Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ချစ်ရသူနဲ့အတူ ရွှေတိဂုံစေတီမှာ ဘုရားဖူးခဲ့ကြတဲ့ ဝိုင်းစုခိုင်သိန်းတို့စုံတွဲ 🥰
သရုပ်ဆောင် နှင့် အဆိုတော် ဝိုင်းစုခိုင်သိန်းက ချစ်သူနဲ့အတူတူ ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြော်ခဲ့တာပါ။ ကောလဟာလတွေကြားက လက်တွဲမဖြုတ်ဘဲ ခိုင်မြဲစွာတွဲထားခဲ့ကြတဲ့ လက်တွေပါ။ ချစ်သူနဲ့အတူအလုပ်တွေကြိုးစားပြီး ဘန်ကောက်က ကွန်ဒိုတစ်လုံးကိုလည်း ဝယ်ယူခဲ့ကြပါသေးတယ်။
မန်းမြို့ရောက်လျှင် ကျွန်တော့်အတွက်
စိတ်အချမ်းသာဆုံးကား ထမင်းစားခြင်း
ကိစ္စဖြစ်သည်။ ကျွန်တော်ကား ဆန်နု၊
ဆန်စေးများကို မကြိုက်။ အီလည်လည်နိုင်သည်
ဟုထင်သည်။ ငစိန်ဆန်ကဲ့သို့ ဖွယ်တယ်တယ် ကြမ်းတမ်းတမ်းတွေကိုသာ စားတတ်သည်။ မန္တလေးမှ ရွှေဘိုခွန်နီသည်ကား ကျွန်တော့်အတွက် လျှာရင်းမြက်စေ ပါ၏။ ငါးသန်သေးနုပ် ရေလုံပြုတ်ကို တစ်လုတ်ကယ်ဝဝ စားလိုက်ရလျှင်... ဟု ဦးပုညက ရေသည်ပြဇာတ်တွင် အမွှမ်းတင်ထားသကဲ့သို့ မန္တလေးမှ ငါးသန်အိုးကပ် ချက်ကိုလည်း ကျွန်တော် မြိန်မြိန်ရှက်ရှက် စားလိုပေသည်။ သို့သော် ကျွန်တော် အလွန်ကြိုက်သော ငါးပူတင်းကိုကား ရန်ကုန်ရှိ ကိုယ့်ရေခဲသေတ္တာတွင် စုဆောင်းထား နိုင်မှသာ စားရသည်။ ဘယ်နေရာမှာမှ မစားရ၊ ချက်လည်း မကျွေးကြ၊ ငါးပူတင်း စားလျှင် သေတတ်သည်ဟူသော အစွဲက ရှိနေသောကြောင့် ဖြစ်၏။ မှန်ပါသည်။ သည်းခြေနှင့် ဥတို့ စားမိလျှင် သေတတ်၏။ ကျန်သည့် အသားချည်းစား၍တော့ ဘာမှမဖြစ်ပါ။ အလယ်ကျောရိုးမှအပ အခြားအရိုးမပါ ဗလာနတ္ထိ၊ အရသာ ဆိမ့်အီ လှပြီး ငါးတကာ ငါးတွင် ပြိုင်စံရှားသောငါးဟု ဆိုချင်သည်။ ငါးပူတင်းစား၍ သေရမည်ဆိုလျှင် ကျွန်တော် အကြိမ်ကြိမ် သေခဲ့ပြီးဖြစ်ပါလိမ့်မည်။ မန္တလေး၌ကား ငါးပူတင်းမှလွဲ၍ အစားမျိုးစုံ စားရ၏။ မန္တလေးသည်ကား အထက်မြန်မာပြည်၏ အချက်အချာ ဗဟိုကုန်စည် ဖြန့်ဖြူးရာဌာနကြီး ဖြစ်ပေရာ အမျိုးမျိုးသော အစားအစာ တို့ ရရှိလက်ခံနိုင်စွမ်း ရှိပေ၏။
❝
လူငယ်အရွယ်မှာ စာဖတ်ရတာဟာ
လမင်းကို ထရံပေါက်ကြား
နံရံအက်ကြားက
ချောင်းကြည့်ရတာနဲ့တူတယ်။
လူငယ်ဆိုတော့
အတွေ့အကြုံ မရင့်သန်သေးဘူး။
အတွေးအခေါ် မလေးနက်သေးဘူး။
ဒါကြောင့်မို့ ရိုးတိုး ရိပ်တိတ်ပဲ
မြင်လိုက်ရတယ်။ လူလတ်ပိုင်းအရွယ်မှာ
စာဖတ်ရတာဟာ လမင်း ကို
အိမ်ရှေ့တလင်းပြင်က ရပ်ကြည့်ရတာနဲ့
