33 w - Translate

🌕 | 𝐍𝐄𝐖; တားမြစ်ဆေးသုံးစွဲထားကြောင်း သတင်းတွေထွက်လာတဲ့ မူဒရစ်

Report တွေရဲ့ဖော်ပြချက်အရ ချဲလ်ဆီးအသင်းရဲ့ ယူကရိန်းတောင်ပံကစားသမား မူဒရစ်သည် တားမြစ်ဆေးသုံးစွဲထားကြောင်း သိရပါတယ်။

အောက်တိုဘာလကုန်မှ ထွက်ပေါ်ခဲ့သော ဆေးစစ်ချက်တွင် တားမြစ်ထားသော ပစ္စည်းတစ်ခုသုံးစွဲထားတယ်လို့ သိရပါတယ်။ နောက်ထပ်စစ်ဆေးထားသော နမူနာ တစ်ခုရဲ့ အဖြေကတော့ လာမဲ့ ရက်ပိုင်းအတွင်းထုတ်ပြန်ဖို့ရှိနေတယ်လို့သိရပါတယ်။

ဒီသတင်းသာ မှန်ကန်ခဲ့ရင် ကစားသမားက ဘောလုံးလောကမှ အဘန်းခံရနိုင်ပြီး ချဲလ်ဆီး အတွက်နစ်နာ စရာဖြစ်လာမှာသေချာပါတယ်။

image
33 w - Translate

လွန်ခဲ့တဲ့ (၈) နှစ်ကတည်းက နေခြည်ဦးရဲ့မေမေ အန်တီဆွေပြောတဲ့ "အိမ်သာဆေးရင် အကြည်ဓာတ်ရတယ်" ဆိုတဲ့ စကားကို မှတ်သားထားပြီး အခုဆို အကျင့်လေးတစ်ခုတောင်ဖြစ်နေပြီဆိုတဲ့ Teddy
#teddy #naychioo
#celebing

image

မြန်မာလုပ်သား တသောင်းကျော် ကိုရီးယားကို စေလွှတ်မယ်

ဒီဇင်ဘာ ၁၇

ကိုရီးယားဘာသာစကား ကျွမ်းကျင်မှုစာမေးပွဲ EPS စနစ်နဲ့ အခုနှစ်ထဲမှာ လုပ်သား ၁၀,၀၀၀ တသောင်း ကျော်ကို ကိုရီးယားကို စေလွှတ်သွားမယ်လို့ မြန်မာအလုပ်သမားရေးဌာနက ပြောပါတယ်။

ကိုရီးယားအစိုးရဟာ EPS အစီအစဉ်နဲ့ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆နိုင်ငံက ကျွမ်းကျင်မဟုတ်တဲ့ ပြည်ပအလုပ်သမား ၁၆၀,၀၀၀ (တသိန်းခြောက်သောင်း) ကျော်ကို ခေါ်ယူသွားဖို့ ပြင်ဆင်ထားတာပါ။

ဒါပေမဲ့ လက်ရှိကိုးရီးယားရဲ့ စီးပွားရေးနဲ့ အလုပ်လိုအပ်ချက်က ထင်သလောက် မကောင်းသေးတာကြောင့် နောက်ပိုင်းမှာ ခေါ်ယူတဲ့အရေအတွက် နည်းသွားနိုင်တယ်လို့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင် အသိုင်းအဝန်းက ခန့်မှန်းထားပါတယ်။

အခုနှစ်အတွက် မြန်မာအလုပ်သမား ၁သောင်းကျော်ကို EPS စနစ်နဲ့စေလွှတ်သွားမယ်လို့ မြန်မာ အလုပ်သမားရေးဌာနရဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီ (POEA)က မကြာသေးခင်က ပြောပါတယ်။ ဒါပေမဲ့ ကိုရီးယားရဲ့ အလုပ်အကိုင်စျေးကွက်က အေးနေသလို အရင်ရောက်ပြီးသား မြန်မာတွေကလည်း ဗီဇာသက်တမ်းတိုးပြီး နေထိုင်နေတာကြောင့် အလုပ်သစ်တွေခေါ်ယူတာ အရင်ကထက် နည်းသွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ကိုရီးယားအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်တဦးက ပြောပါတယ်။

