41 w - Translate

Minimalist Tattoo Ideas 🖤💫

image
41 w - Translate

Minimalist Tattoo Ideas 🖤💫

image
41 w - Translate

Minimalist Tattoo Ideas 🖤💫

image
41 w - Translate

Minimalist Tattoo Ideas 🖤💫

image
41 w - Translate

Minimalist Tattoo Ideas 🖤💫

image
41 w - Translate

Minimalist Tattoo Ideas 🖤💫

image
41 w - Translate

Minimalist Tattoo Ideas 🖤💫

imageimage
+7
41 w - Translate

အိန္ဒိယနိုင်ငံ၊ ရှေးဟောင်းသုတေသနဌာန(ASI) အဖွဲ့မှ ပြုပြင်ထိန်းသိမ်းခဲ့သည့် ရှေးဟောင်းအ ဆောက်အအုံ(၁၁)ဆူ၏ လုပ်ငန်းများပြီးစီး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ပုဂံရှေး ဟောင်းယဥ်ကျေးမှုနယ်မြေ၌ အိန္ဒိယနိုင်ငံ၊ ရှေး ဟောင်းသုတေသနဌာန(ASI)အဖွဲ့မှ ပြုပြင်ထိန်းသိမ်းခဲ့သည့် စီမံကိန်းပထမအဆင့် ရှေးဟောင်းအဆောက်အအုံ(၁၁)ဆူ၏ လုပ်ငန်း(၂၂)ခုမှာပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြီးစီးသွားခဲ့သဖြင့် လွှဲပြောင်းပေးအပ်ကို ဒီဇင်ဘာ ၁၃ ရက်နေ့လည် ၃ နာရီက ပုဂံရှေး ဟောင်းယဥ်ကျေးမှုနယ်မြေရှိ ရွာဟောင်းကြီးဘုရား၌ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Sh.Abhay Thakur နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့မှ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုမှတ် တမ်းကျောက်စာအား ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် ရှေးဟောင်းအဆောက်အအုံ(၁၁)ဆူ၏ အဆောက်အအုံပိုင်းဆိုင်ရာနှင့် နံရံဆေးရေးပန်းချီ၊ အင်္ဂတေပန်း၊ အနုလက်ရာပိုင်းဆိုင်ရာများ ပြုပြင်ထိန်းသိမ်းမှုမှတ်တမ်းဓာတ်ပုံများ၊ ASI မှ ပြုပြင်ထိန်းသိမ်းပြီးစီးခဲ့သည့် နတ်လျောင် ကျောင်းနှင့် သိကြားပုန်းဘုရားများကို ကြည့်ရှုခဲ့ကြသည်။

ပုဂံဒေသရှိ ငလျင်ဒဏ်သင့်ရှေးဟောင်းအ ဆောက်အအုံ(၇၂)ဆူ လုပ်ငန်း(၈၉)ခုအား ပြု ပြင်ထိန်းသိမ်းရေးအစီအစဉ်ကို မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နားလည်မှုသဝဏ်လွှာ(MOU)ကို ၂၀၁၈ ခုနှစ်တွင်ရေထိုးခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ၊ ရှေးဟောင်းသုတေသနဌာန(ASI)အဖွဲ့မှ ပြုပြင်ထိန်းသိမ်းမှုများကိုဆောင်ရွက်ခဲ့ကြသည်။

ပြုပြင်ထိန်းသိမ်းရာ၌ Phase-1, Phase-2, Phase-3 (၃)ပိုင်းခွဲ၍ (၁၀)နှစ်စီမံကိန်းဖြင့် အ ဆောက်အအုံပိုင်းနှင့် အနုလက်ရာပိုင်းထိန်း သိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းစဥ်များချမှတ်ပြီးနောက် ၂၀၂၀ ပြည့်နှစ်မှ စတင် ၍ Phase-1 အဖြစ် ရှေးဟောင်းအဆောက်အအုံ (၁၂)ဆူ၏ အဆောက်အအုံပိုင်းဆိုင်ရာပြုပြင်ထိန်းသိမ်းခြင်း၊ နံရံပန်းချီနှင့် အင်္ဂတေပန်းကြံ့ခိုင် ထိန်းသိမ်းခြင်းများကို အိန္ဒိနိုင်ငံအစိုးရအကူအညီဖြင့် အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာနမှ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ခဲ့သဖြင့် ရှေးဟောင်းအ ဆောက်အအုံ(၁၁)ဆူ၏ (လုပ်ငန်း ၂၂ ခု)မှာ ပြု ပြင်ထိန်းသိမ်းမှုများ ရာနှုန်းပြည့်ပြီးစီးခဲ့ကာ ကျန်ရှိသည့် ရှေးဟောင်းအဆောက်အအုံ(၁)ဆူအား ဆက်လက်ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်လျက်ရှိသည်။

