2 yrs - Translate

Minimalist Tattoo Ideas 🖤💫

image
2 yrs - Translate

Minimalist Tattoo Ideas 🖤💫

image
2 yrs - Translate

Minimalist Tattoo Ideas 🖤💫

image
2 yrs - Translate

Minimalist Tattoo Ideas 🖤💫

image
2 yrs - Translate

Minimalist Tattoo Ideas 🖤💫

image
2 yrs - Translate

Minimalist Tattoo Ideas 🖤💫

image
2 yrs - Translate

Minimalist Tattoo Ideas 🖤💫

image
2 yrs - Translate

Minimalist Tattoo Ideas 🖤💫

image
2 yrs - Translate

Minimalist Tattoo Ideas 🖤💫

imageimage
+7
2 yrs - Translate

အိန္ဒိယနိုင်ငံ၊ ရှေးဟောင်းသုတေသနဌာန(ASI) အဖွဲ့မှ ပြုပြင်ထိန်းသိမ်းခဲ့သည့် ရှေးဟောင်းအ ဆောက်အအုံ(၁၁)ဆူ၏ လုပ်ငန်းများပြီးစီး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ပုဂံရှေး ဟောင်းယဥ်ကျေးမှုနယ်မြေ၌ အိန္ဒိယနိုင်ငံ၊ ရှေး ဟောင်းသုတေသနဌာန(ASI)အဖွဲ့မှ ပြုပြင်ထိန်းသိမ်းခဲ့သည့် စီမံကိန်းပထမအဆင့် ရှေးဟောင်းအဆောက်အအုံ(၁၁)ဆူ၏ လုပ်ငန်း(၂၂)ခုမှာပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြီးစီးသွားခဲ့သဖြင့် လွှဲပြောင်းပေးအပ်ကို ဒီဇင်ဘာ ၁၃ ရက်နေ့လည် ၃ နာရီက ပုဂံရှေး ဟောင်းယဥ်ကျေးမှုနယ်မြေရှိ ရွာဟောင်းကြီးဘုရား၌ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Sh.Abhay Thakur နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့မှ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုမှတ် တမ်းကျောက်စာအား ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် ရှေးဟောင်းအဆောက်အအုံ(၁၁)ဆူ၏ အဆောက်အအုံပိုင်းဆိုင်ရာနှင့် နံရံဆေးရေးပန်းချီ၊ အင်္ဂတေပန်း၊ အနုလက်ရာပိုင်းဆိုင်ရာများ ပြုပြင်ထိန်းသိမ်းမှုမှတ်တမ်းဓာတ်ပုံများ၊ ASI မှ ပြုပြင်ထိန်းသိမ်းပြီးစီးခဲ့သည့် နတ်လျောင် ကျောင်းနှင့် သိကြားပုန်းဘုရားများကို ကြည့်ရှုခဲ့ကြသည်။

ပုဂံဒေသရှိ ငလျင်ဒဏ်သင့်ရှေးဟောင်းအ ဆောက်အအုံ(၇၂)ဆူ လုပ်ငန်း(၈၉)ခုအား ပြု ပြင်ထိန်းသိမ်းရေးအစီအစဉ်ကို မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နားလည်မှုသဝဏ်လွှာ(MOU)ကို ၂၀၁၈ ခုနှစ်တွင်ရေထိုးခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ၊ ရှေးဟောင်းသုတေသနဌာန(ASI)အဖွဲ့မှ ပြုပြင်ထိန်းသိမ်းမှုများကိုဆောင်ရွက်ခဲ့ကြသည်။

ပြုပြင်ထိန်းသိမ်းရာ၌ Phase-1, Phase-2, Phase-3 (၃)ပိုင်းခွဲ၍ (၁၀)နှစ်စီမံကိန်းဖြင့် အ ဆောက်အအုံပိုင်းနှင့် အနုလက်ရာပိုင်းထိန်း သိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းစဥ်များချမှတ်ပြီးနောက် ၂၀၂၀ ပြည့်နှစ်မှ စတင် ၍ Phase-1 အဖြစ် ရှေးဟောင်းအဆောက်အအုံ (၁၂)ဆူ၏ အဆောက်အအုံပိုင်းဆိုင်ရာပြုပြင်ထိန်းသိမ်းခြင်း၊ နံရံပန်းချီနှင့် အင်္ဂတေပန်းကြံ့ခိုင် ထိန်းသိမ်းခြင်းများကို အိန္ဒိနိုင်ငံအစိုးရအကူအညီဖြင့် အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာနမှ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ခဲ့သဖြင့် ရှေးဟောင်းအ ဆောက်အအုံ(၁၁)ဆူ၏ (လုပ်ငန်း ၂၂ ခု)မှာ ပြု ပြင်ထိန်းသိမ်းမှုများ ရာနှုန်းပြည့်ပြီးစီးခဲ့ကာ ကျန်ရှိသည့် ရှေးဟောင်းအဆောက်အအုံ(၁)ဆူအား ဆက်လက်ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်လျက်ရှိသည်။

ထို့ပြင် Phase-2 တွင် ရှေးဟောင်းအဆောက်အအုံပေါင်း(၂၇)ဆူ (လုပ်ငန်း ၃၂ ခု)နှင့် Phase-3 တွင် ရှေးဟောင်းအဆောက်အအုံပေါင်း (၃၃)ဆူ (လုပ်ငန်း ၃၃ ခု)တို့ကိုလည်း အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာနမှ ပညာရှင်များက ပြု ပြင်ထိန်းသိမ်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

image