32 w - Translate

ဘေဘီ သဲလေး ပုစိ ညှောင့်ညှက် နုနု ဥဥ ညုတုတု
ပျော်ရွှင်သော မွေးနေ့ပါ။

image
image
image

၂၀၃၀ ပြည့်နှစ်မတိုင်ခင် တရုတ်နိုင်ငံမှာ နျူကလီးယားထိပ်ဖူး ၁၀၀၀ ကျော်ရှိလာလိမ့်မယ်လို့ ပင်တဂွန်ရဲ့ လွှတ်တော်အစီရင်ခံစာမှာ ဖော်ပြ

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၁

တရုတ်နိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်မတိုင်ခင် နျူကလီးယားဒုံးကျည်အစင်း ၁၀၀၀ ကျော် တည်ဆောက်သွားမှာ ဖြစ်ကြောင်း အမေရိကန်နို်င်ငံက ပြောကြားလိုက်ပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်ရဲ့ “တရုတ်နိုင်ငံ စစ်ရေးနဲ့ လုံခြုံရေးတိုးတက်မှု ကွန်ဂရက်လွှတ်တော်နှစ်ပတ်လည် အစီရင်ခံစာ” မှာ ဖော်ပြထားတာဖြစ်ပါတယ်။

အနှစ်လေးငါးဆယ်ကြာ ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လာတဲ့ တရုတ်တပ်မတော်ဟာ မကြာသေးခင်ကာလ အတွင်း တိုးတက်မှုတွေ ပိုမိုရရှိလာကြောင်း ထောက်လှမ်းရေးနဲ့ တခြားသတင်း ရင်းမြစ်တွေကို ကိုးကားပြီး အဲဒီအစီရင်ခံ စာမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ တရုတ်တပ်မတော်တိုးတက်ရေး စွမ်းဆောင်ချက်တွေကို ထပ်ပိုင်းခေါင်းဆောင်တွေ ဖယ်ရှားပစ်ရတဲ့ အထိ ရောက်ရှိခဲ့တဲ့ အကျင့်ပျက်ခြစားမှုတွေက ဟန့်တားနှောင့်ယှက်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်က နျူကလီးယားထိပ်ဖူး ၅၀၀ ကျော်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ နျုကလီးယားထိပ်ဖူး ၆၀၀ ကျော် ဖြစ်လာတဲ့ တရုတ်နိုင်ငံဟာ ၂၀၃၀ ပြည့်နှစ် မတိုင်ခင်မှာ နျူကလီးယားထိပ်ဖူး ၁၀၀၀ ကျော် ပိုင်ဆိုင်လာမှာ ဖြစ်ကြောင်း ပင်တဂွန် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် တရုတ်နိုင်ငံအနေနဲ့ နျူကလီးယားစစ်ပွဲတစ်ခုဖြစ်လာရင် အမေရိကန်မြို့ကြီးတွေ၊ စစ်ဘက်ဆိုင်ရာ အဆောက်အဦတွေနဲ့ အမေရိကန်ခေါင်းဆောင်မှုနေရာတွကို အရင်ကထက် ပိုမိုပစ်မှတ်ထား တိုက်ခိုက်လာနိုင် တော့မှာဖြစ်ကြောင်း ပင်တဂွန်က ပြောပါတယ်။

ကမ္ဘာပေါ်မှာ အကြီးမားဆုံးရေတပ်ကို ပိုင်ဆိုင်ထားတဲ့ တရုတ်နိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ သင်္ဘောနဲ့ ရေငုပ် သင်္ဘောအစီးရေ ခန့်မှန်း ၃၄၀ ဝန်းကျင်ရှိပေမဲ့ လက်ရှိအချိန်မှာ အစီးရေ ၃၇၀ ကျော်သွားပြီဖြစ်ကြောင်း ပင်တဂွန်က ပြောပါတယ်။

