34 w - Translate

Loft House 🏡

imageimage
+5

အရေးပေါ်အကူအညီလိုအပ်နေတဲ့ ထိပ်ဆုံးနိုင်ငံထဲ မြန်မာပါဝင်

ဒီဇင်ဘာ ၁၂

အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေတဲ့ နိုင်ငံ ၂၀ ထဲမှာ မြန်မာက ဆူဒန် နဲ့ ပါလက်စတိုင်းပြီးရင် တတိယနေရာမှာရှိနေတယ်လို့ နိုင်ငံတကာကူညီကယ်ဆယ်ရေးကော်မတီ(IRC)က ဒီဇင် ဘာ ၁၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့မြန်မာမှာ ၂၀၂၃ နောက်ပိုင်းနေအိမ်စွန့်ခွာထွက်ပြေးရသူတွေ တိုးလာပြီး လူ ၉ သိန်းဝန်းကျင်လောက် စစ်ရှောင်နေရတယ်လို့ IRC က ဆိုပါတယ်။

ဒီနှစ်ထဲမှာ တိုက်ပွဲတွေလည်း ပိုပြင်းထန်လာနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

မြန်မာ့ကျန်းမာရေးစနစ်ကိုကြည့်ရင်လည်း ကာလဝမ်းရောဂါနဲ့ တခြားရောဂါတွေရဲ့ ခြိမ်းခြောက်တာခံနေရတယ်လို့ IRC ကပြောပါတယ်။

ရေဘေးကြုံခဲ့ရတာတွေ နဲ့ တခြားသော ရာသီဥတုဖောက်ပြန်ပြီးဖြစ်ပေါ်လာတဲ့ ဘေးဒုက္ခတွေကိုလည်း လိုအပ်ချက်များစွာရှိနေတဲ့ကြားကပဲ ရှေ့နှစ်ထဲမှာ ခါးစည်းခံရဖွယ်ရှိနေတယ်လို့ အသိပေးပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရလည်း ကရင်နီက စစ်ရှောင်ကလေး ၅၀ ရာခိုင်နှုန်းဟာ အာဟာရ ချို့တဲ့နေကြတယ်လို့ ဆိုထားတာပါ။

ကမ္ဘာတဝန်း အတိုင်းအတာနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေသူ သန်းပေါင်း ၃၀၀ ကျော် ရှိနေတယ်လို့ IRC ရဲ့ အချက်အလက်က ဖော်ပြပါတယ်။

ဒီလို အကူအညီလိုအပ်နေတဲ့နိုင်ငံတွေကို အကူအညီပေးရေးစနစ် ပြုပြင်ပြောင်းလဲပြီးပေးအပ်ဖို့၊ အရပ်သားကာကွယ်ရေးတိုးမြှင့်ပေးဖို့ အပါအဝင် အချက် ၆ ချက်ကို IRC က ဥရောပသမဂ္ဂ(EU) နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းထားပါတယ်။

ပုံစာ - ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်က အမျိုးသားတစ်ဦး

Credit - BBC

#သတင်းဟင်းလေးအိုးကြီး

image

အင်းစိန်မြို့တွင် လူငယ်တစ်ဦး နေအိမ်ထုပ်တန်း၌ လွယ်အိတ်ကြိုးဖြင့် ကြိုးဆွဲချ၍ သေဆုံး

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကမ်းနားအနောက်ရပ်ကွက်၊ နယ်မြေ(၂) မ/၂၃ ဓနသိဒ္ဓိလမ်းရှိ နေအိမ်ထုပ်တန်း၌ လွယ်အိတ်ကြိုးဖြင့် လူငယ်တစ်ဦး ကြိုးဆွဲချ၍ သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၁ ရက် နံနက် ၁၁ နာရီကျော်တွင် လူငယ်တစ်ဦးမှာ နေအိမ်၌မိသားစုဝင်များမရှိခင် မိမိကိုယ်ကိုကြိုးဆွဲချ၍ သေဆုံးမှုဖြစ်ပွားကြောင်း ဖြစ်စဉ်နေရာသို့ အင်းစိန်းမြို့မရဲစခန်းမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဘယ်လိုကြောင့် ကြိုးဆွဲချလည်းတော့မသိဘူး” လို့ ရပ်ကွက်နေပြည်သူတစ်ဦးမှ ပြောသည်။

ထိုကြိုးဆွဲချသေဆုံးသူမှာ အသက်(၂၀) အရွယ် မောင်အောင်ဘုန်းမြင့်(ခ) ပါကျဲ ဖြစ်ကြောင်း ရုပ်အလောင်းကို ဒေသခံလူမှုကူညီရေးအသင်းမှ အင်းစိန်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo - Credit