တူတယ်။ ကိုယ့်ပတ်ဝန်းကျင်ကို မြင်နိုင်ပြီ။
လရောင် ဘယ်လောက်လင်းသလဲ။
ပတ်ဝန်းကျင်မှာ လရောင်ဖြာပုံဟာ
ဘယ်လိုအနေအထားရှိသလဲဆိုတာ
အကဲခတ်ခွင့်ရပြီ။ လူကြီးပိုင်းမှာ
စာဖတ်ရတော့ လမင်းကို
လသာဆောင် ဝရန်တာပေါ်က
တက်ကြည့်ရတာနဲ့ တူတယ်။
ကိုယ့်နောက်မှာ အတွေ့အကြုံတွေ
အများကြီး ကျန်ရစ်ခဲ့ပြီ။
ပတ်ဝန်းကျင်ကို ခြုံငုံသုံးသပ်နိုင်ပြီ ❞
× × × × × × × × × ×
▪️မြသန်းတင့်▪️
▫️လမင်းကိုထရံပေါက်မှကြည့်ခြင်း▫️
ဘယ်လောက်ပဲ ထက်မြက်နေပါစေဦး
နားထောင်ပေးတဲ့ နားတစ်စုံ ရှိနေမှ
ဘဝက သက်တောင့်သက်သာ ပိုရှိလာတယ်။
သိလား ဒီနေ့ ဒီမှာမိုးတွေ ရွာနေတယ်
ညနေ 7 နာရီမှ ဒီမှာ နေဝင်တယ်
ဘာတွေ ဖြစ်နေလဲ သိလား
စသဖြင့် နေ့တိုင်း ပြောစရာကို မကုန်နိုင်ဘူး။
ရီစရာ ဟာသတွေကိုလည်း
သူနဲ့ပြန်ပြောပြီး ရီနိုင်တယ်။
အဆင်မပြေတဲ့အကြောင်းအရာတွေကိုလည်း
သေးသေးလေးကအစ ဘယ်သူက မျက်လုံးနဲ့
ဘယ်လိုဝေ့လိုက်လဲ ဆိုတာအဆုံး
မျက်လုံးထဲ မြင်အောင် သေချာပြောပြတယ်။
သူကလည်း ကိုယ်ပြောတာတွေကို
သေချာ အာရုံစိုက်ပြီး
နားထောင်ပေးတယ်၊ အကြံဉာဏ်ပေးတယ်။
ဘဝမှာ နားထောင်ပေးတတ်တဲ့
နားတစ်စုံရှိနေတာ ကံကောင်းခြင်းပါပဲ။
နေ့တိုင်း ဆားရည်နဲ့ ပလုတ်ကျင်းပါ
ကျွန်တော်တို့ လည်ချောင်းနာတာ၊ သွားဖုံးသွေးထွက်တာတွေ ခံစားရတဲ့အခါ ဆားရည်နဲ့ ပလုတ်ကျင်းဖို့ မကြာခဏ အကြံပေးခံရမယ်ထင်ပါတယ်။ ဒီနည်းက ဈေးလည်းမကြီး၊ လွယ်လည်းလွယ်ကူတဲ့အပြင် အိမ်မှာ လုပ်လို့ရတဲ့ နည်းလမ်းလည်းဖြစ်ပါတယ်။ ဘယ်လိုဆိုကျိုးမှ မရှိတာကလည်း အဲဒါရဲ့အားသာချက်ပါပဲ။ ကျန်းမာရေးပြဿနာအသေးအမွှားတွေကို ကုသတဲ့နေရာမှာ ကူညီပေးနိုင်တဲ့ ဆားရည်နဲ့ ပလုတ်ကျင်းတာကို အကြံပြုထားတဲ့ သုတေသနပြုချက်တွေရှိပါတယ်။ ဒါကြောင့် နေ့တိုင်း ဆားရည်နဲ့ ပလုတ်ကျင်းတာရဲ့ အကျိုးကျေးဇူးတချို့ကို သိရှိစေဖို့အတွက် ပြောပြပေးလိုက်ရပါတယ်။
၁ ။ pH ပမာဏကို ထိန်းညှိပေးခြင်း
ဆားရည်နဲ့ပလုတ်ကျင်းတာဟာ ဘတ်တီးရီးယားက ထုတ်လွှတ်လိုက်တဲ့ လည်ချောင်းမှာ ရှိတဲ့အက်ဆစ်တွေကို လျော့ပါးစေဖို့ ကူညီပေးပါတယ်။ ခံတွင်းမှာ မလိုအပ်တဲ့ဘတ်တီးရီးယားတွေ ကြီးထွားမလာအောင် ကာကွယ်ပေးတဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ pH ပမာဏကို ထိန်းညှိပေးပါတယ်။
၂ ။ နှာပိတ်ခြင်းကို ဖယ်ရှားပေးခြင်း