"၂၀၂၄၊ ၁၂လပိုင်း calling ကတော့ နည်းနည်းကျန်သေးတယ်ဗျ၊ ဒါပေမဲ့ ကိုရီးယားကစီးပွားရေး နည်းနည်းကျနေတာရယ် ဟိုဘက်မှာလည်း မြန်မာတွေကနည်းနည်း များနေတာနဲ့ ရှေ့လူတွေနဲ့ဆိုတော့ ခေါ်တာတော့ နည်းတယ်ဗျ။ ခေါ်တော့ ခေါ်ပေးပါတယ်။ သူ့အသုတ်အလိုက် တနှစ်ကို ငါးကြိမ် ခေါ်စာချပေးတာဆိုတော့ အဲဒီငါးကြိမ်ထဲမှာ ခေါ်ပေးသွားတာ။ နိုင်ငံ ၁၆နိုင်ငံမှာ ပျမ်းမျှသွားပြီး ကြိုက်တဲ့နိုင်ငံကို ခေါ်တာဆိုတော့ ဘယ်နှဦးခေါ်မယ်ဆိုတာ ကြိုပြောလို့မရဘူး။ အဓိကတော့ ကုန်ထုတ်ကို အများဆုံးခေါ်တာပေါ့။ ၁၄ကြိမ်တုန်းက လူ ၁၅,၀၀၀ ခေါ်သွားတယ်။ အခုက ၅၀၀၀ ကျော်၊ သူတို့လျာထားတဲ့ ၉,၀၀၀၊ ဒုအသုတ်ပါမှ ၉,၀၀၀ ပဲခေါ်မှာဆိုတော့၊ အခု ၂၀၂၅ ဒုအသုတ်ဖြေရမှာ ၄၀၀၀ ကျော်ပဲခေါ်မှာဆိုတော့ လျာထားချက်အရ အရင်နှစ်ထက် နည်းတာပေါ့။"

အနိမ့်ဆုံးလုပ်ခကို မြန်မာငွေနဲ့ ၂၅သိန်းလောက် ရနိုင်တဲ့အတွက် ကိုရီးယားသွားချင်တဲ့ မြန်မာလူငယ်တွေ အများအပြား ရှိနေပါတယ်။ ဖြေဆိုသူများလာလို့ အခုနောက်ပိုင်းမှာ ကိုရီးယား EPS စာမေးပွဲက ပိုပြီးဖြေရက်ခက်လာတယ်လို့ တချို့ကပြောပါတယ်။ ပေးမှတ် ၁၀၀ မှာ အမှတ်ပြည့်နီးပါးရမှ EPS စာပေးပွဲကို အောင်မြင်မှာပါ။ လက်ရှိမှာ ၁၆ကြိမ်မြောက် ကိုရီးယားအရည်အချင်းစစ် စာမေးပွဲ EPS အောင်ထားသူ ၅,၀၀၀ ကျော်ရှိနေသလို ပြီးခဲ့တဲ့ အသုတ်တွေမှာ အောင်ထားပြီးသူတွေလည်း ကျန်နေပါတယ်။ အရေအတွက်များများ ခေါ်ဖို့ဆိုတာ မသေချာကြောင်း ကိုရီးယားရောက် မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။

"ထင်သလောက်တော့ မလွယ်ဘူး၊ ဒီဘက်မှာ အလုပ်ထွက်ထားသူ (မြန်မာ) များတာပေါ့နော်။ အခုနောက်ပိုင်းကြ ဘယ်လိုဖြစ်လဲဆိုတော့ တရားဝင်လမ်းကြောင်း EPS နဲ့လာတဲ့သူတွေ အလုပ်ကကြတော့ တော်တော်ရှားတယ်။ အဆင်မပြေမှုကလည်း နည်းနည်းတော့ များလာတာပေါ့။ အရင်က ဒေတာအရ မြန်မာက ၄သောင်းလောက်ပဲ ရှိတာကိုး။အခုက မပြန်ကြတဲ့သူကလည်း များလာတော့ လူကပိုများလာတယ်။ ပြီးတော့ EPS ကလည်း မြန်မာတနိုင်ငံထဲခေါ်တာ မဟုတ်ဘူး။ တခြားနိုင်ငံတွေကလည်း ဝင်နေတာဖြစ်တော့ အလုပ်က တော်တော်လေးကို လျှော့ပြီးခေါ်လာဖို့ ရှိတာပေါ့နော် လက်ရှိအခြေအနေအရ"

