Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လာမည့် (၃၆)နာရီအတွင်း အင်အားအသင့်ရှိ မြေငလျင်ငယ် ထပ်မံ လှုပ်ခတ်နိုင်ဟု မြေငလျင်စင်တာ သတိပေး
မြန်မာနိုင်ငံ၌ လာမည့်(၃၆)နာရီအတွင်း အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်နိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင် သတင်းများစင်တာက အသိပေးထားသည်။
ယမန်နေ့ ဒီဇင်ဘာ(၁၅)ရက်က အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့အနီး ၂ ဒဿမ ၈ အဆင့်ရှိ မြေငလျင်ငယ်တစ်ခု လှုပ်ခတ်သွားပြီး၊ ဒီဇင်ဘာ (၁၄)ရက်တွင်လည်း ဖားကန့်မြို့ ကာမိုင်းအရှေ့ဘက် (၆)မိုင်ကျော် လဝါးကျေးရွာအနီး ၃ ဒဿမ ၆အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားခဲ့သေးကြောင်း အသိပေးထားသည်။
ယခုလ ဒီဇင်ဘာ(၁၁)ရက်မှ ဒီဇင်ဘာ (၁၅)ရက်အထိ(၅)ရက်တာ ကာလအတွင်း ပြည်တွင်းမြေငလျှင်လှုပ်ခတ်မှု (၇) ကြိမ်ရှိခဲ့ပြီဖြစ်သည်။
၎င်းတို့မှာ စစ်ကိုင်းတိုင်း မော်လိုက်မြို့အနီးတွင် ၄ ဒဿမ၇ အဆင့်ရှိ ငလျင်တစ်ခု အပါအဝင် မိုင်းဆတ်မြို့အနီး ၃ ဒဿမ ၃ အဆင့် မြေငလျင်၊ ဟားခါးမြို့အနီး ၃ ဒဿမ ၈ အဆင့်မြေငလျင်၊ လင်းခေးမြို့တွင် ၂ ဒဿမ ၈ အဆင့်မြေငလျင်၊ ရန်ကုန်တိုင်း ဖောင်ကြီးမြို့အနီး ၂ဒဿမ ၇ အဆင့်ရှိမြေငလျင်၊ ဖားကန့်မြို့အနီး ၃ ဒဿမ ၆ အဆင့်ရှိ မြေငလျင် တို့ ခပ်စိတ်စိတ်လှုပ်ခတ်ခဲ့ခြင်းလည်းဖြစ်သည်။
မန်ချက်စတာဒါဘီပွဲမှာ ယူနိုက်တက်အနိုင်ရဖို့ ထိုက်တန်တယ်လို့ အာမိုရင်ပြော
ဒီဇင်ဘာ ၁၆
ယူနိုက်တက်အသင်းဟာ မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်စီးတီးအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် နည်းပြ အာမိုရင်က ဒီနိုင်ပွဲဟာ အသင်းအတွက် ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “Fergie Time ဖြစ်ပြီး မယုံနိုင်လောက်စရာပါပဲ။ အလွန်ခက်ခဲတဲ့ပွဲ ဖြစ်ခဲ့ပေမယ့် ကျနော်တို့အဆုံးထိ ယုံကြည်မှုရှိခဲ့ပြီး ဒါက ကျနော်တို့နဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ ကျနော်တို့ ဂိုးသွင်းနိုင်ခဲ့ပြီး လိုအပ်နေတဲ့ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ ဒါဟာ ကျနော်တို့အတွက်ရော ကျနော်တို့ ပရိသတ်တွေအတွက်ပါ အရေးကြီးပါတယ်။ ကျနော်တို့အတွက် ကောင်းမွန်တဲ့နေ့တစ်နေ့ပါ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ပွဲချိန် ၈၇ မိနစ်အထိ မန်စီးတီးအသင်းရဲ့ ၁ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရ ပေမယ့် ၈၈ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်က ပင်နယ်တီကနေ ချေပဂိုး၊ ၈၉ မိနစ်မှာ အာမတ်က ယူနိုက်တက်အသင်း အတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန် ကိုင်တွယ်ခဲ့ချိန်က ပွဲပြီးခါနီးတွေမှာ သွင်းဂိုးတွေ သွင်းယူနိုင် ခဲ့တာကြောင့် Fergie Time ဆိုပြီး နာမည်ကျော်ကြားခဲ့တာပါ။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ကလည်း မန်စီးတီးအသင်းနဲ့ပွဲမှာ သူတို့ Fergie Time မှာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တယ်လို့ ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်မှုကို ရပ်တန့်နိုင်ခဲ့တာပါ။
