Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရိုမန့်တစ်ချိုချိုလေးတွေနဲ့ ကြည်နူးချင်တဲ့သူတွေကို တရုတ်အချစ်ကားလေးတစ်ကားကို ဒီနေ့အတွက် ညွှန်းပေးချင်ပါတယ်။
15 နှစ်တာလုံး မိန်းကလေးတစ်ယောက်တည်းကိုပဲ နှစ်နှစ်ကာကာ ချစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်းကို အဓိက ဇာတ်အိမ်တည်ထားတဲ့
My Love ဆိုတဲ့ တရုတ်အချစ်ကားလေးပဲဖြစ်ပါတယ်။
အထက်တန်းကျောင်းသားဘ၀မှာ စာကလွဲပြီး အကုန်စိတ်၀င်စားတဲ့ ကျိုးရှောင်ချီ။ သူအတွက် ရန်ဖြစ်ရတာလည်း ပျော်စရာလိုဖြစ်နေပြီး ရုံးခန်းဆိုတာကလည်း
အစိမ်းသက်သက်နေရာ မဟုတ်တော့ပါဘူး။တစ်နေ့ သူတို့ကျောင်းကို ယိုယုံစစ် လို့ခေါ်တဲ့ အထက်တန်းကျောင်းသူလေး ကျောင်းပြောင်းလာခဲ့ပါတယ်။ ကျိုးရှောင်ချီလည်း
မြင်မြင်ချင်း သဘောကျသွားခဲ့ပါတယ်။သူတင်မက တစ်ကျောင်းလုံးက ကောင်လေးတွေလည်း ချစ်စရာကောင်းတဲ့ ယိုယုံစစ်ကို သဘောကျနေကြတာပေါ့။
ကျိုးရှောင်ချီက ယိုယုံစစ်ကိုစတွေ့တဲ့နေ့ကတည်းက သူနဲ့အတူနေဖို့ပဲ တစ်ချိန်လုံး စဉ်းစားနေတော့တာပါပဲ။ ကျိုးရှောင်ချီက ယိုယုံစစ်နောက်ကို တကောက်ကောက်
လိုက်နေတော့ သိပ်မကြာမှာပဲ ခင်မင်ပြီး သူငယ်ချင်းတွေဖြစ်သွားပါတယ်။ အချစ်ကံခေစွာနဲ့ပဲ သိပ်မကြာခင် ယိုယုံစစ်ဟာ အခြားမြို့ကို ရုတ်တရက်ပြောင်းသွားခဲ့ရပါတယ်။
ကျိုးရှောင်ချီလည်း သူချစ်ရတဲ့ ကောင်မလေးမရှိတော့လို့ စိတ်ဓာတ်ကျနေခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာတော့ ယိုယုံစစ်က အနုပညာ တက္ကသိုလ်တက်နေတာကို
သိသွားပါတယ်။ အထက်တန်းမပြီးသေးတဲ့ ကျိုးရှောင်ချီကတော့ အဲနေ့ကတည်းက အနုပညာတက္ကသိုလ်တက်ရဖို့အရေး စာမှ စာဖြစ်သွားပါတယ်။ ဒီလိုနဲ့ တက္ကုသိုလ်မှာ
ထပ်တွေ့ကြပေမယ့် ယိုယုံစစ်မှာ ကောင်လေးရှိနေပါပြီ။ ယိုယုံစစ်ရဲ့ ချစ်သူဟာ အခြားကောင်မလေးတွေနဲ့ရှုပ်နေတာကို ကျိုးရှောင်ချီကပြောပြရင်း သူတို့နှစ်ယောက်
စကားများခဲ့ကြပါတယ်။ အဲဒီနောက်တော့ သူတို့တွေ ထပ်မတွေ့ကြတော့ပါဘူး။ ကျိုးရှောင်ချီကတော့ ယိုယုံစစ်ကို တစ်ရက်မှ မေ့မရပါဘူး။ နောက် ဘွဲ့ရပြီးကြတော့
ကျိုးရှောင်ချီတစ်ယောက် ယိုယုံစစ်ကို ရိုက်ကွင်းတစ်ခုမှာ ထပ်တွေ့ပြန်ပါတယ်။
ဒီတစ်ခါမှာတော့ သူတို့နှစ်ယောက် ဆက်ဆံရေးက အရင်လိုပြန်ဖြစ်လာမှာလား...
ကျိုးရှောင်ချီ အမြဲတမ်း စိတ်ကူးယဉ်နေမိသလို ယိုယုံစစ်နဲ့ တသက်လုံး နေနိုင်မလားဆိုတာ...