ကိုရီးယားအစိုးရဟာ EPS အစီအစဉ်နဲ့ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆နိုင်ငံက ကျွမ်းကျင်မဟုတ်တဲ့ ပြည်ပအလုပ်သမား ၁၆၀,၀၀၀ (တသိန်းခြောက်သောင်း) ကျော်ကို ခေါ်ယူသွားဖို့ ပြင်ဆင်ထားတယ်ဆိုပြီး ၂၀၂၃ထဲမှာ ပြောထားတာပါ။ ၂၀၂၃ ထဲမှာ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေအတွက် မြန်မာနိုင်ငံသား ၁၆,၀၀၀ (တသောင်းခြောက်ထောင်) လောက်ကို ခေါ်ယူခဲ့ပါတယ်။

အခု ၂၀၂၄ရဲ့ ပြီးခဲ့တဲ့ ၈လအတွင်းမှာ လုပ်သား ၆,၀၀၀ လောက် ခေါ်ယူထားပါတယ်။ အခုဒီဇင်ဘာလအကုန်မှာ လက်ကျန်အရေအတွက်ကို ခေါ်ယူသွားမယ်လို့လည်း ကိုရီးယားအလုပ်အကိုင် ဝန်ဆောင်မှု အသိုင်းအဝန်းက ခန့်မှန်းထားပါတယ်။

Credit - Voice of America

#သတင်းဟင်းလေးအိုးကြီး

image

ဆူးခတ်နှင်းဆီ အပိုင်း (၂)

တောင်ဒဂုံတွင် ဖယ်ရီကား နှင့် ဘက်ထရီစက်ဘီးတို့တိုက်မိရာမှ ကျူရှင်ဆရာမတစ်ဦး ပွဲချင်းပြီးသေဆုံး

ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်တွင် ဖယ်ရီကားနှင့် ဘက်ထရီစက်ဘီးတို့တိုက်မိရာမှ ကျူရှင်ဆရာမ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ရှင်သန်ခွင့်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာလ ၁၆ ရက်) ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်က တောင်ဒဂုံမြို့နယ်၊ ၂၄ ရပ်ကွက်၊ လှော်ကားလမ်း နှင့် မြိတ်လမ်းထောင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကြားတာတော့ ဖယ်ရီကားကမီးနီဖြတ်မောင်းပြီးဝင်တိုက်သွားတာလို့သိရတယ်။ လမ်းပေါ်က Citymart ထိပ်ကနေ တိုက်သွားတာ။ ဓာတ်တိုင်တစ်တိုင်စာလောက်ညပ်ပါသွားတာ။ ကားအောက်မှာ ညပ်နေလို့ မီးသတ်ကို အကြောင်းကြားပြီး မီးသတ်က စက်အားနဲ့ဆွဲမြှောက်ပြီး ထုတ်ရတာ”ဟု ရှင်သန်ခွင့်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဘက်ထရီစက်ဘီးစီးနင်းလာသည့် အသက်(၃၅)နှစ်အရွယ် အမျိုးသမီးတွင် ထိခိုဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

“ကားအောက်ကနေ Body ကိုဆွဲထုတ်ပြီးတော့ ယာဉ်ထိန်းရဲကလည်း သူ့အိမ်ကိုဖုန်းဆက်တာပေါ့။ သူအိမ်ကရောက်လာလို့ပြောပြတာက ကျူရှင်လိုက်သင်နေတဲ့ ဆရာမလို့သိရတယ်။ ကားကမီးနီဖြတ်မောင်းတယ်ဆိုတာက ဘေးကပြောစကားပေမယ့် ကျွန်တော်ကတော့ မီးနီဖြတ်မောင်းတာတော့မဖြစ်သင့်ပါဘူး။ ဘယ်လောက်ကြီးပဲအရေးကြီးနေပါစေ။ လူ့အသက်တစ်ချောင်းဆုံးရှုံးသွားရတာတော့ မကောင်းဘူးပေါ့”ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းကို ရှင်သန်ခွင့်လူမှုကူညီရေးအသင်းက မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓာဝီဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