#centralnewsnaypyitaw

image

"ငါဘာလုပ်လုပ်....
ငါ့ကိုအကောင်းမမြင်ဘူးဆိုပြီး
အကောင်းမမြင်သူတွေရဲ့ရှေ့မှာ....
ကိုယ့်ကိုကိုယ် နိမ့်ကျခံပြီးအားငယ်မပြနဲ့
"အမှန်တကယ်တော့....
အကောင်းမြင်တတ်တဲ့သူက
မင်းဘာလုပ်လုပ်....
ချစ်ခင် နှစ်သ-က်တတ်ကြသလို...
"အကောင်းမမြင်တတ်သူက...
မင်းဘာမှ မလုပ်ပဲနေလဲ...
အပစ်တင် ကဲ့ရဲ့တတ်ကြတယ်....။.
#crd...

image

funny
😃

ဒေါ်နယ်ထရန့်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ တရုတ်သမ္မတ ရှီကျင်းပင်ကို ဖိတ်ကြား

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ တရုတ်သမ္မတ ရှီကျင်းပင်ကို ဖိတ်ကြားခဲ့တယ်လို့ အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး စီဘီအက်စ် သတင်းဌာနက ရေးသား ဖော်ပြထားပါတယ်။

ဒီဖိတ်ကြားမှုကို နိုဝင်ဘာ ၅ ရက်သမ္မတရွေးကောက်ပွဲအပြီး များမကြာခင်မှာ ပေးပို့ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက်မှာပြုလုပ်မယ့် ထရန့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ကို တရုတ်ဘက်က လက်ခံခြင်းရှိမရှိ ရှင်းလင်းစွာ မသိရသေးပါဘူး။

ဝါရှင်တန်ရှိ တရုတ်သံရုံးကလည်း ဒီကိစ္စကိုမှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။ တရုတ်သမ္မတရှီကျင်းပင်နဲ့ အလွန်ကောင်းမွန်းတဲ့ ဆက်ဆံရေးရှိပြီး မကြာသေးမီကလည်း အဆက်အသွယ်ရှိတယ်လို့ ဒေါ်နယ်ထရန့်က သောကြာနေ့ကပြုလုပ်တဲ့ စီဘီအက်စ်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။

ထရန့်ဟာ တရုတ်နဲ့ဆက်ဆံရေးအမေရိကန်ရဲ့ ပထဝီနိုင်ငံရေးပြိုင်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်တယောက်ဟာ အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့တာမျိုးမရှိသေးပါဘူး။

တရုတ်နိုင်ငံက ဖန်တနိုင်းမူးယစ်ဆေးတွေ အမေရိကန်ကို မှောင်လိုလုပ်တာတွေကို မတားဆီးမထိန်းချုပ်နိုင်ဘူးဆိုရင် တရုတ်သွင်းကုန်တွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်မယ်လို့ ရွေးကောက်ခံသမ္မတ ထရန့်က ခြိမ်းခြောက်ထားပါတယ်။

ဒီကိစ္စကြောင့် အခွန်တိုးကောက်တာဟာ ကမ္ဘာ့စီးပွားရေး ထိပ်တန်းနှစ်နိုင်ငံကို အကျိုးစီးပွားထိခိုက်စေမှာဖြစ်ပြီး အပြန်အလှန်ထိခိုက်စေတဲ့ ကု်နသွယ်ရေးစစ်ပွဲထဲရောက်သွားနိုင်ကြောင်း တရုတ်တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

Ref:BBC
Photo:Reuters

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

အာဆတ်ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ဖျက်သိမ်းပြီး နာမည်ဆိုးအကျဉ်းထောင်တွေကို ပိတ်ပစ်မယ်လို့ ဆီးရီးယားသူပုန်အဖွဲ့ခေါင်းဆောင်ပြော

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၂

ဆီးရီးယားဖြုတ်ချခံသမ္မတဘရှားအယ်လ်အာဆတ်ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ဖျက်သိမ်းလိုက်မှာဖြစ်ကြောင်း အဘူမိုဟာမက်အယ်လ်ဂိုလာနီလို့ လူသိများတဲ့ ဆီးရီယားသူပုန်ခေါင်းဆောင် အာမက်အယ်လ်ရှာရာက ဒီဇင် ဘာ ၁၁ ရက်နေ့က ရိုက်တာသတင်းဌာနကိုပေးပို့တဲ့စာထဲမှာ ဖော်ပြထားပါတယ်။

ဆီးရီးယားသူပုန်အဖွဲ့ဟာ နှစ်ပေါင်း ၅၀ အုပ်ချုပ်လာတဲ့ အာဆတ်မိသားစုကို ဖြုတ်ချလိုက်ပြီး သူပုန်အဖွဲ့ရဲ့ ကြားဖြတ်အစိုးရနဲ့ သုံးလကြာအုပ်ချုပ်သွားဖို့ စီစဉ်ထားပါတယ်။

အာဆတ်အစိုးရတပ်ဖွဲ့ဝင်တွေကို လွတ်ငြိမ်းသာခွင့်ပေးသွားမှာဖြစ်ကြောင်း ပင်မသူပုန်အုပ်စုဖြစ်တဲ့ HTS (Hayat Tahrir al-Sham) အဖွဲ့ စစ်ဌာနချုပ်က ပြောပါတယ်။ “အစိုးရဟောင်းရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ဖျက်သိမ်းသွားမှာဖြစ်သလို နာမည်ဆိုး အကျဉ်းထောင်တွေကိုလည်း ပိတ်ပစ်မှာဖြစ်ပါတယ်။” လို့ ရှာရာက ပြောပါတယ်။