2012 ကထွက်ထားတဲ့ အထက်တန်းကျောင်းသားအချစ်ရုပ်ရှင်ကို မိတ်ဆက်ပေးချင်ပါတယ်။ ကျောင်းသားဇာတ်ကားဆိုပေမယ့် ၀တ္ထုရေးဆရာ ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ဖန်တီးရိုက်ကူးထားတဲ့အတွက် တင်ဆက်ပုံကွာခြားတဲ့အတွက် တကယ်ကြည့်လို့ကောင်းမယ့်ရုပ်ရှင်ကား ဆိုတာ အာမခံပါတယ်။
ဇာတ်လမ်းအကျဉ်း
အထက်တန်း ပထမနှစ်ကျောင်းသား Charlie ၊ သူဟာ သူငယ်ချင်းမရှိ-ကိုယ်ပျောက်လူသားလို အတန်းထဲမှာ အရှုံးသမားတစ်ယောက်ပါ။ တကယ်က သူ့ရဲ့ စိတ်ရောဂါကြောင့်ပဲ ကိုယ့်ကိုကိုယ် ယုံကြည်မဲ့နေပြီး ရုန်းကန်နေရတဲ့သူပါ။ ရည်းစားလည်းမထားဖူးသလို First Kiss လည်းမပေးဖူးသေးတဲ့ လူရိုးလည်း တစ်ယောက်ဖြစ်ပါတယ်။ နောက်တော့ ကျောင်းဘောလုံးပွဲတစ်ခုမှာ Patrick ဆိုတဲ့ သူငယ်ချင်းတစ်ယောက် စရလာပြီး Sam ဆိုတဲ့ ကောင်မလေးနဲ့ပါ ခင်မင်သွားခဲ့ပါတယ်။ Sam နှင့် Patrick က အဖေတူအမေကွဲ တွေဖြစ်ပါတယ်။ Charlie ကတော့ Sam ကို သဘောကျပေမယ့် သူကိုယ်သူတောင် ယုံကြည်မှုမရှိတာမလို့ ဖွင့်ပြောဖို့ဆိုတာ ဝေးလွန်းလှပါတယ်။ ဒါပေမဲ့ Sam နှင့် Patrick တို့နဲ့ သူငယ်ချင်းဖြစ်သွားတဲ့နေ့ကတည်းက Charlie တစ်ယောက် စပြီး ပျော်ရွှင်လာခဲ့ပါတယ်။ ဒီလိုနဲ့ Charlie လည်း ပုံမှန်လူတစ်ယောက်လိုပဲ ဖြစ်လာပြီး သူ့ရောဂါကလည်း သက်သာလာပါတယ်။ Charlie က Sam ကိုဖွင့်ပြောဖို့ကြောက်နေတုန်းမှာပဲ Samက အခြားတစ်ယောက်နဲ့တွဲသွားပါတယ်။ Charlie ကတော့ လက်မလျော့ပဲ Sam ပျော်ဖို့အတွက် ကျောင်းစာလုပ်တာအစ ကူညီပေးပါတယ်။ Charlie ကလည်း Sam သူငယ်ချင်း Mary နဲ့တွဲဖြစ်သွားပါတယ်။ Charlie က သဘောမကျပေမယ့် ငြင်းရမှာ အားနာလို့ တွဲလိုက်တာဖြစ်ပါတယ်။
ဒီလိုနဲ့ နီးရက်နဲ့ဝေးနေတဲ့ Charlie နှင့် Sam တို့ရဲ့ အချစ်ရေးက ဘယ်လိုဆက်ဖြစ်မလဲ...
Charlie က Sam ကို ဖွင့်ပြောရဲပါ့မလား ...
Sam ကရော Charlie ရဲ့ အချစ်တွေကို လက်ခံပါ့မလား ...