imageimage
33 w - Translate

ဦးနှောက်ရှိချင်ယောင်ဆောင်နေသော

ငါ့သူငယ်ချင်း

image
33 w - Translate

Late lunch 😋

image
33 w - Translate

Little Women (2019)
အနောက်နိုင်ငံတွေ စစ်ပွဲကာလအတွင်း အမျိုးသမီးတွေကို ဖိနပ်တာ၊နေရာမပေးတာတွေ၊လူချမ်းသာနဲ့ လက်ထပ်မှ အနာဂတ် စိတ်အေးရမယ်ဆိုတဲ့ အယူဝါဒတွေ ဆိုးမိုးနေတဲ့အချိန် ဇာတ်အိမ်တည် ရိုက်ပြထားတာမလို အခြားဇာတ်ကားတွေနဲ့မတူဘဲ အမြင်တစ်မျိုးပြောင်းလဲစေမှာပါ။
ပြီးတော့ သူတို ပြောချင်တဲ့ အ‌ကြောင်းအရာတွေ အထဲကမှ "လူတစ်ယောက်ကို စိတ်ဆိုးဖို ဘ၀က တိုလွန်းပါတယ်"တဲ့
ဒီဇာတ်ကားလေးကို ကြည့်ပြီးရင် အတွေးတစ်ခုထက်ပိုပြီး တွေးမိနေမှာ အမှန်ပါပဲ။ပြီးတော့ ကျွန်တော် ရေးပြထားတာထက် အဆမတန် ပိုကောင်းပြီး ဇာတ်လမ်းလေးက နူးညံ့မယ်ဆို အာမခံပါတယ်။ဒါကြောင့်မလို ကိုယ်ချစ်ရတဲ့သူတွေနဲ့အတူဖြစ်စေ ၊ ကြည့်ပြီးနောင်တမရမယ့် ဇာတ်ကားမျိုးရှာနေတာဖြစ်စေ ဒီ "Little Women" ဆိုတဲ့ ဇာတ်ကားလေးကို ညွန်း ပေးလိုက်ပါတယ်။

#moviereview

image

❝ဂျပန်နိုင်ငံသို့ မြန်မာနိုင်ငံမှ ကျွမ်းကျင်အလုပ်သမားများ ခေါ်ယူနိုင်ရေးအတွက် “မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးဖိုရမ်” တစ်ရပ် ဂျပန်နိုင်ငံမှာ ကျင်းပ❞

ဒီဇင်ဘာ ၁၇

ဂျပန်နိုင်ငံအနေဖြင့် လက်ရှိရင်ဆိုင်နေရသည့် လူ့စွမ်းအားအရင်းအမြစ် လိုအပ်မှုအခက် အခဲကို ဖြေရှင်းနိုင်ရန် ပြည်ပမှလူ့စွမ်းအားအရင်းအမြစ်များ လက်ခံနိုင်ရေးကို အလေးထား စဉ်းစားလျက် မြန်မာနိုင်ငံမှ ကျွမ်းကျင်အလုပ်သမားများ ခေါ်ယူနိုင်ရေး အခြေအနေများနှင့် သိရှိလိုသည်များကို မေးမြန်းစုံစမ်းနိုင်ရန်ရည်ရွယ်၍ “မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးဖိုရမ်” ကို ဒီဇင်ဘာ ၁၃ ရက်နေ့က နာဂိုယာမြို့ရှိ Nagoya Chamber of Commerce and Industry ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးမှ ကြီးမှူးကျင်းပသည့် အဆိုပါဖိုရမ်သို့ တိုကျိုမြို့ရှိ မြန်မာသံရုံးမှ သံအမတ်ကြီး ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ အလုပ်သမားစေလွှတ်ရေးဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းစဉ်များ၊ မြန်မာကျွမ်းကျင်အလုပ်သမားများ၏ ကြိုးစားမှုနှင့် စွမ်းဆောင်ရည်များကြောင့် ဂျပန်နိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်ရန် သင့်လျော်သည့် အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်ဟုဆိုသည်။ 

