၄.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ

Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
၄.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
၄.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
၄.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
❝လုပ်ငန်းရှင်တွေအနေနဲ့ အခြေခံစားကုန်တွေကို သင့်တင့်လျောက်ပတ်တဲ့ အမြတ်ကိုသာတင်ပြီး ရောင်းချသွားကြဖို့ နစကဥက္ကဋ္ဌ ပြောကြား❞
≋ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကုန်ဈေးနှုန်းတွေဖြစ်ဖို့ တာဝန်ရှိသူတွေက စေတနာထားပြီး အပင်ပန်းခံဆောင်ရွက်ကြဖို့တိုက်တွန်း≋
ဒီဇင်ဘာ ၄
အသား၊ ငါးနဲ့ အခြေခံစားကုန် ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာနေတာကိုတွေ့ရတာကြောင့် ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ပြည်သူတွေရဲ့ အခြေခံစားကုန်တွေအပေါ် သင့်တင့်လျောက်ပတ်တဲ့ အမြတ်ကိုသာတင်ပြီး ရောင်းချသွားကြဖို့လိုအပ်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့ကကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ပြည်သူတွေကို ရောင်းချရာမှာ အမြတ်ငွေနည်းနည်းနဲ့ ပမာဏများများရောင်းချနိုင်ခြင်းဖြင့် ပြည်သူလူထုသက်သာချောင်ချိမှုရှိအောင် ဆောင်ရွက်ပေးကြဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကုန်ဈေးနှုန်းကြီးမြင့်မှုတွေအပေါ် ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တွေက စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်ကြဖို့လိုသလို ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကုန်ဈေးနှုန်းများဖြစ်စေရေး စေတနာထားပြီး အပင်ပန်းခံဆောင်ရွက်ကြစေလိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းပြောကြားခဲ့ပါသေးတယ်။
အလားတူ နိုင်ငံအတွင်း ဝင်ငွေနဲ့ ထွက်ငွေကိုလည်း မျှတအောင် ဆောင်ရွက်နိုင်ဖို့လိုတာကြောင့် ကုန်ထုတ်လုပ်မှုကို မဖြစ်မနေတိုးမြှင့်ဆောင်ရွက်ပြီး ပြည်ပတင်ပို့မှုကို လက်ရှိတင်ပို့နေတာထက် နှစ်ဆခန့်ပိုမိုတင်ပို့နိုင်ဖို့လိုသလို ကုန်ထုတ်လုပ်မှုကိုလည်း ယခုထက်တိုးမြှင့် ဆောင်ရွက်နိုင်ဖို့အတွက် အလုပ်အကိုင်တွေ ဖန်တီးပေးခြင်းနဲ့ ကုန်ထုတ်လုပ်ငန်းများအပေါ် incentive များပေးဖို့လိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အလုပ်အကိုင်တွေ ဖန်တီးရာမှာ လိုအပ်တဲ့သွင်းအားစုတွေကိုလည်း လုံလောက်စွာရရှိအောင် ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ထုတ်လုပ်မှုကို မဖြစ်မနေ တိုးမြှင့်ဆောင်ရွက်သွားဖို့လိုအပ်မှာဖြစ်ပြီး “မှတစ်ပါး အခြားမရှိ” ကြောင်း၊ ထုတ်လုပ်မှုများ ဆောင်ရွက်ရာမှာ ဈေးကွက်ရှိပြီး အရည်အသွေးပြည့်မီတဲ့ ကုန်ပစ္စည်းများဖြစ်ဖို့လိုကြောင်း၊ ကုန်ပစ္စည်းချင်းတူပါက ဈေးသက်သာရမည်၊ ဈေးချင်းတူပါက အရည်အသွေးကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ယင်းအချက်နှစ်ချက်နဲ့ ဆောင်ရွက်ပါက အောင်မြင်နိုင်မှာဖြစ်တဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေနဲ့ စဉ်းစားဆောင်ရွက်ကြဖို့ ပြောကြားလိုတယ်ဆိုပြီးတော့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