ဒီပွဲမှာ ယူနိုက်တက်အသင်းအတွက် ချေပဂိုးဖြစ်စေမယ့် ပင်နယ်တီ ရယူပေးခဲ့ပြီး အနိုင်ဂိုးလည်း သွင်းယူခဲ့တဲ့ အာမတ်ကို နည်းပြအာမိုရင်နဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်တို့က ပွဲအပြီးမှာ ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့တဲ့ မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရလဒ် အလွန်ဆိုးရွားနေပြီး နောက်ဆုံး ကစားခဲ့တဲ့ ၁၁ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့တာပါ။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူဟာ လုံလောက်တဲ့ ကောင်းမွန်မှု မရှိခဲ့ဘူးလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဒီပွဲရလဒ်ကြောင့် မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ပွဲ ကစားအပြီးမှာ ရမှတ် ၂၇ မှတ်နဲ့ အဆင့် ၅ နေရာ ရပ်တည်နေပြီး ယူနိုက်တက်အသင်းက ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: ESPN
ပုံ - ယူနိုက်တက်အသင်းကို တွေ့ရစဉ်
#centralnewsnaypyitaw
မိုင်းဖုန်းဆရာတော် ဝိဇာတမွေးနေ့ပွဲကို ၆ ရက်ကျင်းပမည်
မိုင်းဖုန်းဆရာတော်၏ သက်တော် ၆၁နှစ်ပြည့် ဝိဇာတမွေးနေ့ပွဲကို ၆ ရက်ကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးအဖွဲ့ထံမှ သိရသည်။
ယင်း ဝိဇာတမွေးနေ့ပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၆ ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကာ ဝိဇာတမွေးနေ့ ရက်များအတွင်း အနယ်နယ်အရပ်ရပ်က မွေးနေ့ပွဲလာ ပရိတ်သတ်များအတွက် စတုဒီသာ စားသောက်စရာများကိုအလှူရှင်များက ဧည့်ခံကျွေးမွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝိဇာတ မွေးနေ့ပွဲတော်ရက်အတွင်း နေ့စဉ်တရားဓမ္မများကို လွန်လိန်းတရားနယ်မြေရှိ တရားဟောစင်မှ ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်၌ မနက် ၁ဝ နာရီနှင့် ညနေ ၃ နာရီခွဲတရားဟောမည် ဖြစ်သလိူ ဇန်နဝါရီ၃ရက် မနက် ၁၀ နာရီ၌ နှစ်(၇၀)ပူတာအိုစေတီတော်ကို ထီးတော် တင်လှူမည် ဖြစ်ပြီး ညနေ ၃ နာရီခွဲ၌ တရားဟောမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဇန်နဝါရီ ၄ရက် မနက်၌ ဝိဇာတမွေးနေ့မင်္ဂလာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ညနေ ၃ နာရီ၌ တရားဟောမည် ဖြစ်ကာ ဇန်နဝါရီ ၅ ရက်နေ့၌ ဆရာတော်ကြီး ဝစိပိတ်အဓိဌာန်ဝင်မည်
ဖြစ်ပြီး ၆ ရက်နေ့၌ လွန်းလိုင်းဓမ္မာရုံကြီးတွင် မွေးနေ့ပွဲအလှူကို ရေစက်ချအမျှဝေ သာဓုအနုမောဒနာ ခေါ်တော်မူမည်ဟု သိရသည်။
ထိုင်းတောင်ပိုင်း ကော့စမွီကျွန်းတွင် မြေပြိုမှုဖြစ်ပွားသောကြောင့် မြန်မာအလုပ်သမားနှစ်ဦး သေဆုံး
ဒီဇင်ဘာ ၁၆
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွီကျွန်းတွင် မိုးဆက်တိုက်ရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားခဲ့သောကြောင့် မြန်မာ အလုပ်သမားနှစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများအရ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၁၅ ရက် နံနက် ၆ နာရီအချိန်ခန့်က ကော့စမွီကျွန်းတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့ရာ မြေသားများ ပျော့အိကျလာကာ တောင်နရံများ ပြိုကျ၍ လူနေအိမ်အဆောက်အဦများပေါ် ပိမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြေပြိုကျမှုကြောင့် မြန်မာအလုပ်သမား ၂ ဦး မြေအောက်တွင် ပိမိပျောက်ဆုံးနေခဲ့သောကြောင့် ဒေသအာဏာပိုင်များနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များဖြစ်ကြသည့် Koh Samui ပရဟိတဖောင်ဒေးရှင်း ၊ Wat Plai Laem ကယ်ဆယ်ရေးဖောင်ဒေးရှင်း၊ Koh Samui ကယ်ဆယ်ရေးစင်တာ တို့က ရှာဖွေခဲ့ရာ ယနေ့ ညနေ ၃ နာရီခွဲခန့်က သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူ ၂ ဦးမှာ အသက် ၂၇ နှစ်နှင့် ၃၇ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားများဖြစ်ပြီး လမိုင်းဒေသ ဟီမ ထွန်းလမ်းရှိ အလုပ်သမားအဆောင်ဘက်တွင် နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။
ယခုအခါ ကော့စမွီရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကာ အခင်းဖြစ်ပွားခဲ့သည့်နေရာအနီးတဝိုက်တွင် အဆောက်အဦများ ထပ်မံ တည်ဆောက်ခြင်း မပြုလုပ်ကြရန် တားမြစ်ထားကြောင်း သိရသည်။
အဆိုပါဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း ထိုင်းနိုင်ငံ သတ္တုသယံဇာတဦးစီးဌာန က ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားခဲ့ကြောင်း သိရသည်။
Sources-Khaosod English,Thai PBS, Daily News ,today
Credit - MT News Agency
https://t.me/MT_News_Media/50653?single
#သတင်းဟင်းလေးအိုးကြီး

မိုင်းဖုန်းဆရာတော်ကြီး၏ သက်တော် (၆၁) နှစ်ပြည့် ဝိဇာတမွေးနေ့ပွဲတော်ကျင်းပမည်
နေပြည်တော်၊ ဒီဇင်ဘာ ၁၆
မိုင်းဖုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တညဏသံဝရ၏ သက်တော် (၆၁) နှစ်ပြည့် ဝိဇာတမွေးနေ့ပွဲတော်အား ရှမ်းပြည်နယ် တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စု လွန်းလိန်းသာသနာ့နယ်မြေတွင် လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇန်နဝါရီလ ၆ ရက်နေ့အထိ ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇန်နဝါရီလ ၃ ရက်ထိ နိုးဘုရားအနီးရှိ တရားဟောစင်တွင် မိုင်းဖုန်း ဆရာတော်ကြီးမှ တရားဟောကြားမည်ဖြစ်ပြီး၊ လွန်းလိန်းစေတီတော်တွင် ဘုရားရှိခိုးပူဇော်ပြီး နှီးဘုရား ကျောင်းဆောင်တွင် ဘုရားဆွမ်းတော်ကပ်လှူပူဇော်ခြင်း၊ နှစ် ၇ဝ စေတီတော် (ပူတာအိုစေတီတော်)တွင် ထီးတင်ပွဲကျင်းပခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#centralnewsnaypyitaw
ပြင်သစ်ပိုင် မေယော့မှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူထောင်ချီ သေဆုံးနိုင်
ပါရီ၊ ဒီဇင်ဘာ ၁၆
ပြင်သစ်ရဲ့ အိန္ဒိယသမုဒ္ဒရာပိုက်နက်နယ်မြေဖြစ်တဲ့ မေယော့မှာ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူရာပေါင်းများစွာ သို့မဟုတ်ထောင်နဲ့ချီပြီး သေဆုံးမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။
သေဆုံးသူအရေအတွက်ဟာ ထောင်ချီရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ အသက်ရှင်ကျန်ရစ်သူတွေကို အပူတပြင်းရှာဖွေနေပြီး မုန်တိုင်းဒဏ်သင့် အချို့နေရာတွေကို ရောက်ရှိဖို့ ရုန်းကန်နေရပါတယ်။
မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေကို အကဲဖြတ်ပြီးတာနဲ့ သေဆုံးသူအရေအတွက် မြင့်တက်လာနို်ငပြီး ရာပေါင်းများစွာ သို့မဟုတ် ထောင်နဲ့ချီပြီးရှိလာနိုင်တယ်လို့ ဒေသန္တရတာဝန်ရှိသူတယောက်က ပြောဆိုထားပြီး လက်ရှိသေဆုံးမှုအရေအတွက်ကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူ။
ဆိုကလုန်းမုန်တိုင်း ချီဒိုဟာ မိုဇမ်ဘစ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ပြီးနောက် ယမန်နေ့အစောပိုင်းမှာ ပမ်ဘာတောင်ဘက် ၂၅ မိုင်အကွာကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။ မေယော့ကိုတော့ တနာရီလေတိုက်နှုန်း ၂၂၅ ကီလိုမီတာနှုန်းနဲ့တိုက်ခတ်ခဲ့တာပါ။
လူပေါင်းသုံးသိန်းကျော်ဟာ စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ ယာယီအမိုးအကာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက်မှ နေထိုင်နေရပြီး အလုပ်လက်မဲ့ဦးရေမှာ သုံးပုံတပုံထိရှိနေသည်။
မေယော့ဒေသရှိ ပြင်သစ်ပိုင်နက်သို့ ခိုလှုံရန်ကြိုးစားတဲ့ အထောက်အထားမဲ့တွေအပါအဝင် နွမ်းပါးနဲ့အသိုင်းအဝိုင်းအပေါ် အထူးသဖြင့် ထိခိုက်ခဲ့ဖွယ်ရှိကြောင်း တာဝန်ရှိသူများကပြောသည်။ ဒေသ၏လူဦးရေ ပြင်သစ်၏ ဘဏ္ဍာရေးအကူအညီအပေါ် ကြီးစွာမှီခိုနေရပြီး ဆင်းရဲမွဲတေမှု ၊ အလုပ်လက်မဲ့နှင့် နို်ငငံရေး မတည်မငြိမ်မှုများကို ကာလရှည်ကြာရုန်းကန်နေရပါတယ်။
Ref:BBC
Photo:Reuters
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
