1 နှစ် - ဘာသာပြန်ပါ။

ချန်ပီယံပြေးလမ်းကြောင်းထဲ ဝင်ရောက်လာသူ သို့မဟုတ် ချယ်လ်ဆီး

ဒီဇင်ဘာ ၁၅

ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ စပါးအသင်းကို ၂ ဂိုးပြတ် အရှုံးကနေ အနိုင်ရအောင် ကစားနိုင်ခဲ့ပြီးနောက် ချန်ပီယံဆုအတွက် ပြေးလမ်းကြောင်းထဲ ဝင်ရောက်လာပြီလို့ ပြောလို့ရတဲ့ အနေအထားကို ရောက်ရှိလာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းနဲ့ အမှတ်ကွာဟချက်ရှိပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲစလုံး အနိုင်ရပြီး အနီးကပ် ဖိအားပေးနေတာပါ။

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာကတော့ အသင်းဟာ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်ဖို့ အဆင်သင့် မဖြစ် သေးဘူးလို့ အကြိမ်ကြိမ် ပြောနေတာ ဖြစ်ပါတယ်။

ပုံ - ချယ်လ်ဆီးအသင်းသားတွေကို တွေ့ရစဉ်

#centralnewsnaypyitaw

image

YBS ယာဉ်လိုင်းတွေထဲ လျှပ်စစ် စွမ်းအင်သုံး EV City Bus တွေ ထည့်သွင်းပြေးဆွဲဖို့ စီစဉ်နေ

ဒီဇင်ဘာ ၁၅

အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်း ဖြစ်တဲ့YBSယာဉ်လိုင်းပြေးဆွဲမှုတွေထဲ လျှပ်စစ် စွမ်းအင်သုံး EV City Busတွေ ထည့်သွင်းပြေးဆွဲဖို့ ကိုလာမယ့် ၂၀၂၅ခုနှစ် အတွင်းစီစဉ်သွားမယ်လို့ ပုဂ္ဂလိကယာဉ်လိုင်း ကုမ္ပဏီ တွေထံကနေသိရပါတယ်။

YBSယာဉ်လိုင်းတွေထဲ EV City Busတွေ ထည့်သွင်းပြေးဆွဲဖို့ကို ကနဦး ရှေ့ပြေးစီမံချက်တွေအနေနဲ့ ပြုလုပ်မှာဖြစ်ရာလာမယ့် ၂၀၂၅ ခုနှစ် အတွင်းတော့ အကောင်အထည်ပေါ်ပေါက်လာနိုင်မယ်လို့ဆိုပါတယ်။

EV city bus များပြေးဆွဲနိုင်ရန် သက်ဆိုင်ရာပို့ေဆာင်ဆက်သွယ်ရေးဝန်ကြီးဌာနကို ပြီးခဲ့တဲ့ စက်တင်ဘာလက စီမံချက် တင်ပြခဲ့ပြီး လိုအပ်တဲ့ အချက်အလက်များကို ထပ်မံတင်ပြနိုင်အောင် ဆောင်ရွက်နေသလို လက်ရှိအသုံးပြုနေတဲ့ CNG စွမ်းအင်သုံး YBSယာဉ်လိုင်းတွေ အတိုင်းယာဉ်စီးခ ကောက်ခံဖို့ဖြစ်နိုင် မဖြစ်နိုင်ကိုလည်း ဆွေးနွေးတာတွေရှိနေတယ်လို့သိရပါတယ်။

" YBSထဲ EV city bus ထည့်သွင်းပြေးဆွဲပေးဖို့က စနစ်ကောင်းတစ်ခုပါ။ယာဉ်စီးခအနေနဲ့ကတော့ လက်ရှိပြေးဆွဲနေတဲ့ကားတွေအတိုင်းသတ်မှတ်ရမလား အဲဒီ့ထက် ဈေးပိုသတ်မှတ်ရမလားဆိုတာကတော့ EV busကိုပိုင်တဲ့ပြေးဆွဲပေးမယ့်ယာဉ်လိုင်းနဲ့ သက်ဆိုင်ရာအဖွဲ့တွေဆက်ဆွေးနွေးရမှာပါ"လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)က တာဝန်ရှိသူတယောက်က ပြောပါတယ်။

