1 y - Translate

ပျော်ပျော်ပဲနေပါ
တစ်နေ့ကျ သင်ချစ်ရတဲ့သူက
တစ်ခြားတစ်ယောက်နဲ့ လက်ထပ်မှာ😊

image
1 y - Translate

I love tulips in many ways.

image
1 y - Translate

I love tulips in many ways.

image
1 y - Translate

I love tulips in many ways.

image
1 y - Translate

I love tulips in many ways.

image
1 y - Translate

I love tulips in many ways.

image
1 y - Translate

I love tulips in many ways.

image
image
image
image
image
1 y - Translate

တရုတ်က အာကာသတွင် ၉ နာရီကြာလမ်းလျှောက်ပြီး ကမ္ဘာ့စံချိန်ချိုး

Tiangong အာကာသစခန်းမှ တရုတ်အာကာသယာဉ်မှူးနှစ်ဦးသည် အာကာသတွင် တစ်ကြိမ်တည်း အချိန်အကြာဆုံးလမ်းလျှောက်ခဲ့ခြင်းဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုကျော်က အမေရိကန်အာကာသအစီအစဉ်က တင်ထားခဲ့သော ကမ္ဘာ့စံချိန်ကို ချိုးဖျက်ခဲ့သည်။

ရှန်ကျိူး-၁၉ အာကာသယာဉ် အဖွဲ့ဝင်များဖြစ်သော Cai Xuzhe နှင့် Song Lingdong တို့သည် ပေကျင်းစံတော်ချိန် ည ၉း၅၇ နာရီတွင် ၉ နာရီကြာ အထူးသီးသန့် လှုပ်ရှားမှု(EVA) ကို ပြီးမြောက်ခဲ့သည်ဟု တရုတ်အာကာသအေဂျင်စီ(CMSA) က ပြောဆိုခဲ့သည်။

ယခင်စံချိန်ကို ၂၀၀၁ ခုနှစ် မတ်လ ၁၁ ရက်က တင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်အာကာသယာဉ်မှူး James Voss နှင့် Susan Helms တို့က နိုင်ငံတကာအာကာသစခန်း ခရီးစဉ်အတွင်း Discovery အာကာသလွန်းပျံယာဉ် အပြင်ဘက်တွင် အချိန် ၈ နာရီ ၅၆ မိနစ်ကြာ နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း နာဆာက ဆိုခဲ့သည်။

EVA ၉ နာရီစံချိန်သည် တရုတ်နိုင်ငံ၏ အာကာသလမ်းလျှောက်မှုသမိုင်းတွင် မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ယခုနှစ်အစောပိုင်းက ရှန်ကျိူး-၁၈ အာကာသယာဉ်မှူးများဖြစ်သော Ye Guangfu နှင့် Li Guangsu တို့သည် Tiangong အပြင်ဘက်တွင် အချိန် ၈ နာရီ ၂၃ မိနစ်နေထိုင်ကာ အလားတူမစ်ရှင်ကို ပြီးမြောက်ထားခဲ့သည်။

image
1 y - Translate

CNG တန်းစီနေရသည့် အခက်အခဲကြောင့် YBS ယာဉ်များ အပြည့်မထွက်နိုင်ဖြစ်နေ

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် CNG အရောင်းဆိုင်များတွင် CNG လုံလောက်စွာ ဖြည့်တင်းပေးနိုင်ရန် အခက်အခဲဖြစ်နေပြီး YBS ယာဉ်များသည်လည်း CNG တန်းစီနေရပြီး YBS ယာဉ်များ အပြည့်မထွက်နိုင်ဖြစ်နေကြောင်း သိရသည်။

“အရင်က လေးဝိုင်းလောက်ပတ်နိုင်ရင် အဲဒီထက်လျော့သွားတယ်၊ တန်းစီနေရတယ်။ Gas ရဖို့ကို၊ ရုံးတက်ချိန်က အဆင်ပြေပေမယ့် ရုံးဆင်းချိန်ကို မမီတော့ဘူး” ဟု YBS ယာဉ်မောင်းတစ်ဦးက ပြောသည်။

