43 w - Translate

Thai November headline inflation misses forecast, below central bank target

Published Wed, Dec 4, 2024 · 01:11 PM

THAILAND’S headline consumer price index (CPI) rose 0.95 per cent in November from a year earlier, driven by higher food and energy prices, after the previous month’s annual increase of 0.83 per cent, the commerce ministry said on Wednesday.

The figure compared with a forecast rise of 1.1 per cent in a Reuters poll, and was below the central bank’s target range of 1 per cent to 3 per cent.

The core CPI was up 0.80 per cent in November from a year earlier, slightly above a forecast increase of 0.77 per cent.
In the January-November period, average annual headline inflation was 0.32 per cent, with core inflation at 0.55 per cent.

Headline inflation could be at 1.2 per cent to 1.3 per cent in December, and coming at 0.4 per cent to 0.5 per cent for the full year, Poonpong Naiyanapakorn, director of the ministry’s trade policy and strategy office, told a press conference.

The ministry projected headline inflation at between 0.3 per cent to 1.3 per cent in 2025, helped by expected stronger economic growth and government stimulus measures.
On Tuesday, Finance Minister Pichai Chunhavajira said he wanted a further rate cut to support the economy as inflation was low.

Bank of Thailand Governor Sethaput Suthiwartnarueput said on Tuesday a mix of policies was needed to manage the economy as interest rates alone cannot address everything, however.

In October, the central bank’s monetary policy committee unexpectedly cut the key interest rate by a quarter point to 2.25 per cent but said it was not the start of an easing cycle.
The next policy review is on Dec 18. REUTERS

image
43 w - Translate

Interview with Royal Milk after defeating BTK
Fredrinn အရမ်းကောင်းနေတယ်ကြားလို့ 🤣...
လေတိုက်တယ်ဆိုတာ ဒါမျိုးတိုက်ရတယ် 😂

43 w - Translate

ကမ္ဘာ့ဇာတ်ခုံ အဖုံဖုံမှာလည်း အစိုးရအကွဲအပြဲသတင်း၊ စစ်ပွဲသတင်း၊ သံတမန်ရေးရာ သတင်းတွေ ဒီတလောမှာ မြိုင်မြိုင်ဆိုင်ဆိုင်ကို ကြားနေရတော့ တွေးမိတာက.....ကိုယ်တွေတနိုင်ငံတည်း စိတ်ညစ်နေရတာမဟုတ်ဘူးဆိုတာပဲ။ ဒီလိုပဲကြံဖန်တွေးတတ်ရတာပေါ့