ဆားရည်နဲ့ ပလုတ်ကျင်းတာကလည်း အသက်ရှုလမ်းကြောင်းနဲ့ နှာခေါင်းပေါက်တွေမှာ ဖြစ်တတ်တဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးပါတယ်။ ဒါက နီမြန်းခြင်းတွေကို လျော့ချပေးသလို လည်ချောင်းနာကျင်မှုကို ပြေလျော့စေပါတယ်။ ဒါတင်မကသေးပါဘူး။ နှာပိတ်တာတွေ ဖြစ်လာစေတဲ့ ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကိုလည်း ဖယ်ထုတ်ပေးပါတယ်။
၃ ။ အာသီးရောင်ခြင်းကို သက်သာစေခြင်း
ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်ကူးစက်တာတွေကြောင့် အာသီးရောင်ခြင်းတွေ အဖြစ်များကြပါတယ်။ အာသီးရောင်တာက အစားအစာ မျိုချတဲ့အခါမှာ တော်တော်လေး နာကျင်ပါတယ်။ ဆားရည်နဲ့ ပလုတ်ကျင်းမယ်ဆိုရင် နာကျင်တာတွေကို ပြေလျော့စေသလို အဲဒီလိုဖြစ်တာကို ဖယ်ရှားပေးနိုင်ပါတယ်။
၄ ။ ခံတွင်းအနံ့ဆိုးတွေကို ဖယ်ရှားပေးခြင်း
ခံတွင်းအနံ့ဆိုးကြောင့် စိတ်ညစ်နေတယ်ဆိုရင် ဆားရည်နဲ့ ပလုတ်ကျင်းတာက အဲဒါကို ဖယ်ရှားပေးဖို့အတွက် ထိရောက်တဲ့နည်းတစ်နည်းဖြစ်နိုင်ပါတယ်။ အနံ့ဆိုးတွေ ဖြစ်လာစေတဲ့ ခံတွင်းအတွင်းက ဘတ်တီးရီးယားတွေကို ဖယ်ထုတ်ပေးနိုင်ပါတယ်။
၅ ။ သွားနာခြင်းနဲ့ သွားဖုံးသွေးထွက်ခြင်းတွေကို သက်သာစေခြင်း
ဒီနည်းလမ်းက သွားဖုံးရောင်တာ၊ သွေးထွက်တာတွေကို သက်သာစေပါတယ်။ သွားဖုံးရောင်တာ၊ သွေးထွက်တာတွေက ဘတ်တီးရီးယားကြောင့် ဖြစ်လာတဲ့ သွားဖုံးရောဂါရဲ့ ပထမဆုံးလက္ခဏာရပ်ဖြစ်ပါတယ်။ ဆားရည်နဲ့ ပလုတ်ကျင်းလိုက်မယ်ဆိုရင် ရောင်ရမ်းတာကို လျော့နည်းစေပြီး ဘတ်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ်။ သွားနာတဲ့သူတွေအတွက်လည်း အဆင်ပြေတဲ့နည်းဖြစ်ပါတယ်။
၆ ။ ပါးစပ်အပူကန်ခြင်းကို ကုသပေးခြင်း
ပါးစပ်အပူကန်ခြင်းထက် ပိုပြီး နာကျင်တာ မရှိတော့ပါဘူး။ အစားအစာဖို့ ခက်ခဲသလို ရေသောက်ရင်တောင် နာကျင်ရပါတယ်။ ဆားရည်က နာကျင်တာတွေကို ပြေလျော့စေနိုင်တဲ့အပြင် ပျောက်ကင်းအောင်လည်း ကုသပေးနိုင်ပါတယ်။
(ဆားရည်နဲ့ ဘယ်လို ပလုတ်ကျင်းမလဲ)
- ရေနွေးနွေးလေး တစ်ခွက်ထဲကို ဆား (လက်ဖက်ရည်ဇွန်း တစ်ဝက်) ကိုထည့်လိုက်ပြီး လုံးဝ ပျော်ဝင်သွားတဲ့အထိ မွှေလိုက်ပါ
- ဆားရည်ကို ပါးစပ်ထဲ ငုံထားလိုက်ပါ
- ခေါင်းကို မော့ချလိုက်ပြီး စက္ကန့် (၃၀) လောက် လည်ချောင်းမှာ ဆားရည်ကို ပလုတ်ကျင်းလိုက်ပါ။ အဲဒီနောက် ထွေးထုတ်လိုက်ပါ။
- ခွက်တစ်ခွက်လုံး ကုန်တဲ့အထိ အဲဒီနည်းကို လုပ်ဆောင်လိုက်ပါ။