လေကြောင်းက စစ်ပွဲနိုင်ရေး အဓိကအရေးပါဟု တပ်ချုပ်ပြော

ဒီဇင်ဘာ ၁၆

မျက်မှောက်ခေတ် ကမ္ဘာတစ်လွှား ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် လက်နက်ကိုင် ပဋိပက္ခများကို လေ့လာဆန်းစစ် ကြည့်ပါက လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် အဓိက အရေးပါသည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က တပ်မတော်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု(၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနားမှာ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မျက်မှောက်ခေတ် ကမ္ဘာတစ်လွှား ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် လက်နက် ကိုင်ပဋိပက္ခများကို လေ့လာဆန်းစစ်ကြည့်ပါက လေကြောင်းနှင့် အာဏာသစွမ်းအားဟာ စစ်ပွဲအောင်နိုင်ရေး အတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသည်ကို တွေ့ရမည်”ဟု ပြောသည်။

လေကြောင်းစွမ်းအား သာလွန်ကောင်းမွန်ရန် ရန်သူအပေါ် လွှမ်းမိုးထိန်းချုပ်ချေမှုန်းနိုင်ပြီး မိမိတပ်ဖွဲ့များ၏ စိတ်ဓာတ်များနှင့် တိုက်စွမ်းရည် ပိုမိုအားကောင်းတိုးတက်စေကြောင်း သိသာထင်ရှားစွာ တွေ့မြင်နေရကြောင်း၊ ထို့ကြောင့် တပ်မတော်(လေ) အနေဖြင့် ဖြစ်ပေါ်တိုးတက်နေသည့် အခြေအနေများကို မျက်ခြည်မပြတ် လေ့လာ သုံးသပ်ဆန်းစစ်ပြီး လိုက်လျောညီထွေစွာ ပြောင်းလဲတိုးတက် ဆောင်ရွက်နေရမည်ဟု ၎င်းက ပြောသည်။

မြန်မာ့တပ်မတော်သည် တပ်မတော်(လေ)ထုတ် MTX-1A နှင့် MTX-1B ကင်းထောက် လေယာဉ်များကို တပ်တော်ဝင် အခမ်းအနားမှာ ထုတ်ဖော် ပြသသွားသည်ကို တွေ့ရသည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များကြား စစ်ပွဲများတွင် မြန်မာ့တပ်မတော်သည် လေကြောင်းကို အဓိကအားထား၍ တိုက်ခိုက်လျက်ရှိနေသည်။

သို့သော်လည်း နယ်မြေလက်လွတ် ဆုံးရှုံးရမှုများနှင့် တပ်မတော်စစ်စခန်းများ လက်လွတ်ဆုံးရှုံးရမှုများ ရှိနေသည်။

မြန်မာ့တပ်မတော်သည် လေကြောင်းကို အဓိက အားပြုတိုက်ခိုက်နေသလို လက်နက်ကိုင်အင်အားစုများကတော့ ဒရုန်းကို အဓိက အားပြု၍ လေကြောင်းတိုက်ခိုက်မှုကို လုပ်နေသည်ကို တွေ့ရသည်။
.
ပုံ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

imageimage
2 yrs - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၁၆-၁၂-၂၀၂၄)

တည်ငြိမ်နေဆဲ စက်သုံးဆီဈေးနှုန်းများ

image
2 yrs - Translate

PCO ဖုန်းတွေနဲ့ ပတ်သက်ရင်တော့ အမှတ်တရတွေ ရှိကြမယ်ထင်ပါတယ်။
(အနည်းဆုံး သင့်အသက် ၃၅ နှစ် ဝန်းကျင်ဆိုရင်ပေါ့။)

ခုခေတ်ကလေးတွေက စမတ်ဖုန်းကိုယ်စီနဲ့ဆိုတော့ PCO ဖုန်းဆိုတာ ဘာလဲမေးကြမှာပါ။

အရင်ခေတ်ကတော့ ကိုယ်ချစ်တဲ့ ကောင်မလေး ဒါမှမဟုတ် ကောင်လေးဆီကို PCO ဖုန်းတွေကတဆင့် ဖုန်းခေါ်ကြရတာ။