သဘောကျနေတာကို ဖွင့်မပြောရဲတဲ့ ဘရိုတို့လည်း ကြည့်သင့်ပြီး ဇာတ်ကားက အေးအေးလေးနဲ့ဇာတ်လမ်းထဲ မျောသွားအောင် ဆွဲဆောင်နိုင်တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ ဒါကြောင့် "The Perks of Being a Wallflower" ဆိုတဲ့ အချစ်ကားလေးကို ဒီနေ့အတွက် ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ။
Round Lab 1025 Dokdo Cleanser🍁
Sensitive skin တွေရဲ့ community မှာ အရမ်းနာမည်ကြီးပြီး လူကြိုက်များတဲ့ Dokdo cleanser လေးပါ။ Round Lab မှာ Dokdo toner ပြီးရင် ဒီ cleanser လေးက နာမည်အရဆုံးပဲ။ Nyi လဲ အရမ်းစိတ်ဝင်စားပြီး ဝယ် try ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့အမြင်မှာကိုက very simple, clean & gentle ဖြစ်နေပြီလို့ Nyi ထင်တယ်။ ပါဝင်ပစ္စည်းတွေကလဲ Nyi တို့တွေ့နေ မြင်နေကျ skin loving ingredients တွေပါပဲ။ Coconut derived surfactant ကို သုံးထားတဲ့အကြောင်း အသိပေးချင်တယ်။ Coconut derived surfactant က gentle cleanser တွေမှာ အသုံးများပြီး သူပါတဲ့မျက်နှာသစ်တွေက အုန်းသီးအနံ့လေးသင်းပါတယ်။ Cleansing အားလဲကောင်းပြီး skin အတွက်လဲ safe ဖြစ်တာကြောင့် နာမည်ကြီးတဲ့ surfactant ပါ။ ဒီ cleanser မှာတော့ စသုံးမယ်ဆိုတာနဲ့ သန့်စင်တဲ့အုန်းဆီနံ့လေးက မွှေးနေရော။ အမြုပ်ထွက်အားလဲ သိပ်ကောင်းတယ် creamy foam လိုမျိုး fluffy & dense ဖြစ်ပါတယ်။ မျက်နှာပေါ်မှာ ပွတ်နေရတာကိုက သဘောကျဖို့ကောင်းတယ်။ အားနည်းချက်လို့ ပြောရမလား? ဒီမျက်နှာသစ်ရဲ့ ဒွိဟဖြစ်နိုင်တဲ့ တခုတည်းသောအချက်ဆိုရင် ရေဆေးချတဲ့အခါ မျက်နှာက အစိုဓာတ်ထိန်းသလိုလေး ကျန်ခဲ့တာပါပဲ။ ချွဲကျန်နေတာမျိုး ဂျေးမပြောင်းသလိုမျိုးတော့ မဆိုးဘူး။ Deep cleansing က ဖြစ်တယ် ဒါပေမဲ့ တချို့မျက်နှာသစ်တွေလို သုံးပြီးတဲ့အခါ မျက်နှာက ပြောင်ရှင်းထွက်မသွားဘူး။ Nyi ပြောချင်တာကို သဘောပေါက်မယ်လို့ ထင်ပါတယ်။ Skin barrier ကျန်းမာရေးအတွက် အရမ်းကောင်းလို့ top cleanser for skin barrier လို့ ဆိုပါရစေ။ မနက်ညလဲ သုံးနိုင်တယ်။ Barrier ထိနေပါစေ၊ ဝက်ခြံအဆီဖုထွက်နေပါစေ၊ မျက်နှာဆေးခန်းပြနေပါစေ Dry skin လား? Combination, Normal, Oily skin လား? ဘယ်သူမဆို သုံးနိုင်လို့ The most versatile cleanser ပါပဲခင်ဗျာ။
#crd
#skincarereview
Bridesmaid လေးတွေဖြစ်ခဲ့ကြတဲ့ မေတိုးခိုင်တို့ တူအရီး နှစ်ယောက် 🥰🥰🥰
သူမတို့ တူအရီးတွေဖြစ်ကြတဲ့ မေတိုးခိုင်နဲ့ ပြေသုဒြာကတော့ သစ္စာမြင့်မိုရ်ရဲ့ မင်္ဂလာပွဲလေးမှာ Bridesmaid လေးတွေအဖြစ်ပါဝင်ပေးခဲ့ကြတာပါ။ အဆိုပါပွဲမှာ သားလေးဖိုးဓီကလည်း ပါဝင်ခဲ့ပါသေးတယ်။ ချစ်စရာကောင်းလွန်းလှတဲ့ တူအရီးနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
#crd
#celenews
Recent government cuts have raised questions about whether Pres. Trump's administration will aim to dismantle and privatize the National Weather Service.