ထို့ပြင် Phase-2 တွင် ရှေးဟောင်းအဆောက်အအုံပေါင်း(၂၇)ဆူ (လုပ်ငန်း ၃၂ ခု)နှင့် Phase-3 တွင် ရှေးဟောင်းအဆောက်အအုံပေါင်း (၃၃)ဆူ (လုပ်ငန်း ၃၃ ခု)တို့ကိုလည်း အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာနမှ ပညာရှင်များက ပြု ပြင်ထိန်းသိမ်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

image
41 w - Translate

မျက်မှောက်ခေတ်စစ်ပွဲများ၌ လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကအရေးပါဟု တပ်ချုပ်ပြော

မျက်မှောက်ခေတ်စစ်ပွဲများတွင် စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျသည့်အခန်းကဏ္ဍနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်(လေ)၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယနေ့ ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းက မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတက်သင်လေတပ်စခန်းဌာနချုပ်၌ နှစ်ပတ်လည်နေ့အခမ်းအနားကိုကျင်းပခဲ့ပြီး နိုင်ငံတော်နှင့်တပ်မတော်၏ လေကြောင်း စွမ်းပကားမြင့်မားစေရန် လေယာဉ်၊ ရဟတ်ယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားကိုလည်း ကျင်းပခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မျက်မှောက်ခေတ် ကမ္ဘာတစ်လွှား၌ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် လက်နက်ကိုင်ပဋိပက္ခများတွင် လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍမှပါဝင်သည်ဟု ပြောသည်။

" လေကြောင်းစွမ်းအားသာလွန်ကောင်းမွန်ရင် ရန်သူအပေါ် လွှမ်းမိုးထိန်းချုပ်ချေမှုန်းနိုင်ပြီး မိမိတပ်ဖွဲ့တွေရဲ့ စိတ်ဓာတ်နဲ့တိုက်စွမ်းရည် ပိုမို အား ကောင်းတိုးတက်စေတာကို သိသာထင်ရှားစွာ တွေ့မြင်နေရပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

ထို့ပြင် ပိုင်ဆိုင်ထားသည့် လေယာဉ်၊ ရဟတ် ယာဉ်များနှင့် လက်နက်စနစ်များ၏ စွမ်းဆောင်ရည်ကို အပြည့်အဝအသုံးချစစ်ဆင်နိုင်ရန် လေ့ ကျင့်သားပြည့်ဝမှုသည် အဓိကလိုအပ်ချက်ဖြစ်သည်ဟု ပြောသည်။

ထို့ကြောင့် တပ်တော်ဝင်ပေးလိုက်သည့် လေယာဉ်၊ ရဟတ်ယာဉ်များကို မြတ်နိုးတန်ဖိုးထားစွာ ကိုင်တွယ်အသုံးပြုပျံသန်း၍ တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်ဆောင်ရွက်၍ စွမ်းရည်မြင့်မားသော ခေတ်မီတပ်မတော်(လေ)အဖြစ် အစဉ်ရပ်တည်နိုင်အောင် ကြိုးစားအားထုတ်ကြရမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့သည်။

image
41 w - Translate

အမျိုးသား ကန်တော်ကြီး ဥယျာဉ် နှစ် (၁၀၀) ပြည့် ပန်းပွဲတော် စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ဒီဇင်ဘာ (၁၄) ရက်က အမျိုးသားကန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ပွဲတော်အား ဒီဇင်ဘာလ (၁၄) ရက်မှ ဇန်နဝါရီလ (၁၂) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖွင့်ပွဲနေ့တွင် အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အဖွင့်သီချင်းနှင့်အကတို့ဖြင့် ဂုဏ်ပြုတင်ဆက်ခဲ့သည်ဟု သိရသည်။

ထို့ပြင် တေးသံရှင်များမှ တေးသီချင်းများ အကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကာ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများ အသီးသီး ပေး အပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

image