YBS ယာဉ်များ အပြည့်မထွက်နိုင်ဖြစ်နေသောကြောင့် ရုံးဝန်ထမ်း ခရီးသွားအများစုမှာလည်း ယာဉ်ပေါ်တွင် မတန်တဆ လူများခြင်းဖြင့် စီးနင်းရသည့် အခက်အခဲ၊ ကားများကို ကြာရှည်စွာစောင့်ဆိုင်းရသည့် အခက်အခဲများ ဖြစ်ပေါ်နေသည်။

“၇၂ ဆို အကြာကြီးစောင့်ရတယ်၊ လူတွေကလည်း များကြီး၊ ခါးပိုက်နှိုက်လည်းကြောက်ရ၊ ကားစောင့်ရတာကြာနဲ့ အိမ်ပြန်ရောက်ရင် မိုးစုန်းစုန်းချုပ်နေပြီ” ဟု YBS ကို ပုံမှန်စီးနေသည့် ရုံးဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်း၌ YBS ယာဉ်အစီးရေ (၃၅၀၀) ခန့်က ခရီးသည် တစ်သန်းကျော်ကို နေ့စဉ်ဝန်ဆောင်မှုပေးနေပြီး ယခုအခါ CNG အခက်အခဲကြောင့် လျော့နည်းပြေးဆွဲနေရကြောင်းလည်း သိရသည်။

1 y - Translate

လေထိုးစရာမလိုတဲ့ ကားတာယာ။

လေထိုးစရာမလိုတဲ့ ကားတာယာတွေကို အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့အခြေစိုက် SMART တာယာကုမ္ပဏီက မိတ်ဆက်ထားပါတယ်။

အမေရိကန် အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ (နာဆာ) က ဒီတာယာတွေကို လကမ္ဘာပေါ်မှာသုံးဖို့ ဖန်တီးခဲ့တာဖြစ်ပြီး ရိုးရိုးတာယာတွေထက် ပိုမိုကောင်းမွန်ပါတယ်။

လေထိုးစရာမလိုတဲ့အတွက် ဘီးပေါက်တာမျိုး မဖြစ်နိုင်သလို ရော်ဘာသုံးတာယာတွေထက် ပိုမို တာရှည်ခံပြီး ရေရှည်အသုံးခံပါတယ်တဲ့။

Shape Memory Alloy (SMA) လို့ခေါ်တဲ့ ဆွဲဆန့်နိုင်တဲ့ စပရင်သတ္တုလေးတွေကို ဆန်ခါပုံစံလို ရက်ထားတဲ့ ဒီကားဘီးဟာ ရော်ဘာလိုပဲ ဆွဲဆန့်နိုင်ပြီး တိုက်တေနီယမ်သတ္တုလို ခိုင်ခံ့ပါတယ်။

စွန့်ပစ်ရော်ဘာကား တာယာတွေကနေထွက်ရှိတဲ့ ဓာတုပစ္စည်းတွေကြောင့် ကမ္ဘာတစ်ဝန်းမှာ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု အန္တရာယ်တွေနဲ့ရင်ဆိုင်နေရပြီး ဒီ SMART ကားတာယာတွေဟာ ကားသက်တမ်းတစ်လျှောက်လဲလှယ် စရာမလိုကြောင်းလဲ သိရပါတယ်။

SMART တာယာတွေဟာ ကတ္တရာလမ်းကို ကုပ်အားရှိအောင် အပြင်ဘက်မှာ ရော်ဘာကို တပ်ဆင်ရပြီး ကုပ်အားမရှိတော့ရင် အပြင်ပိုင်းလေးကိုပဲ လဲလှယ်ပေးရမှာ ဖြစ်ပါတယ်။

#ကားတာယာ

image