တရုတ်ရေတပ်ဟာ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း၊ ထိုင်ဝမ်ကျွန်းနဲ့ ဖိလစ်ပိုင်ကျွန်းတွေပါဝင်တဲ့ “ကနဦးကျွန်းကွင်းဆက်” ကို ကျော်လွန်ပြီး စစ်ဆင်ရေးတာဝန်တွေထမ်းဆောင်နိုင်တဲ့အထိ စွမ်းရည်တိုးတက်လာတဲ့အပြင် ဆက်လက်ပြီးတိုး တက်နေကြောင်း ပင်တဂွန်အစီရင်ခံစာမှာ ဖော်ပြပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်ဟာ အမေရိကန်စံနှုန်းတွေကို အမီလိုက်နိုင်ဖို့အတွက် အလျင် အမြန်ဆောင်ရွက်နေပြီး လေယာဉ်ပေါင်းစုံရော မောင်းသူမဲ့လေယာဉ်စနစ်တွေကိုပါ အဆင့်မြှင့်တင် တည်ဆောက်လျက်ရှိကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ တိုက်ချင်းပစ်ဒုံးကျည်တွေကိုလည်း တိုးမြှင့်ထုတ်လုပ်နေပြီး ၎င်းတို့ရဲ့ နျူကလီးယား ဒုံးကျည်တပ်ဖွဲ့ တွေရဲ့ စွမ်းရည်တွေကို မြှင့်တင်လျက်ရှိသလို နျူကလီးယားထိပ်ဖူးတွေကိုပါ တိုးမြှင့်ထုတ်လုပ်နေပါတယ်။

တရုတ်နိုင်ငံဟာ တိုက်ချင်းပစ်ဒုံးကျည်စခန်း အနည်းဆုံး ၃၀၀ ပါဝင်တဲ့ ဒုံးကျည်စခန်းသစ်နေရာသုံးခုကိုလည်း ၂၀၂၂ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ပြီး တချို့ဒုံးပစ်စင်/ဒုံးပစ်လောင်ချာတွေကို ကျည်ထိုးထားကြောင်း ပင်တဂွန်က ပြောပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာ အရှေ့အာဖရိက ဂျပ်ဘူးတီးနိုင်ငံမှာရှိတဲ့ ၎င်းတို့ရဲ့စစ်စခန်းကိုကျော်လွန်ပြီး စစ်အင်အားပိုမိုချဲ့ ထွက်ဖို့အတွက် ပင်လယ်ရပ်ခြား အခြေခံအဆောက်အအုံနဲ့ လော်ဂျစ်စတစ်ကို တိုးချဲ့ဖို့ စဉ်းစားနေပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ မြန်မာ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်ကနေ ကင်ညာ၊ နိုင်ဂျီးရီးယားနဲ့ တခြားနိုင်ငံတွေအထိ လော်ဂျစ်စတစ်အဆောက်အဦတွေ တည်ဆောက်ဖို့ စဉ်းစားနေကြောင်း ပင်တဂွန်ကပြောပါတယ်။

တရုတ်ရဲ့ နိုင်ငံတကာစစ်ဘက်ဆိုင်ရာလော်ဂျစ်စတစ်ကွန်ရက်တစ်ခုဟာ အမေရိကန်စစ်ဆင်ရေးတွေကို ကောင်း ကောင်းကြီး ဒုက္ခပေးနိုင်ကြောင်း ပင်တဂွန်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref: US Says China to Build 1,000 Nukes by 2030 in Staggering Annual Report

#centralnewsnaypyitaw

image
image
image

ဂျာမနီမှာ ခရစ်စမတ်စျေးလူအုပ်ထဲ ကားဝင်တိုက်လို့ ၆၈ ယောက်ဒဏ်ရာရ

ဒီဇင်ဘာ ၂၁

ဂျာမနီနိုင်ငံ မက်ဒီဘာ့မြို့ရှိ ခရစ်စမတ်စျေးတခုမှာ ကားတစီးက လူအုပ်ထဲဝင်တိုက်မှုကြောင့် ကလေးငယ်တယောက်အပါအဝင် လူနှစ်ယောက်သေဆုံးခဲ့ပြီး ၆၈ ယောက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၀ ရက်မှာပြောပါတယ်။