ကိုယ် စကားပြောချင်တဲ့သူက ဖုန်းလာ မကိုင်သေးတဲ့ အချိန်လေးအတွင်း ရင်ခုန်ပြီး စောင့်ရတဲ့ အရသာကို ပြန်လွမ်းမိကြဦးမယ်ထင်ပါတယ်။

အခု‌ခေတ်လို စမတ်ဖုန်းတွေ လူတိုင်း ကိုယ်စီ ကိုင်နိုင်ကြတဲ့ ခေတ်မဟုတ်သေးတာမို့ အနေဝေးနေတဲ့ ချစ်သူတွေ ဆက်သွယ်စရာက စာတွေအပြင်

အခုလို အခကြေးငွေပေးပြီး ဆက်ရတဲ့ PCO ကြိုးဖုန်းလေးတွေပဲ ရှိခဲ့တာပါ။

PCO ဖုန်းဆိုင်က အမကြီးတွေကိုလည်း ဖားထားရသေးတယ်။ ဒါမှ ဖုန်းလာရင် လာခေါ်ပေးတာ။

PCO ဖုန်းနဲ့ ပတ်သက်ပြီး အမှတ်တရတွေရှိရင် မျှဝေကြပါဦး။

image
2 yrs - Translate

နင်တို့ လမ်းခွဲလိုက်ကြပီဆို နင်ဘာတွေလုပ်လို့လဲ

ငါ :

image
2 yrs - Translate

ရည်:စာ:ရတဲ့တစ်နေ့
ရည်:စာ:လေးနဲ့ အတူစီ:မယ်ဆိုပြိး ၀ယ်ထားတာပါ

image
2 yrs - Translate

Knowledge

image

K-pop အဆိုတော် IU က သမ္မတယွန်ဆက်ယိုလ်ကို ဆန့်ကျင်ရေးဆန္ဒပြပြည်သူတွေကို အစားအစာနဲ့ အချိုရည်များ ထောက်ပံ့

ဒီဇင်ဘာ ၁၆

တောင်ကိုရီးယားနိုင်ငံရဲ့ K-pop စူပါစတား IU ဟာ သမ္မတ ယွန်ဆက်ယိုလ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေအတွက် ပူပူနွေးနွေးအစားအစာနဲ့ အချိုရည်တွေ ထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့ သူမရဲ့အေဂျင်စီ Edam Entertainmer က ဒီဇင်ဘာ ၁၃ ရက်က ပြောကြားခဲ့ပါတယ်။

Edam Entertainment ရဲ့တရားဝင် fan cafe ပို့စ်တစ်ခုမှာ IU ဟာ ရာသီဥတုအေးစက်နေတဲ့အချိန်မှာ ဆန္ဒပြကြ မယ့် IU ပရိသတ် (Uaena) တွေကို နွေးထွေးမှု ပေးလိုတယ်လို့ ပြောကြားခဲ့ပါတယ်။

"ဒီအစီအစဉ်ကြောင့် ပတ်ဝန်းကျင်ကို တောက်ပစေတဲ့ Uaena တို့ရဲ့လက်လေးတွေ အနည်းငယ်မျှ ပူနွေးလာမယ်လို့ မျှော်လင့်ပါတယ်" လို့ အေဂျင်စီပို့စ်မှာ ဖော်ပြထားပါတယ်။.

IU ပေးပို့ထောက်ပံ့ပေးမယ့်အစားအစာတွေမှာ မုန့် ၁၀၀ ၊ အချိုရည် ၁၀၀၊ ဟင်းချိုပန်းကန် ၁၀၀၊ အမဲရိုးစွပ်ပြုတ် ပန်းကန် ၁၀၀ နဲ့ ဆန်ကိတ် ၁၀၀ တို့ ပါဝင်သွားမယ်လို့ သိရပါတယ်။

တောင်ကိုရီးယားမှာ ပြီးခဲ့တဲ့သီတင်းပတ် စစ်အုပ်ချုပ်ရေး အရေးပေါ်ကြေညာခဲ့ခြင်းနဲ့ပတ်သက်ပြီး သမ္မတ ယွန်ဆက်ယိုလ်ကို ဒေါသထွက်ကြောင်းနဲ့ အပြစ်တင်ကြောင်း ဖော်ပြဖို့ လမ်းမတွေမှာ လူငယ်တွေ ဆန္ဒပြလှုပ်ရှားမှု တွေ ပြုလုပ်နေကြပါတယ်။

