Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ပြည်တွင်းသတင်း
◼ငါးမင်းဆွေ ကို ပုဒ်မ- ၅၀၅ (က)ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ်သုံးနှစ်ချမှတ်
ငါးမင်းဆွေကို လှိုင်မြို့နယ်၊တရားရုံး၌ ယနေ့(မတ် ၂၅ ရက်)တွင် ရာဇသတ်ကြီး ပုဒ်မ- ၅၀၅ (က)ဖြင့် အလုပ်ကြမ်း နှင့် ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်ကြောင်း ၎င်း၏ရှေ့နေဖြစ်သူထံမှသိရသည်။
မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် ဖက္ကလိပ် ကျေးရွာတွင် နေထိုင်သည့် ငါးမင်းဆွေ( ခ) ဦးမင်းဆွေသည် နိုင်ငံတော်အေးချမ်းတည်ငြိမ်ရေးကို ပျက်ပြားစေရန် လူမှုကွန်ရက်စာမျက်မှာပေါ်၌ လှုံ့ဆော်ခြင်း ၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည်ဟုဆိုကာ နစကမှ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊နိုဝင်ဘာ ၉ရက်တွင် ဖမ်းဆီးခဲ့သည်။ထို့နောက် နိုဝင်ဘာ ၁၀ ရက်တွင် လှိုင်မြို့နယ်ရှိ လှိုင်မြို့မရဲစခန်း၌ အမှုဖွင့်ခဲ့ပြီး ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့အမိန့်ချတာပါ။အင်းစိန်ထောင်အထူးတရားရုံး၊လှိုင်မြို့နယ်တရားခွင်ကချတာပါ”ဟု ၎င်း၏ရှေ့နေဖြစ်သူကစံတော်ချိန်သို့ပြောသည်။
ငါးမင်းဆွေသည် ပြီးခဲ့သည့်အစိုးရလက်ထက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြည့်တန်ဆာ အမျိုးသမီးထက်ပင် ယုတ်ညံ့သည့်အမျိုးသမီး ဖြစ်သည်ဟု ရေးသားခဲ့ပြီး တပ်မတော် နှင့်ပြည်သူကို သွေးကွဲအောင်လုပ်နေသူဖြစ်ကြောင်း ရေးသားခဲ့မှုကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရဖူးသည်။
ထို့ပြင် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲမဖြစ်ခင် နှင့် ဖြစ်ပြီးနောက်ပိုင်းကတည်းက တပ်မတော် ထောက်ခံသူဖြစ်ပြီး နောက်ပိုင်းတွင် တပ်မတော်အား ဝေဖန်မှုအချို့ပြုလုပ်ခဲ့သူလည်းဖြစ်ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ- ငါးမင်းဆွေ(fb)
လျှာကင်ဆာ ၊ပါးစပ်အတွင်းအပူနာ ၊လည်းပင်းကင်ဆာ ၊သြားပိုးစား ၊သွားကိုက် သြားနာ ၊မဲ့ခရု ၊ပါးစပ်အတွင်း ရေယုံ စိတ်မပူနဲ့ ချက်ချင်းသောက် ချက်ချင်းပျောက်
လျှာကင်ဆာ ၊ပါးစပ်အတွင်းအပူနာ ၊လည်းပင်းကင်ဆာ ၊သြားပိုးစား ၊သွားကိုက် သြားနာ ၊မဲ့ခရု ၊ပါးစပ်အတွင်း ရေယုံစိတ်မပူနဲ့ ချက်ချင်းသောက် ချက်ချင်းပျောက်ပါတယ
ဆေးအိုးပင်အစွမ်း
နွယ်မြက် သစ်ပင် ဆေးဖတ်ဝင်ဆိုသော ရှေးလူကြီးများ၏ ဆိုရိုးအတိုင်း ယ္ခုပုံပါ ဆေးအိုးပင်သည် အင်မတန်မှ အစွမ်းထက်လှသော ဆေးပင်တစ်မျိုးဖြစ်ပေသည်။
ပြောက်ကင်းသော ရောဂါဝေဒနာများမှာ အထက္က တင်ပြထားသော ရောဂါဝေဒနာများအား ဆေးဖိုးအကုန်အကျခံခွဲစိတ်စရာမလိုပဲ ၃-၄ ကြိမ်ခန့် အသုံးပြုယုံဖြင့် ယူပစ်သလို ပြောက်ကင်းနိုင်သော အံ့မခန်း ဆေးပင် တစ်မျိုးဖြစ်ပါသည်။
အသုံးပြုပုံ
၁။ ဆေးအိုးပင်၏ အရွက်လက်တစ်ဆုတ်ခန့်အား ရေဆေးပြီးလျှင် ဝါး၍ ပါးစပ်အတွင်း ၅မိနစ်ခန့် ငုံထားခြင်းကို တစ်နေ့ ၃ ကြိမ်ခန့် ပြုလုပ်ပေးပါ။
၂။ ဆေးအိုးရွက်အား အနည်းငယ်ခူးပြီး ၃ ခွက် ၁ ခွက် ကျိုပြီးလျှင် ထိုအရည်အား ငုံခြင်း ပါးလုပ်ကျင်းခြင်းကို အချိန်ရသလို ပြုလုပ်ပေးပါ။
၃ရက်အတွင်း ထူးခြားစွာ သက်သာပြောက်ကင်းသွားမည်ကို အံ့သြစွာ တွေ့ရှိရမည်ဖြစ်ပါသည်။
အပင်ပုံသဏ္ဍာန်
အရွက် ရှည်ရှည် ငရုပ်ကောင်း အရွက်ပုံသဏ္ဍာန်နှင့် ခပ်ဆင်ဆင်တူ၏
အပွင့်မှာ ခရမ်းရောင်အပွင့်ဖြစ်ပြီး သစ်ခွပန်း အပွင့်နှင့်ဆင်၏
အသီးမြာ သောက်ရေအိုး ပုံသဏ္ဍာန် အိုးပုတ်ငယ် ပုံသဏ္ဍာန် အဆင်းရှိ၏
(၂၆.၃.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊
ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
👉၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၆၁၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၆,၉၅၀,၀၀၀ ကျပ်
၁၅ ပဲရည်ပေါက်စျေး- ၆,၅၄၀,၀၀၀ ကျပ်
👉အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၀၀ ကျပ်(ဝယ်)၊ ၄၄၅၀ ကျပ်(ရောင်း)
👉စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၂၉၉၀ ကျပ်
Octane 95 - ၃၀၄၅ ကျပ်
Premium Diesel - ၃၂၁၅ ကျပ်
Diesel - ၂၆၀၀ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။