#သတင်းဟင်းလေးအိုးကြီး
ပန်ဆောင်-အိန္ဒိယ နယ်စပ်ဂိတ်အား ဒီဇင်ဘာ ၁၅ ရက်နေ့တွင် တရားဝင်ဖြတ်သန်း သွားလာခွင့်ပြုမည်
ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်းအထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့နှင့် အိန္ဒိယနယ်စပ်ဂိတ်အား ဒီဇင်ဘာ ၁၅ ရက်နေ့တွင် တရားဝင် ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ပန်ဆောင်-အိန္ဒိယ နယ်စပ်ဂိတ်အား တရားဝင် ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားသည်မှာ ဆယ်နှစ်နီးပါး ရှိခဲ့ရာမှ အိန္ဒိယ-မြန်မာ နယ်စပ်ဈေး ပူးတွဲ ကော်မတီ သဘောတူညီချက်များဖြင့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်းကို အိန္ဒိယနိုင်ငံပိုင်များမှ ထုတ်ပြန်ကြေငြာခဲ့ကြောင်း ပန်ဆောင်မြို့နေ ပြည်သူတစ်ဦးထံမှ သိရသည်။
"ဟိုလကတည်းက သူတို့က နှစ်ကုန်ပိုင်းမှဖွင့် ပေးမယ်လို့ ထုတ်ပြန်ထားတာဟုတ်တယ်။ အခုတော့ ဒီလ ၁၅ ရက်နေ့မှာ တရားဝင် ဖွင့်လှစ်ပေးမယ်ဆိုပြီး ရက်စွဲနဲ့ ပြန်ထုတ်ပြန်လာတယ်။ အခုလို တရားဝင်ခွင့်ပြုပေး တော့ ဒေသခံတွေအတွက် အရမ်းအဆင်ပြေတာပေါ့။ ကုန်ပစ္စည်းတွေကို လွယ်လွယ်နဲ့ သယ်ယူနိုင်ပြီလေ" ဟု ၎င်းမှ ဆိုသည်။
ယင်းကဲ့သို့ နယ်စပ်ဂိတ်အား ဖွင့်လှစ် တော့မည့်သတင်းကြားပြီး ဒေသခံပြည်သူများအနေဖြင့် ယခင် လမ်းဖွင့်ချိန် ဆိုင်များဖွင့်လှစ်ခဲ့သည့် နယ်စပ်ဈေး၊ မြေနေရာ၊ အဆောက်အဦးများအား ပြုပြင်ဆောက်လုပ်မှုများ လုပ်ဆောင်လာကြပြီး ယခင်အတိုင်း နယ်စပ်ဈေးများ ဖွင့်လှစ်ရောင်းချရန် ပြင်ဆင်နေကြကြောင်းလည်း သိရသည်။
#centralnewsnaypyitaw
အလွယ်တကူ ထမင်းပေါင်းအိုးနဲ့ ချက်တဲ့ ကြက်ဆီထမင်း 😋
အိုးထဲကို ပဲဆီထည့် ပူလာပြီး ဆီကျက်လာပြီးဆို
မီးပိတ် ကြက်အရည်ခွံတွေကိုထည့်ပြီး မီးအေးအေးနဲ့လှိမ့်နေပါ
ကြက်အရည်ခွံတွေထဲက ကြက်အဆီတွေထွက်လာပြီး မွှေးနေ အောင်လို့ပါ
အညိုရောင်သန်းပြီး ကြွပ်လာတဲ့ကြက်အရည်ခွံတွေထုတ်ပြီး ဂျင်း ကြက်သွန်ဖြူ ကရဝေးအနည်းငယ် ထည့်အနံ့သတ်ပါ
ပြီး ကိုယ်ချက်မယ့် ဆန်ပမာနကို ထည့်လှော်လိုက်ပါဗျ ဆီနဲ့ဆန် နယ်သလိုပါ
တည်တဲ့အခါ ရေ အစား ကြက်အရိုး ကြက်သားပြုတ်ထားတဲ့ အရည်ကို အသုံးပြုပြီး
ခုနကလှော်ထားတဲ့ဆန်ကို ကြက်ပြုတ်ရည် နဲ့ ပုံမှန်ထမင်းချက်သလို အချိုစားနဲ့ချက်ပါတယ်ဗျ
ထမင်းပေါင်းအိုးထဲထည့်ချက်တဲ့အခါ အပေါ်ကနေ ခုနကကြော်ထားတဲ့ ကြက်ရည်ခွံကြော်ပါထည့် ချက်စားကြည့် တော်တော်ကောင်းတယ်