တောင်ကိုရီးယားသမ္မတကို_စွပ်စွဲပြစ်တင်မယ်ဆိုရင်
--------------
မာရှယ်လော ရုတ်တရက်ထုတ်ပြန်ပြီး ညတွင်းချင်း ပြန်ရုပ်သိမ်းခဲ့ရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယောရဲ့ နိုင်ငံရေးအနာဂတ်နဲ့ ပတ်သက်လို့ သမ္မတရာထူးက ကိုယ်တိုင်ဆင်းမပေးရင် လွှတ်တော်မှာ စွပ်စွဲပြစ်တင်မှု လုပ်ငန်းစဉ် စတင်မယ်လို့ အတိုက်အခံ လွှတ်တော်အမတ်တွေက သတိပေးထားတယ်။
တောင်ကိုရီးယားခြေဥအရ သမ္မတတာဝန်တွေကို ထမ်းဆောင်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒါမှမဟုတ် တခြားအက်ဥပဒေတွေ ချိုးဖောက်ရင် စွပ်စွဲပြစ်တင်ဖို့ လွှတ်တော်မှာ အမတ်အများစုက အဆိုပြုနိုင်တယ်၊ စွပ်စွဲဖို့ အမတ်အားလုံးရဲ့ သုံးပုံနှစ်ပုံက အတည်ပြုရမယ်။
အဆိုပြုချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနဲ့ ဗဟိုတရားရုံးချုပ်ကို အတူတင်သွင်းရမယ်။ စွပ်စွဲပြစ်တင်မှု ဆက်လုပ်ဖို့ တရားရုံးချုပ် တရားသူကြီး ကိုးဦးအနက် အနည်းဆုံး ခြောက်ဦး သဘောတူရမယ်။
စွပ်စွဲပြစ်တင်မှု မပြီးမချင်း သမ္မတဟာ အာဏာကျင့်သုံးမှု ဆိုင်းငံ့ခံထားရမယ်- ဝန်ကြီးချုပ်က နိုင်ငံ့ ယာယီခေါင်းဆောင် တာဝန်ယူရမယ်။
လက်ရှိ ဝန်ကြီးချုပ်က ဟန်ဒပ်ဆိုး- သူက ဒုတိယအကြိမ် ဝန်ကြီးချုပ် ဖြစ်နေသူ။ သမ္မတ ရိုမူးဟွန်လက်ထက် ၂၀၀၇-၂၀၀၈ မှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးတယ်။
စွပ်စွဲပြစ်တင်မှု အတည်ဖြစ်သွားရင် သမ္မတဟာ ရာထူးက ဖြုတ်ချခံရပြီ ရက်ပေါင်း ၆၀ အတွင်း သမ္မတရွေးကောက်ပွဲ ကျင်းပရတယ်။
လောလောဆည် သမ္မတရဲ့ ဝန်ထမ်းအကြီးအကဲနဲ့ အတွင်းဝန် ၁၀ ဦးကျော် နုတ်ထွက်စာတင်ထားပြီ။ အမတ်တွေကော ပြည်သူတွေကပါ တောင်းဆိုနေကြပေမယ့် သမ္မတယွန်းကတော့ ရာထူးက ဆင်းမပေးသေး။
သမ္မတယွန်းကတော် ကင်ကီအွန်ဟီးဟာ ဒေါ်လာ ၂၂၀၀ ကျော်တန်တဲ့ Christian Dior လက်ကိုင်အိတ်ကို လက်ဆောင်အဖြစ် လက်ခံခဲ့ကြောင်း မနှစ်ထဲက စွပ်စွဲခံခဲ့ရတယ်၊ တောင်ကိုရီးယားမှာ အစိုးရအရာရှိတွေနဲ့ သူတို့အိမ်ထောင်ဖက်တွေ ဒေါ်လာ ၇၅၀ ထက်မပိုတဲ့လက်ဆောင်တွေ လက်ခံရယူမှုကို တားမြစ်ထားတဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဥပဒေ ရှိတယ်။
ကိုးရီးယား-အမေရိကန်သင်းအုပ်ဆရာတစ်ယောက်က ကင်ကို အဲဒီလက်ကိုင်အိတ် ပေးနေတဲ့ လျှို့ဝှက်ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခု အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့တယ်။ ယူမယူ မသဲကွဲ။ သမ္မတယွန်းကတော့ အဲဒီဗီဒီယိုဟာ ကြားဖြတ်ရွေးကောက်ပွဲကို လွှမ်းမိုးဖို့လုပ်တဲ့ နိုင်ငံရေးစတန့်လို့ ပြောခဲ့တယ်- မဲပေးတော့ အတိုက်အခံတွေ အပြတ်အသတ်အနိုင်ရခဲ့တယ်။
သမ္မတကတော်ကို စွဲချက်မတင်ဖို့ အစိုးရရှေ့နေတွေက ဆုံးဖြတ်ခဲ့ကြတယ်။ အခု အတိုက်အခံတွေက
ဖြုတ်ပစ်ဖို့ အဆိုပြုတဲ့ရှေ့နေတွေဟာ အဲ့ဒီရှေ့နေတွေ ဖြစ်နိုင်တယ်။
သမ္မတယွန်းဟာ သူ ဘာမှလုပ်မရလောက်အောင် ဘတ်ဂျက်အဖြတ်ခံရတယ်ဆိုပြီး ဒေါသူပုန်ထ မိန့်ခွန်းပြောရင်း မာရှယ်လော ကြေညာခဲ့တာ၊ ဒါပေမယ့် သူ့မိခင်ပါတီကပါ သူ့ကို စွန့်ခွာသွားတဲ့အခါ
တောင်ကိုရီးယားသမ္မတ အတော်များများ ဇာတ်သိမ်းမလှသလိုဖြစ်ဖို့ ရှေးရှုနေပြီလား တွေးစရာ။
Credit to Min Myat San