ယင်းဖိုရမ်သို့ Aichi ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Hideaki OHMURA၊ ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ် Ms. Satsuki Katayama၊ Aichi ပြည်နယ်လွှတ်တော်အမတ်များ၊ မြန်မာ နိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Toshio Nishimura၊ စက်မှုနှင့် အလုပ်သမားဌာန၊ အာဆီယံသမဝါယမအသင်း၊ မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံမှ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတို့မှ တာဝန်ရှိ သူများ၊ ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် ဖိတ်ကြားထားသော ဧည့်သည်တော် စုစုပေါင်း (၁၀၀) ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။

ဖိုရမ်းအတွင်း အာဆီယံသမဝါယမအသင်းမှ တာဝန်ရှိသူတစ်ဦးက နည်းပညာအလုပ်သင် သင်တန်းသားနှင့် ကျွမ်းကျင်လုပ်သားများအတွက် ကူညီပံ့ပိုးပေးမှုအခြေအနေများ၊ မြေယာ၊ အခြေခံအဆောက် အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် ယာဉ်မောင်းကျွမ်းကျင်လုပ်သားများ အသစ်ထပ်မံခေါ်ယူမည့်ကိစ္စနှင့် အဆိုပါကဏ္ဍတွင် လိုအပ်မည့် ကျွမ်းကျင်မှုများနှင့် စပ်လျဉ်း၍ အသီသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

#သတင်းဟင်းလေးအိုးကြီး

imageimage

နိုင်ငံတကာစစ်ဘက်ဆိုင်ရာဆိုက်ဘာရန်ပုံငွေအဖွဲ့က ၂၀၂၄ ခုနှစ်မှာ ယူကရိန်းအတွက် ရန်ပုံငွေ ဒေါ်လာ သန်း ၅၀၀ ရှာဖွေနိုင်ခဲ့

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၇

ယူကရိန်းနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာဆိုက်ဘာစွမ်းရည်မြှင့်တင်ဖို့အတွက် အခုနှစ်အတွင်း ဥရောပငွေ သန်း ၅၀၀ (ဒေါ်လာ ၅၂၅.၄ သန်း) ရှာဖွေနိုင်ခဲ့ကြောင်း အက်စ်တိုးနီးယားနဲ့ လူဇမ်ဘတ်နိုင်ငံတို့က ပြောကြားလိုက်ပါ တယ်။

အက်စ်တိုးနီးယားနဲ့ လူဇမ်ဘတ်နိုင်ငံတို့က ဦးဆောင်တဲ့ အိုင်တီနည်းပညာမဟာမိတ်လမ်းညွှန်အဖွဲ့ (The Information Technology (IT) Coalition Steering Group) ဟာ ရုရှားကျူးကျော်တိုက်ခိုက်မှုကို ပြန်လည်ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံအတွက် သတင်းအချက်အလက်၊ ဆက်သွယ်ရေးနဲ့ ဆိုက်ဘာကဏ္ဍမှာ ထောက်ပံ့ဖို့ အဓိကအာရုံစိုက် ဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့တစ်ခုဖြစ်ပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေက ၂၀၂၄ ခုနှစ်အတွင်း ဥရောပငွေ သန်း ၄၁၀ (ဒေါ်လာ ၄၃၀.၅ သန်း) ထည့်ဝင်ခဲ့သလို ယူကရိန်း နိုင်ငံကို ဥရောပငွေ ၁၀၂.၇ သန်း (ဒေါ်လာ ၁၀၇.၈ သန်း) ပေးပို့ခဲ့ကြောင်း အက်စ်တိုးနီးယားနဲ့ လူဇမ်ဘတ်နှစ်နိုင်ငံက ထုတ်ဝေလိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အက်စ်တိုးနီးယားနိုင်ငံကိုယ်တိုင်က associated mobilization systems အတွက် ဥရောပငွေ ၂.၅ သန်း (ဒေါ်လာ ၂.၆ သန်း) လှူဒါန်းခဲ့သလို နောက်ထပ် ဥရောပငွေ ၇၂ သန်း (ဒေါ်လာ ၇၅.၆ သန်း) ကိုလည်း ရှာဖွေနိုင်ခဲ့ပြီး ပူးတွဲပစ္စည်းများဝယ်ယူရေးစီမံကိန်းတွေအတွက် အသုံးပြုခဲ့ပါတယ်။