အောင်မြင်ဖို့အတွက် ဒီ (၅)ချက်ကို အစီအစဉ်တိုင်း ဖြည့်ရမယ်လို့ Steven Bartlett ကပြောတယ်။ သူ့ရဲ့ The Diary of A CEO စာအုပ်က ပထမဆုံး ဥပဒေဿ အနေနဲ့။
၁။ ဗဟုသုတ (ဘာသိလဲ။)
- စာဖတ်
- လေ့လာ
- နားလည်အောင်ကြိုးစား
ဒါက အခြေခံအကျဆုံးပဲ။ ဘာမှမသိဘဲ ဘယ်လိုမှရမှာမဟုတ်ဘူးလေ။
၂။ ကျွမ်းကျင်မှု (ဘာလုပ်နိုင်လဲ။)
- သိတာကို လက်တွေ့လုပ်တတ်အောင်
- လေ့ကျင့်၊ လုပ်ကိုင်
သိတာနဲ့ လုပ်တတ်တာက မတူဘူး။ လုပ်တတ်အောင် လေ့ကျင့်မှ ရမယ်။
၃။ ကွန်ရက် (ဘယ်သူနဲ့ သိလဲ။)
- လူတွေနဲ့ဆဆက်ံရေး တည်ဆောက်
- ကိုယ့်ထက်တော်တဲ့သူတွေဆီက သင်ယူ
- အခွင့်အလမ်းတွေ ဖန်တီး
ဒါက တယောက်တည်း မလုပ်နိုင်လို့ပါ။
၄။ အရင်းအမြစ် (ဘာရှိလဲ။)
- လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ
- ငွေကြေး
- အချိန်
ဒါတွေက လုပ်ငန်းတွေ လည်ပတ်ဖို့ လိုအပ်တယ်။
၅။ ဂုဏ်သတင်း (ကိုယ့်ကိုဘယ်လိုမြင်ကြလဲ။)
- အပေါ်က လေးခုပေါ်မှာ တည်ဆောက်ထားတာ
- လူတွေရဲ့ ယုံကြည်မှု ဖြစ်တယ်။
(လူကြိုက်အောင် နေစရာမလိုဘူး။ ဒါပေမဲ့ ကိုယ်ဆိုတာနဲ့ ယုံကြည်ရတယ်လို့ မှတ်ချက်ပေးနိုင်တဲ့ လူတယောက်တော့ဖြစ်ဖို့လိုတယ်။)
📚➡️💪➡️🤝➡️💰➡️⭐
Steven Bartlett explains that to achieve success, these five pillars must be incorporated into every plan. In his book, The Diary of a CEO, he outlines the following key principles:
1. Knowledge (What do you know?)
• Read.
• Learn.
• Strive to truly understand.
Knowledge forms the foundation. Without it, nothing else will work.
2. Skill (What can you do?)
• Turn what you know into something actionable.
• Practice, apply, and refine.
Knowing and doing are two distinct things. You must train to master execution.
3. Network (Who do you know?)
• Build meaningful relationships.
• Learn from those who are ahead of you.
Create opportunities through connections.
• Networking is essential because success cannot be achieved alone.
4. Resources (What do you have?)
• Tools and materials.
• Financial support.
• Time and energy.
These resources are critical for any endeavor to run effectively.
5. Reputation (How do others perceive you?)
• Built upon the four pillars above.
• It’s about trust and credibility.
(You don’t need to be liked by everyone, but you must be someone others can rely on and respect.)
#suphonemologic #suphonemovlog #suphonemologic #suphonemoquote #curiousinsighter #burmesecommunity #burmesebooksummary #burmeseinsighter #burmeseentrepreneur
#crd