လျှပ်စစ် စွမ်းအင်သုံး EV City Bus တွေရဲ့တန်ဖိုးက လက်ရှိ ပြေးဆွဲနေတဲ့ CNGဓာတ်ငွေ့သုံး ဘတ်စ်ကားတွေ ထက် တန်ဖိုးများနေ တဲ့အတွက် သက်ဆိုင်ရာ အစိုးရက အထောက်အပံ့ပြုလုပ်ပေးပါက ကောင်းမွန်တဲ့စနစ်ကို အခြားအိမ်နီးချင်းနိုင်ငံတွေနည်းတူ ပြုလုပ်နိုင်မယ်လို့ ဆိုပါတယ်။

" EVကားတွေကို ဘတ်စ်ကားသုံးမယ်ဆိုရင် ဘတ်စ်ကားကုမ္ပဏီတွေက လုပ်ဖို့အစီစဉ်တော့ရှိသလို YRTCကလည်း လမ်းညွှန်ထားတာရှိတယ်။ ခရီးသွားတွေ သက်တောင့်သက်သာစီးနိုင်ဖို့ကျွန်တော်တို့ကလည်း လုပ်ဖို့ရည်ရွယ်ချက်ရှိတယ်။ ဒါပေမယ့် အဲဒီကားတွေက သူ့ရဲ့ဆိုဒ်အလိုက် တစီးကို ဒေါ်လာ တသိန်းကျော်မယ်။ ကျပ်ငွေနဲ့တွက်ရင် ကားတစီးတန်ဖိုးက သိန်း ၄၆၀၀ နဲ့ ၄၅၀၀လောက်ကျသွားမယ်။အရင်းတန်ဖိုးများတယ်။ နောက်စက်သုံးဆီ ကုန်ကျစရိတ် မှာ လက်ရှိCNGကို သုံးတယ်။ EV bus က လျှပ်စစ်ယူနစ်သုံးတာ နည်းနည်းများတော့ CNGဖိုးထက်တော့ ပိုကုန်လိမ့်မယ်။ မသက်သာနိုင်ဘူး ။အဲဒါဆိုရင် အရင်းကြေကာလကြာမယ်။အခြားနိုင်ငံတွေမှာတော့အစိုးရပိုင်းက ချေးငွေပိုင်းစတဲ့ တနည်းတဖုံနဲ့ ထောက်ပံ့တာတွေရှိပါတယ်"လို့EV busနဲ့ပတ်သက်ပြီးPower Eleven ပုဂ္ဂလိကယာဉ်လိုင်းကုမ္ပဏီ ရဲ့တာဝန်ရှိသူ ကိုတရုတ်လေးက သုံးသပ်ပြောထားပါတယ်။

လက်ရှိမှာအဝေးပြေးယာဉ်လိုင်းအချို့တွင်လည်း EV Bus များကို အသုံးပြုနေလျက်ရှိသလို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် တို့တွင်လည်း EV Taxi များပြေးဆွဲမှုရှိနေပါတယ်။

ရန်ကုန်မြို့အတွင်း နေ့စဉ် YBS ယာဉ်လိုင်းပေါင်း (၁၃၀) ကျော်မှ ယာဉ်စီးရေ (၃၅၀၀) ကျော်ဖြင့် ခရီးသည် ၁ ဒသမ ၄ သန်းကျော်ကို ပြေးဆွဲဝန်ဆောင်ပေးနေလျက်ရှိကြောင်း YRTC ရဲ့ စာရင်းများအရ သိရှိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
1 နှစ် - ဘာသာပြန်ပါ။

Elon Musk ၏ ဉာဏ်ရည်တုလပ်ငန်းအသစ် xAI မှ ၎င်း၏ Grok-2 chatbot ဗားရှင်းအသစ်သည် ဆိုရှယ်မီဒီယာပလပ်ဖောင်း X ၏ သုံးစွဲသူအားလုံးအတွက် အခမဲ့ရရှိနိုင်မည်ဖြစ်ကြောင်း စနေနေ့တွင် ပြောကြားခဲ့သည်။

image
1 နှစ် - ဘာသာပြန်ပါ။

ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနိုင်ငံ အရှေ့ဘက်ရှိ မဟာဗျူဟာကျသော Pokrovsk မြို့သို့ ဦးတည်ချီတက်လျက်ရှိ။

