Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အလုပ်သမားစုစုပေါင်း တစ်သိန်းကျော်ကို OWIC ကတ် ပြုလုပ်ပေးပြီးဖြစ်
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ အလုပ်သမားစုစုပေါင်း (၁၈၁,၈၉၉) ဦးကို OWIC ကတ် ပြုလုပ်ခွင့်ပြုပြီး ပြည်ပနိုင်ငံများသို့ စေလွှတ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးသည့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card- OWIC) မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်သည်။
OWIC ကတ်ကို ပထမဦးဆုံးပြုလုပ်မည့်သူများအနေဖြင့် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း တက်ရန်လိုအပ်ပြီး သင်တန်းတက်ရောက်ခွင့်ရရန် နေပြည်တော် အလုပ်သမားရုံးချုပ်သို့ တင်ပြရမည်ဖြစ်သည်။
အဆိုပါ သင်တန်းတက်ရောက်ပြီးစီးကြောင်း လက်မှတ်အပြင် Visa နှင့် အခြားလိုအပ်သည့် စာရွက်စာတမ်း မူရင်းများကို တင်ပြနိုင်မှသာ OWIC ကတ် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် (၂၆) ရက်ကြာပျောက်ဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ခေါင်းတစ်ခြားကိုယ်တစ်ခြား တွေ့ရှိ
နေပြည်တော်၊ ဒီဇင်ဘာ ၁၂
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက် ၃၃၁၀၅ အနီးရှိ လျှိုထဲတွင် (၂၆) ရက်ကြာပျောက်ဆုံးနေသည့် စိတ်ကျန်းမာရေးချို့တဲ့သော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ခေါင်းတစ်ခြား ကိုယ်တစ်ခြားစီတွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် သေဆုံးသူအမျိုးသား၏ ဇနီးဖြစ်သူမှာ ခရီးထွက်သွားသောကြောင့် ထိုသေဆုံးသူမှာ နေအိမ်တိုက်ခန်းထဲတွင် အသက်ရူကြပ်သောကြောင့် အပြင်သို့ထွက်သွားရာမှ ပျောက်ဆုံး သွားပြီးနောက် ဒီဇင်ဘာလ ၁၁ ရက် ၄ နာရီ ၃၀ အချိန်တွင် ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက် ၃၃၁၀၅ အနီးတွင် နေ ထိုင်သူများမှ အပုတ်နံ့ထွက်သောကြောင့် ဇမ္ဗူသီရိ အမှတ်(၇) မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများ လိုက်လံ စစ်ဆေးရှာဖွေရာတွင် ထိုတိုက်အနီးရှိ လျှိူထဲတွင် ခေါင်းတစ်ခြားကိုယ်တစ်ခြားဖြင့် သေဆုံးနေသည့် ရုပ် အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
“ဆရာဝန်တွေပြောပြချက်အရတော့ အဆိပ်ရှိတဲ့ အကောင်တစ်ကောင်ကိုက်ပြီး သေတာလို့ပြောတယ်။ ခုလောလောဆယ်တော့ စစ်ဆေးနေတယ်” လို့ လုံခြုံရေးရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ ဖြေကြားသည်။
ထိုသေဆုံးသည့် အမျိုးသားမှာ အသက် (၄၆) နှစ်ရှိပြီး ၎င်းမှာ ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက် ၃၃၁၀၅ တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ရုပ်အလောင်းကို ဇမ္ဗူသီရိမြို့နယ်၊ ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း၊ ယင်းသေဆုံးမှုနှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင် တာဝန်ရှိသူများမှ စစ်ဆေးနေကြောင်း သိရသည်။
Photo - Credit
#centralnewsnaypyitaw
ထိုင်း-မြန်မာ နယ်စပ်မြို့ တာချီလိတ်တွင် ညစျေး (Night Market) ဖွင့်မည်
ထိုင်း-မြန်မာ နယ်စပ်မြို့ တာချီလိတ်မြို့တွင် နှစ်နိုင်ငံ ခရီး သွားဧည့်သည်များ စည်ကားလျက်ရှိခြင်းကြောင့် ညစျေး (Night Market)ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းအတွက် တာချီလိတ် မြို့ရှိလမ်းဘေးဝဲယာ တလျှော က် ပျံကျရောင်းချနေသော စျေးသည်များကို ညစျေးနေရာ သတ်မှတ်၍ ဈေးရောင်းချစေမည်ဖြစ်ကြောင်း သိရသည်။
ယင်းသည် မြို့တော် သန့်ရှင်းလှပရေးနှင့် ယာဉ်ကြောပိတ် ဆို့မှု လျော့ချနိုင်စေရန် ရည်ရွယ်ကာ ဆောင်ရွက်ပေးခြင်းဖြစ်သည့်အတွက် ယခုရက်ပိုင်းအတွင်း လိုက်လံ သတိပေးနှိုးဆော်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ညစျေး(Night Market)ဖွင့်လှစ်ခြင်းအပါအဝင် ရွှေတိဂုံစေ တီ အတက်အဆင်း လမ်းဘေးတွင် ဈေးဆိုင်ခန်းများ စနစ် တကျ ဆောက်လုပ်နိုင်ရေး၊ ဗိုလ်ချုပ်လမ်းမတလျှောက် ပ လက်ဖောင်းများပေါ်တွင် လမ်းဘေးဈေးသည်များ စနစ်တ ကျရောင်းချမှုမရှိခြင်းအပေါ် ရပ်ကွက်အလိုက် အသိပေးကာ ဖယ်ရှားဆောင်ရွက်နိုင်ရေးအတွက် ဒီဇင်ဘာ (၁၁)ရက် မွန်းလွဲပိုင်းအချိန်၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးပွဲတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ လုပ် ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးများက ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းကိုက လုပ်ငန်းများဆောင်ရွက်မှုအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ညစျေးနေရာသတ်မှတ်ရန်အတွက် ညှိနှိုင်းဆောင်ရွင်မှုများ ပြုလုပ်မည် ဖြစ်ပြီး ၊ အသိပညာပေးခြင်း လုပ်ငန်းများကိုလည်း ဆောင် ရွက်သွားမည်ဟု ပြောကြားခဲ့သည်။