https://abcnews.go.com/US/priv....atize-national-weath
“ မင်းဘ၀မှာ ပျော်ရွှင်ခဲ့ဖူးလား ”
“ မင်းကြောင့် အခြားသူတွေရော ပျော်ရွှင်ဖူးလား “
ဒီလိုပဲ ဒီဇာတ်ကားထဲမှာဆိုရင်လည်း ပိုက်ဆံသန်းပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ အတ်ဝေါ့ နှင့် သာမာန်မိသားစုက ကတ်တာ တို့က ဆေးရုံတစ်ခုကို တစ်ခန်းထဲ သွားစုံကြတယ်။သူတို့ နှစ်ယောက်လုံးက ကင်ဆာ ရောဂါရှိနေကြတာပါ။ဒါပေမယ့် အဲ့တာကိုမသိခင်အထိ ဆေးရုံမှာ တစ်ခန်းထဲ အတူ နေကြရင်း ခင်သွားကြပါတယ်။ဒီလိုနဲ့ ဆေးစစ်ချက်တွေထွက်တော့ သူတို့တွေ ခြောက်လ တစ်နှစ်ပဲ နေရတော့မယ်ဆိုတာ သိလိုက်ရတော့ သူတို့တွေ ဆေးရုံမှာပဲ အကုန်ခံမနေပဲ သူတို့ မသေခင်မှာ ဖြစ်ချင်တဲ့ အရာလေးတွေကို စာရွက်တစ်ခုမှာ ချရေးပြီးတော့ တစ်ခုချင်းကို နှစ်ယောက်သား လိုက်လုပ်ပါတော့တယ်။ဇာတ်အိမ်ကတော့ သူတို့ ဒီလိုဖြစ်ချင်တာတွေ လိုက်လုပ်တာကို ဇာတ်အိမ်တည်ထားပါတယ်။
သူတို့ အီဂျစ် ပီရိမစ်ထိပ်မှာ စကားပြောနေကြတုန်း ကတ်တာက ခုလိုပြောတယ်
"ရှေးခေတ်အီဂျစ်တွေမှာ သေခြင်းနဲ့ ပတ်သတ်ပြီးတော့ သိပ်ကောင်းတဲ့ အယူရှိတယ် ”
“သူတို့ ဝိညာဉ်တွေကောင်းကင်ဘုံကို ရောက်သွားချိန်မှာ ဘုရားသခင်က သူတို့ကို မေးခွန်းနှစ်ခုမေးတယ်
ကောင်းကင်ကို ၀င်ခွင့်ရမရ အဆုံးအဖြတ်ပေးတဲ့ မေးခွန်းတွေပေါ့"တဲ့
အတ်ဝေါ့က ပြန်မေးတယ် "အဲ့နှစ်ခုကဘာလဲ"
ကတ်တာက "မင်းဘ၀မှာ ပျော်ရွှင်ခဲ့ရဖူးလား"တဲ့ ပြီးတော့
"မင်းကြောင့် လူတွေပျော်ဖူးလား" တဲ့။
ကတ်တာ မေးလိုက်တဲ့မေးခွန်းနှစ်ခုက ရိုးရိုးလေးနဲ့ ဖြေရခက်တဲ့ မေးခွန်းတွေပေါ့။
ပြီးတော့ သူတို့ နှစ်ယောက်လုပ်ချင်တဲ့ စရင်းထဲက ကမ္ဘာပေါ်က အလှဆုံး ကောင်မလေးကို နမ်းမယ်ဆိုတဲ့ အရာကို အတ်ဝေါ့က သူ့မြေးလေးကို နမ်းပြီး ဖြည့်စည်းနိုင်ခဲ့သလို ကတ်တာရဲ့ ငါရယ်နိုင်သလောက်ထိ ရယ်မယ်ဆိုတာကို သူ့ရဲ့ နောက်ဆုံးအချိန်မှာ အတ်ဝေါ့နဲ့ ရယ်ခဲ့တာလေးက ဒီဇာတ်ကားရဲ့ မေ့မရတဲ့ အခန်းတွေထဲက တစ်ချို့ပေါ့ဗျာ။ကျန်တဲ့သူတို့လုပ်မယ့်အရာလေးတွေကတော့ ဇာတ်ကားလေးကိုကြည့်ရင်း ခံစားကြည့်လိုက်ပေါ့ဗျာ။
အပြင်မှာလည်း "တစ်ချို့လူတွေ ပျော်ရွင်မှုဆိုတာကိုတောင်မသိတော့ပဲ အလုပ်ပဲ လုပ်နေကြတာတွေကို ကိုယ်သာ မနက်ဖြန်သေသွားမယ်ဆိုရင် ဆက်လုပ်အုန်းမှာလား" ဆိုတဲ့ ပုံစံမျိုးကို မီးမောင်းထိုးပြနေတဲ့ ဇာတ်ကားမျိုးလို့လည်းပြောလို့ရပါတယ်။
ဇာတ်ကားကိုကြည့်ရင်း ကိုယ့်အတွေးကိုပါ ပြောင်းလဲပစ်နိုင်တဲ့ အဓိပ္ပာယ်ရှိလွန်းနဲ့ စကားလုံးတွေအများကြီးပါပါတယ်။
ဒါကြောင့် မကြာခင် သေတော့မယ့် လူအိုနှစ်ယောက်ရဲ့ ဘယ်လိုအရာတွေလုပ်ရင်း ပျော်ရွှင်အောင်နေထိုင်သွားကြမလဲဆိုတာကို ကြည့်ရင်း ကိုယ့်ရဲ့ အတွေးတွေကိုလည်း ပြောင်းလဲနိုင်တဲ့အတွက် The Bucket List ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ။