2 နှစ်များ - ဘာသာပြန်ပါ။

ပဲခူးမြို့တွင် ဝါယာကြိုးဟောင်းများ ရှော့ဖြစ်ပြီး အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ထန်းတပင် (၁) လမ်းတွင် ဝါယာကြိုးဟောင်းများ ရှော့ဖြစ်၍ အိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ယင်းမီးလောင်မှုဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၀ ရက် ၅ နာရီ ၃၀ အချိန်တွင် နှစ်ထပ်တိုက် လူနေအိမ်အပေါ်ထပ်ရှိ အခန်းမှ ဝါယာကြိုးရှော့ဖြစ်၍ မွေ့ယာပေါ်သို့ မီးစများ ပြုတ်ကျပြီး မီးလောင်မှု​ဖြ​စ်ပွားခဲ့ကြောင်း ထိုနေရာသို့ ပဲခူးမီးသတ်စန်းမှ မီးသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ရာ ၅ နာရီ ၄၀ အချိန်တွင် မီးငြိမ်းသတ်သွားကြောင်း သိရသည်။

“လူထိခိုက်မှုတော့ မရှိဘူး။ ဟောင်းနေတဲ့ဝါယာကြိုးတွေကနေ ရှော့ဖြစ်ပြီးလောင်တာ။ တိုက်ရဲ့အပေါ် ဆုံးနှစ်ခန်းကတော့ မီးလောင်တယ်။ ဆုံးရူံးမှုကတော့ လေးသိန်းနှစ်သောင်းပါ” လို့ ပဲခူးမြို့မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုမီးပေါ့ဆမှုကြောင့် အိမ်ရှင်ဖြစ်သူကို ပဲခူးမြို့မရဲစခန်းတွင် အမူဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Photo-Credit

#centralnewsnaypyitaw

image
image
image
2 နှစ်များ - ဘာသာပြန်ပါ။

ပဲခူးမြို့ ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီး (1960 ဝန်းကျင်)

#oldburma
#ရှေးရှေးတုန်းကဗမာပြည်

#crd_photo

image
2 နှစ်များ - ဘာသာပြန်ပါ။

video
#englisheverywhere

2 နှစ်များ - ဘာသာပြန်ပါ။

missing holding your hand 🥰

image
2 နှစ်များ - ဘာသာပြန်ပါ။

video
cute outfit ideas

2 နှစ်များ - ဘာသာပြန်ပါ။

Hello

image
2 နှစ်များ - ဘာသာပြန်ပါ။

တနေ့နေ့ ( ၃၆ ) နာရီ
အစာဖြတ်ကြည့်ဦးမယ်။
အခုတလော
အရမ်း နာမည်ကြီးနေတဲ့
#၃၆နာရီအစာဖြတ်ခြင်း
#အကျိုးကျေးဇူးများ
လွန်ခဲ့သော
နှစ်ပေါင်း ( ၆၀၀၀ ) လောက် က
ကမ္ဘာပေါ်မှာ အသိပညာရှင်တွေ
အများကြီး ရှိခဲ့တဲ့ သမိုင်းအထောက်အထားတွေ ရှိခဲ့ပါတယ်။
အဲ့ဒိတုန်းက နာရီရှည် အစာဖြတ်တဲ့
လေ့ကျင့်ခန်း လုပ်ပြီး
လူတွေ ကျန်းမာ အသက်ရှည်
ခဲ့ကြတယ်လို့ သိရပါတယ်။
အခုလည်းအဲဒီနည်းကို
ကျနော်တို့ လုပ်လို့ ရပါတယ်။
လုပ်သင့်တဲ့ ( ၃၆ ) နာရီ
fasting နည်းလမ်းကို
ပြောပြသွားပါမယ်။
လူတိုင်းလည်း
အလွယ်တကူ လုပ်နိုင်ကြပါတယ်။
၃၆နာရီ fasting လုပ်ဖို့
အလုပ်ပိတ်ရက်တွေကို
ရွေးချယ်တာ ကောင်းတယ်။
ဒါကြောင့်
သောကြာနေ့ ညက စလိုက်မယ်။သောကြာ နေ့
ည၇နာရီမှာ ညစာစားပြီးတာ နဲ့
( ၃၆ ) နာရီတိတိ ဘာအစာမှ မစားရဘဲ ရေ တစ်မျိုးထဲသာ သောက်ဖို့
ဖြစ်ပါတယ်။
မည်သည့် ကယ်လိုရီမှ
မထည့်ရတော့ပါဘူး။
အချိုရည်တောင် မသောက်ရပါဘူး❗။ zero calorie အတိုင်း ထားရမှာ
ဖြစ်ပါတယ်။
သောကြာနေ့ ည ( ၇ ) နာရီမှ စတင်ပြီး တနင်္ဂနွေ မနက်၇နာရီအထိ ဖြစ်ပါတယ်။ရေကို ကြိုက်သလောက်
သောက်နိုင်တယ်။
ကြိုက်သလောက် အိပ်နိုင်တယ်။
အဲဒီ အစာဖြတ်လေ့ကျင့်ခန်းကနေ
ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့
အများကြီး ဖြစ်ပါတယ်။
အစာဖြတ်လိုက်တော့
Body က energyရဖို့ အတွက်
ကိုယ်တွင်းမှာ အာဟာရတွေကို
လိုက်ရှာပါတယ်။
အာဟာရကို မတွေ့တော့
ကိုယ်တွင်းက အဆီတွေကို
လိုက်စားပါတယ်။
အဆီတွေထဲမှာ အောင်းနေတဲ့
အဆိပ်တွေဟာ လောင်ကျွမ်းခံရတဲ့အတွက် အဆီလည်း ကျပြီး
အဆိပ်တွေလည်း ဖယ်ရှားခံရပါတယ်။အဲဒီအဆိပ်တွေကို
ရေက body အပြင်ဘက်ကို
စွန့်ထုတ် ပေးလိုက်ပါတယ်။
Body မှာ အလိုအလျောက် ပြုပြင်တဲ့စနစ် ဆိုတာ ရှိပါတယ်။
အဲဒီစနစ်က အစာဖြတ်ပေးလိုက်တာနဲ့
ပိုပြီး အလုပ်လုပ်လာနိုင်တယ်။
ရောဂါတွေကို ဆေးသောက်စရာမလိုဘဲနဲ့ အလိုအလျောက် ပြုပြင်တဲ့ စနစ်က Auto ကုပေးသွားတာ ဖြစ်ပါတယ်။ရောဂါတွေ သူ့ဟာသူ
ပျောက်သွားပါတယ်။
မကျန်းမာသူတွေတောင် မှ တဖြည်းဖြည်း ကျန်းမာလာကြပါတယ်။
Body က
Engery အင်နာဂျီ လိုအပ်လို့
လိုက်ရှာရာမှာ
တစ်ကိုယ်လုံးက ကလပ်စီးတွေဆီ ကိုလည်း ရောက်ပါတယ်။
မကောင်းတဲ့cellအဟောင်းတွေနဲ့ ရောဂါဖြစ်နေတဲ့cellတွေကို ပါ
စားသွားပါတယ်။
junk cellတွေကို ဖယ်ရှားပေးပါတယ်။ကင်ဆာ cellတွေကိုပါ
ရှင်းလင်းပေးသွားပါတယ်။
အစာဖြတ်လိုက်တဲ့ အခါမှာ
စိတ်ပါ ပြောင်းသွားပါတယ်။
အူတွေမှာ အစာမရှိတော့
စိတ်ကြည်လာတယ်။
နေရထိုင်ရတာ ပေါ့ပါးလာတယ်။ ဦးနှောက် က
စိတ်ကူး စိတ်သန်းကောင်းတွေ
ထွက်ပေါ်လာတယ်။
ဆုံးဖြတ်ချက် ချတာတွေ
သိပ်ကောင်းတယ်။
တရားအားထုတ်လို့ ကောင်းတယ်။
ဒါကြောင့် ဗုဒ္ဓက ညစာ ရှောင်ခိုင်းတာ ဖြစ်တယ်။
Fasting လုပ်ပေးလေ့ ရှိသူတွေ ဟာ သွေးတိုးရောဂါ ပါ
ပျောက်ကင်း သက်သာ လာကြပါတယ်။
အရင်က •••
200/125အထိတက်တဲ့ သူဟာ
fasting ပုံမှန် လုပ်ပေးလာရင်း နဲ့
130/90 လောက် ပြန်ဖြစ်လာပါတယ်။
အစာဖြတ် လေ့ကျင့်ပေးရင်
လူတွေက အားယုတ်တယ်လို့
ထင်နေကြလေ့ ရှိပါတယ်။
တကယ်က အားမယုတ်တဲ့ အပြင်
အား ပိုရှိသလိုတောင် ခံစားရပါတယ်။ဘာကြောင့်လဲ ဆိုတော့ ပေါ့ပါးလို့ ပါ။ပေါ့ပါးတော့ သွက်လက်တယ်။
အခြားသော အကျိုးကျေးဇူးတွေလည်း တစ်ပုံကြီး ရသေးတယ်ဗျ။
အဲဒါတွေကတော့ -
ကိုယ်တွင်း ရောင်ကိုင်းမှုများကို
လျှော့ချပေးခြင်း
အူလမ်းကြောင်း ကျန်းမာခြင်း ၊
တစ်ကိုယ်လုံး ငြိမ်းအေးခြင်း ၊
ဖြစ်ဆဲ ရောဂါများ တန့်သွားခြင်း ၊
သွေးတွင်း အင်ဆူလင် ပုံမှန်ဖြစ်လာခြင်း၊
ဆီးချို ၊ သွေးချို ၊ ထိန်းလာနိုင်ခြင်း
အစာခြေ စနစ် ကောင်းလာခြင်း
ကြွက်သားများ သန်မာလာခြင်း
လည်ချောင်း ချွဲသလိပ် ရှင်းခြင်း
အရိုး ကျစ်လျစ်ခြင်း ၊
စိတ်ထား နူးညံ့လာခြင်း ၊
အသားရေ လှပလာခြင်း ၊
ကိုယ်လုံးကိုယ်ထည် အချိုးကျလာခြင်း၊
ခံတွင်း အနံ့အသက် ကင်းခြင်း အစရှိတဲ့ အကျိူးကျေးဇူးတွေ များစွာရရှိလာမှာ ဖြစ်ပါတယ်။
( ၃၆ ) နာရီလောက်
Fastingလုပ်ရတာ ဟာ
အခက်အခဲ မရှိဘဲ၊
လူတိုင်းလိုလို လုပ်နိုင်ကြတဲ့ အတွက် ကျန်းမာပြီး အသက်ရှည်ရှည် နေရဖို့ မကြာခဏ လုပ်ပေးကြပါ လို့
တိုက်တွန်းလိုက်ပါတယ်။
💌 ချစ်ခင်လေးစားလျှက်..
PS :
( ဆီးချိုကျရောဂါ ရှိသူများ မလုပ်ရပါ )
#credit 🤓
Via - Si Thu Lwin Pyin

2 နှစ်များ - ဘာသာပြန်ပါ။

💎 ကြက်ပဲဟင်း 💎
********************
၁-ကြက်သွန်ဖြူ,နီ,အစ်ိမ်းမှုန့်ဆီသတ်ပါ။ ( ရွလာရင် )
၂-ဂျင်းထောင်း,ပျဉ်းတော်သိမ်း,မဆလာ,ဇီယာ,ငရုတ်သီးစိမ်းထည့်၍
၃-ကြက်သားထည့်မွှေပီး လုံးလိုက်ပါ။
၄-ပဲပြုတ်နဲ့ အရည်များ ထည့်လိုက်ပါ။

နာရီဝက်ခန့်ကြာရင် အရသာမြည်း,ဟင်းအပျစ်,အကျဲကြည့်၍
ကြက်သားနူးလျှင် အရမ်းစားကောင်းတဲ့ ကြက်ပဲဟင်းရပါပြီ။

ဂေါ်ဖီ,ကြက်သွန်နီ,သံပုရာသီး,ငရုတ်သီးစိမ်း,ပူစီနံ ထည့်စားပါ။

image

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဆက်လက်အားပေးမည်ဟု တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်ပြော

ဒီဇင်ဘာ ၁၁

မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဆက်လက်အားပေးပံ့ပိုးသွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးအတွက်ဆွေးနွေးကြဖို့ တရုတ်အနေတိုက်တွန်းနေပြီး ငြိမ်းချမ်းရေးဖေါ် ဆောင်မယ့်လုပ်ငန်းစဉ်တွေကိုလည်း အစွမ်းကုန်ထောက်ခံအားပေးသွားမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က အင်္ဂါနေ့ ပေကျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲမှာပြောလိုက်တာပါ။ မြန်မာနိုင်ငံက ပဋိပက္ခအတွင်းပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေအားလုံး မကြာမီအပတ်ရပ်စဲနိုင်လိမ့်မယ်လို့ တရုတ်အနေနဲ့ မျှော်လင့်ကြောင်းလည်း သတင်းထောက်တဦးရဲ့အမေးကိုဖြေဆိုစဉ်ပြောခဲ့ပါတယ်။