တောင်ပိုင်းမှ ချီတက်လာသောရုရှားတပ် များ သည် ယူကရိန်းနိုင်ငံ Pokrovsk မြို့အပြင်ဘက် ၁.၅ ကီလိုမီတာ (၁ မိုင်) သာကွာဝေးပြီး အထူးတပ်ဖွဲ့အချို့သည် လမ်းနှင့် ရထားလမ်း အချက်အချာနေရာသို့ပင် ဝင်ရောက်လာခဲ့ကြောင်း ရုရှားဘက်တော်သား စစ်ဘလော့ဂါများက သောကြာနေ့တွင် ပြောကြားခဲ့သည်။

image
1 နှစ် - ဘာသာပြန်ပါ။

အမှိုက်ပုံးထဲတွင် စွန့်ပစ်သေဆုံးနေသည့် မွေးကင်းစကလေးငယ်တွေ့ရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး( ခ) ရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ တာမွေပလာဇာရှေ့ရှိ အမှိုက်ပုံးထဲတွင် စွန့်ပစ်သေဆုံးနေသည့် မွေးကင်းစကလေးငယ်၏ ရုပ်အလောင်းတွေ့ရှိခဲ့သည်။


ဒီဇင်ဘာလ ၁၄ ရက် ညခင်းအချိန်တွင် စည်ပင်ကားမှာ အမှိုက်များသိမ်းယူချိန် သေဆုံးနေသည့် မွေးကင်းစကလေးငယ်ကို အမှိုက်ပုံးထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။


"အမှိုက်သိမ်းတဲ့သူတွေ တွေ့တာ။ ကလေးကချက်ကြိုး တန်းလန်းနဲ့ " လို့ မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ထိုချက်ကြိုးတန်းလန်းဖြင့် စွန့်ပစ်သေဆုံးနေသည့်
ကလေးငယ်မှာ မိန်းကလေးဖြစ်ကြောင်း ရုပ်အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံ ရေခဲတိုက်ထဲသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo -Credit

#centralnewsnaypyitaw

image

ပန်းရောင်ကတ်(ဘတ်)စာရင်း ဒီဇင်ဘာ ၁၆ ရက် စဖွင့်မယ်လို့ မြန်မာသံရုံးကြေညာ

ဒီဇင်ဘာ ၁၅

တရားမဝင်မြန်မာရွှေ့ပြောင်းတွေ ထိုင်းနိုင်ငံတွင်း ယာယီနေထိုင်အလုပ်လုပ်ခွင့်ကတ်ဖြစ်တဲ့ ပန်းရောင်ကတ် (ဘတ်)လျှောက်ထားဖို့ နာမည်စာရင်းပေးသွင်းတာကို ဒီဇင်ဘာ ၁၆ ရက်မှာ ထိုင်း အလုပ်အကိုင်ဦးစီးဌာနက စဖွင့်ပေးတော့မယ်လို့ ဘန်ကောက်မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၆ ကနေ ၃၀ အထိ ၁၅ ရက်အတွင်း နာမည်စာရင်းပေးသွင်းတဲ့လုပ်ငန်းစဉ်ကို လုပ်ဆောင်ရမှာဖြစ် တယ်လို့ သံရုံးကထုတ်ပြန်ပါတယ်။

နာမည်စာရင်းပေးသွင်းပြီးရင်တော့ ကျန်းမာရေးအာမခံနဲ့ကျန်းမာရေးစစ်ဆေးတာ၊အလုပ်လုပ်ကိုင်ခွင့် ပါမစ် လျှောက်တာ၊စာရွက်စာတမ်းစစ်ဆေးတာနဲ့အလုပ်ခွင့်ပြုချက်ဆောင်ရွက်တဲ့အဆင့်တွေအတွက် အချိန် ၄ လ ကျော်ကြာမှာပါ။

ဒါပြီးရင်တော့ ၂၀၂၆ ခုနှစ် မတ်လကုန်အထိ အလုပ်လုပ်ကိုင်ခွင့် တစ်နှစ်တာရရှိမှာ ဖြစ်ပါတယ်။

ဒီကတ်အတွက် ကုန်ကျစရိတ်က ဘတ်ငွေ ၇,၀၀၀ ကနေ ၁၂,၀၀၀ အထိ ပြင်ပအကျိုးဆောင်ဈေးကွက်မှာ ဈေးပေါက်နေတာဖြစ်ပါတယ်။

မြန်မာ‌ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူတွေကတော့ ငွေကြေးလိမ်လည်မခံရအောင် ယုံကြည်စိတ်ချတဲ့ အကျိုးဆောင်တွေကို စုံစမ်းလုပ်ဆောင်ဖို့ သတိပေးနေကြပါတယ်။