Credit - NP News

#သတင်းဟင်းလေးအိုးကြီး

image

ဆုဖလားစိန်ခေါ်ဖို့ ချယ်လ်ဆီး အဆင်သင့်မဖြစ်သေး

ဒီဇင်ဘာ ၁၆

ချယ်လ်ဆီးအသင်းဟာ ဘရန်ဖို့ဒ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ပြိုင်ပွဲစုံ ၇ ပွဲဆက်တိုက် အနိုင်ရရှိကာ အကောင်းဆုံးပုံစံတွေ ပြသနေပေမယ့် နည်းပြမာရက်စ်ကာက အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားစိန်ခေါ်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောခဲ့ပါတယ်။

မာရက်စ်ကာက “ကျနော်တို့ဟာ ပိုကောင်းအောင်လုပ်ရမယ့် အရာတွေ အများကြီးရှိပါတယ်။ အဲဒါကြောင့် ကျနော့်အတွက်ရော ကျနော်တို့အတွက်ရော အဆင်သင့် မဖြစ်သေးဘူးလို့ ပြောတာပါ။ ပရိသတ်တွေကတော့ ဆုဖလားအကြောင်းတွေးပြီး အိပ်မက်မက်လို့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ အသင်းတစ်သင်းအနေနဲ့ ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေက လက်တွေ့ဆန်ဖို့လိုပါတယ်”လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ဘရန်ဖို့ဒ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာမှာ ဦးဆောင် နေတဲ့ လီဗာပူးလ်အသင်းထက် ၁ ပွဲ ပိုကစားထားပြီး ရမှတ် ၂ မှတ်လျော့ကာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အဆင့် ၃ နေရာက အာဆင်နယ်အသင်းကို ၄ မှတ်၊ အဆင့် ၄ နေရာက နော်တင်ဟမ် ဖောရက်စ်အသင်းကို ၆ မှတ် အသာရထားတာပါ။

ဒါပေမယ့် ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက သူတို့ ဆုဖလားစိန်ခေါ်ဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုတာ ကို ထပ်ပြီး ပြောနေခဲ့ပါတယ်။

ဘရန်ဖို့ဒ်အသင်းနည်းပြ သောမတ်စ်ဖရန့်က ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားပြိုင်ပွဲထဲကို ရောက်ရှိနေပြီး သူတို့အလွန်ကောင်းတယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

ဘရန်ဖို့ဒ်အသင်းဟာ ချယ်လ်ဆီးအသင်းကို အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ပွဲ ကစားအပြီးမှာ ရမှတ် ၂၃ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဘရန်ဖို့ဒ် အသင်းက နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: BBC

ပုံ - ချယ်လ်ဆီးအသင်းကို တွေ့ရစဉ်

#centralnewsnaypyitaw

image
2 yrs - Translate

မြန်မာကိုယ်စားပြု မွန်ဖိုက်တာ ဆွတ်ရတ် မွေထိုင်းဖိုက်တာကို ဒိုင်ပေးမှတ်ဖြင့် အနိုင်ရ

ယမန်နေ့ ဒီဇင်ဘာ (၁၄)ရက် ညပိုင်းတွင် ကျင်းပပြုလုပ်သည့် Lumpinee 91 ပွဲစဉ်၌ မြန်မာကိုယ်စားပြု မွန်လူမျိုးဖိုက်တာ ဆွတ်ရတ်က မွေထိုင်းဖိုက်တာကို ဒိုင်ပေးမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

