Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
🙏 မနက်ခင်းဆုတောင်း🙏
မင်္ဂလာနေ့သစ်လေးပါ
ချစ်ခြင်းမေတ္တာတွေနဲ့
နိုးထတဲ့မနက်ခင်းလေး
ပိုင်ဆိုင်ကြပါစေ
ဒေါသ၊မောဟ၊လောဘ
မာန်မာနကင်းပြီး
မေ တ္တာ တရားနဲ့
ခွင့်လွှတ်တတ်ခြင်းတရားကို
လက်ကိုင်ထားနိုင်ကြပါစေ ...
နေ့သစ်တစ်ခုရဲ့
ယခုအချိန်အခါကောင်းကစပြီး
နေ့ရက်တိုင်းစိတ်အေးချမ်း
ကြည်လင်ခြင်းများနှင့်သာ
ဖြတ်သန်းခွင့်ရကြပါစေ.....
အပူသောက
မှန်သမျှကင်းဝေးပါစေ ....
စီးပွားဥစ္စာများ၊
သုခချမ်းသာတိုးတက်ကြပါစေ
နိုးထတဲ့အချိန်မှစ၍
တစ်နေ့တာလုံး
ကိုယ်ကျန်းမာပြီး
စိတ်ချမ်းသာစွာဖြင့်
ကောင်းကျိုးလိုအင်ဆန္ဒများ
ပြည့်ဝကြပါစေ
မရှိစကားမကြားရ
အပူဟူသမျှမတွေ့ရစေ
ဘေးရန်တွေရှင်းရောဂါကင်းကာ
ဆန္ဒအဝဝပြည့်ဝကြပါစေ။
🙏🙏🙏
“မန်ချက်စတာယူနိုက်တက်လိုအပ်နေတဲ့ တိုက်စစ်မှူးနေရာမှာ အိုဆီမန်က အသင့်တော်ဆုံးဖြစ်ပါတယ်။ အဓိက စဉ်းစားရမှာကတော့ နာပိုလီက သူ့အတွက် ဘယ်လောက်တောင်းမလဲဆိုတာရယ် ကစားသမားချင်းလဲမယ်ဆိုရင်ကော လက်ခံမလားဆိုတာရယ်ပါ။
ဂါနာချိုကိုလည်း သူတို့အရင်က လိုချင်ခဲ့ဖူးတာမို့ ဂါနာချို နဲ့ အိုဆီမန် အလဲအလှယ်မျိုးလည်း ဖြစ်လာနိုင်ပါတယ်" 👀🔴
🗣️LaurieWhitwell (Tier 1 သတင်းထောက်) 🌕
Th*eer*an Ad*higa*aram On*dru (2017)
အိန္ဒိယတောင်ပိုင်း အက်ရှင်အကြမ်းစားဇာတ်ကားလေးပါ။
မင်းသားဖြစ်သူ Theeran ဟာ လုံးဝလာဘ်မစားတဲ့ ရိုးသားဖြောင့်မတ်တဲ့ ရဲအရာရှိတစ်ယောက်ပါ အဲ့ဒါကြောင့်လဲသူဟာ နယ်ခနခနပြောင်းရပါတယ်။
ပို့လိုက်တဲ့နေရာတွေကလဲဆိုးပေ့ဆိုတဲ့ နေရာတွေချည်းပါ။
အဲ့လိုနဲ့ တစ်နေ့ အဝေးပြေးလမ်းတစ်ခုမှာ အလွန်အင်မတန်ရက်စက်လှတဲ့ လူသတ်မှုတွေ ပေါ်ပေါက်လာပါတယ်။ ရဲတွေလဲခေါင်းစားတာပေါ့ ပထမအမှုကို စုံစမ်းတုန်းရှိသေး နောက်တခါ ဒီလို ရက်စက်လှတဲ့ လူသတ်မှုတွေ ဆက်တိုက်ကို ဖြစ်လာပါတယ်
ဒီလူသတ်မှုတွေရဲ့နောက်ကွယ်မှာ ဘယ်သူရှိမလဲ။ Theeranရောဒီအမှုကို ဖြေရှင်းနိုင်မှာလားဆိုတာကိုတော့ ဒီဇာတ်ကားလေးမှာ ပဲဆက်လက်ကြည့်ရူအားပေးလိုက်ကြပါဦးခင်ဗျာ
#crd
#storymode
ဇွဲကပင်တောင် တောမီးလောင်ကျွမ်းမှု ထိန်းချုပ်နိုင်ပြီဖြစ်
**********************
(ပြည်တွင်း) မတ်လ ၂၆
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ဇွဲကပင်တောင်မှာ မတ်လ ၂၃ ရက် ညနေပိုင်းကစတင်ကာ တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မတ်လ ၂၅ ရက်မှာ မီးလောင်မှုအခြေအနေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ကရင်ပြည်နယ်၊ ဘားအံခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
အဆိုပါတောမီးဟာ မတ်လ ၂၃ ရက်မှာ ဇွဲကပင်တောင်အနောက်ဘက်ရှိ လုမ္ဗိနီဥယျာဉ်ဘက်မှ နေ့လယ် ၁၂ နာရီခန့်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ညနေ ၆ နာရီနောက်ပိုင်း မှာ ပိုမိုလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
တောမီးလောင်က ဘားအံမြို့နယ်၊ တော်ပုံကျေးရွာ၊ ဒန့်သလွန်ဘုန်းကြီးကျောင်း အနောက်ဘက်နဲ့ ဇွဲကပင်ဟိုတယ် အနောက်ဘက် နှစ်နေရာမှာ ဇွဲကပင်တောင်ခြေမှ အမြင့်ပေ ၅၀၀ ခန့်အထိ လောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ယခုအကြိမ်တောမီးလောင်ကျွမ်းမှုက ယခင်နှစ်တွေကထက် ပိုမိုများပြားခဲ့ပါတယ်။ ဇွဲကပင်တောင်ရဲ့ ပေ ၂၀၀ အထက်ကနေကျလာတဲ့ မီးဆွယ်မီးပွားတွေဟာ တောင်ခြေမှာရှိတဲ့ ဟိုတယ်၊ တည်းခိုခန်းတွေနဲ့ ရာဘာခြံတွေကို မီးမကူးစက်စေရန် ဘားအံမြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ အရပ်ဘက်ပရဟိတ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့တို့ ပူးပေါင်းပြီး ငြှိမ်းသတ်ခဲ့ရကြောင်း ဘားအံခရိုင်၊ မီးသတ်ဦးစီးဌာနမှသိရပါတယ်။