အာဆတ်အစိုးရလက်ထက်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသားထောင်ပေါင်းများစွာကို သွားရောက်ရှာ ဖွေဖို့ ဆီးရီးယားလူမျိုးအများအပြားဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဆိုပါအကျဉ်းထောင်တွေမှာ သွားရောက် စုရုံးနေကြပါတယ်။

အကျဉ်းသားတချို့ အသက်ရှင်လျက်ပြန်လည်လွတ်မြောက်လာသလို တချို့ကလည်း သေဆုံးသွားကြပြီဖြစ်ပြီး အကျဉ်းသားထောင်ပေါင်းများစွာကိုတော့ ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်။

ရှာရာက ဓာတုလက်နက်တွေ သိုလှောင်ထားရှိတဲ့နေရာတွေကို ထပ်မံစုံစမ်းနေပြီး အဲဒီလက်နက်တွေ လုံခြုံဖို့အ တွက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာဖြစ်စေ အဲဒီဓာတုလက်နက်တွေကို အသုံးပြုမှာမဟုတ်ဘူးလို့ ဆီးရီးယားသူပုန်အဖွဲ့ က ပြောပါတယ်။

၎င်းတို့အနေနဲ့ နည်းပညာကျွမ်းကျင်သူတွေပါဝင်တဲ့ အစိုးရတစ်ရပ်ကို ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ရှာရာက ထပ်မံပြောကြားပါတယ်။

လက်ရှိကြေညာထားတဲ့ ကြားဖြတ်အစိုးရဟာ ဆီးရီးယားနိုင်ငံကို ၂၀၂၅ ခုနှစ်မတ်လအထိ အုပ်ချုပ်သွားမှာဖြစ် ပါတယ်။

Ref: Syrian rebel leader says he will dissolve toppled regime forces, close prisons

#centralnewsnaypyitaw

imageimage
34 w - Translate

ရိုးရှင်းတဲ့ စကားပြောလေးတွေကို ဒီဇာတ်ကားမှာမြင်တွေ့ရမှာ ဖြစ်တဲ့အတွက် အင်္ဂလိပ်စကားပြောလေ့လာနေသူတွေအတွက် အကျိုးရှိမယ့် ဇာတ်လမ်းကောင်း တကားလည်းဖြစ်ပါတယ်။
ဂုဏ်ရည်မတူတဲ့ ချစ်သူ နှစ်ဦးရဲ့ အကြောင်းကို ပုံဖော်ရိုက်ကူးထားတာလည်းဖြစ်တဲ့အတွက် အင်္ဂလိပ်စကားပြောလေ့လာရင်းနဲ့ ခံစားမူရသ နောက်တမျိုးလည်း ရရှိစေမှာဖြစ်ပါတယ်။
ဇာတ်လမ်းမှာ Noah နဲ့ Allie ဆိုတဲ့ လူငယ်နှစ်ဦးအကြောင်းကို အဓိကထားပြီး နွေရာသီတစ်ခုအတွင်းမှာ ကြုံတွေ့ရတဲ့ အချစ်ဇာတ်လမ်းကိုပုံဖော်ပြသထားတာဖြစ်ပါတယ်။
ရိုးရှင်းတဲ့ အင်္ဂလိပ်စကားပြောအသုံးလေးတွေကိုလေ့လာရမှာဖြစ်တဲ့အတွက် အင်္ဂလိပ်စကားပြောလေ့လာနေသူတွေ မဖြစ်မနေကြည့်ရူသင့်တဲ့ ဇာတ်ကားလေး တကားလည်းဖြစ်ပါတယ်။
.
.
#englishsharing
#starlordeducorner
#credit toponeenglish

image
34 w - Translate

video
ကြွက်သားကြီးထွားချင်ရင် ဒီအစားအစာတွေစာပါ 😍

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဒီဇင်ဘာ ၁၂

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၀၈ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၈၀၀၀၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၇၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၃၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၇၀၀၀၀ ကျပ်
ဝယ်ဈေး ၅၉၃၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၅၀ ကျပ်
ဝယ်ဈေး - ၄၃၅၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၆၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၁၀ ကျပ်
ဝယ်ဈေး - ၄၅၉၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၀ ကျပ်
ဝယ်ဈေး - ၉၈၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၇ ကျပ်
ဝယ်ဈေး - ၆၀၁ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၄၇ ကျပ်
ဝယ်ဈေး - ၂၈.၇၁ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၈၃ ကျပ်
ဝယ်ဈေး - ၅၁.၄၇ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၃ ကျပ်
ဝယ်ဈေး - ၃.၀၅ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၇၂၅ ကျပ်
ဝယ်ဈေး - ၅၅၇၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၇၅ ကျပ်
ဝယ်ဈေး - ၂၈၀၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၅ ကျပ်
ဝယ်ဈေး - ၃၀၈၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၆ ကျပ်
ဝယ်ဈေး - ၅၆၁ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၀ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image