အခုနှစ်အတွင်း အိုင်တီနည်းပညာမဟာမိတ်လမ်းညွှန်အဖွဲ့က ဦးစားပေးဆောင်ရွက်ခဲ့တဲ့လုပ်ငန်းနယ်ပယ်ထဲမှာ ယူကရိန်းနိုင်ငံထဲမှာ နည်းဗျူဟာဆက်သွယ်ရေး၊ ဒေတာစင်တာတိုးချဲ့ရေးနဲ့ ဒစ်ဂျစ်တယ်လ်လုံခြုံရေး ကိုင်တွယ် ဆောင်ရွက်ရေးတို့ပါဝင်ပါတယ်။

လာမယ့်နှစ်မှာ ယူကရိန်းနိုင်ငံအတွက် ဥရောပငွေ ၅ သန်း (ဒေါ်လာ ၅.၂ သန်း) ထည့်ဝင်ပြီး ဆိုက်ဘာ စွမ်းရည်မြှင့် တင်သွားဖို့ ဆုံးဖြတ်ထားကြောင်း အက်စ်တိုးနီးယားအစိုးရက ထပ်မံပြောကြားပါတယ်။

“နည်းပညာပိုင်းဆိုင်ရာထောက်ပံ့မှုဟာ ကျွန်တော်တို့ အတူတကွ ကြိုးပမ်းမြှင့်တင်ဆောင်ရွက်နေတဲ့ ကဏ္ဍတစ်ခုလုံးနဲ့ ပတ်သက်ရင် ခေတ်သစ်တိုက်ခိုက်ရေးစွမ်းရည်ရဲ့ မရှိမဖြစ် အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါတယ်။” လို့ အက်စ်တိုးနီးယား ကာကွယ်ရေးမူဝါဒလက်ထောက်အတွင်းဝန် တူလီဒန်းတန်က ပြောပါတယ်။

“မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်မှုဟာ ဆိုက်ဘာကဏ္ဍအရေးကြီးမှုကို ဦးစားပေးတင်ပြခဲ့တဲ့ အက်စ်တိုးနီး ယားနိုင်ငံနဲ့ ရော ယူကရိန်းတပ်မတော်နဲ့ပါ ကာလရှည်၊ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်မှုပေါ် အခြေခံပါတယ်။” လို့ ၎င်းက ပြောပါတယ်။

ဂျာမနီနိုင်ငံ ရမ်းစတိုင်းမြို့မှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလက ထူထောင်ခဲ့တဲ့ အိုင်တီနည်းပညာ မဟာမိတ်လမ်းညွှန်အဖွဲ့မှာ လက်ရှိအချိန်မှာ အဖွဲ့ဝင် ၁၇ နိုင်ငံရှိပြီး မကြာခင် ကနေဒါနိုင်ငံက အဖွဲ့ဝင်အဖြစ်ဝင်ရောက်လာဖို့ ခန့်မှန်းထားပါတယ်။

ဒီအဖွဲ့ဟာ ယူကရိန်းကို ဆက်တိုက်ထောက်ပံ့နေတဲ့ အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်တဲ့ ယူကရိန်းကာကွယ်ရေး စာချုပ်အဖွဲ့ (UDCG) ရဲ့ အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်တယ်လို့ ဆိုပါတယ်။

အိုင်တီမဟာမိတ်အဖွဲ့ဟာ ၂၀၂၄ ခုနှစ် မေလမှာ ၎င်းတို့အဖွဲ့ရဲ့ ပထမဦးဆုံးအကူအညီအဖြစ် ဒေါ်လာ ၉၄၄.၉ သန်း ကို ယူကရိန်းနိုင်ငံအတွက် ထောက်ပံ့ခဲ့ပါတယ်။

Ref: Multinational Military Cyber Fund for Ukraine Raised $500M in 2024: Report

#centralnewsnaypyitaw

image