‘တရုတ်အနေနဲ့ မြန်မာပြည်မြောက်ပိုင်းကအခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့ မတည်ငြိမ်မှုတွေဟာ ဒီတခါနောက်ဆုံးပဲဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တရုတ်အနေနဲ့ သက်ဆိုင်ရာအဖွဲ့ အစည်းအားလုံးကို တွေ့ဆုံဆေးနွေးအဖြေရှာဖို့ အမြဲမပြတ်တိုက်တွန်းလျက်ရှိပါတယ်’ လို့လည်း ပြောရေးဆိုခွင့်ရှိသူ မော်နင်ကပြောဆိုပါတယ်။

နယ်စပ်ဒေသတွေမှာ အခြေစိုက်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အပစ်အခတ်ရပ်စဲဖို့ တရုတ်နိုင်ငံက ဖိအားပေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာပဲ တအန်း TNLA၊ ကိုးကန့် MNDAA အဖွဲ့တွေက တဖက်သတ်အပစ်ရပ်ကြောင်း မကြာသေးခင်ကပဲ ကြေညာခဲ့ကြတာပါ။ နောက်ထပ် အဓိက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ KIO ကလည်း တရုတ်နိုင်ငံကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရကတော့ အပစ်အခတ်ရပ်စဲရေးကို ဖြစ်မြောက်အောင်လုပ်ဆောင်ဖို့နဲ့ တရုတ်မြန်မာနယ်စပ်လုံခြုံရေး၊ တရုတ်စီမံကိန်းနဲ့စီးပွားရေး လုပ်ငန်းတွေရဲ့လုံခြုံရေး၊ မြန်မာနိုင်ငံမှာ ရှိတဲ့ တရုတ်လူမျိုးတွေရဲ့လုံခြုံရေးကို မထိခိုက်ဖို့ အမြဲတိုက်တွန်းပါတယ်။ တရုတ်အနေနဲ့ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့တိုက်တွန်းနေပြီး ငြိမ်းချမ်းရေးဖေါ်ဆောင်မယ့်လုပ်ငန်း စဉ်တွေကိုလည်း အစွမ်းကိုထောက်ခံအားပေးသွားမှာပါလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောကြားခဲ့ပါတယ်။

ပုံစာ - တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Ning

Credit - Voice of America

#သတင်းဟင်းလေးအိုးကြီး

image
2 နှစ်များ - ဘာသာပြန်ပါ။

ကချင်အထူးဒေသ(၁)ခေါင်းဆောင်နှင့် NSPNC ဥက္ကဋ္ဌ တွေ့ဆုံ

ဒီဇင်ဘာ ၁၁

ကချင်အထူးဒေသ(၁) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့ တွေ့ဆုံကြကြောင်း သိရသည်။

ဦးဇခုန်တိန့်ယိန်း၏ နေအိမ်မှာ တွေ့ဆုံကြခြင်း ဖြစ်ကြောင်း၊ မည်သည့် အကြောင်းအရာများ ပြောဆို ဆွေးနွေးကြ သည်ကိုတော့ မသိရသေးပေ။

ဦးဇခုန်တိန့်ယိန်းသည် ကချင်ပြည်နယ်အတွင်းရှိ ပန်ဝါ၊ ကန်ပိုက်တည်၊ ချီဖွေ၊ ဆော့လော် စသည့် ဒေသများ ပါဝင်သော ကချင်အထူးဒေသ(၁)ကို ဦးဆောင်သူဖြစ်သည်။

သို့သော် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှ နိုဝင်ဘာလအတွင်းမှာ ကချင်အထူးဒေသ(၁) နယ်မြေကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားကို အစားထိုးလည်ပတ် လျက်ရှိနေသည်။

ထို့နောက် ကချင်အထူးဒေသ(၁)ကိုလည်း ပယ်ဖျက်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ပုံ - ဦးဇခုန်တိန့်ယိန်းနဲ့ ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

imageimage