ဒီဖြစ်စဉ်ကြောင့် ဒဏ်ရာရသူတွေထဲက ၁၅ ယောက်ကတော့ ဒဏ်ရာတွေပြင်းထန်တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ မြို့တော်အာဏာပိုင်တွေက ပြောပါတယ်။ သံသယရှိသူဟာ အသက် ၅၀ အရွယ် ဆော်ဒီအာရေဗျ ဆရာဝန်တယောက်လို့ ယူဆရတယ်ဆိုပါတယ်။

လက်ရှိမှာတော့ သူ့ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ သံသယရှိသူဟာ သူတယောက်တည်း လုပ်ဆောင်ခဲ့တယ်လို့ ဒေသဆိုင်ရာအာဏာပိုင်တွေက ပြောဆိုထားပေမယ့် အကြမ်းဖက်တိုက်ဖျက်ရေး တာဝန်ရှိသူတွေကတော့ ယတိပြတ်ယူဆလို့မရသေးဘူးလို့ ဆိုပါတယ်။

ဂျာမနီရှိ ခရစ်စမတ်စျေးမှာ အခုလိုဖြစ်ရပ်က ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ရှစ်နှစ်ကလည်း အစ္စာလာမ္မစ်အစွန်းရောက်တွေနဲ့ ဆက်စပ်နေတဲ့ ခိုလှုံခွင့်မအောင်မြင်သူတယောက်ဟာ ဘာလင်ရှိ ခရစ်စမတ်စျေး လူအုပ်ထဲကို ကားနဲ့ဝင်တိုက်မှုကြောင့် လူ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဆော်ဒီအာရေဗျက ရှုတ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဂျာမနီပြည်သူတွေနဲ့အတူ ရပ်တည်နေတယ်လို့ဆိုပါတယ်။ တိုက်ခိုက်မှုရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ ရှင်းလင်းစွာ မသိရသေးပါဘူး။

Ref:BBC
Photo:CBS/Getty Images

#သတင်းဟင်းလေးအိုးကြီး

image
image
image

မော်လမြိုင်မြို့တွင် ညီအစ်မနှစ်ဦး နေအိမ်မှ ပျောက်ဆုံးနေသည်မှာ ၇ ရက်ကြာနေပြီဖြစ်

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကြာအင်းရွာတွင် နေထိုင်သည့် ညီအစ်မနှစ်ဦး နေအိမ်မှ (၇) ရက်ကြာ ပျောက်ဆုံးနေကြောင်း ၎င်းတို့၏ဖခင်ဖြစ်သူထံမှ သိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မိဘများနှင့် စိတ်ဆိုးစိတ်ကောက်ဖြစ်ပြီး နေအိမ်မှ မိန်းကလေးငယ်နှစ်ဦး ထွက်သွားကြောင်း၊ “မိဘများမှ ဖုန်းဆက်ပေမဲ့ ဖုန်းမကိုင်ခြင်း၊ စာပို့တော့လဲ သူတို့စာပြန်ပုံမှာ သိပ်မသင်္ကာစရာ အချက်အလက်များတွေ့ရ၍” မိဘများမှ စိတ်ပူနေကြောင်း ပြောသည်။

“ခုထိအဆက်သွယ်မရသေးဘူး။ ရဲစခန်းကို တိုင်ထားတယ်” လို့ ပျောက်ဆုံးနေသည့် မိန်းကလေးနှစ်ဦး၏ မိသားစုဝင်တစ်ဦးမှ ပြောသည်။

ထိုပျောက်ဆုံးနေသူများမှာ အစ်မဖြစ်သူ အသက်(၂၀) အရွယ် မျက်မှန်တပ်ထားသည့် မသူသူနှင့် ညီမဖြစ်သူ အသက်(၁၇) နှစ်အရွယ် မသင်းသင်းမွေး တို့ကိုတွေ့ရှိပါက ဖုန်း ၀၉-၇၅၄၄၃၄၉၆၆ တို့ကို ဆက်သွယ်ပေးပါရန် ဖခင်ဖြစ်သူမှ အကူအညီတောင်းခံအပ်သည်။