(၃)ချီစနစ်ဖြစ် ယှဥ်ပြိုင်ထိုးသ-တ်ရာတွင် မွေထိုင်းဖိုက်တာ ပက်ဝီချတ်ကို အသာစီး ထိုးသ-တ်ခဲ့သည်ကိုတွေ့ရကာ ထောက်လက်သီး၊ တွဲလုံးလက်သီးများကြောင့် မွေထိုင်းဖိုက်တာ ပွဲပြီးချိန်တွင် ဒိုင်ပေးမှတ်ဖြင့်ရှုံးနိမ့်ခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က (၄)ပွဲ ဆက်တိုက် ရှုံးနိမ့်ပြီး ဝေဖန်မှုခံမှုများ မြင့်တက်ခဲ့ရသည့် ဆွန်ရတ်သည် ယခု ၂၀၂၄ ခုနှ စ်အတွင်း (၄)ပွဲဆက်အနိုင်ယူပြီး ဝေဖန်မှုတွေကို ရပ်တန့်ရန် အလုပ်ဖြင့် သက်သေပြသွားခဲ့သည်။

ထိုင်းနိုင်ငံ၏ တန်းမြင့် လက်ဝှေ့ပွဲတစ်ခုဖြစ်သည့် Lumpinee စီးရီးပွဲစဉ်များတွင် မြန်မာ့ရိုးရာဖိုက်တာများ ဝင်ရောက်ယှဉ်ပြိုင်ရန်ဖိတ်ခေါ်ခြင်းခံရပြီး၊ ပြီးခဲ့သည့် ONE Lumpinee 76 စီးရီး ပွဲစဉ်အတွင်း ရိုးရာ ဖိုက်တာ (၅) ဦးထိ ပါဝင်ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ကြသည်။

image
2 yrs - Translate

တပ်မတော်(လေ)မှ ထုတ်လုပ်ထားသည့် MTX- 1A နှင့် MTX-1B လေယာဉ်များ တပ်တော်ဝင်ရာတွင် ပါဝင်ပျံသန်းခဲ့

တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များစမ်းသပ်တီထွင်ထုတ်လုပ်ထားသည့် ကင်းထောက်လေယာဥ်အမျိုးအစားများဖြစ်သော MTX-1A နှင့် MTX-1B လေယာဉ်များသည် ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းကကျင်းပသည့် လေယာဥ်၊ ရဟတ်ယာဥ်များ တပ်တော်ဝင်ရာတွင်ပါဝင်ပျံသန်းခဲ့ကြောင်း သိရသည်။

တပ်မတော်(လေ)၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် လေယာဉ်၊ ရဟတ်ယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားကို မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတက်သင်လေတပ်စခန်းဌာနချုပ်၌ကျင်းပခဲ့ခြင်းဖြစ်သည်။

ကင်းထောက်လေယာဉ်အမျိုးအစားဖြစ်သည့် အဆိုပါလေယာဉ်များကို Reverse Engineering နည်းလမ်းဖြင့် လေယာဉ်ထုတ်လုပ်မှုနည်းပညာနှင့် အတွေ့အကြုံများရရှိရန်ရည်ရွယ်၍ စမ်းသပ်ထုတ်လုပ် တပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MTX-1A လေယာဥ်အား ၂၀၂၁ ခုနှစ်၊ မတ် ၂၅ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပြီး Turboprop အင်ဂျင်နှင့် Glass Cockpit System တို့တပ်ဆင်ထားသည့် MTX-1B လေယာဉ်အား ၂၀၂၄ ခုနှစ်၊ မတ်လတွင် စမ်းသပ်ပျံသန်းမှုများအောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။

MTX-1B လေယာဉ်အား MTX-1A လေယာဉ်ထုတ်လုပ်မှုအတွေ့အကြုံများကိုအခြေခံ၍ ပိုမိုခေတ်မီအဆင့်မြင့်သည့် အဆင့်မြင့် Cockpit Display များ၊ ဆက်သွယ်ရေးစနစ်များနှင့် ကိုယ် ထည်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများပြုလုပ်ကာ ထပ်မံဆန်းသစ်တီထွင် ထုတ်လုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်း လေယာဥ်များအား စမ်းသပ်တီထွင်ရာတွင် လေယာဉ်ထုတ်လုပ်မှု ရည်ရွယ်ချက်များအတိုင်း ဒီဇိုင်းရေးဆွဲထုတ်လုပ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လေယာဉ်ထုတ်လုပ်မှုအဆင့်တိုင်းတွင် အရည်အသွေးစစ်ဆေးခြင်းနှင့် Functional and Operational Test လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

image