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

#centralnewsnaypyitaw

image

မူဆယ်မှာ တရုတ်ဘက်က ဟင်းသီး ဟင်းရွက် ပုံမှန်တင်သွင်းနေပြီး မူဆယ် - နမ့်ခမ်း ကုန် အဝင်အထွက် ပိတ်ထား

ဒီဇင်ဘာ ၄

မူဆယ်မှာ တရုတ်ဘက်က ဟင်းသီး ဟင်းရွက် ပုံမှန်တင်သွင်းနေပြီး မူဆယ် - နမ့်ခမ်း ကုန် အဝင်အထွက်ကို လတ်တလော ပိတ်ထားကြောင်း နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။

"မူဆယ်မြို့ ကနေ ကုန် အထွက်လည်းမရဘူး။ အဝင်လဲ မရဘူး။ တရုတ်ဘက်က မူဆယ်မြို့ထဲ ဟင်းသီးဟင်းရွက်ပဲ ဝင်ပါတယ်။" လို့ နယ်စပ် ဒေသခံ တ‌ေယာက်က ပြောပါတယ်။

မူဆယ် ဆင်ဖြူ - ကျယ်ဂေါင် ဂိတ်ကနေ တရုတ်ဘက်ကို သက်တမ်းရှိသေးတဲ့ လိုင်စင်ကားနဲ့ ဆိုင်ကယ်သာ ကုန်စည် တင်သွင်းခွင့် ပြုထားပြီး တရက်ကို လိုင်စင်ရှိ ကား အစီး ၅၀ နဲ့ လိုင်စင်ရှိ ဆိုင်ကယ် အစီး ၂၀၀ ကိုသာ ကုန်စည် တင်သွင်းဖို့ ခွင့်ပြုထားတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ဝန်းကျင်ကတည်းက တရုတ်ဘက်ခြမ်း ဝင်ရောက်နေပြီးသားဖြစ်တဲ့ လိုင်စင်မရှိ ဆိုင်ကယ်တွေလည်း ရာချီ ပိတ်မိ နေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

"မူဆယ်ဘက် ကုန် အဝင်ကို TNLA တွေကပိတ်ထားတယ်။ မူဆယ်ကနေ ကုန် အထွက်ကို စစ်တပ်ဘက်က ပိတ်ထားတယ်" လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။

အဲဒီလို နှစ်ဖက် ကုန် အဝင် အထွက် ပိတ်ထားတာကြောင့် ယာဉ်မောင်းတွေရော ဒေသခံတွေပါ ခက်ခဲ ဒုက္ခ ဖြစ်ရတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၃၀ ရက်နေ့ကစ မူဆယ် ဆင်ဖြူဂိတ်ကနေ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှာ မှတ်ပုံတင်ထားတဲ့ ယာဉ်ငယ်တွေနဲ့ ဒေသတွင်း စားသုံးဖို့ မီးဖိုချောင် ဟင်းသီး ဟင်းရွက်တွေ၊ သား၊ ငါးတွေ ယာယီ သယ်ဆောင်ခွင့်ပြု‌ပေးကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့ကစ မူဆယ်မြို့ ကုန်သည်ကြီးများရုံးမှာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီ အထိ ကားငယ်နဲ့ ဆိုင်ကယ် တွေကို စိစစ် ဆောင်ရွက်ပေးနေပြီး စာရင်းလာရောက်ပေးသွင်းနိုင်ကြောင်း၊ တရက် မော်ဝောာ်ယာဉ် အစီး ၅၀ နဲ့ ဆိုင်ကယ် အစီး ၂၀၀ ကို မဲနှိုက် ဝင်ခွင့်ပြုသွားမှာ ဖြစ်ကြောင်း နိုဝင်ဘာလ ၂၈ ရက်နေ့မှာ အသိပေးကြေညာထားပါဝယ်။

Photo:Shy V

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image