#centralnewsnaypyitaw

image

Christmas

1 နှစ် - ဘာသာပြန်ပါ။

ဗုံလုံသီးဟင်း

ပုစွန်လေးနဲ့ရောချက်ပါတယ်
ပုစွန်ကို အခွံခွာ ဆနွင်းနယ်
ကြက်သွန်ဖြူနီငရုတ်ခြောက်အနီတောင့်တို့ကိုထောင်းပြီး
ဆီသပ် ပုစွန် ဗုံလုံသီး ကြက်သားမှုန့် ရေနည်းနည်း
ထည့်ပြီး ချက်ပါတယ်

image
1 နှစ် - ဘာသာပြန်ပါ။

ယနေ့စက်သုံးဆီစျေးနှုန်း (၁၅-၁၂-၂၀၂၄)

image
1 နှစ် - ဘာသာပြန်ပါ။

တရုတ်တွင် သိပ္ပံပညာအရ မျိုးစိတ်များ မသိရှိနိုင်သည့် ၁၉၂ မီတာအနက်ရှိ ကြီးမားသော မြေအောက်တောအုပ် ကြီးကို ရှာဖွေတွေ့ရှိ အဲဒီမှာ ပေါက်နေတဲ့ ရှေးဟောင်း သစ်ပင်တွေက မီတာ ၄၀ နီးပါး ရှည်ပါတယ်။

တွေ့ရှိခဲ့တဲ့ ဒီမြေအောက်တောအုပ်ကြီးဟာ တကယ့်ကို သိပ္ပံလောကအတွက် အံ့ဖွယ်ရာ ရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်ပါတယ်။၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ တရုတ်နိုင်ငံက သိပ္ပံပညာရှင်များက ဒီမြေအောက်တောအုပ်ကြီးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Cave Exploration Institute of China နဲ့ အခြားသုတေသနအဖွဲ့များက ဒီတွေ့ရှိမှုကို အတည်ပြုထားပြီး၊ နိုင်ငံတကာ သိပ္ပံဂျာနယ်တွေမှာလည်း ဖော်ပြခဲ့ပါတယ်။

ဒီလိုမျိုး မြေအောက်တောအုပ်တွေကို Karst Cave System လို့ခေါ်ပြီး တရုတ်နိုင်ငံမှာ ဒီလိုစနစ်မျိုး အများအပြား ရှိပေမယ့် ဒီလောက်ကြီးမားပြီး သဘာဝအတိုင်း ရှင်သန်နေတဲ့ တောအုပ်မျိုးက ရှားပါးပါတယ်။

ဒီတွေ့ရှိမှုက သိပ္ပံလောကအတွက် အရေးပါတဲ့ တွေ့ရှိမှုတစ်ခု ဖြစ်ပြီး၊ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရေးအတွက်လည်း အရေးကြီးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

အဓိက အချက်အလက်များ:

၁။ တည်နေရာ
- တရုတ်နိုင်ငံ၊ လိယောင်းခရိုင်၊ ဂွမ်ရှီးဇွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တွေ့ရှိခဲ့ပါတယ်။

၂။ တောအုပ်၏ အရွယ်အစား
- အနက် ၁၉၂ မီတာ ရှိပြီး
- အကျယ် ၁၅၀ မီတာခန့် ရှိပါတယ်။

၃။ အထူးခြားဆုံး တွေ့ရှိချက်များ
- မီတာ ၄၀ အထိ မြင့်တက်နေတဲ့ သစ်ပင်ကြီးများ
- မျိုးစိတ်သစ်များ ဖြစ်နိုင်တဲ့ အပင်နဲ့ တိရစ္ဆာန်များ
- ရှေးဟောင်း သစ်ပင်မျိုးစိတ်များ

၄။ သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိချက်
- ဒီဒေသမှာ ယခင်က မတွေ့ရှိဖူးသေးတဲ့ မျိုးစိတ်သစ်များ ရှိနိုင်ကြောင်း
- ဂေဟစနစ် အသစ်တစ်ခုအဖြစ် တွေ့ရှိရခြင်း
- ရာသီဥတု ပြောင်းလဲမှုကို ခံနိုင်ရည်ရှိစွာ ရှင်သန်နေတဲ့ သဘာဝတောအုပ်ဖြစ်ခြင်း

ဒီတွေ့ရှိချက်က သိပ္ပံပညာရှင်တွေအတွက် လေ့လာစရာ အများကြီးပေးနိုင်ပြီး၊ ကမ္ဘာမြေကြီးရဲ့ သဘာဝတရားတွေကို ပိုမိုနားလည်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုမျိုး မြေအောက်တောအုပ်တွေဟာ ရာသီဥတု ပြောင်းလဲမှုကို လေ့လာဖို့အတွက် အရေးကြီးတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။

image