image
43 w - Translate

Vaseline ဝယ်တဲ့အခါ အပြင်မှာ အလွယ်တကူဝယ်လို့ရနေတဲ့ ဘူးပိစိလေးတွေ ဝယ်မသုံးပါနဲ့နော်❗️
ပြီးခဲ့တဲ့နှစ်က Nyi မတည့်တဲ့ lip balm တခုသုံးမိပြီး နှုတ်ခမ်းမှာ အဖတ််အဖတ်တွေလန် အက်ကွဲတင်းခြောက်ပြီး သွေးထွက်တဲ့အထိပဲ။ စကားပြောလို့ နှုတ်ခမ်းလှုပ်ရင်တောင် နာတဲ့အထိ ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ပေါ့နော်။ အဲ့ဒီအချိန် Nyi လက်ထဲမှာ အမြဲသုံးနေကျ Vaseline petroleum jelly ကလဲကုန်နေတော့ နီးစပ်ရာစတိုးဆိုင်ကနေပဲ ပုံထဲကဘူးပိစိလေး ဝယ်သုံးဖြစ်တယ်။ အဲ့ဒီမှာ ဘာကြုံရလဲဆိုရင် ကိုယ့်အတွက်အမြဲအလုပ်ဖြစ်နေကျ Vaseline ဗူးနဲ့တောင် မသက်သာဘူးပေါ့နော်။ Texture ကလဲ သုံးနေကျနဲ့ သိသိသာသာကွာနေတာကို သတိထားမိတယ်။ ဘယ်လို source ဘယ်လို made in လဲတော့ Nyi မသိဘူး။ ဒါပေမဲ့ ပုံမှာမြင်တဲ့အတိုင်း ဗူးနှစ်ခုမှာ အတွင်းက texture ရဲ့အရောင်က ထင်ထင်ရှားရှားကွဲထွက်နေတယ်။ ဗူးကြီး အဝါရောင် texture နဲ့က လက်နဲ့ယူလိုက်ရင် စေးစေးပိုင်ပိုင် ပျစ်ပျစ်နှစ်နှစ်ရှိပြီး ဗူးသေး အဖြူရောင် texture နဲ့ကတော့ အတွင်းမှာ အရည်ပဲပျော်နေသလိုလို ကျဲတဲတဲဖြစ်နေတာကို မြင်ရတယ်ပေါ့နော်။ နောက်ပိုင်းမှသိလာတာ Nyi ရဲ့နှုတ်ခမ်းက တော်တော့်ကိုမှ sensitive ဖြစ်တာပဲ။ ဒီနှစ်လဲ ထုံးစံအတိုင်း lip balm တခုစမ်းရင်း allergic ဖြစ်ပြန်ရော။ နှုတ်ခမ်းကြီးကို ရောင်ကိုင်းနီရဲပြီး အဖတ်တွေကလန် အက်ကွဲ သွေးထွက် ယားစပ်နေတာပါပဲ။ ဒီတခေါက်တော့ Nyi က အမှတ်သည်းခြေရှိရှိ ပုံပါဘယ်ဘက်ကဗူးကြီးကို သုံးဖြစ်တယ်။ တကယ်ကို rely လုပ်နိုင်တဲ့ ကိုယ့်အတွက်အကောင်းဆုံး lip balm ပါပဲ။ တညလိမ်းအိပ်ရုံနဲ့ကို နှုတ်ခမ်းက ချက်ချင်းအရောင်ကျပြီး အက်ကွဲနေတာတွေလဲ အနာဖေးလို heal ဖြစ်ကုန်တယ်။ ပြောချင်တာ နာမည်တူသော်ငြား မတူညီတဲ့ effective ဖြစ်ပုံပါ။ Vaseline petroleum jelly ဝယ်မယ်ဆိုရင် အတွင်း texture အဝါဗူးကိုသာ ရွေးစေလိုပါတယ်။
Skincare Tip - ဘယ် lip balm မှ စျေးကြီးပေးပြီး ဝယ်သုံးဖို့မလိုပါဘူး။ Vaseline petroleum jelly ကို ညဘက်ထူထူလေးလိမ်းအိပ်တာက သိန်းချီတန် lip balm တွေထက် အများကြီးပိုကောင်းပါတယ်ခင်ဗျာ။
#reviewbynyi
#crd