Photo - Credit

#centralnewsnaypyitaw

image
image
image
32 w - Translate

We are offering you a variety of pedicure treatments like kids massage; best places for couple massages for your beautiful feetAnna Spa and wellness center are providing you a different type of services like Massage Airdrie Spa Airdrie, is the best registered massage therapy near me. and also help them stay healthy all year long. We use the best beauty product for our customer's glowing skin. Acupuncture Airdrie uses super-efficient nail salon in Airdrie mediceutical products to perform Threading Waxing in Airdrie, pedicure with its proven healing properties, and its intense relaxation qualities, Eyebrow Microblading in Airdrie, this fabulous range of products have been formulated with specific podiatry needs in mind. We also provide spa packages to your complete satisfaction with Facial Airdrie. We offer massage therapy with direct billing. You can contact us for your needs and requirements and also book our appointment for a better experience.

Anna Airdrie changed his profile picture
32 w

image
32 w - Translate

အိမ်ခြံမြေနှင့်ကား အရောင်း ပြပွဲကြီးကို Junction Square (Promotion Αrea) တွင် သုံးရက်ကြာကျင်းပမည်

Shwe Taung Real Estate ၊ iMyanmar House နှင့် CarsDB တို့မှ ပူးပေါင်းကျင်းပသည့် အိမ်ခြံမြေနှင့်ကား အရောင်းပြပွဲကြီးကို Junction Square (Promotion Αrea) တွင် သုံးရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အရောင်းပြပွဲကြီးကို ၂၀၂၄ ခုနှစ် ယနေ့ ဒီဇင်ဘာလ ၂၀ ရက် မှ ၂၂ ရက် (တနင်္ဂနွေနေ့) အထိ (၃) ရက်တိုင်တိုင် မနက် (၉) နာရီမှ ညနေ (၅)နာရီ အတွင်း ရန်ကုန်မြို့ ပြည်လမ်းနှင့် ကျွန်းတောလမ်းကြားရှိ Junction Square (Promotion Area) တွင် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။

ယင်အရောင်းပြပွဲတွင် နာမည်ကြီး Construction ကြီးများ ၊ နာမည်ကြီး Developer ကြီးများ၏ ဆောက်လုပ်ပြီး ၊ ဆောက်လုပ်ဆဲ တိုက်ခန်း ၊ ကွန်ဒိုနှင့် LUXURY ကွန်ဒိုများ ၊ မြေကွက်သီးသန့် စိတ်ဝင်စားသူတို့အတွက် ခိုင်မာသည့်မြေကွက်များ ၊ လုံးချင်းအိမ်များ၊ မြန်မာနိုင်ငံ တစ်ဝှမ်း၌ရှိသည့် အိမ်ခြံမြေများစွာကို တစ်နေရာထဲတွင် စုံစုံလင်လင် ရွေးချယ် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကား Brands မျိုးစုံ ၊ ကား Models မျိုးစုံကိုလည်း ယခုပြပွဲကြီးအတွင်း ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပါ အရောင်းပြပွဲကြီးအတွင်း ဝယ်ယူပါက ခရစ္စမတ်ပရိုမိုးရှင်းများအဖြစ် အသက်သာဆုံးနှင့် အတန်ဆုံးဈေးနှုန်းများ ၊ အတိုးမဲ့အရစ်ကျ စနစ်များ ၊ အထူးလျှော့ဈေးများ ၊ အကောင်းဆုံးငွေချေစနစ်များ အပြင် နှစ်ရှည်အရစ်ကျစနစ်များကိုပါ ရရှိမည်ဖြစ်ကြောင်း သိရသည်။

image
32 w - Translate

end of the year with the sea 🌊✨

image
32 w - Translate

end of the year with the sea 🌊✨

image
32 w - Translate

end of the year with the sea 🌊✨

image