image

ကွာရှင်းခြင်းရဲ့နောက်ကွယ် အပိုင်း-၃ ဇာတ်သိမ်းပိုင်း
ကွာရှင်းခြင်းရဲ့နောက်ကွယ် အပိုင်း-၃ ဇာတ်သိမ်းပိုင်း

43 w - Translate

မန်ယူနည်းပြသစ်၏ စွမ်းဆောင်ရည်ကို အာဆင်နယ်နည်းပြ အာတေတာ ချီးကျူး

မန်ယူနည်းပြသစ် အာမိုရင်ရဲ့ စွမ်းဆောင်ရည်တွေကို အာဆင်နယ်နည်းပြ အာတေတာက ချီးကျူးသွားပါတယ်။

ဒီဇင်ဘာ ၅ ရက်မှာ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြိုင်ဘက် မန်ယူနည်းပြနဲ့ ပတ်သက်ပြီး နည်းပြအာတေတာက ချီးကျူးခဲ့တာပါ။

နည်းပြအာမိုရင်ဟာ စပို့တင်းနဲ့အတူ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီး သူဘာလုပ်ချင်သလဲ ဆိုတာ ကွဲကွဲပြားပြား သိရှိနားလည်သလို အသင်းကိုလည်း အောင်မြင်မှု ရယူပေးနိုင်ခဲ့ကြောင်း အာတေတာက ချီးကျူးပါတယ်။

နည်းပြအာမိုရင်ဟာ မန်ယူအသင်းဆီကို စွမ်းအားအသစ်တွေ၊ အိုင်ဒီယာအသစ်တွေနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ယူဆောင်လာခဲ့သူလည်း ဖြစ်တယ်လို့ နည်းပြအာတေတာက ချီးကျူးသွားပါတယ်။
DVB

image

image

image
43 w - Translate

4 Dec 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,350
USD Sell - MMK 4,450
EUR Buy - MMK 4,595
EUR Sell - MMK 4,715
SGD Buy - MMK 3,300
SGD Sell - MMK 3,370
THB Buy - MMK 127,39
THB Sell - MMK 130.72
JPY Buy - MMK 29.17
JPY Sell - MMK 29.93
MYR Buy - MMK 980
MYR Sell - MMK 1,005
CNY Buy - MMK 601
CNY Sell - MMK 617

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,790,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,150,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image
43 w - Translate

လီဗာပူးတိုက်စစ်မှူး ဆာလာ PSG သို့ ပြောင်းရွှေ့မည်ဟု ပြင်သစ်သတင်းစာ ဖော်ပြ

လီဗာပူး တိုက်စစ်ကစားသမား မိုဆာလာဟာ ပြင်သစ်ထိပ်သီးကလပ် PSG အသင်းဆီ ပြောင်းရွှေ့လိမ့်မယ်လို့ ပြင်သစ်သတင်းစာ L’Equipe က ဖော်ပြလိုက်ပါတယ်။

ဆာလာဟာ အခုနှစ်ရာသီအကုန်မှာ လီဗာပူးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းဘက်က ကမ်းလှမ်းမှု တစုံတရာမရှိကြောင်း လူသိရှင်ကြား ပြောပြထားတာပါ။

ဆာလာဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ PSG ဆီ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရယူထားလိမ့်မယ်လို့ သတင်းထွက်နေပြီး ရာသီအကုန်မှာ အပြီးသတ် ပြောင်းရွှေ့လိမ့်မယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ဆာလာဟာ PSG အသင်းပိုင်ရှင် နက်စ်ဆာအယ်ခါလိုင်ဖီနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး အရင်ကတည်းက အသင်းပြောင်းရွှေ့ဖို့ စကားပြောဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။
DVB
Photo : Reuters

image